မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် မြန်မာ့ပေါ်ဆန်းမွှေးကို ခေတ်မီထုတ်ပိုးမှု ပုံစံများဖြင့် နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

Myanmar Pawsan Rice Foundation ကို ဖွဲ့စည်းတည်ထောင်ပြီး စိုက်ပျိုးသူများအပါအဝင် ကုန်သည်၊ စက်ပိုင်အားလုံး ပါဝင်သည့် One Community တစ်ခုအဖြစ် စုဖွဲ့ပြီး၊ မျိုးကောင်းမျိုးသန့်မှစ၍ သုတေသန အပါအဝင် အရောအနှောကင်းပြီး၊ ပစ္စည်းမှန် ၊ အရည်အသွေးမှန်၊ စျေးနှုန်းမှန်သည့် မြန်မာပေါ်ဆန်းမွှေး (fragrant rice) အဖြစ် နိုင်ငံတကာစျေးကွက်ကိုပါ ခေတ်မီထုတ်ပိုးမှုပုံစံများဖြင့် တင်ပို့ ရောင်းချသွားရန်စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
အာရှဈေးကွက်တွင် တရုတ်၊ စင်ကာပူ၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများနှင့် ဥရောပဈေးကွက်တွင် အီတလီ၊ ဂျာမနီနှင့် ပြင်သစ် နိုင်ငံတို့သည် မြန်မာ့ပေါ်ဆန်းမွှေးဆန်ကို အဓိက ဝယ်ယူသောနိုင်ငံများဖြစ်သည်။
Source: Popular Myanmar

ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာဒါဆီလဗာ၏ ပေကျင်းခရီးစဉ်အတွင်း တရုတ်ကုမ္ပဏီများက ဘရာဇီးရီယယ် ၂၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့ပါသည်။
တရုတ်နိုင်ငံမှ Envision Energy ကုမ္ပဏီက ဘရာဇီးတွင် လေယာဉ်လောင်စာဆီထုတ်လုပ်ရန် ဘရာဇီးရီယယ် ၅ ဘီလီယံ (ဒေါ်လာ ၈၇၃ သန်း) ရင်းနှီးမြှုပ်နှံရန် မေလ ၁၂ ရက်တွင် ကြေညာခဲ့ပါသည်။ ထို့ပြင် CGN စွမ်းအင်ကုမ္ပဏီက Piauí ပြည်နယ်တွင် ဘရာဇီးရီယယ် ၃ ဘီလီယံ (ဒေါ်လာ ၅၃၅ သန်း) တန်ဖိုးရှိ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမည်ဟု ဆိုထားပါသည်။

သမ္မတလူလာနှင့် တွေ့ဆုံခဲ့သော တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီ GAC ၏ CEO Wei Haigang က ဘရာဇီး၏ Goiás ပြည်နယ်တွင် လျှပ်စစ် နှင့် ဟိုက်ဘရစ်ကားများ ထုတ်လုပ်ရန်နှင့် အရှေ့မြောက်ဒေသတွင် သုတေသနနှင့်ဖွံ့ဖြိုးရေးစင်တာ တည်ဆောက်ရန် ဒေါ်လာ ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု အတည်ပြုခဲ့ပါသည်။ အခြားတရုတ်ကားကုမ္ပဏီ GWM ကလည်း ဘရာဇီးရီယယ် ၆ ဘီလီယံခန့်ကို ဘရာဇီးရှိ လုပ်ငန်း များတွင် ချဲ့ထွင်သွားမည်ဟု ကြေညာခဲ့သည်။
ထို့အပြင် သမ္မတလူလာ ခရီးစဉ်အတွင်း ကျန်းမာရေး၊ အစားအစာ၊ စွမ်းအင်ကဏ္ဍများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း (semiconductor) ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် သဘောတူညီချက်များ ချုပ်ဆိုခဲ့ပါသည်။
ကိုးကား - FOILA.UOI
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

မက္ကဆီကို၊ ချီလီနှင့် ဥရုဂွေးနိုင်ငံတို့သည် ဘရာဇီး၏ ကြက်သားနှင့် ကြက်ဥထုတ်ကုန်များ ဝယ်ယူမှုကို ပြီးခဲ့သည့် စနေနေ့ (မေ ၁၇) ကတည်း ယာယီရပ်ဆိုင်းလိုက်ပါသည်။ ယင်းဆုံးဖြတ်ချက်မှာ ဘရာဇီးနိုင်ငံ၊ ရီယိုဂရန်ဒီ ဒို ဆူးလ် ပြည်နယ်မြို့တော် ပို့တို အလီဂရီ မှ ကီလိုမီတာ ၆၀ အကွာ လူဦးရေ ၆၄,၀၀၀ နေထိုင်သော မွန်တီနီဂရိုးမြို့ ရှိ ကြက်မွေးမြူရေး ခြံတစ်ခုတွင် ငှက်တုပ်ကွေး (Avian Influenza) တွေ့ရှိရကြောင်း အတည်ပြုချက်ကြောင့် ဖြစ်ပါသည်။

