15 June 2025

15 June 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူ များကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၄ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အောင်သပြေရပ်နေ အမှတ်(၁၇)အခြေခံပညာမူလတန်းလွန်ကျောင်းမှ လက်ထောက်မူလတန်းပြဆရာမ ဒေါ်ဇင်မီလှိုင်(၂၈)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး(စိစစ်ဆဲ)က သေနတ်များ ကိုင်ဆောင်ကာ ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး ဒေါ်ဇင်မီလှိုင်အား နောက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံထားရသူအား အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA

မော်လ်ဒိုဗာနိုင်ငံရှိ အတိုက်အခံပါတီ ဝါရင့်အမတ်တစ်ဦးက တနင်္ဂနွေ နေ့ (ဇွန် ၁၅) က Chisinau တွင် ကျင်းပခဲ့သော LGBTQ ဆန့်ကျင်ရေး ဆန္ဒပြပွဲ၌ ရဲတပ်ဖွဲ့နှင့် အော်သိုဒေါက်ခရစ်ယာန်ဆန္ဒပြသူများအကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အလွန်အံ့အား သင့်ကြောင်း ပြောကြားခဲ့သည်။ အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ဗီဒီယိုများ အရ ရဲတပ်ဖွဲ့မှ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းသည့်ပုံများ၊အော်သိုဒေါက်ဘုန်းတော်ကြီးတစ်ပါး မြေပြင်သို့ လဲကျသည်အထိ အကြမ်းဖက်ခံရပုံနှင့် ကလေးငယ်တစ်ဦးပါသည့် အမျိုးသားတစ်ဦးအား အတင်းအကျပ်ဖမ်းဆီးခံရပုံများ ပါဝင်နေသည်။

“ယနေ့ Chisinau တွင် ဖြစ်ပျက်ခဲ့သည်များကို မိမိတို့ အပြင်းအထန် ရှုတ်ချပါသည်” ဟု EU ထောက်ခံသည့် အစိုးရကို ထောက်ပြဝေဖန်သူ Marina Tauber က RT သို့ ပြောကြားခဲ့သည်။ “ယနေ့မြင်တွေ့ခဲ့ရ သည့်အတိုင်း လုပ်ဆောင်ခဲ့ကြသော ရဲများအား စုံစမ်းစစ်ဆေးပြီး အရေးယူ အပြစ်ပေးရန် မိမိတို့ တောင်းဆိုနေပါသည်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ပဋိပက္ခများမှာ သက်ဆိုင်ရာ ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့သည့် LGBTQ လှုပ်ရှားသူများ၏ သက်တံ့ရောင်အလံများဝှေ့ယမ်းကာ ပါဝင် ခဲ့သည့် ချီတက်ပွဲကို ဆန့်ကျင်ဆန္ဒပြသူများ (အဓိကအားဖြင့် ဘာသာရေး သင်္ကေတများနှင့် လက်ဝါးကပ်တိုင်များကိုင်ဆောင်ထားသည့် အော်သိုဒေါက် ခရစ်ယာန်များ) က ဆန့်ကျင်ရာမှ စတင်ခဲ့သည်။ ရဲတပ်ဖွဲ့မှ အင်အား အများအပြားတပ်ဖြန့်ထားပြီး အစပိုင်းတွင် LGBTQ ချီတက်ပွဲကိုဆက်လက်ခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် အုပ်စုနှစ်ခုအကြား တင်းမာမှုများ မြင့်တက်လာသောအခါ ဝင်ရောက်ထိန်းသိမ်းခဲ့သည်။
အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ 'Pobeda – Victorie' ၏ အထွေထွေ အတွင်းရေးမှူး Marina Tauber က အဆိုပါမြင်ကွင်းများကို စိတ်အနှောင့်အယှက်ဖြစ်ရကြောင်းနှင့် မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ ရသည်ဟု ဖော်ပြခဲ့ပြီး ဖြစ်ရပ်များ၏ အမှန်တရားကို လက်မခံမီ ဗီဒီယိုကို အကြိမ်ကြိမ်စစ်ဆေးခဲ့ရကြောင်း ပြောကြားခဲ့သည်။ သူမက ရဲတပ်ဖွဲ့သည် နိုင်ငံသားများကို ကာကွယ်ရမည့်အစား နိုင်ငံရေး အကျိုးစီးပွားအတွက် အလုပ်လုပ်နေသည်ဟု စွပ်စွဲ ခဲ့သည်။
“မိမိတို့သည် ရဲတပ်ဖွဲ့အာဏာရှင်နိုင်ငံအဖြစ် ပြောင်းလဲလာနေပြီး ဥပဒေ စိုးမိုးရေးတာဝန်ရှိတို့သည် EU ထောက်ခံသည့် အစိုးရအတွက် အလုပ်လုပ်နေပြီး မိမိတို့၏ ပြည်သူများအတွက် မဟုတ်ပါ” ဟု ၎င်းက ဆိုသည်။
Maia Sandu အစိုးရသည် EU နှင့် နီးကပ်စွာဆက်ဆံရန် အားထုတ်နေစဉ် ရှေးရိုးစွဲနှင့် အော်သိုဒေါက်ခရစ်ယာန်အုပ်စုများက လစ်ဘရယ် လူမှုရေးမူဝါဒများကို ဆန့်ကျင်နေကြသည်။ ယခင်က မော်လ်ဒိုဗာတွင် ကျင်းပခဲ့သော LGBTQ ပွဲများသည်လည်း ဘုန်းတော်ကြီးများအပါအဝင် ဆန့်ကျင်ဆန္ဒပြသူများ၏ ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ချီတက်ပွဲ များကို နှောင့်ယှက်ရန် ကြိုးစားခဲ့ကြသည်။
ရုရှားဆန့်ကျင်ရေး အစွန်းရောက် Maia Sandu အာဏာရလာသည့် ၂၀၂၀ ပြည့်နှစ်မှစ၍ မော်လ်ဒိုဗာနိုင်ငံသည် ယခင် ဆိုဗီယက် ပြည်ထောင်စုဝင် နိုင်ငံဘဝမှ EU နှင့် နေတိုးအဖွဲ့ဝင်ဖြစ်ရေး လှုပ်ရှားမှုများကို အရှိန်မြှင့်လာခဲ့သည်။ သို့ရာတွင် သူမ၏ နောက်ခံနိုင်ငံရေးမူဝါဒများသည်အထူးသဖြင့် နိုင်ငံ၏စီးပွားရေးအခြေအနေနှင့် သဘောထားကွဲလွဲမှုများကို ကိုင်တွယ်ပုံတို့နှင့်ပတ်သက်၍ ကြီးထွားလာနေသောပြည်တွင်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
Sandu က မိမိ၏လုပ်ရပ်များကို “ရုရှားထောက်ခံသူများ၏ ဩဇာ လွှမ်းမိုးမှုကို တိုက်ဖျက်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်း” ဟု ပြောဆိုလျက် အတိုက်အခံနိုင်ငံရေးပါတီများနှင့် မီဒီယာအဖွဲ့အစည်းများကို ရာဇဝတ် ဂိုဏ်းများဟုစွပ်စွဲကာ ဖိနှိပ်မှုများ ဆင်နွှဲခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဖနွမ်းပင်၊ ပဋိပက္ခ
ထိုင်းနိုင်ငံနှင့်ဖြစ်ပွားလျက်ရှိသော နယ်စပ်ရေးရာပြဿနာနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရေးအတွက် ကမ္ဘောဒီးယားအစိုးရက အပြည်ပြည်ဆိုင်ရာ တရားရုံး၏အကူအညီကို တောင်းခံထားကြောင်း သိရသည်။

