ကဏ္ဍများ

‌ရွှေ့ပြောင်းနေထိုင်သူများအတွက် နယူးယောက်ကိုပေးအပ်သည့် အမေရိကန် ဒေါ်လာသန်း ၈၀ ကို အိမ်ဖြူတော်က ပြန်လည် ရုတ်သိမ်းခဲ့ခြင်း

ထရမ့်အစိုးရသည် နယူးယောက်မြို့ရှိ ရွှေ့ပြောင်းနေထိုင်သူများ၏ ကုန်ကျစရိတ်တချို့ကို ကာမိဖို့ ရည်ရွယ်သည့် ဖက်ဒရယ်ရန်ပုံငွေကို ပြန်လည်ထိန်းချုပ်မည့် ၎င်းရဲ့ ကတိကဝတ်ကို လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်း နယူးယောက်မြို့သို့ ဖက်ဒရယ်အရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီ(FEMA)က ခွင့်ပြုပေးခဲ့သည့် ဒေါ်လာသန်း ၈၀ လွှဲပြောင်းခြင်းကို တစ်ဖက်သတ်ရုတ်သိမ်းခဲ့သည်။

အမေရိကန်ခရီးသွားများအတွက် ကမ္ဘာ့စျေးအသက်သာဆုံး နေရာများထဲမှ အရှေ့တောင်အာရှနိုင်ငံ ၄ နိုင်ငံ

အမေရိကန်ခရီးသွားများအတွက် ကမ္ဘာ့ဈေးပေါသည့် နေရာများထဲတွင် အရှေ့တောင်အာရှ နိုင်ငံ ၄ နိုင်ငံ ပါဝင်ပါသည်။ဤနိုင်ငံများသည် ဈေးနှုန်းသက်သာသည့် နေထိုင်စရာ၊ အစားအစာ၊ သယ်ယူပို့ဆောင်ရေးနှင့် လုပ်ငန်း ဆောင်တာများကြောင့် လူသိများပါသည်။ ထိုနိုင်ငံများမှာ-

၁။ ဗီယက်နမ်

Green Product ထုတ်ကုန်များကြောင့် တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှု သိသိသာသာမြင့်တက်

တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများ၊ လောင်စာဆီနှစ်မျိုးသုံး သင်္ဘော များသည် လာမည့် ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ ပြည်ပကုန်သွယ်မှုကို သိသိသာသာ မြင့်တက်လာစေမည်ဖြစ်ကြောင်း၊ စက်မှုနှင့် လျှပ်စစ်တန်ဖိုးမြှင့်ထုတ်ကုန်များသည် တရုတ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍကို မြှင့်တင်ပေးလိမ့်မည်ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များနှင့် ဈေးကွက်လေ့လာ သုံးသပ်သူများက ပြောကြားထားပါသည်။ 

အစိုးရဌာနများစွမ်းဆောင်ရည်စိစစ်ရေးဝန်ကြီးဌာန (DOGE) ၏ အံ့အားသင့်ဖွယ် စုံစမ်းစစ်ဆေးမှုအရ အယ်လ်ကေးဒါး၊ တာလီဘန်နှင့် ISIS တို့ကို အမေရိကန်အစိုးရက ကာလကြာရှည်စွာ ငွေကြေးထောက်ပံ့ ခဲ့မှု ပေါ်ပေါက်ခြင်း

အစိုးရဌာနများစွမ်းဆောင်ရည်စိစစ်ရေး ဝန်ကြီးဌာန (DOGE)၏ အံ့အားသင့်စရာကောင်းသော စုံစမ်းစစ်ဆေးမှုအရ အမေရိကန်နိုင်ငံမှ အခွန်ထမ်းများ၏ အခွန်ငွေများသည် USAID မှတစ်ဆင့် အကြမ်းဖက်အဖွဲ့များထံ ဆယ်စုနှစ်များစွာ စီးဆင်းနေကြောင်း ဖော်ထုတ်သိရှိခဲ့ရပါသည်။  နှစ်စဉ် ရန်ပုံငွေ ဒေါ်လာ ၆၉၇ သန်း၊ ငွေသားပို့ဆောင်မှုနှင့် တာလီဘန် “သက်သာချောင်ချိရေး” ပေးချေမှုများကို ပြုလုပ်ခဲ့ကြောင်း လွှတ်တော်အနေဖြင့်လည်း ဝန်ခံခဲ့ပါသည်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် လုံခြုံရေးကောင်စီ အရှေ့အလယ်ပိုင်းအရေး အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ရှိ အကြမ်းဖက်ဝါဒများ ဦးမော့လာသည့်အနေအထားရှိရာ နိုင်ငံတကာအသိုက်အဝန်း ရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက်ခြိမ်းခြောက်မှုမှာ ရှုပ်ထွေး၊ ဆိုးရွားလျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဖေဖော်ဝါရီ ၁၀ ရက် လုံခြုံရေးကောင်စီအစည်းအဝေး အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ တံခါးဖွင့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီအနေဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးကို ဆွေးနွေးမှု အစီအစဉ်၏ ဦးစားပေးနေရာ၌ ဆက်လက်ထားရှိရမည်ဖြစ်ပြီး အကြမ်းဖက်ဝါဒအား အခိုင် အမာ “လုံးဝဥဿုံလက်သင့်မခံရန်”၊ “စံချိန်နှစ်မျိုးထားရှိခြင်း” နှင့် “ဘက်လိုက်ရွေးချယ်မှုဖြင့် အကြမ်းဖက်တိုက