အဆိုပါ ၃ နိုင်ငံအပြင် ဥရောပသမဂ္ဂ (EU)၊ တရုတ် နှင့် အာဂျင်တီးနား တို့သည်လည်း ဘရာဇီး၏ ကြက်သားထုတ်ကုန်များ တင်သွင်းမှုကို ရက် ၆၀ ကြာ ယာယီရပ်ဆိုင်းမည်ဟု ကြေညာခဲ့ပါသည်။
ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် ကြက်သားနှင့်ကြက်ဥထုတ်ကုန် တင်ပို့မှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်အတွင်း ဘရာဇီး ၏ ကြက်သားနှင့် ကြက်ဥထုတ်ကုန် ပြည်ပရောင်းချမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၂.၈ ဘီလီယံ ရှိပါသည်။ ယခုရပ်ဆိုင်းလိုက်သည့်အတွက် ဘရာဇီး ၏ နှစ်စဉ် ကြက်သားနှင့် ကြက်ဥထုတ်ကုန် တင်ပို့မှု၏ ၂၈% နီးပါး ရှိပါသည်။ ဘရာဇီး၏ ကြက်သားနှင့် ကြက်ဥကို အဓိက ဝယ်လိုအား အများဆုံးနိုင်ငံမှာ တရုတ်ဖြစ်ပါသည်။
ကိုးကား- FOIHA.UOI
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ကျောင်းကုန်း မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငရုတ်သီးစိမ်း ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျောင်းကုန်းမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမြင့်က ပြောပြ၍ သိရသည်။

ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လက ငရုတ်သီးစိမ်း ပိဿာချိန် ၅၂၀၀၀ သာတင်ပို့ ရောင်းချနိုင်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၃၀ ရက်ထိ တစ်လအတွင်း ငရုတ်သီးစိမ်းပိဿာချိန် ၇၇၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှ တင်ပို့ရောင်းချခဲ့သည့် ငရုတ်သီးစိမ်း ၁၀ ပိဿာလျှင် ငွေကျပ် ၇၉၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
“ပြီးခဲ့တဲ့ တစ်လအတွင်း ကျောင်းကုန်းမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ထဲကို ငရုတ်သီးစိမ်း ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဒေသထွက်ကုန်ဖြစ်တဲ့ ငရုတ်သီးစိမ်းတွေကို ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ ကျောင်းကုန်းမြို့နယ်ကနေထွက်တဲ့ ဒေသထွက် ငရုတ်သီးတွေက အရည်အသွေး ကောင်းပါတယ်။ ငရုတ်သီး အရည်အသွေးကောင်းတော့မှာယူမှုတွေက တက်နေပါတယ်။ ရက်ရှည်အထားခံပြီး တဆင့် ပြန်လည်ရောင်းချရာမှာ အဆင်ပြေပါတယ်” ဟု ကျောင်းကုန်းမြို့နယ်မှ လယ်ယာထွက်ကုန် ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးသူက ပြောပြသည်။
ကျောင်းကုန်းမြို့နယ်မှ တောင်သူများသည် စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့် ယှဉ်တွဲပြီးငရုတ်စိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ အဆိုပါ ဒေသမှ ထွက်ရှိလာသော ငရုတ်သီးစိမ်းများကို ရန်ကုန်ဈေးကွက်သို့ ငရုတ်သီးစိမ်းများ တင်ပို့ရောင်းချမှုတက်လာခြင်းကြောင့် တောင်သူများ၊ ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်တင်ယာဉ် အငှားလိုက်သူများအလုပ်အကိုင် အခွင့်အလမ်းများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ

