သတင်းများ

ရူဘယ်ငွေကြေးသည် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက နှစ်နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ

ရုရှား ရူဘယ်ငွေကြေးသည် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက နှစ်နှစ် အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ပြီး ယင်းအား ပထဝီနိုင်ငံရေး တင်းမာမှုများလျော့ပါးလာခြင်းနှင့် ယူကရိန်းပဋိပက္ခ ဖြေရှင်းရေး မျှော်လင့်ချက်များ ပြန်လည်မြင့်တက်လာခြင်းတို့က အထောက်အပံ့ ဖြစ်စေခဲ့သည်။

ကြာသပတေးနေ့ (မေ ၂၂) တွင် ရုရှားငွေကြေးသည် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၇၈.၉ ရူဘယ် ဖြင့် ၂၀၂၃ ခုနှစ် မေလအလယ်ကတည်းက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ ၂၀၂၅ ခုနှစ် မတ်လ အစောပိုင်းမှ စတင်၍ ရူဘယ်ငွေကြေး ၁၁% ခန့် တက်လာခဲ့သည်။

လက်ရှိအချိန်အထိ လပေါင်းများစွာ ခိုင်မာလာနေသော ရူဘယ် ငွေကြေး သည် ၂၀၂၅ ခုနှစ်အစပြုချိန်မှစ၍ ဖြစ်ပေါ်လာသော ဈေးကွက် ငွေကြေး များအနက် အခိုင်မာဆုံးစွမ်းဆောင်ရည်ကို ပြသနေကြောင်း Alfa-Capital ၏ စတော့ဈေးကွက်ဆိုင်ရာ သုံးသပ်သူ Alina Poptsova က RBK စီးပွားရေးနေ့စဉ်သတင်းစာတွင် ပြောကြားခဲ့သည်။

“ဈေးကွက်ကို အမေရိကန်နှင့် ဆက်ဆံရေး ပုံမှန်ဖြစ်လာနိုင်သည့် အချက် များနှင့် ယူကရိန်းပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အလားအလာ များက တစ်စိတ်တစ်ပိုင်း လွှမ်းမိုးနေပါသည်” ဟု Tsifra Broker ၏ မဟာဗျူဟာဆိုင်ရာ လေ့လာသုံးသပ်သူ Natalia Pyrieva က ရှင်းပြ ခဲ့သည်။

ထို့အပြင် ပြည်ပပို့ကုန်လုပ်ငန်းရှင်များမှ အခွန်နှင့် ရင်းနှီးမြုပ်နှံမှု အကျိုးအမြတ်များ ပေးချေမှုမတိုင်မီ ၎င်းတို့၏ နိုင်ငံခြားငွေရရှိမှုများကို ပိုမို ရောင်းချခြင်းနှင့် တင်သွင်းသူများ၏ ဝယ်လိုအား ကျဆင်းလာခြင်းတို့ကလည်း ရူဘယ်ငွေကြေး ခိုင်မာလာမှုကို အထောက်အကူပြုနေကြောင်းဆန်းစစ်သူများကဆိုသည်။ ဈေးကွက်တွင် ပါဝင်နေသူများသည် နိုင်ငံခြားကုမ္ပဏီများ ရုရှားဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာနိုင်မှုနှင့် ပိတ်ဆို့မှုများ လျော့ပါးလာနိုင်သည်ဟု မျှော်လင့်နေကြသည်။

“ရင်းနှီးမြုပ်နှံသူများသည် သံတမန်ဆက်ဆံရေး တိုးတက်မှုများကိုသာမက အခြေခံအဆောက်အအုံနှင့်သက်ဆိုင်သော ပိတ်ဆို့မှုများ ပြန်လည် ရုပ်သိမ်းခြင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ပြန်လည် ဝင်ရောက်လာခြင်းနှင့် နိုင်ငံခြားငွေကြေး လွယ်ကူမှု တိုးတက်လာခြင်းစသည့် ရူဘယ်၏ ဆွဲဆောင်မှုကို မြင့်တက်စေသော အချက်များကိုပါ ထည့်သွင်းစဉ်းစား နေကြပါသည်” ဟု Veles Capital ၏ ဘဏ်လုပ်ငန်းနှင့် ငွေကြေးဈေးကွက် သုတေသနဌာနမှူး Yuri Kravchenko က ပြောကြားခဲ့သည်။ 

