သတင်းများ

အနောက်တောင်ပစိဖိတ်ဒေသအတွင်း အဏ္ဏဝါအပူလှိုင်းများ ဖြတ်သန်းမှုကြောင့် သန္တာကျောက်တန်းများပျက်စီးကာ ရေခဲမြစ်များ အရည်ပျော်လျက်ရှိ

ဝါရှင်တန်   ဇွန် ၅

အနောက်တောင် ပစိဖိတ်ဒေသတွင် အဏ္ဏဝါအပူလှိုင်းများ ဖြတ်သန်းမှုကြောင့် သန္တာကျောက်တန်းများပျက်စီးကာ ရေခဲမြစ်များ အရည်ပျော်လျက်ရှိသည်ဟု အမေရိကန်အခြေစိုက် ကုလသမဂ္ဂမိုးလေဝသအဖွဲ့ (WMO) က ယနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင်လည်း အဏ္ဏဝါအပူလှိုင်းဖြတ်သန်းမှုများဖြစ်ပေါ်ကာ အပူချိန်များမြင့်တက်နေဆဲဖြစ်သောကြောင့် သန္တာကျောက်တန်းများ ထပ်မံပျက်စီးကာ ရေခဲမြစ်များ အရည်ပျော်ခဲ့သည့်အပြင် သမုဒ္ဒရာအတွင်း နေထိုင်ကျက်စားသော အဏ္ဏဝါသတ္တဝါများလည်း သေကျေပျက်စီးပြီး မျိုးသုဉ်းလုနီးပါးဖြစ်လာကြောင်း WMO မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဘလိုင်ယာထရီဝင် က ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း အဏ္ဏဝါအပူလှိုင်းဖြတ်သန်းမှုကြောင့် မြင့်တက်လာသော သမုဒ္ဒရာတွင်းအပူချိန်သည် သမုဒ္ဒရာ၏ စတုရန်းကီလိုမီတာ သန်း ၄၀ ကို ထိခိုက်ပျက်စီးစေခဲ့ကြောင်း၊ ထိုသို့ သမုဒ္ဒရာအတွင်း အပူချိန်မြင့်တက်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ဆိုင်ကလုန်းမုန်တိုင်းများ ဖြစ်ပွားနိုင်သည်ဟု ကြိုတင်သတိပေးချက် ထုတ်ပြန်ထားသည့်အပြင် အင်ဒိုနီးရှားနိုင်ငံတွင်ရှိသော ရေခဲမြစ်များသည်လည်း အပူချိန်မြင့်တက်မှုကြောင့် ထက်ဝက်နီးပါး အရည်ပျော်ကျသွားခဲ့ရကာ ယခုနှုန်းအတိုင်း အပူချိန်များ ဆက်တိုက်မြင့်တက်နေပါက ၂၀၂၆ ခုနှစ်တွင် ရေခဲမြစ်များသည် လုံးဝ ပျောက်ကွယ်သွားနိုင်ဖွယ်ရှိကြောင်း ဂြိုဟ်တုအချက်အလက်များကို ကိုးကား၍ ကမ္ဘာ့မိုးလေဝသအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာ၌ ဖော်ပြထားသည်။

Source: ရတနာပုံသတင်းစာ

ဂိုဏ်းဖွဲ့ရာဇဝတ်မှု ကျူးလွန်သူများက ဗြိတိန်အခွန်နှင့် အကောက်ခွန်ဌာနမှ စတာလင်ပေါင် ၄၇ သန်းကို ခိုးယူ

ဂိုဏ်းဖွဲ့ရာဇဝတ်မှု ကျူးလွန်သူများသည် ဗြိတိန်နိုင်ငံ အခွန်နှင့် အကောက်ခွန်ဌာန (HMRC) မှ စတာလင်ပေါင် ၄၇ သန်း (ဒေါ်လာ ၆၄ သန်း) ကို ခိုးယူသွားခဲ့ကြောင်း သိရသည်။

