ကဏ္ဍများ

သာပေါင်းမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စပါးဧက ၅၇၀၀၀ ကျော် ရိတ်သိမ်းပြီးဖြစ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်  သာပေါင်းမြို့နယ်၌    ပြီးခဲ့သည့်မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စပါးဧက ၅၇၀၀၀ ကျော် ပြန်လည်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးမူ၏ ပြောကြားချက်အရ သိရသည်။ 

ကျုံပျော်မြို့နယ်၌ ကုလားပဲများ အရောင်းအဝယ်ကောင်းမွန်နေ

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၌ ကုလားပဲများအရောင်း အဝယ်ကောင်းမွန်နေကြောင်း  ကျုံပျော် မြို့နယ်မှပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံလုပ်ငန်းလုပ်ကိုင်သူဒေါ်မာမာအေး၏ ပြောပြချက်အရ သိရသည်။

ကျုံပျော်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဖေဖော် ဝါရီလတတိယပတ်မှစ၍ ကုလားပဲများ အဝယ်လိုက်လာပြီး  အရောင်းအဝယ်ကောင်းမွန်နေခြင်းဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းစခန်း ၂၅ ခုမှ စေဈးကွက်ဝင်ရေချို ငါးသားပေါက်များ ကို သက်သာသောစေဈးနှုန်းများဖြင့် ရောင်းချပေးမည်

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ   ငါးလုပ်ငန်းစခန်း ၂၅ ခုမှ စျေးကွက်ဝင်ရေချိုငါးသားပေါက်များကို   သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ် ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

သရဲပြာ ပုဂ္ဂလိက အာကာသယာဉ် လပေါ် ဆင်းသက်

ပုဂ္ဂလိက အာကာသယာဉ်တစ်စီး လကမ္ဘာပေါ် ဆင်းသက်ခဲ့ပြီး ဒုတိယမြောက် လပေါ်ရောက်သည့် စီးပွားဖြစ် အာကာသယာဉ် ဖြစ်လာပါသည်။

ကမ္ဘာမြေပေါ်က ဇန်န၀ါရီလ ၁၅ ရက်တွင် ထွက်ခွာသွားသည့် သရဲပြာ အာကာသယာဉ်ကို အမေရိကန်မှ ပိုးစုန်းကြူး အာကာသယာဉ် ကုမ္ပဏီက လွှင့်တင်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာပေါ်ကနေ လှမ်းမြင်ရသည့် လကမ္ဘာက Sea of Crises ချိုင့်ခွက်ကြီးကို စူးစမ်းလေ့လာရန် ဖြစ်ပါသည်။

အဆိုပါစီမံချက်ကို နာဆာ အမေရိကန် အာကာသအေဂျင်စီနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်း ဆောင်ရွက်ခဲ့ ကြခြင်း ဖြစ်ပါသည်။

trump gold card

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ခွင့်နှင့် နိုင်ငံသားဖြစ်ခွင့်ပေးအပ်မည့် ရွှေရောင်အမြဲတမ်းနေထိုင်ခွင့် သို့မဟုတ် Trump Gold  Card ဟု  အမည်ပေးထားသော အစီအစဉ်သည် ရုရှားနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှ  ငွေကြေးဓနကြွယ်ဝသူများအား နိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံလာ စေရန် ဆွဲဆောင်သည့် နည်းလမ်းတစ်ရပ်အဖြစ် ထွက်ပေါ်လာခဲ့သည်ကို တွေ့ရသည်။

ယူကရိန်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုမှန်သမျှကို တရုတ် နိုင်ငံက ထောက်ခံကြောင်း တရုတ်ကိုယ်စားလှယ်ပြောကြား

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၅ ရက်

အမေရိကန်-ရုရှား ရရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ရေးဆိုင်ရာ သဘောတူညီချက်များအပါအဝင် ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းအားထုတ်မှုမှန်သမျှကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဖေဖော်ဝါရီ ၂၄ ရက် ကုလသမဂ္ဂ ယူကရိန်းအရေး အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ အပေးအယူကိစ္စ သဘောတူ လက်မှတ်ရေးထိုးရန် ဝါရှင်တန်သို့ ဇီလန်းစကီး သွားမည်

မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာအပေးအယူကိစ္စ သဘောတူလက်မှတ်ရေးထိုးရန် ယခုသီတင်းပတ်ကုန်ပိုင်းတွင် ဝါရှင်တန်သို့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး လာရောက်ရန် စီစဉ်ထားရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဇီလန်စကီးအနေဖြင့် သတ္တုတူးဖော်ရေးဆိုင်ရာ သဘောတူစာချုပ်မူကြမ်းအပေါ် တရားဝင်သဘောတူညီခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အိမ်ဖြူတော်၌ သမ္မတ ထရမ့်နှင့် တွေ့ဆုံရန် စီစဉ်လျက်ရှိသည်။ အမေရိကန်အနေဖြင့် သတ္တုတူးဖော်ရေးကိစ္စရပ်များကို ယူကရိန်းနိုင်ငံနှင့် ပူးတွဲလုပ်ဆောင်သွားရန် မျှော်လင့်လျက်ရှိပါသည်။

အမေရိကန်၏ မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ အပေးအယူကိစ္စ ယူကရိန်း သဘောတူမည်

အချိန်အတော်ကြာ ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်ပြီးနောက် အမေရိကန်၏ မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ အပေးအယူကိစ္စကို ယူကရိန်းက သဘောတူညီလိုက်ပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် အရာရှိများ၏ ပြောကြား ချက်ကို ကိုးကား၍ Finiancial Times ၊ Reuters နှင့် AFP စသည့် သတင်းစာမျက်နှာများတွင် ရေးသားဖော်ပြခဲ့ကြပါသည်။

ICC အား ဘိုင်ဒင် ကို စုံစမ်းစစ်ဆေးရန် တောင်းဆို

အမေရိကန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တစ်ခုက သည်ဟိတ်ဂ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC)အား အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်နှင့် ၎င်း၏အစိုးရအဖွဲ့ဝင် အကြီး အကဲနှစ်ဦးတို့အား ဂါဇာတွင် အစ္စရေးကျူးလွန်သည့် စစ်ရာဇဝတ်မှုများ ကို ကူညီအားပေးခဲ့သည်ဟု စွပ်စွဲကာ စုံစမ်းစစ်ဆေးရန် တောင်းဆို လိုက်သည်။