ငရုတ်သီးစိမ်းများ ရာသီကုန်ချိန်ဖြစ်၍ ရန်ကုန်ဈေးကွက်အတွင်း အရည်အသွေးကောင်း ငရုတ်များ အဝယ်လိုက်နေကြောင်း ငရုတ်စိုက်ပျိုးရောင်းချသူများ၏ ပြောကြားချက်အရ သိရသည်။
"ငရုတ်သီးစိမ်းတွေ ရာသီကုန်ချိန် ရောက်လာတာကြောင့် အရည်အသွေး မကောင်းတော့ဘူး။ ၇၇၇ နဲ့ ကျားခေါင်းငရုတ်မျိုးတွေက ဝင်ရင်ဝင်သလောက် အရည်အသွေးကောင်းရင် ကောင်းသလို အဝယ်လိုက်ပါတယ်။ ရန်ကုန်ဈေးကွက်ကို ဧရာဝတီတိုင်းဒေသကြီးက ငရုတ်သီးစိမ်းတွေ အဓိကဝင်ရောက်ပါတယ်။ ရှမ်းပြည်နယ်ကလည်း ဝင်ရောက်မှုရှိတယ်"ဟု ရန်ကုန်မြို့ သီရိမင်္ဂလာဈေးမှ ငရုတ်ကုန်သည် ဦးကျော်သန်း ကပြောသည်။

အောင်ပန်းဒေသမှ ထွက်ရှိသည့် ငရုတ်သီးစိမ်းများကို ရန်ကုန်ဈေးကွက်အပြင် မန္တလေးတိုင်းဒေသကြီးသို့လည်း တင်ပို့ရောင်းချလျက်ရှိပြီး အရည်အသွေး ကောင်းမှသာ ကုန်သည်များ ကြိုက်နှစ်သက်ကြကြောင်း သိရသည်။
"အောင်ပန်းဒေသကထွက်တဲ့ ငရုတ်သီးစိမ်းတွေကို ရန်ကုန်ဈေးကွက်ကို တင်ပို့တယ်။ ကုလားအော်ငရုတ်သီးက ပခုက္ကူနဲ့ မန္တလေးဘက်က ထွက်တာပိုများတယ်။ အခုထွက်ချိန်က နောက်ပိုင်းရောက်လာလို့ အရည်အသွေးကျပြီး ငရုတ်က လမ်းမှာ ပျက်စီးတာများတယ်။ ကုန်သည်တွေက အရည်အသွေးကောင်းမှ အဝယ်များတယ်။ အခုရက်ပိုင်း မိုးရွာတာကြောင့်လည်း ငရုတ်သီးစိမ်းတွေ အရည်အသွေးကျတယ်။ ငရုတ်သီးစိမ်းအခူးများရင် စျေး ဆက်ကျနိုင်တယ်။ ခန့်မှန်းရသလောက် ဒီလကုန်လောက်အထိ စျေးကဒီအတိုင်းပဲရှိနေဦးမှာပါ" ဟု အောင်ပန်းမြို့နယ်မှ ငရုတ်စိုက်ပျိုးသူ ခွန်ဇော်ဦး ကပြောသည်။လက်ရှိတွင် အောင်ပန်းဒေသ၌ တစ်ရက်လျှင် ငရုတ်သီးစိမ်းပိဿာ ၁ဝဝဝ ကျော် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် ရန်ကုန်ဈေးကွက်၌ တစ်ရက်လျှင် ပိဿာ ၅ဝဝဝ ဝန်းကျင် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
Source: https://myawady.net.mm/

အမေရိကန်က ကုန်သွယ်စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံခြင်းဖြင့် ကမ္ဘာ့နိုင်ငံများအပေါ် လွှမ်းမိုးချုပ်ကိုင် လာနိုင်ဖွယ်နှင့် ကုန်သွယ်စည်းကြပ်ခွန်ကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှု အခြေအနေများနှင့်ပတ်သက်၍ဆွေးနွေးရန် စက်မှုထိပ်သီးနိုင်ငံ (၇) နိုင်ငံ၏ ဘဏ္ဍာရေးနှင့်ဘဏ်လုပ်ငန်းဆိုင်ရာအကြီးအကဲများ တွေ့ဆုံဆွေးနွေးရန် စီစဉ်လျက်ရှိသည်။
ကမ္ဘာ့စက်မှုထိပ်သီး (၇) နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများသည် ကနေဒါနိုင်ငံ၊ Banff မြို့တွင် မေလ (၂၁) ရက်မှစ၍ (၂) ရက်ကြာ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပါသည်။

