သတင်းများ

mango

ယခုနှစ် သရက်သီးပေါ်ချိန်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တချို့မှထွက်ရှိသော  စိန်တစ်လုံးသရက်သီးများ  စျေးကောင်းရရှိကာ  အရောင်း အဝယ်သွက်လျက်ရှိကြောင်း     မြန်မာ့သရက်ဈေးကွက်နှင့်     နည်းပညာဖွံ့ဖြိုး တိုးတက်ရေးအသင်း(မန္တလေး)မှ    သိရ သည်။

ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်းမှစ၍ မန္တလေးဈေးကွက်သို့    ရာသီပေါ်သီးနှံ ဖြစ်သော သရက်သီးများ စတင်ဝင်ရောက်လာပြီး ယခုအခါ    ပြည်တွင်းပြည်ပမှ ဝယ်လိုအားကောင်းနေသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိသည်။ ထိုသို့ ဝင်ရောက်လာသော သရက်သီးများအနက် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် စဉ့်ကိုင်မြို့နယ် စသည့်ဒေသများမှ ထွက်ရှိသော စိန်တစ်လုံးသရက်သီးများ   စျေးကောင်း ရရှိနေခြင်းဖြစ်သည်။

"အခုချိန်က  ပြည်တွင်းမှာ သရက်သီးတွေ စပေါ်တဲ့အချိန်ဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊  ပုသိမ်ကြီး၊  စဉ့်ကိုင်မြို့နယ်တွေက သရက်သီးအများအပြားထွက်ရှိပါတယ်။     မန္တလေးတိုင်းဒေသကြီးရဲ့    ရာသီဥတု၊   ရေမြေအနေအထား၊    သဘာဝပတ်ဝန်းကျင် စတဲ့ အခြေအနေတွေကြောင့်    မန္တလေးတိုင်းဒေသကြီးကထွက်ရှိတဲ့ စိန်တစ်လုံးသရက်သီးတွေက  ပြည်တွင်းမှာ အကောင်းဆုံးပါပဲ"ဟု မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း(မန္တလေး) အတွင်းရေးမှူး      ဦးကျော်စိုးနိုင်ကပြော သည်။

အထူးသဖြင့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာမှ ထွက်ရှိသော  စိန်တစ်လုံးသရက်သီးများသည် အနံ့၊ အရသာနှင့် အရည်အသွေး အကောင်းဆုံးဖြစ်ကြောင်း၊  ပြည်တွင်း၌ သရက်သီး စပေါ်ချိန်သည် ဒေသတစ်ခုနှင့်တစ်ခု    ရက်အနည်းငယ် ကွာခြားမှု ရှိပြီး မကြာမီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ သရက်သီးများ  စတင် ထွက်ပေါ်လာမည်ဖြစ်ကာ ဈေးကွက်အတွင်း   ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များက  ပြည်တွင်းမှထွက်ရှိသော သရက်သီးများကို ပြည်ပသို့တင်ပို့ရာတွင်  အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနှင့် စင်ကာပူနိုင်ငံတို့သို့ အဓိကထားတင်ပို့ခဲ့ရပြီး ယခုနှစ်တွင် ရုရှားနိုင်ငံမှလည်း မြန်မာ့သရက်သီးများကို မှာယူမှုရှိကြောင်း သိရသည်။   

Source: https://myawady.net.mm/

ဖျာပုံမြို့နယ်တွင် ငါးကွမ်းရှပ်ခြောက်များ အရောင်းအဝယ်ကောင်းမွန်နေ

ဖျာပုံ   မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ငါးကွမ်းရှပ်ခြောက်များ ဝယ်လိုအားကောင်းနေပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဖျာပုံမြို့နယ် ငါးခြောက်မျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဇာဇာမြင့်က ပြောပြ၍ သိရသည်။

ဖျာပုံမြို့နယ်တွင် ငါးကွမ်းရှပ်ခြောက်များအပါအင် အခြားငါးခြောက်များကို စနစ်တကျ ထုတ်လုပ်ကာ ရောင်းချလျက်ရှိပြီး ယခုနှစ် မေလ ပထမပတ်မှ ယနေ့ထိ ငါးကွမ်းရှပ်ခြောက်များ ဝယ်ယူမှုများပြီး အရောင်းအဝယ်ကောင်းမွန်နေကြာင်း၊ အဆိုပါ ဒေသမှ ထုတ်လုပ်ရောင်းချသည့် ငါးကွမ်းရှပ်ခြောက်များ လက်ရှိတစ်ရက်လျှင် ပိဿာချိန် ၂၅၀၀ မှ ၄၅၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