အမေရိကန် သမ္မတ ထရမ့်အား ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါလက်စတိုင်း အစ္စလမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) အနေဖြင့် ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းမတိုင်မီ ထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးသင့်ကြောင်း၊ သို့မဟုတ်ပါက ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်ကို ဖျက်သိမ်းသင့်ကြောင်း အမေရိကန် သမ္မတထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ဂါဇာ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲ အလားအလာ အကောင်းမြင်ရန် ခဲယဉ်း

ဂါဇာကမ်းမြောင်ဒေသ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ရန် သတ်မှတ်ထားသည်။ ဖေဖော်ဝါရီ ၂ ရက်က အမေရိကန်သို့ အလည်အပတ်သွားရောက်သည့် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုသည် အမေရိကန် သမ္မတ ထရမ့်နှင့် ဖေဖော်ဝါရီ ၄ ရက်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။ ၎င်းအနေဖြင့် ထရမ့်နှင့်အရင် တွေ့ဆုံဆွေးနွေးပြီးမှ အဖွဲ့စေလွှတ်၍ ဆွေးနွေးပွဲသို့ တက်ရောက်စေရန် စီစဉ်ထားကြောင်း မီဒီယာများက ဖော်ပြထားသည်။

ကမ္ဘာ့အေအိုင်နည်းပညာလောကကို ကိုင်လှုပ်လာသည့် Deepseek

လတ်တလော ကမ္ဘာ့နည်းပညာလောကတွင် တရုတ်နိုင်ငံ၏စမ်းသပ်ထုတ်လုပ်လိုက်သည့် Chatbot DeepSeek အေအိုင်(ဉာဏ်ရည်တုနည်းပညာ)ကြောင့် ပွက်လောရိုက်သွား ခဲ့ပါသည်။ DeepSeek သည် အက်ပဲလ်၏ အကျော်ကြားဆုံးသော အခမဲ့ချက်ဘော့ (Free Chatbot) အေအိုင်အက်ပလီကေးရှင်းများကို ကျော်တက်ပြီး အမေရိကန်၊ ယူကေနှင့် တရုတ်နိုင်ငံတို့တွင် လူကြိုက်ပိုများလာသည့် အက်ပလီကေးရှင်း တစ်ခုဖြစ်ပါသည်။ DeepSeek အေအိုင်စထွက်လာသည့် ဇန်နဝါရီလ အစောပိုင်းကတည်းက ယင်းအက်ပလီ ကေးရှင်းကို ဒေါင်းလုတ်ဒ်ပြုလုပ်သည့်သူများသည် တစ်နေ့တခြား တစ်ဟုန် ထိုးများလာခဲ့ ကာ အမေရိကန်နိုင်ငံထုတ် ChatGPT အေအိုင်ကိုပင် ကျော်တက်သွားခဲ့ပါပြီ။

သက်ရှည်ကျန်းမာစေရေးအတွက် ပြုပြင်ဖန်တီးထားသည့် ဖြည့်စွက်စာများ ဝယ်ယူစားသောက်ခြင်းထက် သဘာဝနည်းအတိုင်း နေထိုင်စားသောက်နည်းများအကြောင်း

သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါသည်များအတွက် ပုံမှန်စားနေကျ အစားအစာများအပြင် ခန္ဓာကိုယ်၏ လိုအပ်ချက်အပေါ်လိုက်၍ မဖြစ်မနေ ဖြည့်စွက်စာများ သုံးစွဲပေးရန် လိုအပ်လာသည်။ ထိုသို့ လိုအပ်လာသည့်အခါ ဖြည့်စွက်စာများ ဝယ်မသောက်နိုင်လျှင်သော်လည်းကောင်း၊ ကျောက်ကပ်ထိမည်စိုး၍ ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း (To A Better Health) မှ ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက မျှဝေထားသည့် သဘာဝ နည်းများကို ပြန်လည်မျှဝေ တင်ပြပေးပါမည်။

ရန်ကုန်မြို့တွင် လေထုညစ်ညမ်းနေသောကြောင့် အပြင်ထွက်သွားလာသူများအနေဖြင့် Mask ကို ဝတ်ဆင်သွားလာရန် လိုအပ်

ရန်ကုန်မြို့တွင် လေထုညစ်ညမ်းနေသောကြောင့် အပြင်ထွက်သွားလာသူများအနေဖြင့် Mask ကို ဝတ်ဆင်သွားလာရန်လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင် က NP News ကို ပြောသည်။
ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်) တွင် ရန်ကုန်မြို့သည် ကမ္ဘ့ာလေထုညစ်ညမ်းမှုအများဆုံးမြို့ အဆင့် (၂) နေရာသို ရောက်ရှိသွားပြီဖြစ်ကာ ကျန်းမာရေးအတွက် အန္တရာယ်ရှိသောအဆင့်ဖြစ်ကြောင်း Environment , Health and Safety Myanmar – EHS Myanmar ၏ အချက်အလက်များအရ သိရသည်။