ပထဝီနိုင်ငံရေး အရှိန်အဟုန်များ ဆက်လက်ရှိနေပါက ယခုလအတွင်း ရူဘယ်ငွေကြေးသည် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၇၅ ရူဘယ် အထိ ရောက်ရှိနိုင်သည်ဟု ကျွမ်းကျင်သူအချို့က ခန့်မှန်းထားကြသည်။ 

အီးယူနှင့် ဗြိတိန်တို့က ယခင်သီတင်းပတ်အတွင်း ကြေညာခဲ့သည့် နောက်ဆုံးပိတ်ဆို့မှုများသည် ရုရှားငွေကြေးအပေါ် ကြီးမားသော သက်ရောက်မှုရှိမည် မဟုတ်ကြောင်း ဆန်းစစ်သူများက ယူဆထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဂျပန်နိုင်ငံ၌ ဆန်ဈေးနှုန်းများ စံချိန်တင်မြင့်တက် ၊ ယမန်နှစ်ကထက် ၉၈ ရာခိုင်နှုန်းရှိလာ

ဂျပန်နိုင်ငံ၌ ဆန်ဈေးနှုန်းများမြင့်တက်မှုသည် စံချိန်တင်လာပြီး ယမန်နှစ်က ထက် ၉၈ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း အစိုးရ၏ မေလ ၂၃ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ဆန်ဈေးနှုန်းများမြင့်တက်လာခြင်းသည် လပေါင်းများစွာကြာမြင့်နေပြီဖြစ်ပြီး ယင်းကိစ္စက ဂျပန်ဝန်ကြီးချုပ် ရှီဂဲရူအီရှီဘာ၏ အစိုးရအဖွဲ့အတွက် ခေါင်းခဲစရာ ကိစ္စတစ်ခုဖြစ်လာသည်။

ဂျပန်နိုင်ငံ၏ယဉ်ကျေးမှုတွင် ရာစုနှစ်ပေါင်းများစွာကြာ အရိုးစွဲနေသည့် ဆန်၏ဈေးနှုန်းများစံချိန်တင် မြင့်တက်ရခြင်းမှာ ဆန်ရှားပါးလာမှုကြောင့်ဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

အလားတူ ၂၀၂၃ ခုနှစ်တွင် အပူချိန်မြင့်တက်မှု၊ ၂၀၂၄ ခုနှစ်တွင် ဝယ်လိုအားများ ပြားလာမှု၊   အမှန်တကယ်ဖြစ်ပေါ်လာခြင်းမရှိသည့် ငလျင်ကြီးဖြစ်ပေါ်လာမည်ဟူသော  ကောလာဟလကြောင့် ကြောက်လန့်တကြား ဝယ်ယူမှုစသည့် အကြောင်းရင်းများကြောင့်လည်း ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်များစွာအတွင်း ပြည်သူများအနေဖြင့် ဆန်ကိုစားသုံးမှုနည်းပါးသည့်အတွက် အစိုးရကလည်း လယ်မြေများတွင် စပါးကိုစိုက်ပျိုးမည့်အစား အခြား ကောက်ပဲသီးနှံများကို  ပိုမိုစိုက်ပျိုးရန် မူဝါဒချမှတ်ခဲ့သလို တစ်ချိန်တည်းမှာပင် ဂျပန်နိုင်ငံ၌ သက်ကြီးရွယ်အိုများပြားလာမှုနှင့်အတူ တောင်သူအများစုမှာ အသက်အရွယ်ကြီးရင့်လာသည့်အပြင် ၎င်းတို့၏ မျိုးဆက်များက လယ်ယာစိုက်ပျိုးရေးကို လုပ်ဆောင်လိုခြင်း မရှိမှုတို့ကြောင့် ဂျပန်နိုင်ငံအတွင်း ဆန်စပါးထွက်ရှိမှုနည်းပါးလာခြင်းဖြစ်သည်။ ထို့အတူ ၁၉၆၁ ခုနှစ် တွင် စပါးစိုက်ပျိုးဧရိယာ ဟက်တာပေါင်း ၃ ဒသမ ၄ သန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင် ဟက်တာ ၂ ဒသမ ၃ သန်းအထိ ကျဆင်းလာကြောင်း သိရသည်။