“ငါးကွမ်းရှပ် ခြောက်တွေအရောင်းအဝယ်ကောင်းနေပါတယ်။ အခုလ ပထမပတ်လောက်ကတည်းက စတင်အရောင်းအဝယ်ကောင်းမွန်ခဲ့တာပါ။ အခုလထဲမှာလဲ ငါးကွမ်းရှပ်ခြောက်တွေ အရောင်းအဝယ်ကောင်းနေဆဲဖြစ်ပါတယ်။ ဒေသထွက် ငါးကွမ်းရှပ်ခြောက်တွေအပါအဝင် ငါးခြောက်မျိုးစုံကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းနေတာဖြစ်ပါတယ်။ အခုလို ငါးကွမ်းရှပ်ခြောက်တွေ ဝယ်ယူမှုမြင့်တက်လာလို့ ငါးကွမ်းရှပ်ခြောက်လုပ်ငန်း နယ်ပယ်အသီးသီးကသူတွေလဲ အဆင်ပြေလာပါတယ်” ဟုဖျာပုံမြို့နယ် ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဇာဇာမြင့်က ပြောပြသည်။

ဖျာပုံမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ငါးပိ၊ ငါးခြောက်များကိုပြုလုပ်ပြီး ဒေသထွက် ငါးကွမ်းရှပ်ခြောက်များအပါအဝင် ငါးခြောက်မျိုးစုံကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးကွမ်းရှပ်ခြောက် ၁၀ ပိဿာလျှင် ငွေကျပ် ၂၈၅၀၀၀ ထိ ဈေးပေါက်နေကြောင်း ဖျာပုံမြို့နယ် ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာမြင့်က ဆက်လက်ပြောပြ၍သိရသည်။

ကျော်ကျော်လင်း

Source: ရတနာပုံသတင်းစာ

အိန္ဒိယအစိုးရထံမှ ကုန်သွယ်ရေးကန့်သတ်မှုဆိုင်ရာ တရားဝင် အကြောင်းကြားစာ မရရှိသေးကြောင်း ဘင်္ဂလားဒေ့ရှ် စီးပွားရေး အကြံပေး ပြောကြား

ဘင်္ဂလားဒေ့ရှ်အပေါ် အိန္ဒိယ၏ ကုန်သွယ်ရေးကန့်သတ်မှုဆိုင်ရာ တရားဝင် အကြောင်းကြားစာ မရရှိသေးကြောင်း ၊ အိန္ဒိယ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ တရားဝင်အချက်အလက်များ မိမိတို့ မသိရှိသေး ရကြောင်း၊ တရားဝင်အကြောင်းကြားစာရပါက အရေးယူ ဆောင်ရွက် နိုင်မည်ဖြစ်ပြီး အခက်အခဲများပေါ်ပေါက်ပါက နှစ်နိုင်ငံဆွေးနွေးကာ ဖြေရှင်းကြမည် ဟု ဘင်္ဂလားဒေ့ရှ် စီးပွားရေးအကြံပေး ရှိတ်ဘာရှီရုဒ်ဒင်း က ပြောကြားလိုက်ပါသည်။

အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်မှ ကုန်းလမ်းဖြင့် တင်သွင်းသည့် ready made အဝတ်အထည်များ၊ သစ်သီး/သစ်သီးအရသာပါအချိုရည်များ၊ မုန့်ပဲသရေစာများ၊ ဂျုံနှင့်ဂျုံမှုန့်စွန့်ပစ်ပစ္စည်းများ၊ ပလတ်စတစ်နှင့် PVC ပစ္စည်းများနှင့် သစ်သားပရိဘောဂများကို တင်သွင်းခွင့် ပိတ်ပင်လိုက် ပါသည်။ 