ရာဇဝတ်မှုကျူးလွန်သူများသည်  လူပေါင်း ၁၀၀၀၀၀ ကျော်ထံသို့ အီးမေးနှင့် မက်ဆေ့များပေးပို့၍ ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များနှင့် စာရင်းများကို ခိုးယူ၍ ငွေများကို လိမ်ညာထုတ်ယူ သွားခြင်းဖြစ်ကြောင်း HMRC မှ ဒုတိယ ညွှန်ကြားရေးမှူး   အိန်ဂျဲလာ မက်ဒေါ်နယ် မက်ဒေါ်နယ်က ပြောသည်။

ပြစ်မှုကျူးလွန်သူများသည် ငွေကြေးများကို  သုံးကြိမ် ထုတ်ယူသွားခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်သည် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနကြီးတစ်ခုက  ဇွန်လ ၄ ရက်တွင် ဖော်ပြထားသည်။

ငွေကြေးများကို  ခိုးယူသွားခဲ့သူများသည် HMRC မှ ပြည်သူများ၏  ကိုယ်ရေးအချက် အလက်များကို ရယူနိုင်ရန်အတွက် အီးမေးနှင့် မက်ဆေ့များပေးပို့၍ လိမ်ညာသည့်နည်းလမ်း ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်သာလန်နိုင်ငံတွင်လည်း ထိုကဲ့သို့သော ဖြစ်စဉ်မျိုးဖြစ်ပွားခဲ့ကြောင်း ယင်းနိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ BNR ရေဒီယို အသံလွှင့်ဌာနက ဖော်ပြခဲ့ကြောင်း  သိရသည်။

MWD Web Portal

ယူကရိန်းက ပြည်နှင်ဒဏ်ပေးခံထားရသည့် ဇီလန်စကီး ဝေဖန်သူ တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်ချမှတ်

ယူကရိန်းတရားရုံးတစ်ရုံးက သမ္မတ ဗလာဒီမာ ဇီလန်စကီးကို ဝေဖန်သူ တစ်ဦးဖြစ်သူ စပိန်နိုင်ငံတွင် အခြေစိုက်နေထိုင်သည့် သတင်းထောက် Anatoly Shariy အား သစ္စာဖောက်မှုစွဲချက်ဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။ Shariy က အဆိုပါအမိန့်ကို ကိယက်ဗ်အား သစ္စာခံ သည့် တရားစီရင်ရေးစနစ်မှ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် စီစဉ်ခဲ့သည့် လှည့်စားမှုသာဖြစ်သည်ဟု ပယ်ချခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ဥရောပသမဂ္ဂမှ နိုင်ငံရေးခိုလှုံခွင့်ရရှိခဲ့သူ Shariy သည် အစပိုင်းတွင် ဇီလန်စကီး၏ ၂၀၁၉ သမ္မတရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးကို ထောက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရအား အာဏာရှင်စနစ်ဘက်သို့ ယိမ်းယိုင်လာပြီး အစွန်းရောက် အမျိုးသားရေး ဝါဒီများနှင့် ပူးပေါင်းလာသည်ဟု စွပ်စွဲကာ ဆန့်ကျင်လာခဲ့သည်။ ၎င်းသည် YouTube တွင် ၎င်း၏နိုင်ငံရေးသုံးသပ်ချက်များဖြင့် ကျော်ကြားလာခဲ့ပြီး ဖော်လိုဝါ ၃.၃ သန်းကျော် ရှိလာခဲ့သည်။

ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) က ထုတ်ပြန်ချက်တွင် Vinnitsa မြို့တရားရုံးသို့ အရေးပါသော သက်သေအထောက်အထားများ တင်ပြခဲ့ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။ ထို့အပြင် Shariy ၏ YouTube ချန်နယ်အား သိမ်းဆည်းရန် အမိန့်ထုတ်ပြန်ခဲ့သည့် တရားစီရင်ချက်၏ ထူးဆန်းသောအပိုင်းကိုလည်း SBU က ထောက်ပြခဲ့သည်။