မေလ ၂၈ ရက်တွင် မြတြိဂံဒေသ၌ဖြစ်ပွားသော ထိုင်းတပ်မတော်နှင့် ကမ္ဘောဒီး ယားတပ်မတော်တို့ကြား အပြန်အလှန် ပစ်ခတ်မှုအတွင်း ကမ္ဘောဒီးယားစစ်သည် တစ်ဦးသေဆုံးပြီးနောက် နှစ်နိုင်ငံကြား စေ့စပ်ဆွေးနွေးရေး နည်းလမ်းများဖြင့် ပြဿနာကို ဖြေရှင်းရန်ကြိုးပမ်းနေသော်လည်း တင်းမာမှုများ မြင့်တက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် အဆိုပါပြဿနာ ကိုဖြေရှင်းပေးနိုင်ရေး အတွက် အပြည် ပြည်ဆိုင်ရာတရားရုံးက ကူညီပေးရန် တရားဝင် စာဖြင့် တောင်းဆိုထားသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနတ်က ဇွန်လ ၁၅ ရက်တွင် ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံသည် နယ်စပ်ရေး ရာပြဿနာနှင့် ပတ်သက်၍ တရားမှု၊ မျှတမှုနှင့် ရှင်းလင်းမှုတို့ လိုအပ်သည့်အပြင် အနာဂတ်မျိုးဆက်သစ်များ အနေဖြင့် ထို ကဲ့သို့သော ပြဿနာမျိုးကို ဆက်လက်ကြုံ တွေ့ရစေခြင်း မရှိစေရန် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ငြိမ်းချမ်းရေးတို့ကို ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း ဟွန်မာနတ်က လူမှုကွန်ရက်တွင် ပြောထားသည်ဟုသိရသည်။
MWD Web Portal

16 June 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများ၌ ခြိမ်းခြောက်စာများကပ်ခြင်း၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဂွေးကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ခြိမ်းခြောက်စာများ တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းရှေ့တံခါးဝင်ပေါက်၌ A4 စာရွက်ပေါ်၌ ခြိမ်းခြောက်စာများ ရေးသားထားသည့် စာတစ်စောင်အား တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်းနှင့် အဆိုပါကျောင်း၌ ကျောင်းဆရာ/ဆရာမ ၂၀ ဦး၊ ကျောင်းသား/ကျောင်းသူ ၃၄၂ ဦးရှိပြီး ဆက်လက်ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ စာသင်ကျောင်း၌ ခြိမ်းခြောက်စာကပ်၍ အကြမ်းဖက်ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

- အစ္စရေးနိုင်ငံက လုပ်ဆောင်လျက်ရှိသည့် အီရန်အပေါ်တိုက်ခိုက်မှုတွင် အမေရိကန်အနေဖြင့် အစ္စရေးဘက်မှပါဝင်ပူး ပေါင်းပေးရန် အစ္စရေးတာဝန်ရှိသူများက တောင်းဆိုထားသည်ဟု AXIO သတင်း ဌာနကဖော်ပြထားသည်။
- အစ္စရေး၏တိုက်ခိုက်မှုနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အီရန်ဘက်က ကန့်သတ်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ်ဂါရီ ဘာဘာဒီကပြောသည်ဟု RT သတင်းဌာန ကဖော်ပြထားသည်။
- အမေရိကန်ပြည်ထောင်စုက ယူကရိန်းနိုင်ငံတွင် ဖြန့်ကြက်အသုံးပြုလျက်ရှိသော ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေး စနစ်များကို အရှေ့အလယ်ပို
- အစ္စရေးနိုင်ငံက လုပ်ဆောင်လျက်ရှိသည့် အီရန်အပေါ်တိုက်ခိုက်မှုတွင် အမေရိကန်အနေဖြင့် အစ္စရေးဘက်မှပါဝင်ပူး ပေါင်းပေးရန် အစ္စရေးတာဝန်ရှိသူများက တောင်းဆိုထားသည်ဟု AXIO သတင်း ဌာနကဖော်ပြထားသည်။
- အစ္စရေး၏တိုက်ခိုက်မှုနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အီရန်ဘက်က ကန့်သတ်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ်ဂါရီ ဘာဘာဒီကပြောသည်ဟု RT သတင်းဌာန ကဖော်ပြထားသည်။
