ထရမ့်အစိုးရက အစိုးရဝန်ထမ်း အများအပြားလျှော့ချမှုလုပ်ငန်းကို လုပ်ဆောင်လျက်ရှိကြောင်း၊ တစ်ဖက်တွင် အစိုးရဝန်ထမ်းများကို “တစ်လုံးတစ်ခဲတည်းလျော်ကြေးရယူမှု” အစီအစဉ်ဖြင့် ၎င်းတို့ကိုယ်တိုင် အလုပ်မှနုတ်ထွက်ရန် တွန်းအားပေးလျက်ရှိပြီး အခြားတစ်ဖက်တွင်မူ အစမ်းခန့်ကာလဝန်ထမ်းများ အား အလုပ်ရပ်နားလျက်ရှိကြောင်း အမေရိကန်မီဒီယာ၏ ဖေဖော်ဝါရီ ၁၄ ရက် ဖော်ပြချက်အရ သိရသည်။ လက်ရှိတွင် ဝန်ထမ်းအရေအတွက် တစ်သောင်းကျော် အလုပ်ရပ်နားခံရပြီးဖြစ်ကာ ထိုပမာဏသည် ဆက်လက်တိုးပွားလာနိုင်ကြောင်း သိရသည်။

တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်သည် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကနေဒါစစ်သင်္ဘော တစ်စီး၏ ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်သန်းခဲ့မှုဖြစ်စဉ်အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ၎င်း၏ လေတပ်နှင့် ရေတပ်တို့က ထိုသင်္ဘောကို စောင့်ကြည့်သတိပေးမှု လုပ်ဆောင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ ယခုဖြစ်စဉ်သည် အမေရိကန်ရေတပ်သင်္ဘောများက အလားတူ လုပ်ဆောင်ခဲ့သည့်ဖြစ်စဉ် နောက်ပိုင်း ရက်အနည်းငယ်အတွင်း ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းလုပ်ကိုင်မှုများကို ထိရောက်စွာ ဖော်ထုတ်အရေးယူလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၄ ရက်အတွင်း လုပ်ဆောင်ခဲ့သည့် ရှာဖွေဖော်ထုတ်ရေးလုပ်ငန်းစဉ်အတွင်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသူ ထိုင်းနိုင်ငံသား ၇ ဦးနှင့် မြန်မာနိုင်ငံသား ၂၂ ဦးတို့ကို ကွန်ပျူတာမျိုးစုံ ၁၁၁ လုံး၊ ကွန်ပျူတာမော်နီတာ ၃၂၉ လုံး၊ CPU ၉၀ လုံး၊ မိုဘိုင်းဖုန်း ၃၉၀ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး၊ ဘိန်းစာရွက်ပြုတ်ရည် ၁ လီတာ၊ ချောင်းဆိုး ပျောက်ဆေးရည်ပုလင

နေပြည်တော် ဖေဖော်ဝါရီ ၁၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ မအူပင်မြို့နယ်ရှိ ပြည်သူ့ဆေးရုံများနှင့် ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်မှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပိုမိုကြိုးစားအားထုတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၁၇
သမ္မတ အမိန့်အာဏာကို အလွန်အကျူး အသုံးပြုပြီး နိုင်ငံ့ ဝန်ထမ်းများစွာ ထုတ်ပယ်ခြင်း၊ အစိုးရအေဂျင်စီများစွာကိုပယ်ဖျက်ခြင်း၊ နိုင်ငံတကာ အထောက်အပံ့ ရန်ပုံငွေများကို ပိတ်ပင်ခြင်းများစွာ လုပ်ဆောင်နေခဲ့သော ဒေါ်နယ်ထရမ့်က မိမိနိုင်ငံကို ကယ်တင်ခြင်းသည် မည်သည့်ဥပဒေမှ ချိုးဖောက်ရာမရောက်နိုင်ဆိုသည့် နပိုလီယံ၏ လက်သုံးစကား အသုံးပြုကာ ဝေဖန်မှုများကို တုံ့ပြန်သွားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ဖေဖော်ဝါရီ ၁၄ ရက်က မြူးနစ်လုံခြုံရေးညီလာခံသို့ တက်ရောက်ပြီး “တရုတ်သီးသန့်ဆွေးနွေးပွဲ” တွင် အမှာစကားပြောကြားကာ မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့သည်။

