ဆေးလိပ်သောက်ခြင်းသည် အရွယ်ရောက်ပြီးလူငယ်များတွင် လေဖြတ်နိုင်ခြေ နှစ်ဆပိုများလာကြောင်း လေ့လာမှုအသစ်တစ်ခုက သတိပေးထားပါသည်။ ဆေးလိပ်အလွန်အကျွံသောက်ခြင်းက လေဖြတ်နိုင်ခြေ ကို ပိုဆိုးစေပြီး နေ့စဉ် စီးကရက်တစ်ဘူးထက် ပိုသောက်သည့် လူငယ်များသည် နှစ်၂၀ကြာပြီးနောက် ဆေးလိပ်မသောက်သူများထက် လေဖြတ်နိုင်ခြေ ၄ ဆ ပိုများကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု သုတေသီများက ဆိုပါသည်။


ပဲရစ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
ဥရောပနိုင်ငံများစွာမှ ခေါင်းဆောင်များနှင့် ယူကရိန်းအရေးကိစ္စ အရေးပေါ်အစည်းအဝေး ကျင်းပပြီးနောက် ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်သည် အမေရိကန်နိုင်ငံသမ္မတ ထရမ့်၊ ယူကရိန်းနိုင်ငံ သမ္မတ ဇီလန်စကီး တို့နှင့်ရှေ့ဆင့်နောက်ဆင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့သည်ဟု မက်ခရွန်က ဖေဖော်ဝါရီ ၁၈ ရက် နံနက်ခင်းတွင် ပြောကြား ခဲ့သည်။

(၁) အမေရိကန်နှင့် ရုရှားတို့အကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် လုပ်ဆောင်မည်။
(၂) သက်ဆိုင်သူအားလုံး လက်ခံနိုင်သည့် နည်းလမ်းဖြင့် ယူကရိန်း စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ပေးနိုင်မည့် အဆင့်မြင့်အဖွဲ့များ ဖွဲ့စည်းမည်။
(၃) ယူကရိန်းပဋိပက္ခ အောင်မြင်စွာ အဆုံးသတ်နိုင်သည်နှင့်တပြိုင်နက် အနာဂတ်တွင် နိုင်ငံများအချင်းချင်း ဘုံပထဝီဝင်နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင် ရွက်လျက်ရှိသည်။

ပေါ်တိုမြို့သည် ပေါ်တူဂီနိုင်ငံတွင် လစ္စဘွန်း မြို့ပြီးလျှင် ဒုတိယမြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ဝိုင်တင်ပို့မှုကြောင့် နာမည်ကျော်ကြားသည့် မြို့တစ်မြို့ဖြစ်သည်။ ပေါ်တိုမြို့သည် ပေါ်တိုခရိုင်၏ မြို့တော်ဖြစ်ပြီး Iberian ကျွန်းဆွယ်၏ အဓိကမြို့ပြ ဧရိယာများထဲမှ တစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ပေါ်တိုမြို့သည် ပေါ်တိုမြို့ပြဧရိယာနှင့် နှိုင်းယှဉ်မည်ဆိုပါက သေးငယ်ပြီး နေထိုင်သူလူဦးရေမှာ (၂၄၈၇၆၉)ဦးရှိကာ စုစုပေါင်းအကျယ်အဝန်းမှာ (၄၁ ဒသမ ၄၂) စတုရန်းကီလိုမီတာရှိကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် ပြုလုပ်သည့်ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက “အီရန်နှင့်စစ်ပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပံ့ပိုးကူညီမှုဖြင့် အဆုံးသတ်သွားမည်”ဟု ကတိပြုခဲ့သည်။ မာကိုရူဘီယို၏ အစ္စရေးခရီးစဉ်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ချိန်မှစ၍ ၎င်း၏ ပထမဆုံးခရီးစဉ်လည်း ဖြစ်သည်။

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် နယ်စပ်လမ်းကြောင်းများ အသုံးပြုပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကာ မြဝတီ၊ ရွှေကုက္ကိုနှင့် KK Park နယ်မြေ များတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် အခြားသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသူများကို အာဏာပိုင်များက ရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၁၆ ရက်အတွင်း နိုင်ငံခြားသား ၁၀၃၀ ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါသည်။ အာဏာပိုင်များအနေဖြင့် အဆိုပါ တရားမဝင်အလုပ်သမားများအား သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေနှင့်အညီ ပြန်လည်လွှဲပြ

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ဖေဖော်ဝါရီ ၁၄ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာ၌ တရားမဝင် ကျွန်းသစ် ၁၁ ဒသမ ၁၇ တန်၊ အခြားသစ် ၁၄ ဒသမ ၄၃၁ တန်နှင့် ဆက်စပ်ပစ္စည်း ခြောက်မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၄၀၇,၅၉၆ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ရုရှား- ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ရုရှားနှင့် “တစ်ဖက်သက်” စေ့စပ်ညှိနှိုင်းမှု ပြုလုပ်နေသော အမေရိကန်၏ တွန်းအားပေးမှုအပေါ် ဥရောပနိုင်ငံများနှင့် ယူကရိန်း ပါဝင်မှုမရှိသော စေ့စပ်ညှိနှိုင်းမှုကို “လက်ခံနိုင်ဖွယ်မရှိ” ဟု ဥရောပနိုင်ငံ အများအပြား၏ ခေါင်းဆောင်များက မကြာသေးမီ ရက်များ၌ မြူးနစ်လုံခြုံရေးညီလာခံ (MSC) တက်ရောက်စဉ် ကာလအတွင်း ပြောကြားခဲ့သည်။

အမေရိကန်အစိုးရက ပေါက်ကွဲအားပြင်းထန်သော MK-84 ဗုံးများ ပေးပို့မှုအား ယာယီပိတ်ပင်ထားခြင်းကို မကြာသေးမီက ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် အစ္စရေးအနေဖြင့် အဆိုပါ ဗုံးအမျိုးအစားများ ပေးပို့မှုကို လက်ခံရရှိ ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၆ ရက်၌ ပြောကြားခဲ့သည်။
MK-84 ဗုံးသည် အခိုင်အမာ အကာအကွယ်ပြုလုပ်ထားသော ပစ်မှတ်များကို ဖောက်ထွင်းနိုင်ကာ ပေါက်ကွဲအား ပြင်းထန်သဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်သော ၉၀၇ ကီလိုဂရမ် အလေးချိန်ရှိ ပဲ့ထိန်းစနစ် မပါဝင်သည့် ဗုံးအမျိုးအစားဖြစ်သည်။