- အမေရိကန်ပြည်ထောင်စုက ယူကရိန်းနိုင်ငံတွင် ဖြန့်ကြက်အသုံးပြုလျက်ရှိသော ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေး စနစ်များကို အရှေ့အလယ်ပိုင်းဒေသသို့ ပြောင်းရွှေ့ဖြန့်ကြက်မှုများ လုပ်ဆောင်နေကြောင်း အမေရိကန်ကာကွယရေးဝန်ကြီး ပိဟက်က ဆက်ပြောထားသည်။
- အစ္စရေးလေတပ်သည် အီရန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်လက်နက်ပစ္စည်းသုတေသနဌာနတို့အပါအဝင် အီရန် နိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်များစွာကို တိုက်ခိုက်မှုများစွာလုပ်ဆောင်ကြောင်း အစ္စရေးတပ်မတော်က ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။
- ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့က အီရန်နိုင်ငံ နှင့်ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ပြီးခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးနိုင်ငံ၏ တဲအဗစ်မြို့ကို အသံနှုန်းလွန်ဒုံးကျည်တစ်စင်းကိုအသုံးပြု၍ တိုက်ခိုက်မှုများစွာလုပ်ဆောင်ခဲ့ကြောင်း ထိုအဖွဲ့၏ ဇွန်လ ၁၅ ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
- အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများမြင့်တက်လာမှုနှင့် ဟော်မုရေလက်ကြားကို အီရန်ကပိတ်ဆို့နိုင်မှုတို့ကြောင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၃၀၀ အထိမြင့်တက်လာနိုင်ကြောင်း အီရတ်နိုင်ငံခြားရေးဝန်ကြီး ဖူအက်ဟူစိန်က ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန်ဝါဒက်ဖူးနှင့်တယ်လီဖုန်းဆက်စကားပြောစဉ်သတိပေးထား သည်။
- အီရတ်နိုင်ငံအနေဖြင့် လက်ရှိဖြစ်ပွားနေသော အစ္စရေး-အီရန်ပဋိပက္ခတွင်ပါဝင်ပတ်သက်ခြင်းမပြုရန်နှင့် အီရန်၏နျူကလီးယားအရေးနှင့်ပတ်သက်၍ ပြေလည်မှုရရှိစေရန်တစ်ခုတည်းသောနည်းလမ်းသည် တွေ့ဆုံဆွေးနွေးခြင်းပင်ဖြစ်ကြောင်း တူကီယဲသမ္မတက အီရတ်ဝန်ကြီးချုပ်နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးစဉ်ပြောထားသည်။ အစ္စရေး၏တိုက်ခိုက်မှုအတွင်း အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ အကြီးတန်း တပ်မှူးနောက်ထပ်ရှစ်ဦးသေဆုံးကြောင်း အစောင့်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Ref: Xinhua, RT, Sputnik
MWD Daily Newspaper