ယခုနှစ်တွင်စတင်ကျင့်သုံးခဲ့သည့် ထရမ့်အစိုးရ၏ ကုန်သွယ်စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံခြင်းကိစ္စသည် တွေ့ဆုံဆွေးနွေးမှုတွင် ဦးစားပေးဆွေးနွေးသွားမည့်အချက်ဖြစ်ပြီး အဆိုပါစည်းကြပ်ခွန်သည် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုအခြေအနေများနှင့် ကမ္ဘာ့နိုင်ငံအလိုက် တုံ့ပြန်မှုအခြေအနေများအပေါ် လေ့လာ ဆန်းစစ်မှုများလည်း လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
အစည်းအဝေးအစီအစဉ်တွင် ယူကရိန်းနိုင်ငံအား ကျူးကျော်တိုက်ခိုက်ခဲ့သည့် ရုရှားနိုင်ငံအပေါ် စီးပွားရေး အရ ဒဏ်ခတ်ပိတ်ဆို့မည့်အစီအစဉ်လည်း ပါဝင်သကဲ့သို့ တရုတ်နိုင်ငံ၏ လျှပ်စစ်ကား တင်ပို့မှု လျှင်မြန်စွာ တိုးတက်လာခြင်းကိစ္စလည်း ပါဝင်ပေသည်။
လက်ရှိကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ (၇) နိုင်ငံ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ကနေဒါနိုင်ငံအနေဖြင့် ယခုကျင်းပသည့် အစည်းအဝေးအပြီးတွင် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်နိုင်ရေးနှင့် ကုန်သွယ်ခွန်လွတ်လပ်ခွင့်တို့ကို ထပ်လောင်းအတည်ပြုနိုင်ရေးတို့မှာ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေကြောင်း NHK သတင်းစာ မျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- NHK World
အလွတ်သဘောဘာသာပြန်သူ၊ ဦးထက်ထက်အောင်၊ နစက-၄

အမေရိကန်နိုင်ငံအနေဖြင့် ကွန်ပျူတာချစ်ပ်ပစ္စည်းများ တင်ပို့မှုဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုတစ်ရပ်ကို ထုတ်ပြန်လိုက်ခြင်းမှာ တရုတ်နိုင်ငံအပေါ် "တစ်ဖက်သတ်အနိုင်ကျင့်မှု” ဖြစ်ကြောင်း မေလ ၂၁ ရက် (ဗုဒ္ဓဟူးနေ့) တွင် တရုတ်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ပြီး တရုတ်နိုင်ငံ၏ အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကုန်ထုတ်လုပ်ရေးလုပ်ငန်းကို ဟန့်တားရန် ရည်ရွယ်သည့် အမေရိကန်၏ လုပ်ဆောင်ချက်များအား ကောင်းမွန်စွာ တုံ့ပြန်မည်ဟု သတိပေးလိုက်သည်။

အမေရိကန်နိုင်ငံအနေဖြင့် “တရုတ်နိုင်ငံအား ဖိနှိပ်ရန်နှင့် ထိန်းချုပ်ရန်အတွက် ချစ်ပ်ပစ္စည်း တင်ပို့မှုဆိုင်ရာ ကန့်သတ်ပိတ်ပင်သည့် ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ခြင်း” ဟု တရုတ်အစိုးရက စွပ်စွဲခဲ့သည်။
“ယခုလို အမေရိကန်၏ အရေးယူဆောင်ရွက်မှုများသည် တစ်ဖက်သတ်အနိုင်ကျင့်မှုနှင့် အကာအကွယ်ပေးရေးဝါဒလုပ်ရပ်ဖြစ်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ တစ်ပိုင်းလျှပ်ကူးပစ္စည်းကုန်ထုတ်လုပ်ရေးလုပ်ငန်း ကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်တည်ငြိမ်မှုကို ဆိုးရွားစွာ ထိခိုက်စေသည်” ဟု တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား -CNA
ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

ဒေသအတွင်းရှိ ငါးမွေးမြူရေးကန်များတွင် ငါးများသေဆုံးမှုမြင့်တက်လာခြင်းသည် စင်ကာပူနိုင်ငံ၏ မွေးမြူရေးကဏ္ဍကို ထိခိုက်စေလျက်ရှိပါသည်။ ထိုကိစ္စအားဖြေရှင်းရန် မွေးမြူရေးအဖွဲ့က ဇလားဗီးယား ငါးပေါက်များကို မွေးမြူထားသည့် ငါးမွေးမြူရေးစင်တာကို စတင် ဖွင့်လှစ်ခဲ့ပါသည်။
၂၀၂၆ ခုနှစ် အစောပိုင်းမှစ၍ အဆိုပါ ဇလားဗီးယားငါးများကို စတင်ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း စင်ကာပူအစားအသောက်အဖွဲ့၏ အလုပ် အမှုဆောင်အရာရှိ Mr. Ken Cheong က မေလ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီး Koh Poh Koon က “ငါးအများအပြား သေဆုံးမှုသည် ငါးဥများနှင့် ငါးသားပေါက်များ၏ အရည်အသွေးကျဆင်းလာမှုများကြောင့်” ဖြစ်ကြောင်း ပါလီမန်လွှတ်တော်တွင် ပြောကြားခဲ့ပါသည်။ ဇလားဗီးယားငါးများသည် မွေးမြူရလွယ်ကူပြီး ခန့်မှန်းခြေ ၆ လ နှင့် ၈ လ အကြားတွင် ရောင်းချ၍ရသည့် အရွယ်အစားသို့ ရောက်ရှိနိုင်ပါသည်။
ကိုးကား - The Strait Times
ဘာသာပြန်ဆိုသူ- ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက -၃