ယခင်က ဘင်္ဂလားဒေ့ရှ်ကလည်း အိန္ဒိယမှ ကုန်းလမ်းဖြင့် ဂျုံမျှင် တင်သွင်းမှုကို တားမြစ်ခဲ့ဖူးသည်။ အိန္ဒိယဘက်ကလည်း ဘင်္ဂလားဒေ့ရှ် မှ တတိယနိုင်ငံများသို့ ကုန်ပစ္စည်းတင်ပို့ရာတွင် အဆင့်ဆင့် သယ်ယူခွင့် ကို ရုပ်သိမ်းခဲ့ပါသည်။

ထိုကဲ့သို့ ကုန်သွယ်ရေးအပြန်အလှန်ကန့်သတ်မှုများ ပေါ်ပေါက်လာခြင်း မှာ ယခင်နှစ်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ နိုင်ငံမှ ဖယ်ရှားခံရခြင်းနှင့် ဟိန္ဒူလူနည်းစုများအပေါ် နှိပ်စက်မှုများကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာလာချိန်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။

“အိန္ဒိယဘက်က အခူရာနှင့်ဒေါက်ကီ ကုန်းကူးဆိပ်များအပါအဝင်နယ်စပ်ဒေသများနှင့်ပတ်သက်၍ အချို့ဆုံးဖြတ်ချက်များ ချမှတ်ကြောင်း လူမှုမီဒီယာနှင့်သတင်းများမှတစ်ဆင့် သိရပါသည်။ မိမိတို့၏ အဓိက ရည်မှန်းချက်မှာ ယှဉ်ပြိုင်နိုင်စွမ်းရရှိရေးဖြစ်ပြီး အဆိုပါကိစ္စသည် နှစ်နိုင်ငံ အတွက် အကျိုးရှိစေမည်” ဟု စီးပွားရေးအကြံပေးက ဖြည့်စွက် ပြောကြား ခဲ့ပါသည်။

“အိန္ဒိယသည် ချည်မျှင်နှင့်အထည်ချုပ်လုပ်ငန်း ကြွယ်ဝသော နိုင်ငံ ဖြစ်သည်ဟု မိမိတို့ယူဆပါသည်။ သို့သော်လည်း မိမိတို့နိုင်ငံမှ ထိုထုတ်ကုန်များ တင်ပို့နိုင်ခြင်းမှာ မိမိတို့၏ကိုယ်ပိုင်စွမ်းရည်ပေါ်တွင် အခြေခံပါသည်။ အဆင့်ဆင့်သယ်ယူခြင်းကြောင့် မိမိတို့အတွက် ထိခိုက်မှု မရှိပါ။ မိမိတို့သည် ကိုယ်ပိုင်စွမ်းရည်ဖြင့် အဆိုပါပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါသည်” ဟု အကြံပေးက ရှင်းပြထားပါသည်။

“ပထဝီအနေအထားအရ ဆက်စပ်နေသော နိုင်ငံဖြစ်သည့်အတွက် မိမိတို့၏ ယှဉ်ပြိုင်နိုင်စွမ်း၊ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်နှင့် အခြား အချက်များမှာ သတ်မှတ်ထားပြီးဖြစ်ပါသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မိမိတို့က ကိုယ်ပိုင်စိုက်ပျိုးထုတ်ကုန်များ၏ တင်သွင်းမှုကို အချိန် အလိုက် ကန့်သတ်မှုများချမှတ်လေ့ရှိပါသည်။ အိန္ဒိယကလည်း ထိုနည်းတူ ပြုလုပ်ပါသည်။ ဤသည်မှာ ကုန်သွယ်ရေးစီမံခန့်ခွဲမှု လုပ်ငန်းစဉ် တစ်ခု ဖြစ်ပြီး မိမိတို့သည်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ အကယ်၍ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက နှစ်နိုင်ငံဆွေးနွေးကာ ဖြေရှင်းကြမည်ဖြစ်သည်” ဟု  ရှိတ်ဘာရှီရုဒ်ဒင်းက ရှင်းပြခဲ့ပါသည်။