PDF အမည်ခံ အကြမ်းဖက်သမားများသည် ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား စာပေသင်ကြားပြသပေးလျက် ရှိသည့် ဆရာ/ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ပြုလုပ်လျက်ရှိရာ ဇွန် ၁၅ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းဘုရား(ညောင်ပင်ကန်)ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝင်း(၄၂)နှစ်သည် ကျောင်းဝင်းအတွင်း ဝန်ထမ်းလိုင်းခန်း၌ ၎င်း၏ခင်ပွန်း ဦးဇော်လတ် (၄၅)နှစ်၊ ညီမဖြစ်သူ မရွှေရည်ဝင်း(၁၉)နှစ်တို့နှင့်အတူ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခုနစ်ဦးက ဆိုင်ကယ် လေးစီးဖြင့် ရောက်ရှိလာပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝင်းနှင့် ဦးဇော်လတ်တို့ နှစ်ဦးအား ဝန်ထမ်းလိုင်းခန်းအတွင်းမှ ဆွဲခေါ်ကာ လိုင်းခန်းရှေ့မြေကွက်လပ်၌ မှောက်ခိုင်းထားပြီး သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် နိုင်ငံ့ဝန်ထမ်းကောင်း ဆရာ/ဆရာမများအား PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများ၊ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်မှုများအား ပြည်သူလူထုအနေဖြင့် လက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ဆန့်ကျင်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်တွင် အကြမ်းဖက်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အီရန်အား အစ္စရေး ဆက်လက်တိုက်ခိုက်နေသရွေ့ အီရန်သည် အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှု ပြန်လည် စတင်မည်မဟုတ်ကြောင်း အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က ဇွန် ၁၄ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ပြောကြားခဲ့သည်။

အီရန်သည် မည်သည့်အခါကမျှ စစ်ပွဲကို မရှာဖွေခဲ့သော်လည်း မိမိကိုယ်ကိုကာကွယ်မှုအား မဆုတ်မရွံ့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အီရန်သည် ယုတ္တိမရှိသော တောင်းဆိုချက်များနှင့် ဖိနှိပ်မှု အောက်တွင် ရှိသော စံနှစ်မျိုးထားခြင်းကို လက်ခံမည်မဟုတ်သလို အစ္စရေးက ဆက်လက် တိုက်ခိုက်မှုပြုနေစဉ် စေ့စပ် ညှိနှိုင်းရေးစကားဝိုင်းရှေ့သို့ ရောက်လာမည်မဟုတ်ကြောင်း ပါဇက်ရှ် ကီရမ်က ဖုန်းခေါ်ဆိုမှုတွင် အလေးအနက်ထား ပြောကြားခဲ့သည်ဟု အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သတင်းအေဂျင်စီ (IRNA) ၏ သတင်းဖော်ပြမှုအရ သိရသည်။
မက်ခရွန်က ၎င်းနှင့် ပါဇက်ရှ်ကီရမ် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် အီရန်နျူကလီးယားအရေးသည် စေ့စပ် ညှိနှိုင်းမှုမှတစ်ဆင့် ဖြေရှင်းရမည်ဟုအဆိုပြုခဲ့ကြောင်း၊ အီရန်အနေဖြင့် စေ့စပ်ညှိနှိုင်းရေး စကားဝိုင်းသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရန်၊ “ဒါက အခြေအနေပြေလျော့ရေးအတွက် တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းဖြစ်တယ်” ဟု ၎င်းကတိုက်တွန်းခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ဘက်အသီးသီးအနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနေကာ အခြေအနေ ပိုမိုဆိုးရွားလာခြင်းကို ရှောင်ရှားရန် တိုက်တွန်း ခဲ့ကြောင်း လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