ရှာရီက အဆိုပါမှုခင်းသည် ၂၀၂၂ ခုနှစ်၊ မေလက ၎င်းတင်ခဲ့သော ဗီဒီယို တစ်ခုပေါ်တွင် အခြေခံသည်ဟုဆိုပြီး အဆိုပါဒီဗီဒီယိုတွင် ရုရှားက ဖမ်းဆီးထားသည့် ယူကရိန်းစစ်သားတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခု ပါဝင်ခဲ့သည်။ ၎င်းက ကြည့်ရှုသူများအား ဝေဖန်ပိုင်းခြား စဉ်းစားရန် သတိပေးစကားနှင့် မိတ်ဆက်ခဲ့ပါသည်။ အဆိုပါစစ်သားက မာရီယူပိုး တိုက်ပွဲအတွင်း ယူကရိန်းစစ်ခေါင်းဆောင်များက တပ်သားများကို စွန့်ခွာသွားခဲ့သည်ဟု စွပ်စွဲခဲ့ပါသည်။

SBU က Shariy သည် ရုရှားတပ်ဖွဲ့များအား အလားတူ အင်တာဗျူး များကို ရိုက်ကူးရာတွင် ပိုမိုအကျိုးသက်ရောက်မှုရှိစေရန် အကြံပေး ခဲ့သည်ဟု စွပ်စွဲခဲ့သည်။၎င်းသည် အဆိုပါဖိုင်များကို ဗင်းနစ်ဆာမြို့ ရဲအကြီးအကဲဟောင်းတစ်ဦးထံမှ ရရှိခဲ့ကြောင်းလည်း SBU က ဆိုပြီး ယင်းအကြီးအကဲဟောင်းကိုလည်း အဆိုပါတရားစွဲဆိုမှုမှာပင် သစ္စာဖောက်မှု နှင့် အပြစ်ရှိကြောင်း ချမှတ်ခဲ့ပါသည်။

ဇီလန်စကီးအစိုးရသည် ဝေဖန်သူများနှင့် လွတ်လပ်သည့်မီဒီယာများကို “ရုရှားဘက်တော်သား” ဟု သတ်မှတ်ပြီး ၎င်းတို့၏ ပြောဆိုမှုများကို ဖိနှိပ်ခဲ့သည်ဟု ကြာမြင့်စွာ စွပ်စွဲခံနေရသည်။ ဇီလန်စကီးဦးဆောင်သည့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီသည် ပြည်နှင်ဒဏ်ပေးခံ ထားရသည့် အတိုက်အခံခေါင်းဆောင် Viktor Medvedchuk၊ သမ္မတ ဟောင်း Pyotr Poroshenko ၊ ဇီလန်စကီး၏အကြံပေးဟောင်းဖြစ်ပြီး နောက်ပိုင်းတွင် ဇီလန်စကီးကို ပြင်းပြင်းထန်ထန်ဝေဖန်သူဖြစ်လာသည့် Aleksey Arestovich တို့အပေါ် ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခဲ့ ပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အာကာသအတွင်းသို့ သွားရောက်ခဲ့သည့် ပထမဆုံးသောကနေဒါနိုင်ငံသားကွယ်လွန်

ကနေဒါနိုင်ငံသားများအနက် အာကာသအတွင်းသို့ ပထမဆုံး သွားရောက်ခဲ့သည့် မာ့ခ်ဂါနူးသည် ၇၆ နှစ် အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

ဂါနူးသည် ၁၉၈၄ ခုနှစ်တွင် နာဆာမှစီစဉ်သည့် အာကာသ မစ်ရှင်တွင်ပါဝင်ခဲ့ပြီးနောက်ကနေဒါနိုင်ငံသားများအနက်အာကာသသို့ ပထမဆုံးသွားရောက်ခဲ့သူဖြစ်လာသည်။ ၎င်းသည် ဇွန်လ ၄ ရက်တွင် မိသားစုဝင်များနှင့်အတူရှိနေစဉ် သေဆုံးသွားခြင်းဖြစ်သည်။

ဂါနူးသည် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ကနေဒါအာကာသ အေဂျင်စီ၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခေတ္တထမ်းဆောင်ခဲ့သူဖြစ် ကြောင်းသိရသည်။

Ref: Ivz

Photo - The New York Times

သရဲချောရုပ်ရှင်ဇာတ်ကားကို ဇွန် ၆ ရက်မှစတင်ကာ နိုင်ငံတစ်ဝန်း အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်

ရန်ကုန်  ဇွန် ၅

လက်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်သည့် သရဲချော ရုပ်ရှင်ဇာတ်ကားကို ဇွန် ၆ ရက်မှစတင်ကာ နိုင်ငံတစ်ဝန်း အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်ဖြစ်ကြောင်း အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားသူ ရွှေထူးက ပြောပြ၍ သိရသည်။