Source: Myawady Web Portal

တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် ဗားရှင်း ၃.၀ အဖြစ် အဆင့်မြှင့်တင်မှုညှိနှိုင်းပြီး တရားဝင်လက်မှတ်ရေးထိုးရန် ဆောင်ရွက်

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အကြား ဒစ်ဂျစ်တယ် စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး (Green economy) နှင့် အခြားခေတ်မီ စီးပွားရေးနယ်ပယ်များ၏ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်ကို အဆင့်မြှင့်တင်ရန် ညှိနှိုင်းမှုများ ပြီးဆုံးကြောင်း တရုတ် စီးပွားရေးဝန်ကြီးဌာနက မေ ၂၁ ရက်နေ့တွင် ကြေညာခဲ့သည်။ 

ASEAN အဖွဲ့တွင် အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံပါဝင်ပြီး တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံများအဖွဲ့ဖြစ်ကာ ၂၀၂၅ ခုနှစ် ပထမ ၃ လအတွင်း နှစ်ဖက်ကုန်သွယ်ရေး တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃၄ ဘီလီယံအထိ ရှိခဲ့ကြောင်း တရုတ်အကောက်ခွန် အချက်အလက်များအရ သိရသည်။

လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (၃.၀) ဗားရှင်းသည် ဒေသတွင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးတွင် ပိုမိုတည်ငြိမ်သော အာမခံချက်ကို ဖြည့်ဆည်းပေးပြီး နိုင်ငံများအနေဖြင့် ပွင့်လင်းမြင်သာမှု၊ စုပေါင်းပါဝင်မှုနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု (win-win) များကို လွှမ်းခြုံဆောင်ရွက်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ 

ထိုသဘောတူညီချက်အတွက် ညှိနှိုင်းမှုများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ခဲ့ပြီး ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေးနှင့် Supply Chain ချိတ်ဆက်မှု အပါအဝင် နယ်ပယ်များစွာကို လွှမ်းခြုံထားကြောင်း သိရသည်။ 

ထို့အပြင် အဆိုပါသဘောတူညီချက်၌ “နှစ်ဖက်စလုံး၏ ထုတ်လုပ်မှုနှင့် Supply Chain ကို အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်” ဟု ဖြည့်စွက် ဖော်ပြထားသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအပေါ် မြင့်မားသော သွင်းကုန်အခွန်များ သတ်မှတ်ရာတွင် အထူးသဖြင့် တရုတ် နိုင်ငံအပေါ် ပိုမိုမြင့်မားသော အခွန်များ ချမှတ်ခဲ့သည့်နောက်ပိုင်း တရုတ် နိုင်ငံသည် ASEAN နှင့် ဆက်ဆံရေးကို ပိုမိုအလေးထား ဆောင်ရွက်လာသည်။ ယခုအခါ အဆိုပါအခွန်အချို့ကို ရွှေ့ဆိုင်းထားပြီး တရုတ်နှင့် အမေရိကန်တို့သည် လက်ရှိကာလအတွင်း အခွန်အချို့ကို ယာယီရပ်ဆိုင်းရန် သဘောတူညီခဲ့ကြသည်။ 

ဧပြီလတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အိမ်နီးချင်းနိုင်ငံအချို့နှင့် ဆက်ဆံရေး ခိုင်မြဲစေရန် အရှေ့တောင်အာရှ ၃ နိုင်ငံသို့ သွားရောက်ခဲ့ပြီး အာရှနိုင်ငံများအကြား ပထဝီနိုင်ငံရေး တင်းမာမှုများ၊ တစ်ဖက်သတ်ဝါဒ (တစ်နိုင်ငံတည်း ဆုံးဖြတ်ဆောင်ရွက်မှု) နှင့် ကာကွယ်ရေးဝါဒ (နိုင်ငံ့ စီးပွားရေး ကို နိုင်ငံတကာယှဉ်ပြိုင်မှုမှကာကွယ်ရန် ကုန်သွယ်ရေးအတားအဆီး၊ ကန့်သတ်ချက်များ ချမှတ်ခြင်း) စသည့် စည်းလုံးညီညွတ်မှု ပျက်ပြား စေခြင်းတို့ကို ဆောင်ရွက်ခြင်းမပြုရန် ပြောကြား ခဲ့သည်။