အိန္ဒိယ၏ ကုန်သွယ်ရေးကန့်သတ်မှုများသည် ဘင်္ဂလားဒေ့ရှ်၏ နှစ်စဉ် တင်သွင်းကုန်တန်ဖိုး ဒေါ်လာ သန်း ၇၇၀ (စုစုပေါင်းတင်သွင်းကုန်၏ ၄၂% နီးပါး) ကို ထိခိုက်စေမည်ဖြစ်သည်။ အိန္ဒိယ၏ အပြန်အလှန် အရေး ယူမှုများအပြီးတွင် ဘင်္ဂလားဒေ့ရှ်သည် ၎င်း၏ ready made အဝတ် အထည်များကို အိန္ဒိယသို့ Nhava Sheva နှင့် Kolkata ဆိပ်ကမ်းများမှ တစ်ဆင့်သာ တင်ပို့ရမည်ဖြစ်ပါသည်။

ကိုးကား- Hindustan Times

ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင် အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

ကျောင်းကုန်း  မေ ၁၈

ဧရဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျောင်းကုန်းမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြ၍ သိရသည်။

ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်းက ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၃၀ ရက်ထိ ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသထွက် ဗိုလ်ကိတ်ပဲများကို ကျောင်းကုန်းမြို့နယ်မှ လယ်ယာထွက်ကုန် ရောင်းဝယ်ရေးလုပ်ငန်းရှင်များက ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

“ကျောင်းကုန်းမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၆၅၀၀၀ ထိတင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိလဲ ဒေသထွက်ပဲတွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေတဲ့အတွက် ပြန်လည်ဝယ်ယူအား ကောင်းလာပါတယ်။ ရန်ကုန်ဈေးကွက်ကို ဗိုလ်ကိတ်ပဲတွေ တင်ပို့အားတက်လာတော့ ပဲစိုက်တောင်သူတွေ၊ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင်တွေ အလုပ်အကိုင်အဆင်ပြေနေပါတယ်” ဟု ဒေါ်ရီရီထွန်းက ပြောပြသည်။

ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၁၅၀၀၀ ထိပေါက်ဈေးရှိကြောင်း၊ ဗိုလ်ကိတ်ပဲများ အရောင်းအဝယ်ကောင်းလာခြင်းကြောင့် ပဲစိုက်တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အဆင်ပြေနေကြောင်း သိရသည်။

အမေရိကန်၏ ကုန်သွယ်ခွန်နှုန်းထားအသစ်များကြောင့် အနာဂတ်တွင် အရှေ့တောင်အာရှနိုင်ငံအများစု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာ မသေချာ

အရှေ့တောင်အာရှနိုင်ငံများသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လ အတွင်း ၎င်းတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိကြောင်း အစီရင်ခံစာ ထုတ်ပြန်ထားသည်။ ထိုသို့တိုးတက်ရခြင်းမှာ ယင်းနိုင်ငံများအနေဖြင့် သံမဏိထုတ်ကုန်များနှင့် မော်တော်ယာဉ်များအပေါ် အကောက်ခွန်နှုန်းများ မတိုးမြှင့်မီ အမေရိကန်သို့ အလျင်အမြန်တင်ပို့ခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော် အမေရိကန်၏ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒအပြောင်းအလဲ များကြောင့် နောင်လာမည့်ကာလများတွင် ယင်းနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအလားအလာ နှေးကွေးလာနိုင်သည်။ 

ထိုင်းနိုင်ငံ၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (GDP) သည် တစ်နှစ်အတွင်း ၃.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဈေးကွက် မျှော်မှန်းချက်ထက် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။ သံမဏိထုတ်ကုန်များနှင့် မော်တော်ကားများ အပေါ်တွင် အခွန်နှုန်းသစ်များ တိုးမြှင့်သတ်မှတ်ကောက်ခံမည့် အမေရိကန်၏ ကုန်သွယ်ရေးမူဝါဒများကြောင့် အမေရိကန်သို့ ကုန်ပစ္စည်း တင်ပို့မှု မြင့်တက်ခဲ့ပြီး အထူးသဖြင့် အီလက်ထရောနစ်နှင့် ဆက်စပ် အစိတ်အပိုင်းများ အပါအဝင် ကားတာယာကဲ့သို့ ရာဘာထုတ်ကုန်များ တင်ပို့မှု မြင့်တက်ခဲ့သည်။ 

ထို့ပြင် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးသည် ၆.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယင်းသည်လည်း အမေရိကန်သို့ ကုန်စည်နှင့် ဝန်ဆောင်မှုများ တင်ပို့မှု အများအပြား ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ 

အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့၏ စီးပွားရေးကဏ္ဍများသည်လည်း ၄.၈ ရာခိုင်နှုန်းနှင့် ၄.၄ ရာခိုင်နှုန်း အသီးသီး တိုးတက်မှုရှိခဲ့သည်။ 

ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် အမေရိကန်မှ ဓာတ်ငွေ့ရည် (LNG) နှင့် လေယာဉ်များ တင်သွင်းမှုတိုးမြှင့်ရန်နှင့် အပြန်အလှန်အားဖြင့် အမေရိကန်ဘက်မှ အကောက်ခွန်နှုန်း လျှော့ချပေးရန် တောင်းဆို ထားသည်။ 

ကိုးကား- NHK World

ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

ငွေကြေးပမာဏများပြားလှသော ရင်းနှီးမြှုပ်နှံမှုကတိပြုချက်များနှင့်အတူ ထရမ့်၏ ပင်လယ်ကွေ့ နိုင်ငံများခရီးစဉ် အဆုံးသတ်

ဝါရှင်တန်၊ စီးပွားရေး

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ဒုတိယအကြိမ်သမ္မတသက်တမ်းအတွင်း ပထမဆုံးသော ပြည်ပခရီးစဉ်အဖြစ် ပင်လယ်ကွေ့နိုင်ငံများသို့သွား ရောက်ခဲ့ရာ ယခုအခါ ထိုနိုင်ငံများမှနေ၍ ငွေကြေးပမာဏအလွန်များပြားလှသော ရင်းနှီးမြှုပ်နှံမှု ကတိပြုချက်များနှင့်အတူ ထရမ့် ၏ခရီးစဉ်က အဆုံးသတ်သွားပြီဖြစ်ကြောင်း သိရသည်။

ထရမ့်သည် မေလ ၁၆ ရက်တွင် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး‌)သို့ရောက်ရှိလာပြီး အမေရိကန်ဒေါ်လာ၁ ဒသမ ၄ ထရီလီယံတန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်သည်။

ထို့ပြင် ကာတာလေကြောင်းလိုင်းက အမေရိကန်မှ ဒေါ်လာဘီလီယံ ၂၀၀ တန်ဖိုးရှိ  ဘိုးအင်း လေယာဉ်များဝယ်ယူမည့် သဘောတူညီချက်၊ ဆော်ဒီအာရေဗျမှ ဒေါ်လာဘီလီယံ ၆၀၀ တန်ဖိုးရှိ ရင်းနှီး မြှုပ်နှံမှုအစီအစဉ်တို့နှင့်  ပတ်သက်၍သဘောတူညီချက်များရရှိထားပြီးဖြစ်သည်။

ယခုယူအေအီးနိုင်ငံနှင့်သဘောတူညီချက်များတွင် အမေရိကန်ပြည်ထောင်စုရှိ အချက်အလက် ဗဟိုဌာနများ၌ ယူအေအီးက ဝင်ရောက်ရင်းနှီးမြှုပ်နှံမည့်အစီအစဉ်များလည်း ပါဝင်သောကြောင့် ယင်းနိုင်ငံအနေဖြင့်AIနည်းပညာအပါအဝင်အဆင့်မြင့်နည်းပညာကဏ္ဍ၌ဦးဆောင်နိုင်ငံတစ်ခုဖြစ်အောင် ကြိုးပမ်း လာနေကြောင်းမြင်တွေ့ရသည်။

အမေရိကန်နှင့် ပင်လယ်ကွေ့နိုင်ငံများကြားယခုကဲ့သို့သဘောတူညီချက်များ ရရှိခြင်းနှင့်အတူ အမေရိကန်က ဆီးရီးယား အပေါ်ချမှတ်ထားသော ပိတ်ဆို့မှုများရုပ်သိမ်းပေးခြင်းနှင့် အီရန်နှင့်နျူကလီးယား အရေးဆွေးနွေးပွဲတွင် အပြုသဘောဆောင်သောရလဒ်များ ထွက်ပေါ်လာမည့်မျှော်လင့်ချက်များမြင့် မားလာစေကြောင်းသိရသည်။                           