သရဲချော ရုပ်ရှင်ဇာတ်ကား၏ ဇာတ်လမ်းကို ညာလက်တော်က ရေးသားထားပြီး မင်းကိုစိုး(နတ်သံကွင်း) က ဇာတ်ညွှန်းရေးသားထားက ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က လက်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးအတွက် တာဝန်ယူ ပုံဖော်ရိုက်ကူးထားကြောင်း သိရသည်။

“ကျွန်တော့်ကို ဒီဇာတ်ကားမှာ ဦးခင်လှိုင်နဲ့ သွက်လက်တို့ရဲ့ ပံ့ပိုးပေးမှုကြောင့် ဟာသကာရိုက်တာလေး ကြည့်ရမှာပါ။ ဒီဇာတ်ကားရိုက်ချိန် အမှတ်တရတွေများပါတယ်။ ဦးခင်လှိုင်နဲ့ သွက်လက်အတွဲရယ် မသုတို့နဲ့ တီဂွမ်းအချိတ်အဆက်မိမိလေး သရုပ်ဆောင်ထားတာ ကြည့်လို့ကောင်းတယ်။ ဟာသကားဆိုပေမဲ့ အချစ်ဇာတ်လေးလဲပါသလို နောက်ပိုင်းလေးမှာ ဒရာမာလေးနဲ့ ပရိသတ်ရင်ထဲရောက်အောင် ခံစားရမှာလေးတွေ ပါတယ်” ဟု အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားသူ ရွှေထူးက ပြောပြသည်။

အဆိုပါ သရဲချောရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်များအဖြစ် ရွှေထူး၊ ခင်လှိုင်၊ သွက်လက်၊ ခင်ဝင့်ဝါ၊ တက္ကသိုလ်ဂွမ်းပုံ၊ သုသု၊ စုရှိုင်းနှင့် သရုပ်ဆောင်များစွာ ပါဝင်ထားကြောင်း သိရသည်။

၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၅

၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆုရရှိကြသူများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး၏ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်လာကြစေရန်အတွက် ၁၉၇၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ (၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၇၃ ခုနှစ်မှစ၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/70754

မော်တော်ယာဉ် အစင်းပေါင်း ၃ဝဝဝ ကျော်ကို တင်ဆောင်လာသည့် သင်္ဘောတစ်စင်း ပစိဖိတ်သမုဒ္ဒရာအတွင်း မီးလောင်ကျွမ်း

မော်တော်ယာဉ်အစင်းပေါင်း ၃၀၀၀ ကျော်ကို တင်ဆောင်လာသည့် သင်္ဘောတစ်စင်းသည် ပစိဖိတ်သမုဒ္ဒရာအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

The Morning Midas ဟုအမည်ပေးထားသည့် အဆိုပါသင်္ဘော ပေါ်တွင် လျှပ်စစ်ကားများကို တင်ဆောင်လာခဲ့ပြီး အလက်ဆကာ ကမ်းလွန်တွင် ဇွန်လ ၃ ရက်က မီးစွဲလောင်ခြင်းဖြစ်သည်။ မီးလောင် ကျွမ်းမှုကြောင့် သင်္ဘောပေါ်တွင်လိုက်ပါလာသည့် ရေယာဉ်အမှုထမ်း ၂၂ ဦးစလုံးကို အနီးအနားမှ ဖြတ်သန်းသွားသည့် ကုန်တင်သင်္ဘော တစ်စင်းက ကယ်ဆယ်နိုင်ခဲ့သည်။

The Moming Midas သင်္ဘောသည် တရုတ်နိုင်ငံမှ မေလ ၂၆ ရက် တွင် ထွက်ခွာလာပြီး မက္ကဆီကိုနိုင်ငံ၊ လာဇာရို ကာဒီးနက်ဇ် ဆိပ်ကမ်း သို့ မောင်းနှင်လာခြင်းဖြစ်ကြောင်းသိရသည်။