အဆင့်မြှင့်တင်ထားသည့် ASEAN-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် ဗားရှင်း (၃.၀) ၏ တရားဝင် လက်မှတ်ရေးထိုးသည့် အခမ်း အနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန် မတိုင်မီ ကျင်းပရန် မျှော်မှန်းထားကြောင်း သိရသည်။

(ASEAN-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်သည် ကမ္ဘာ့လူဦးရေ ၃၀% နှင့် GDP ၁၈% ကို ကိုယ်စားပြုသည့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယခု အဆင့်မြင့် သဘောတူညီချက်သည် ဒစ်ဂျစ်တယ် စီးပွားရေး၊ အစိမ်းရောင် စီးပွားရေးနှင့် ထောက်ပံ့ရေးကွင်းဆက်ကွန်ရက်များ ပေါင်းစည်းမှုကဏ္ဍများကို ပိုမို လွှမ်းခြုံထားပြီး အာရှဒေသ၏ စီးပွားရေးတည်ငြိမ်မှုအတွက် အရေးပါသော အဆင့်တစ်ခုဖြစ်လာမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။)

ကိုးကား - Channel News Asia 

Photo: thesun.my

ဘာသာပြန်ဆိုသူ- ဒေါ်ငြိမ်းဆုသာ၊ ဦးစီးအရာရှိ၊ နစက

ဆားဘီးယားနိုင်ငံသည် SEPA ၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာ

ဆားဘီးယားနိုင်ငံသည် ယူရိုငွေကြေးတစ်ခုတည်း သုံးစွဲသည့်ဒေသဇုံ (Single Euro Payments Area –SEPA) ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာကြောင်း ဆားဘီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်-၁ နှင့် ဘဏ္ဍာရေးဝန်ကြီး Sinisa Mali က ပြောကြားလိုက်ပါသည်။

“SEPA စံနှုန်းများကို ဆားဘီးယားတွင် လက်တွေ့အသုံးပြုနိုင်ရန် ၂၀၂၆ ခုနှစ်၊ မေလတွင် စတင်မည်ဟု မျှော်လင့်ရပါသည်” ဟု Mali က ၎င်း၏ Instagram စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။

ယခုခြေလှမ်းမှာ အနောက်ဘော်လ်ကန်ဒေသအတွက် ဥရောပသမဂ္ဂ၏ စီးပွားရေး တိုးတက်မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဥရောပသမဂ္ဂနှင့် စီးပွားရေးနီးကပ်မှု မြန်ဆန်စေရန်နှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရန် ရည်ရွယ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့ပါသည်။

ကိုးကား- Tass 

Photo: enlargement.ec.europa.eu

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုနက်ရှိုင်းလာစေရေးလုပ်ဆောင်ရန် တရုတ်နှင့် ပါကစ္စတန်တို့ သဘောတူ

တရုတ်နှင့်ပါကစ္စတန်နိုင်ငံတို့သည် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများကို ပိုမိုနက်ရှိုင်းလာစေရေးလုပ်ဆောင်ရန် သဘောတူညီခဲ့ ကြကြောင်း ပါကစ္စတန်အစိုးရကပြောကြားခဲ့ပါသည်။ အမေရိကန်က ကြားဝင်စေ့စပ်ပေးမှုနှင့်အတူ အိန္ဒိယနှင့်ပါကစ္စတန်ကြား အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာ၌ ယခုကဲ့သို့ သဘောတူညီချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

လွန်ခဲ့သည့်ဧပြီလ (၂၂) ရက်နေ့က ကက်ရှ်မီးယားပြည်နယ်တွင် လူ (၂၆) ဦး ကိုသေဆုံးစေခဲ့သည့် အကြမ်းဖက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယ နှင့်ပါကစ္စတန်ကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းလည်းဖြစ်ပါသည်။အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုကို ပါကစ္စတန်က ပံ့ပိုးပေးမှုများ လုပ်ဆောင် ခဲ့သည်ဟု အိန္ဒိယဘက်ကစွပ်စွဲပြောဆိုခဲ့သော်လည်း ပါကစ္စတန် အစိုးရ ဘက်က အိန္ဒိယ၏ပြောဆိုချက်များကို ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်း သိရပါသည်။