အိုမန် နိုင်ငံခြားရေးဝန်ကြီး Badr က အိုမန်နိုင်ငံ မြို့တော် မတ်စ်ကက်တွင် မူလက ဇွန် ၁၅ ရက်၌ ကျင်းပရန် စီစဉ်ထားသည့် ၆ ကြိမ်မြောက် အီရန်-အမေရိကန် စေ့စပ်ညှိနှိုင်းမှုမှာ “ကျင်းပတော့မည်မဟုတ်” ကြောင်း ဇွန် ၁၄ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။
ဇွန် ၁၃ ရက် နံနက်အစောပိုင်းမှစ၍ အစ္စရေးက အီရန်အား လေကြောင်းတိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး နျူကလီးယားအဆောက်အဦနှင့် စစ်ရေးပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရသူ အများအပြားရှိခဲ့သည်။ အီရန်သည် အဆိုပါနေ့ ညပိုင်းတွင်ပင် ပဲ့ထိန်းဒုံးကျည်၊ ဒရုန်း များသုံး၍ တန်ပြန်တိုက်ခိုက်ခဲ့သည်။ ဇွန် ၁၄ ရက်တွင် နှစ်ဖက်သည် လေကြောင်းတိုက်ခိုက်မှုများ အပြန်အလှန်ဆက်လက်ပြုလုပ်ခဲ့ကြသည်။ ကိုးကား - Xinhua

အစ္စရေးအစိုးရသည် အီရန်၏ နျူကလီးယားစွမ်းအင် အစီအစဉ်ကို အပြီးတိုင် ဖျက်သိမ်းရန် ရည်ရွယ်ချက်ဖြင့် အမေရိကန် ပြည်ထောင်စုအား စစ်ပွဲတွင် ပူးပေါင်းပါဝင်ရန် တောင်းဆိုခဲ့ကြောင်း အစီရင်ခံစာတစ်ခုအရ သိရပါသည်။
အမေရိကန်သတင်း website ဖြစ်သည့် Axios ၏ တနင်္ဂနွေနေ့ (ဇွန် ၁၅) နံနက်အစောပိုင်း ထုတ်ပြန်ချက်အရ ယခုတောင်းဆိုမှုကို လွန်ခဲ့သော ၄၈ နာရီအတွင်း ပြုလုပ်ခဲ့ပြီး အီရန်နှင့် လက်ရှိဖြစ်ပွားနေသော စစ်ပွဲတွင် အမေရိကန်၏ စစ်ရေးစွမ်းရည်များဖြင့် အစ္စရေး၏လုပ်ဆောင်ချက် များကို ဖြည့်ဆည်းရန် ရည်ရွယ်ခဲ့ပါသည်။

ထိုစွမ်းရည်များတွင် ဘန်ကာဖောက်ခွဲရေးလက်နက်များနှင့် လေးလံသော ဗုံးကြဲလေယာဉ်များ ပါဝင်သည်ဟု သိရပါသည်။ အစီရင်ခံစာအရ အထူးသဖြင့် အီရန်၏မြောက်ပိုင်းရှိ Fordow ယူရေနီယမ် ထပ်တိုး သန့်စင်ရေး စက်ရုံကို ပစ်မှတ်ထားသည့် အစ္စရေး-အမေရိကန် ပူးပေါင်း တိုက်ခိုက်မှု အတွက် တောင်းဆိုထားပါသည်။
သောကြာနေ့ (ဇွန် ၁၃) က အစ္စရေး၏အမေရိကန်သံအမတ်ကြီး Yechiel Leiter က “Fordow ကို အပြီးအပိုင်ဖျက်သိမ်းရမည်” ဟု ထပ်လောင်း အလေးပေးပြောကြားခဲ့ပါသည်။ သို့သော် ထိုနေ့တွင်ပင် အီရန် အက်တမ် စွမ်းအင်အဖွဲ့ (AEOI) က Fordow စက်ရုံတွင် ကြီးမားသော ပျက်စီးမှု မရှိကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါသည်။ အစ္စရေး၏ တိုက်ခိုက်မှု များသည် ထိုနေ့မှာပင် စတင်ခဲ့ပါသည်။
သတင်းမီဒီယာများ၏အစီရင်ခံစာများအရ အမေရိကန်သည် တိကျသော ပစ်မှတ်ထိတိုက်ခိုက်နိုင်သည့် လေဆာလမ်းညွှန်စနစ်ပါ Hellfire ဒုံးကျည် များစွာကို အီရန်ကို နောက်ဆုံးတိုက်ခိုက်မှုမပြုလုပ်ခင် အစ္စရေးအား ထောက်ပံ့ပေးခဲ့ကြောင်း Press TV က ဖော်ပြထားပါသည်။