Ref: AGC

ဂျပန်စီးပွားရေး တစ်နှစ်တာအတွင်း ပထမဆုံးအကြိမ် ကျဆင်း

ဂျပန်နိုင်ငံ၏ စီးပွားရေးသည် တစ်နှစ်တာကာလအတွင်း ပထမဆုံး အကြိမ် ကျဆင်းသွားခဲ့ပြီး အိမ်ထောင်စုများ၏ သုံးစွဲမှုကျဆင်းခြင်းနှင့် ငွေကြေးဖောင်းပွခြင်းတို့၏ ဖိအားများက နိုင်ငံ၏ စီးပွားရေး ပြန်လည် နာလန်ထူမှုကို ထိခိုက်စေခဲ့ပါသည်။

အစိုးရ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း ဂျပန်နိုင်ငံ၏ အမှန်တကယ် ပြည်တွင်းထုတ်ကုန် (GDP) သည် နှစ်စဉ် အခြေခံဖြင့် ၂% ကျဆင်းသွားခဲ့ပါသည်။ အဆိုပါကျဆင်းမှုသည် ၂၀၂၃ ခုနှစ် အလယ်ပိုင်းကတည်းက ပထမဆုံးသော GDP ကျဆင်းမှုဖြစ်ပြီး စီးပွားရေးပညာရှင်များ၏ မျှော်မှန်းချက်ထက် ပိုမိုဆိုးရွားခဲ့သည်။

ဂျပန်နိုင်ငံ၏ ပြည်တွင်းထုတ်ကုန် (GDP) ကျဆင်းသောရသည့် အဓိက အကြောင်းအရင်းများမှာ အိမ်ထောင်စုများ၏ သုံးစွဲမှု ၀.၇% ကျဆင်းခြင်း၊ ငွေကြေးဖောင်းပွမှုနှင့် လုပ်ခလစာ တိုးတက်မှုနှေးကွေးခြင်း၊ နိုင်ငံတကာ စီးပွားရေးမတည်ငြိမ်ခြင်း၊ ဂျပန်ယန်း ငွေကြေးတန်ဖိုး ခိုင်မာမှု အားနည်း နေခြင်း တို့ကြောင့် ဖြစ်ပါသည်။

SMBC Nikko Securities မှ စီးပွားရေးပညာရှင် Yoshimasa Maruyama က ယခုအချက်အလက်များသည် ဂျပန်စီးပွားရေးအတွက် စိတ်ပျက်စရာ ဖြစ်ပါသည်” ဟု မှတ်ချက်ပြုခဲ့ပါသည်။ ထို့ပြင် ဂျပန်ဘဏ္ဍာရေးဝန်ကြီး Shunichi Suzuki က မိမိတို့အနေဖြင့် ပြန်လည်ထူထောင်ရေး လမ်းကြောင်း ပေါ်သို့ ပြန်လည်ရောက်ရှိရန် အချိန်ယူရမည် ဟု ပြောကြားခဲ့ပါသည်။

ကိုးကား- The Wall Street Journal

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ပြည်တွင်းစက်သုံးဆီဈေးနှုန်း တစ်လီတာလျှင် ၇၅ ကျပ် မှ ၁၂၅ ကျပ်ခန့်အထိ ကျဆင်းလျက်ရှိ

ယခုအခါ ပြည်တွင်းနိုင်ငံခြားသုံးငွေလဲလှယ်မှုနှုန်းထားများ တည်ငြိမ်လျက်ရှိသလို ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်း ကျဆင်းလျက်ရှိသဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်လည်း ကျဆင်းလျက်ရှိပြီး လိုအပ်သလောက် အလွယ်တကူဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

 ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများနှင့် ပြည်ပမှဝယ်ယူရသည့် အာရှပစိဖိတ်ဒေသအတွက် စင်ကာပူအခြေစိုက် နေ့စဉ်ပျမ်းမျှ စက်သုံးဆီ ဈေးနှုန်းအပေါ်တွင်အခြေခံသည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် လက်ရှိတွင် တစ်လီတာလျှင် ၇၅ ကျပ် မှ ၁၂၅ ကျပ်ခန့်အထိ ကျဆင်းနေခြင်းဖြစ်သည်ဟုဆိုသည်။