ထို့အပြင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Ishaq Dar သည် တရုတ် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်းလည်းသိရပါသည်။ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ကွဲပြားခြားနားမှု များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ကျယ်ပြန့်ပြီး ရေရှည်တည်တံ့သော အပစ် အခတ်ရပ်စဲရေးရရှိရန်အတွက် ပါကစ္စတန်နှင့် အိန္ဒိယတို့၏ ကြိုးပမ်း အားထုတ်မှုများကို တရုတ်နိုင်ငံကထောက်ခံကြောင်းလည်း ဝမ်ယိက ပြောကြားခဲ့ပါသည်။

ကိုးကား- NP News

ဧပြီလတွင် ယွမ်ငွေကြေးလဲလှယ်မှု ၃.၅% အထိ ကျဆင်း

SWIFT ဘဏ်များအချင်းချင်းငွေပေးချေမှုစနစ်၏ ဒေတာများအရ ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ယွမ်ငွေကြေး၏ အပြည်ပြည်ဆိုင်ရာငွေလဲလှယ်မှု ရှယ်ယာသည် မတ်လက ၄.၁၃% ရှိရာမှ ဧပြီလတွင် ကျဆင်းလာပြီး ၃.၅% အထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။

ထို့ကြောင့် ယွမ်ငွေကြေးသည် ကမ္ဘာ့ငွေလဲလှယ်မှုများတွင် အသုံးအများဆုံး ငွေကြေးစာရင်းတွင် ပဉ္စမနေရာသို့ အဆင့်ကျဆင်းသွားခဲ့ပါသည်။

ဥရောပဒေသတွင်း ငွေလဲလှယ်မှုများမပါဝင်က  အပြည်ပြည်ဆိုင်ရာ ငွေပေးချေမှုများတွင် ယွမ်ငွေကြေးသည် ဆဋ္ဌမနေရာတွင် ရပ်တည်နေပြီး စုစုပေါင်းငွေလဲလှယ်မှု၏ ၂.၃၈% ရှိပါသည်။

အမေရိကန်ဒေါ်လာသည် အပြည်ပြည်ဆိုင်ရာငွေပေးချေမှုတွင် အသုံးအများဆုံးငွေကြေးအဖြစ် ဦးဆောင်နေဆဲဖြစ်ကာ ၄၉.၆၈% (+၀.၆ ရာခိုင်နှုန်း) ရှိပြီး ယူရိုငွေကြေး မှာ ၂၂.၂၄% (+၀.၃၁ ရာခိုင်နှုန်း) ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပါသည်။

ကိုးကား- Tass

Photo: Asia Financial

ဗီယက်နမ်ကော်ဖီ တင်ပို့မှု ယခုနှစ် တိုးတက်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဧပြီလအတွင်း ဗီယက်နမ်၏ ကော်ဖီတင်ပို့မှုသည် ယခင်နှစ်များထက် ၅၁% တိုးတက်ကာ အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံ အထိ ရှိခဲ့ကြောင်း Vietnam News Agency မှ ဖော်ပြထားပါသည်။

ဗီယက်နမ်၏ ပြည်ပသို့တင်ပို့သည့် စိုက်ပျိုးထုတ်ကုန်များအနက် ကော်ဖီ သည် ထိပ်ဆုံးမှ အတိုးတက်ဆုံး ဖြစ်နေကြောင်း ယင်းသတင်းဌာနက ဆိုထားပါသည်။ ယခုနှစ်အတွင်း ဗီယက်နမ်သည် ကော်ဖီတန်ချိန် ၁.၇ သန်းမှ ၁.၈ သန်းအထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းရပြီး ပို့ကုန်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် ရရှိနိုင်မည်ဟု သိရပါသည်။

