ဟောင်ကောင်မြို့မှ အမေရိကန်သို့ ကုန်စည်တင်းသွင်းမှု မြင့်တက်လာဖွယ်ရှိ

News Image

  • ဟောင်ကောင်မြို့မှ အမေရိကန်သို့ ကုန်စည်တင်းသွင်းမှု မြင့်တက်လာဖွယ်ရှိ

ဟောင်ကောင်မြို့မှ ကုန်သည်များမှာ ၎င်းတို့၏ ကုန်ပစ္စည်းများကို အမေရိကန်သို့ ဆက်တိုက်တင်ပို့နေသည့်အတွက် လာမည့်နှစ်လအတွင်း ဟောင်ကောင်မြို့၏ ကုန်စည်တင်ပို့မှုသည် တိုးမြင့်လာမည်ဟု ခန့်မှန်းထားကြပါသည်။ အမေရိကန်နှင့်တရုတ်တို့အကြား ကုန်သွယ်ရေး စစ်ပွဲပြင်းထန်ပြီး သင်္ဘောဖြင့် အမေရိကန်သို့ ကုန်ပစ္စည်းများ တင်သွင်းမှုအပေါ် အကောက်ခွန် ကောက်ခံမှုအား ရက်ပေါင်း ၉၀ အတွင်း ခေတ္တ ရပ်ဆိုင်းပေးထားမှုကာလအတွင်းမှာပင် သယ်ပို့စရိတ်များ ကြီးမြင့်နေ သော်လည်း ထိုကဲ့သို့ ခန့်မှန်းပြောဆိုနေကြပါသည်။

အမေရိကန်နှင့် တရုတ်အကြား အကောက်ခွန်နှုန်းအပေါ် ဆွေးနွေးပြောဆိုပြီးနောက် အမေရိကန်ဖက်က ဧပြီလအတွင်း အကောက်ခွန်နှုန်း များကို ၉၁ ရာခိုင်နှုန်း လျှော့ပေးခဲ့ပြီး လာမည့် ရက်ပေါင်း (၉၀) အတွင်း ၂၄ ရာခိုင်နှုန်း ဆက်လက်လျှော့ပေးမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ထိုညှိနှိုင်းဆွေးနွေးမှုများကြောင့် တရုတ်ကုန်စည်များအပေါ် အကောက်ခွန်ကောက်ခံမှုမှာ လက်ရှိတွင် ၁၀ ရာခိုင်နှုန်းသာ ကျန်ရှိနေ ပါသည်။ 

ထို ရက်ပေါင်း ၉၀ ကာလ တရုတ်နှင့်အမေရိကန်အကြား အကောက်ခွန် ကုန်သွယ်ရေးစစ်ပွဲ ရပ်တန့်သည့်အချိန်ကို ထုတ်လုပ်သူများနှင့် တင်ပို့သူများက အခွင့်အရေးကောင်းအဖြစ် အသုံးချမည်ဖြစ်ကြောင်း ဟောင်ကောင် သယ်ယူပို့ဆောင်ရေးအဖွဲ့အစည်း၏ ဥက္ကဋ္ဌက ပြောကြားထားပါသည်။ 

ကိုးကား - South China Morning Post

ဘာသာပြန်ဆိုသူ- ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