ထို့အပြင် ဒေသအလိုက် စက်သုံးဆီလိုအပ်ချက်ကို ပြည့်မီအောင် အချိန်မီပိုဆောင် ဖြန့်ဖြူးပေးလျက်ရှိသဖြင့် အဆင်ပြေချောမွေ့စွာလိုအပ်သလို ဝယ်ယူရရှိနိုင်ပြီး အရန်စက်သုံးဆီမှာလည်း ရက်သတ္တပတ် (၂)ပတ်စာခန့်ရှိသလို ပြည်ပမှစက်သုံးဆီတင် သင်္ဘော များသည်လည်း အဆက်မပြတ် ပုံမှန်ဝင်ရောက်လျက်ရှိကြောင်းလည်း သိရသည်။

ကိုးကား- MHT

စင်ကာပူ လေကြောင်းလိုင်း နှစ်စဉ်အမြတ်ငွေ ထပ်မံ မှတ်တမ်းသစ်တင်ခဲ့သော်လည်း ကုန်သွယ်ရေးအန္တရာယ်များ သတိပေး

နာမည်ကြီး စင်ကာပူလေကြောင်းလိုင်း၏ နှစ်စဉ် အသားတင် အမြတ်ငွေ မှာ ၃.၉% တိုးတက်ကာ နောက်ထပ်မှတ်တမ်းသစ်တင်နိုင်ခဲ့သော်လည်း ကုန်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ပတ်သက်၍ သတိပေးချက် ထုတ်ပြန် ထားပါသည်။

လေကြောင်းလိုင်း၏ အစီရင်ခံစာအရ မတ်လကုန်အထိ ဘဏ္ဍာရေးနှစ် အတွက် အသားတင်အမြတ်ငွေ စင်ကာပူဒေါ်လာ ၂.၇၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၁၄ ဘီလီယံ) အထိ ရောက်ရှိခဲ့ပါသည်။

သို့သော် ကုန်သွယ်ရေးမူဝါဒပြောင်းလဲမှုများ၊ ကုန်သွယ်ရေး တင်းမာမှု များနှင့် စီးပွားရေးမတည်ငြိမ်မှုများကြောင့် လေကြောင်းလုပ်ငန်းအတွက် စိန်ခေါ်မှုများ ရှိနေဆဲ ဟု ကုမ္ပဏီက သတိပေးခဲ့သည်။

ကိုဗစ်ကပ်အလွန်နောက်ပိုင်း ခရီးသည်အရေအတွက် စံချိန်တင် မြင့်တက်မှုနှင့်အတူ စင်ကာပူလေကြောင်းလိုင်းနှင့် ၎င်း၏ စျေးနှုန်း ချိုသာသော လေကြောင်းလိုင်း Scoot တို့မှာ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် အတွင်း စုစုပေါင်း ခရီးသည် ၃၉.၄ သန်းကို သယ်ဆောင်နိုင်ခဲ့ပြီး ယခင်နှစ်ထက် ၈.၁% တိုးတက်မှုရှိခဲ့ပါသည်။

ထိုင်း ဆန်ညီလာခံ-၂၀၂၅ ကျင်းပမည်

ထိုင်းနိုင်ငံအနေဖြင့် ဆန်တင်ပို့မှုများ အောင်မြင်စေရန်နှင့် ဘတ်ငွေ ၂ ဘီလီယံအထိ မှာယူ တင်ပို့မှုများ ရရှိစေရန် ရည်ရွယ်၍ ထိုင်းဆန်ညီလာခံ-၂၀၂၅(Thailand Rice Convention 2025) ကို မေလ နောက်ပိုင်းပတ်တွင် ကျင်းပရန် စီစဉ်နေပါသည်။

ကမ္ဘာ့ဆန်ဈေးကွက်အခြေအနေများကို စောင့်ကြည့်ရန်နှင့် ထိုင်းဆန်၏ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရန်၊ တောင်အမေရိက၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ ဆန်တင်သွင်းသူ အသစ်များနှင့် ချိတ်ဆက်ရန်၊ အနည်းဆုံး ဆန် ၁၀၀,၀၀၀ တန် (ဘတ် ၂ ဘီလီယံကျော်) မှာယူတင်ပို့မှုများ ရရှိလာစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မေလ ၂၅ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ၊ The Ritz-Carlton ဟိုတယ်၌ ကျင်းပသွားရန် လျာထားပါသည်။   