ဗီယက်နမ်၏ အဓိကတင်ပို့ကုန်များတွင် စပါး၊ ပင်လယ်စာ၊ ကော်ဖီ၊ သဘာဝရာဘာ၊ လက်ဖက်ရည်၊ သီဟိုဠ်စေ့နှင့် ငရုတ်ကောင်းကဲ့သို့သော စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များ ပါဝင်သည်။ ဗီယက်နမ်သည် နှစ်ပေါင်း များစွာကတည်းက သီဟိုဠ်စေ့နှင့် ၎င်း၏ထုတ်ကုန်များတွင် ထိပ်တန်း ထုတ်လုပ်သူဖြစ်ပါသည်။ ငရုတ်ကောင်း တင်ပို့မှုတွင်လည်း ကမ္ဘာ့ ဦးဆောင် နိုင်ငံတစ်ခုဖြစ်ပါသည်။ ကော်ဖီတင်ပို့မှုတွင် ဘရာဇီး ပြီးလျှင် ဒုတိယ နေရာတွင်ရှိပြီး Robusta ကော်ဖီစေ့၏ အဓိကထုတ်လုပ်သူလည်း ဖြစ်ပါသည်။

ကိုးကား- Tass 

Photo: Vietnam Law and Legal Forum

ပဲရစ်မြို့၌ ကျင်းပမည့် Apparel Sourcing Paris ပြပွဲတွင် မြန်မာ့အထည်အလိပ် ထုတ်ကုန်များ ပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်ပြုလုပ်မည့် Apparel Sourcing Paris ပြပွဲမှာ မြန်မာ့အထည်အလိပ်ထုတ်ကုန်များ ပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

Messe Frankfurt France မှ ကြီးမှူးကျင်းပမည့် Apparel Sourcing Paris 2025 ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်မှ (၁၇) ရက်ထိ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Paris Le Bourget, France ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲအား တစ်နှစ်လျှင် နှစ်ကြိမ်ပါရီမြို့တွင်ကျင်းပပြုလုပ်လေ့ရှိပြီး ပြပွဲပြသသူ (၁,၀၀၀)ကျော် ပါဝင်ပြသည့် ပြပွဲဖြစ်သည်။

ကမ္ဘာတစ်ဝန်းမှ စီးပွားဖြစ် ဝယ်ယူသူများအတွက် အခြေခံပစ္စည်းများမှစ၍ အဆန်းသစ်ဆုံးနှင့် အရည်အသွေးအမြင့်ဆုံး ထုတ်ကုန်များအထိ စုံလင်စွာ ရှာဖွေဝယ်ယူနိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) သည် ဥရောပဝယ်လက်များနှင့် ချိတ်ဆက်နိုင်ရန် MYANMAR PAVILION အနေဖြင့် ၂ဝ၂၂ ခုနှစ် မှစတင်၍ ပြပွဲတွင် ဝင်ရောက်ပြသလေ့ရှိပြီး ယခုနှစ်တွင်လည်း Made in Myanmar ထုတ်ကုန်များကို ပါဝင်ပြသလိုသည့် အသင်းဝင်စက် ရုံများကို ဖိတ်ခေါ်ထားသည်။

အသင်းဝင်များအနေဖြင့် ပြခန်းပြသလိုပါက ပြခန်းကုန်ကျငွေကို စရိတ်မျှခံစနစ်ဖြင့် ကျခံ၍လိုက်ပါနိုင်ပြီး၊ အကယ်၍ ပြပွဲလေ့လာသူအနေဖြင့် လိုက်ပါလိုသည့် အသင်းဝင်စက်ရုံများအနေဖြင့် Registration Fees ပေးသွင်း၍ လိုက်ပါနိုင်ကြောင်း အသိပေးထားသည်။

ထို့ပြင် လိုက်ပါလိုသည့် အသင်းဝင်စက်ရုံများအနေဖြင့် လေယာဉ်ခ၊ ဗီဇာလျှောက်ထားခြင်း၊ ဟိုတယ်ခများနှင့် မိမိကိုယ်ပိုင် အသုံးစရိတ်များကို ကျခံနိုင်ရမည်ဖြစ်ပြီး အသင်းမှ လေယာဉ်လက်မှတ်ဝယ်ယူခြင်း နှင့် ဗီဇာလျှောက်ထားခြင်းတို့အတွက် လိုအပ်သောအကြံပေးမှုများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ အသင်းဝင်စက်ရုံ/ကုမ္ပဏီများမှ Apparel Sourcing Paris 2025 ပြပွဲသို့ တက်ရောက်ရန် စိတ်ဝင်စားပါက မေလ (၃၁) ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Source: Popular Myanmar