ငပုတော မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကင်းမွန်ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ငပုတောမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီက ပြောပြ၍ သိရသည်။
ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ကင်းမွန်ပိဿာချိန် ၅၁၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၃၀ ရက်ထိ ကင်းမွန်ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“အခု ကင်းမွန်တွေ အဝင်များပြီး အရင်ကထက် ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ မတ်လကထက် ဧပြီလထဲမှာ ရန်ကုန်ဈေးကွက်ကို ကင်းမွန်ပိဿာချိန် ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ ကုန်ချိန်များများ တင်ပို့ရောင်းချခဲ့ရပေမဲ့ ကင်းမွန်ဈေးကတော့ အရင်အတိုင်းပါပဲ။ ငပုတောမြို့နယ်ကနေထွက်ရှိတဲ့ ကင်းမွန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချပါတယ်” ဟု ငပုတောမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီ က ပြောပြသည်။
အဆိုပါ ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိသော ကင်းမွန် တစ်ပိဿာလျှင် ငွေကျပ် ၂၄၀၀၀ မှ ၃၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

ဖျာပုံ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ငါးကွမ်းရှပ်ခြောက်များ ဝယ်လိုအားကောင်းနေပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဖျာပုံမြို့နယ် ငါးခြောက်မျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဇာဇာမြင့်က ပြောပြ၍ သိရသည်။

ဖျာပုံမြို့နယ်တွင် ငါးကွမ်းရှပ်ခြောက်များအပါအင် အခြားငါးခြောက်များကို စနစ်တကျ ထုတ်လုပ်ကာ ရောင်းချလျက်ရှိပြီး ယခုနှစ် မေလ ပထမပတ်မှ ယနေ့ထိ ငါးကွမ်းရှပ်ခြောက်များ ဝယ်ယူမှုများပြီး အရောင်းအဝယ်ကောင်းမွန်နေကြာင်း၊ အဆိုပါ ဒေသမှ ထုတ်လုပ်ရောင်းချသည့် ငါးကွမ်းရှပ်ခြောက်များ လက်ရှိတစ်ရက်လျှင် ပိဿာချိန် ၂၅၀၀ မှ ၄၅၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
“ငါးကွမ်းရှပ် ခြောက်တွေအရောင်းအဝယ်ကောင်းနေပါတယ်။ အခုလ ပထမပတ်လောက်ကတည်းက စတင်အရောင်းအဝယ်ကောင်းမွန်ခဲ့တာပါ။ အခုလထဲမှာလဲ ငါးကွမ်းရှပ်ခြောက်တွေ အရောင်းအဝယ်ကောင်းနေဆဲဖြစ်ပါတယ်။ ဒေသထွက် ငါးကွမ်းရှပ်ခြောက်တွေအပါအဝင် ငါးခြောက်မျိုးစုံကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းနေတာဖြစ်ပါတယ်။ အခုလို ငါးကွမ်းရှပ်ခြောက်တွေ ဝယ်ယူမှုမြင့်တက်လာလို့ ငါးကွမ်းရှပ်ခြောက်လုပ်ငန်း နယ်ပယ်အသီးသီးကသူတွေလဲ အဆင်ပြေလာပါတယ်” ဟုဖျာပုံမြို့နယ် ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဇာဇာမြင့်က ပြောပြသည်။
ဖျာပုံမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ငါးပိ၊ ငါးခြောက်များကိုပြုလုပ်ပြီး ဒေသထွက် ငါးကွမ်းရှပ်ခြောက်များအပါအဝင် ငါးခြောက်မျိုးစုံကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးကွမ်းရှပ်ခြောက် ၁၀ ပိဿာလျှင် ငွေကျပ် ၂၈၅၀၀၀ ထိ ဈေးပေါက်နေကြောင်း ဖျာပုံမြို့နယ် ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာမြင့်က ဆက်လက်ပြောပြ၍သိရသည်။