အဆိုပါညီလာခံတွင် နိုင်ငံတကာဆန်လုပ်ငန်းရှင်များ၊ ထိုင်းလယ်သမားများနှင့် တိုက်ရိုက် ဆွေးနွေးနိုင်မည့် Networking Session ၊ ကမ္ဘာ့ဆန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေး အနာဂတ် အလားအလာများကို ဆန်းစစ်သည့် ဆွေးနွေးပွဲများ၊ ဖိလစ်ပိုင်၊ ဂျပန် အပါအဝင် အဓိက ဆန်တင်သွင်းသည့်နိုင်ငံများနှင့် တင်ပို့ နိုင်ရေး ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။

ကုန်သွယ်ရေးဝန်ကြီး ဒေါက်တာ ဖီချိုင်းနာရီပထာပန် က ကမ္ဘာ့နေရာအနှံ့ဖြစ်ပွားနေသော နိုင်ငံရေး တင်းမာမှုများကြောင့် ဆန်ဈေးကွက် အခြေအနေကို အထူးစောင့်ကြည့်ရမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအား ယုံကြည်စိတ်ချရသော စားနပ်ရိက္ခာထောက်ပံ့သူနိုင်ငံအဖြစ် ရပ်တည်နိုင်ရန် အားထုတ်မည်ဟု ပြောကြား ခဲ့ပါသည်။

ထိုင်းနိုင်ငံတွင် မကြာသေးမီက “ဈေးနှုန်းချိုသာသော မြေဩဇာအစီအစဉ်” ပြုလုပ်ခဲ့ပြီး ထိုအစီအစဉ်မှ အပြုသဘောဆောင်သော တုံ့ပြန်မှုများ ရရှိခဲ့ပါကြောင်း ထိုင်းကုန်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

ထိုမြေဩဇာအစီအစဉ် စတင်ချိန်မှစ၍ မြေဩဇာအိတ် ၁ သန်းကျော်မှာယူခဲ့ပြီး လယ်သမားများ ဘတ်ငွေ သန်း ၃၀ ချွေတာနိုင်ရေး ပံ့ပိုးပေးခဲ့ပါသည်။ လယ်သမားများအနေဖြင့်  အရည်အသွေးပြည့်မီသည့် မြေဩဇာ များကို တစ်အိတ်လျှင် ဘတ် ၅၀ အထိ လျှော့ဈေးဖြင့် ဝယ်ယူနိုင်ခဲ့ကြပါသည်။  မတူညီသည့် မြေဩဇာ ဖော်မြူလာ ၇၉ မျိုးကျော်ကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်သည့် အခွင့်အရေးရရှိခဲ့ကြပါသည်။ လယ်သမားများသည် ဤလျှော့ဈေး ဖြင့် မြေဩဇာများကို စက်တင်ဘာ ၃၀ ရက်နေ့အထိ ဝယ်ယူနိုင်ပါသည်။ တစ်နိုင်ငံလုံးရှိ မြေဩဇာရောင်းချသူ ၂၆ ဦးမှ စုစုပေါင်း မြေဩဇာအိတ် ၁၀.၁ သန်း ပံ့ပိုးပေး ခဲ့ကြပါသည်။  ထို့ပြင်  ထိုင်းဆန်ကုန်သည်ငယ် ၁၆ ဦးအား မေလ ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပမည့် Thaifex-Anuga Asia 2025 ပြပွဲသို့ ခေါ်ဆောင်ကာ ဘတ် ၅၀၀ သန်းကျော်တန်ဖိုးရှိ ဆန်မှာယူတင်ပို့ နိုင်မှုများ ရရှိရန် မျှော်မှန်းထားပါကြောင်း ထိုင်းဆန်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားထားပါသည်။

ယခုကျင်းပမည့် ထိုင်းဆန်ညီလာခံသည် ထိုင်းဆန်၏ ကမ္ဘာ့ဈေးကွက်ရှာဖွေ ထိုးဖောက်နိုင်ရေးနှင့် လယ်သမားများ၏ ဝင်ငွေတိုးတက်ရေးအတွက် အရေးပါသော အခွင့်အလမ်း တစ်ရပ်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးက မီးမောင်းထိုးပြောကြားထားပါသည်။

ကိုးကား- https://www.bangkokpost.com/business/general/3025902/rice-event-set-to-generate-over-b2bn-in-export-orders