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ကို အာဖဂန်နစ္စတန်အထိ တိုးချဲ့ဆောင်ရွက်မည်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Ishaq Dar နှင့် အာဖဂန်နစ္စတန်နိုင်ငံ၊ တာလီဘန် ကြားဖြတ်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi တို့နှင့် မေလ ၂၁ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါကစ္စတန်တွင် တည်ဆောက်ဆဲဖြစ်သော တရုတ်အခြေခံအဆောက်အအုံ စီမံကိန်းကို အာဖဂန်နစ္စတန်အထိ တိုးချဲ့ရန် သဘောတူခဲ့ကြသည်။ 

အဆိုပါနိုင်ငံ (၃) နိုင်ငံအနေဖြင့် တရုတ်၏ "Belt and Road Initiative" ၏တစ်စိတ်တစ်ပိုင်းဖြစ်သော တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ China-Pakistan Economic Corridor (CPEC) ကို အာဖဂန်နစ္စတန်နိုင်ငံအထိ တိုးချဲ့ရန် သဘောတူညီခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အကြမ်းဖက်တိုက်ဖျက်ရေးအစီအမံများနှင့် အခြားပြဿနာများကြောင့် ပါကစ္စတန်- အာဖဂန်နစ္စတန် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေဆဲဖြစ်သော်လည်း နှစ်နိုင်ငံရှိ သံတမန်များအား အမြန်ဆုံး လဲလှယ်ရန် သဘောတူညီခဲ့ကြသည်။ 

အနာဂတ်တွင် တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့နှင့် နိုင်ငံရေးသာမက စီးပွားရေးတွင်ပါ မိတ်ဖက် ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း တည်ဆောက်လိုကြောင်း တာလီဘန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၂၀၂၁ ခုနှစ်တွင် တာလီဘန်များ အာဏာပြန်လည်ရရှိခဲ့ပြီးနောက် မည်သည့် နိုင်ငံကမျှ တာလီဘန်အစိုးရကို အာဖဂန်နစ္စတန်၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုသေးသော်လည်း တရုတ်နိုင်ငံသည် ၎င်းတို့နှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ကြိုးပမ်းနေပြီး ၂၀၂၃ ခုနှစ်တွင် သံအမတ်ကြီးတစ်ဦးကို အာဖဂန်နစ္စတန်သို့ စေလွှတ်ခဲ့သည်။ 

တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်ကို ၎င်း၏ Belt and Road Initiative ပရောဂျက်တွင် ပါဝင်စေရန်နှင့် ဒေသတွင်း၌ ၎င်း၏ဩဇာ လွှမ်းမိုးမှု ပိုမိုခိုင်မာစေရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ယူဆ ရသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃

မြန်မာ့ပေါ်ဆန်းမွှေးကို ခေတ်မီထုတ်ပိုးမှု ပုံစံများဖြင့် နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချသွားရန် စီစဉ်နေ

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် မြန်မာ့ပေါ်ဆန်းမွှေးကို ခေတ်မီထုတ်ပိုးမှု ပုံစံများဖြင့် နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

Myanmar Pawsan Rice Foundation ကို ဖွဲ့စည်းတည်ထောင်ပြီး စိုက်ပျိုးသူများအပါအဝင် ကုန်သည်၊ စက်ပိုင်အားလုံး ပါဝင်သည့် One Community တစ်ခုအဖြစ် စုဖွဲ့ပြီး၊ မျိုးကောင်းမျိုးသန့်မှစ၍ သုတေသန အပါအဝင် အရောအနှောကင်းပြီး၊ ပစ္စည်းမှန် ၊ အရည်အသွေးမှန်၊ စျေးနှုန်းမှန်သည့် မြန်မာပေါ်ဆန်းမွှေး (fragrant rice) အဖြစ် နိုင်ငံတကာစျေးကွက်ကိုပါ ခေတ်မီထုတ်ပိုးမှုပုံစံများဖြင့် တင်ပို့ ရောင်းချသွားရန်စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

အာရှဈေးကွက်တွင် တရုတ်၊ စင်ကာပူ၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများနှင့် ဥရောပဈေးကွက်တွင် အီတလီ၊ ဂျာမနီနှင့် ပြင်သစ် နိုင်ငံတို့သည် မြန်မာ့ပေါ်ဆန်းမွှေးဆန်ကို အဓိက ဝယ်ယူသောနိုင်ငံများဖြစ်သည်။