လေးဆူဓာတ်ပုံရွှေတိဂုံ
မြန်မာနိုင်ငံ၏ ကျက်သရေဆောင်ဖြစ်သည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် အချိန်ကပင် တည်ထားခဲ့သော စေတီတော်ကြီးဖြစ်ပါသည်။
မဇ္ဈိမဒေသတွင် ဗုဒ္ဓဘုရားရှင်သည် ဘုရားအဖြစ်သို့ရောက်တော်မူပြီး လင်းလွန်းပင်နေရာမြတ်၌ ဘုရားရှင်စံမြန်းတော်မူစဉ် ဒဂုံတိုင်းဥက္ကလာပမြို့သား ကုန်သည်ညီနောင်ဖြစ်သည့် တဖုဿနှင့် ဘလ္လိကတို့က ဘုရားရှင်ထံ ဆွမ်းဦးဒါနပြုရာ ဘုရားရှင်က ပေးသနားတော်မူခဲ့သော ဆံတော်မြတ်ရှစ်ဆူအား စေတီတော်တွင် ထည့်သွင်းဌာပနာထားပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ နိုင်ငံခြားအကူအညီပေးရေးအစီအစဉ်များကို ရပ်ဆိုင်းထားရန် ကြိုးပမ်းမှုသည် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ကျန်းမာရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ အုပ်ချုပ်ရေးနှင့် လွတ်လပ်သော မီဒီယာအစီအစဉ်များကို ပံ့ပိုးပေးနေသည့် ဒေါ်လာသန်းပေါင်း များစွာရှိသည့် USAID အစီအစဉ်များကို လက်ခံရရှိနေသည့် ပြည်တွင်းစစ်ဒဏ်ခံနေရသော မြန်မာနိုင်ငံ လူထုအပေါ် သက်ရောက်မှု ရှိလာမည် ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၂ ရက်တွင် တစ်ကမ္ဘာလုံး ဒေသအသီးသီးရှိ အမေရိကန်သံရုံးများ ဝန်ထမ်းလျှော့ချရေးအစီအစဉ်ရေးဆွဲရန် တောင်းဆိုခဲ့သည်ဟု အမေရိကန် ရုပ်သံလွှင့်ကုမ္ပဏီ (ABC) သတင်းဌာနက ယင်းနေ့တွင် သတင်းဖော်ပြခဲ့ကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ပအခြေစိုက်သံရုံးများအနေဖြင့် ဝန်ထမ်းအားလုံး၏ အမည်စာရင်းနှင့် ခန့်အပ်ထားမှုအခြေအနေအားတင်ပြရန်တောင်းဆိုခဲ့ပြီး သံရုံးများကလည်း တစ်ချိန်တည်းတွင် အမေရိကန်နိုင်ငံသားဝန်ထမ်းနှင့် ဒေသတွင်းခန့်အပ်ထားသော ဝန်ထမ်းများအား လျှော့ချသွားမည်ဟု သတင်းတွင် ဖော်ပြထားသည်။

ရုရှားသမ္မတ ပူတင်နှင့် အမေရိကန်သမ္မတ ထရမ့် တို့သည် ယူကရိန်းအခြေအနေ စသည့်အရေးကိစ္စများအား ဖေဖော်ဝါရီ ၁၂ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ နှစ်ဖက် ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးမှုသည် အချိန် ၁ နာရီခွဲ နီးပါးကြာကြောင်း ရုရှားသမ္မတ၏ ပြန်ကြားရေးအတွင်းဝန် Dmitry Peskov က ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။ ယူကရိန်း အကျပ်အတည်း၏ အရင်းအမြစ်ကိုရှင်းလင်းဖယ်ရှားရန်လိုအပ်သည်ဟု ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုတွင် ပူတင်က ထရမ့်အား ပြောကြားခဲ့ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ပူတင်ကတွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ယူကရိန်း အကျပ်အတည်း ရေရှည်ဖြေရှင်းနိုင်သော ထရမ့်၏သက်ဆိုင်ရာအမြင်