(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါအားကစားပြိုင်ပွဲမကျင်းပမီ လက်ရှိကာလ၌ ပါဝင်ယှဉ်ပြိုင်လျက်ရှိသော ပြည်တွင်း/ ပြည်ပအားကစားပြိုင်ပွဲများမှ မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ရေကုန်ရေခန်း အနိုင်မခံအရှုံးမပေး ယှဉ်ပြိုင်နေမှုများသည် နိုင်ငံတကာအလယ်၌ မြန်မာအားကစားစွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ကို တင့်တယ်စေမည့် အလားအလာကောင်းများအဖြစ် မြင်တွေ့နေရသည်။

နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့် ပြန်လည်လျှောက်လှမ်းနိုင်ရန် ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရန် လိုအပ်သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ထိုစဉ်က အာဏာရနိုင်ငံရေးပါတီသည် မဲမသမာမှုများ ကျူးလွန်ခဲ့ခြင်း၊ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်မှုမရှိဘဲ နိုင်ငံတော်အာဏာကို အတင်းအဓမ္မရယူရန် ကြိုးစားခဲ့ခြင်းတို့က နိုင်ငံတော်၏ နိုင်ငံရေးဖြစ်စဉ်ကို ပြောင်းလဲမှုဖြစ်ပေါ်စေခဲ့သည်။

ယနေ့လူငယ်များသည် နောင်ဝယ်လူကြီးဖြစ်ပြီး မိမိအကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးထမ်းဆောင်ကြမည့်သူများဖြစ်သည်။ လူငယ်လူရွယ်များသည် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူကြမည့် မျိုးဆက်သစ်များဖြစ်ကြရာ လူငယ်လူရွယ်များ၏ စွမ်းပကား၊ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ဓာတ်ခွန်အားများ တိုးတက်တောက်ပြောင် ကောင်းမွန်လာအောင် ပြုစုပျိုးထောင်မြေတောင်မြှောက် ပေးကြရမည်ဖြစ်သည်။ လူငယ်များအား မြေတောင်မြှောက်မြှင့်တင်ပေးနိုင်မှ နိုင်ငံအနာဂတ်ကောင်းမွန်မည်။

ဩဂုတ် ၁၁ ရက်မှ ၁၆ ရက်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည့်အကြောင်း မိုး/ဇလက ခန့်မှန်းထုတ်ပြန်ထားသည်။ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များမှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ရာ ဒေသများအလိုက် ကြိုတင်သတိပြုရှောင်ရှားနိုင်ကြရန်လည်း သတိပေးနှိုးဆော်ထားသည်။

ဩစတြေးလျဝန်ကြီးချုပ် Albanese က စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် သဘောတူညီထားကြောင်း ပြောကြား လိုက်သည်။"ငြိမ်းချမ်းရေးသည် ယာယီသာဖြစ်ပြီး အစ္စရေးနိုင်ငံနှင့် ပါလက်စတိုင်းနိုင်ငံတို့ အမြဲတည်ရှိ မှသာ တည်တံ့နိုင်မည်။ ဩစတြေးလျနိုင်ငံသည် ပါလက်စတိုင်းလူမျိုးများ၏ နိုင်ငံတည်ထောင်ရေး အခွင့်အရေးကို အသိအမှတ်ပြုပါမည်" ဟု ဝန်ကြီးချုပ် Anthony Albanese က ယနေ့ (ဩဂုတ် ၁၁) တွင်ပြောကြားခဲ့သည်။ ပါလက်စတိုင်းအာဏာပိုင်များက ၎င်းအား ဟားမက်သည် အနာဂတ် ပါလက်စတိုင်း နိုင်ငံတွင် "အခန်းကဏ္ဍမရှိစေရ"

နိုင်ငံတကာတွင် တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ နိုင်ငံဖြတ်ကျော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးမဟာမိတ်အဖွဲ့၏ ဖော်ပြချက်အရ တရားမဝင်ကုန်သွယ်မှုများသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၄၆၀ ဘီလီယံထက်မနိမ့်ကျဘဲ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများပြုလုပ်ခြင်း၊ ဒေသအလိုက် သယံဇာတများ တရားမဝင်ထုတ်ယူခြင်းများကြောင့် နိုင်ငံတော်အနေဖြင့် များစွာထိခိုက်နစ်နာဆုံးရှုံးနေကြောင်း သိရသည်။

မျက်မှောက်ကာလ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်သည် အသက် ၃၀ သို့မဟုတ် ၎င်းထက်ငယ်ရွယ်သူများဖြစ်ကြပြီး နောက်လာမည့် ငါးနှစ်ကာလ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၅၇ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်သည်ဟု မျှော်လင့်ထားကြသည်။ ကမ္ဘာကြီး၏ အနာဂတ်ကို ဖန်တီးကြမည့် လူငယ်တို့၏ အရေးအရာကိစ္စအဝဝတို့ကို ကမ္ဘာ့နိုင်ငံအသီးသီးတို့က အာရုံစိုက်လာကြစေရန် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို နှစ်စဉ်ဩဂုတ်လ ၁၂ ရက်တွင် ကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ရပ်ရွာအကျိုးပြုလုပ်ငန်းများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ လူငယ်များ ပိုမိုပူးပေါင်းပါဝင်လာစေရန်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို

မြန်မာနိုင်ငံသည် ရေခံမြေခံ၊ အခြေခံကောင်းများရှိပြီးဖြစ်သည့် နိုင်ငံဖြစ်သည်။ နိုင်ငံတော်၏ လုပ်ငန်းစဉ်များ၊ ရည်မှန်းချက်များ၊ စီမံကိန်းများကို လုပ်ရည်ကိုင်ရည်ရှိသူများ၊ နိုင်ငံတော်ကို ကောင်းမွန်စေလိုသော စေတနာရှိသူများအားလုံး လက်တွဲပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြပါက နိုင်ငံတော်အနေဖြင့် စိန်ခေါ်မှုနှင့်အကျပ်အတည်းများ မည်သို့ရှိသည်ဖြစ်စေ အခက်အခဲမှန်သမျှတို့အား လွန်မြောက်ကျော်လွှားပြီး နိုင်ငံအကျိုးကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ဆင်နွှဲရတော့မည့်ရက်မှာ နီးသည်ထက်နီးကပ်လာပြီဖြစ်သည်။ ပြိုင်ပွဲဝင်ကြမည့် အားကစားသမားတိုင်းက ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံးယှဉ်ပြိုင်၍ ထိုက်ထိုက်တန်တန်အနိုင်ယူကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြရေးအတွက် ယခုအချိန်သည် ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြရမည့်အချိန်ဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်မြို့တွင် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၃ ရက် နေ့အထိ ကျင်းပခဲ့သည့် 2025 E-sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့သည့် မြန်မာနိုင်ငံမှ Yangon Galacticos အသင်းသည် ဩဂုတ်လ ၇ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ရာ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးသည့် အောင်ပွဲရအားကစားသမားများအား သောင်းသောင်းဖြဖြကြိုဆိုကြပြီး ဂုဏ်ပြုအခမ်းအနားပြုလုပ်ခဲ့ကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင်ကြရသည်။