Ref: Ivz

Photo - Seatrade Maritime News

Myawady Daily Newspaper

ဂျာမနီနိုင်ငံမှ အီတလီနိုင်ငံသို့ ပျံသန်းလာသည့် လေယာဉ်တစ်စင်း လေထန်မှုကြောင့်လှုပ်ယမ်း၊ ကိုးဦးဒဏ်ရာရ

ဂျာမနီနိုင်ငံမှ အီတလီနိုင်ငံသို့ပျံသန်းလာသည့် ခရီးသည်တင် လေယာဉ်တစ်စင်းသည် ပျံသန်းနေစဉ် လေထန်ပြီး လှုပ်ယမ်းသွား ခဲ့ခြင်းကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ကိုးဦး ဒဏ်ရာရရှိသွားကြောင်း ဂျာမနီသတင်းစာကြီးတစ်စောင်ဖြစ်သည့် Die Zeit က ဇွန်လ ၅ ရက်တွင် ဖော်ပြသည်။

ဘာလင်မြို့မှ အီတလီနိုင်ငံ မီလန်မြို့သို့ ပျံသန်းလာသည့် အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည် ၁၈၅ ဦးလိုက်ပါလာခဲ့ပြီး ဒဏ်ရာရရှိသူ များတွင် လေယာဉ်အမှုထမ်း ရှစ်ဦးနှင့် ခရီးသည်တစ်ဦး ပါဝင်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအနက် သုံးဦးကို တာဝန်ရှိသူများက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အာကာသခရီး သွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန် ထွက်ပေါ်လာမည့် ရုရှားအာကာသစခန်း

ကမ္ဘာပတ်လမ်းအတွင်းရှိ နိုင်ငံတကာ အာကာသစခန်း (ISS)၏ နေရာတွင် အစားထိုး၍ အာကာသခရီးသွားလာရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်နိုင်မည့် ရုရှားအာကာသစခန်း (ROS) တစ်ခုကို တည်ဆောက်ရန် ရုရှားနိုင်ငံက စီစဉ်လျက်ရှိသည်။

ROS အနေဖြင့် လက်ရှိ နိုင်ငံတကာ အာကာသစခန်း၏ နေရာတွင် အစားထိုးသွားမည်ဖြစ်ပြီး အဆိုပါ ရုရှားအာကာသစခန်းကို အသုံးပြုခြင်းအားဖြင့် အာကာသခရီး သွားလာရေးလုပ်ငန်းကို ဖော်ဆောင်ရန် စီစဉ်လျက် ရှိကြောင်း ရုရှားအာကာသအေဂျင်စီ အကြီးအကဲဖြစ်သူ   ဒီမီထရီ ဘာကာနော့ဗ်က ဇွန်လ  ၃  ရက်တွင် ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် ညီလာခံ တစ်ခုတွင် ပြောကြားသည်။

လက်ရှိအစီအစဉ်အရ ရုရှားနိုင်ငံသည် ရုရှားအာကာသစခန်းကို ပတ်လမ်းအတွင်း၌   ၂၀၂၇ ခုနှစ်မှစ၍  ၂၀၃၃ ခုနှစ်အထိ လည်ပတ်မည်ဖြစ်ပြီး ယင်းစီမံကိန်းအား အကောင်အထည်  ဖော်ဆောင်နိုင်ရေး အတွက် ကြိုးပမ်းလျက် ရှိသည်။

ထို့ပြင် ပတ်လမ်းအတွင်းသို့ လွှတ်တင်မည့် ရုရှားအာကာသစခန်းအား လူလိုက်ပါသည့် အာကာသယာဉ်များ လွှတ်တင်ရေးအတွက်လည်း   အသုံးပြုမည်ဖြစ်သည်။

တံတားဦး ၊ ဇွန် - ၅

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီလျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဇွန်လ ၅ ရက်နေ့၊ နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကူညီရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိမှု ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သူအောင် က ဆွေးနွေးတင်ပြရာ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက လေ့လာကြည့်ရှုကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားသည်။

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးများကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာတုံ့ပြန်ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် လူ၊ ယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေးသုံး စက်နှင့်ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိမှု၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးသုံးစက်ပစ္စည်းကိရိယာအသုံးပြု၍ လျင်မြန်စွာဆောင်ရွက်နိုင်ရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)