ထရမ့်အပါအဝင် အမေရိကန်အရာရှိများသည် အီရန်၏နျူကလီးယား အစီအစဉ်ကို အပြီးအပိုင်ဖျက်သိမ်းရန် ထောက်ခံခဲ့ကြသည်။ အဆိုပါ တောင်းဆိုမှုသည် အီရန်-အမေရိကန်နျူကလီးယားဆွေးနွေးပွဲများကို ပိုမို ရှုပ်ထွေးစေခဲ့သည်။ သို့သော် အီရန်သည် အပြည်ပြည်ဆိုင်ရာဥပဒေအရ ၎င်း၏အခွင့်အရေးဖြစ်သော ငြိမ်းချမ်းရေး နျူကလီးယား လုပ်ဆောင်ချက် များကို စွန့်လွှတ်ရန် အကြိမ်ကြိမ်ငြင်းဆိုခဲ့သည်။
အစ္စရေး၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အီရန်သည် သောကြာ (ဇွန် ၁၃) နှင့် စနေ (ဇွန် ၁၄) တွင် ပါလက်စတိုင်းအား သိမ်းပိုက်ထား သောနယ်မြေများသို့ အဆင့်မြင့် ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ကျယ်ကျယ် ပြန့်ပြန့် တုံ့ပြန်တိုက်ခိုက်ခဲ့ပါသည်။
ကိုးကား- Mehr
Photo: Axios
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

မင်နီဆိုးတားရဲတပ်ဖွဲ့နှင့် FBI တို့သည် စနေနေ့ (ဇွန် ၁၄) ညနေပိုင်းတွင် ရဲအရာရှိအယောင်ဆောင်၍ ဒီမိုကရက်တစ်ပါတီဝင် ဝါရင့်ပြည်နယ် လွှတ်တော်အမတ်တစ်ဦးနှင့် သူမ၏ခင်ပွန်းကို ပစ်သတ်ခဲ့သော သေနတ် သမားကို ရှာဖွေဖမ်းဆီးရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းမှုများ ဆက်လက် လုပ်ဆောင်နေသည်။ အဆိုပါဖြစ်စဉ်အား ပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz က “နိုင်ငံရေးအရ လှုံ့ဆော်မှုရှိသော လုပ်ကြံသတ်ဖြတ်မှု” အဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။

တရားရေးအရာရှိများနှင့် FBI ၏ထုတ်ပြန်ချက်အရ Vance Luther Boelter (အသက် ၅၇ နှစ်) ဟု ဖော်ထုတ်ခံရသည့် သံသယရှိသူသည် အခြား လွှတ်တော်အမတ်တစ်ဦးနှင့် ၎င်း၏ဇနီးတို့ကိုလည်း ပစ်ခတ်ဒဏ်ရာ ရစေခဲ့သည်ဟု ဆိုသည်။
မင်နီဆိုးတားပြည်နယ် အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း Melissa Hortman နှင့် သူမ၏ခင်ပွန်း Mark တို့၏ အိမ်တွင်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သံသယရှိသူသည် ရဲများကိုပစ်ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့သည်။
တရားရေးအရာရှိများ၏ ပြောကြားချက်အရ သံသယရှိသူသည် ရဲဌာန ယာဉ် နှင့်ဆင်တူသော SUV ယာဉ်တစ်စီးကို စွန့်ပစ်ခဲ့ပြီး ယင်းအတွင်းမှ အခြားနိုင်ငံရေးသမားများနှင့် အဖွဲ့အစည်းများအား ပစ်မှတ်ထားသည့် “ကြေညာစာတမ်း” (manifesto) နှင့် စာရင်းတစ်စောင်ကို ရှာဖွေ တွေ့ရှိ ခဲ့သည်။
မင်နီဆိုးတား ရာဇ၀တ်မှုစုံစမ်းရေးဗျူရို (BCA) ညွှန်ကြားရေးမှူး Drew Evans က သတင်းစာရှင်းလင်းပွဲတွင် Boelter သည် လက်နက် ကိုင်ဆောင် ထားပြီး အန္တရာယ်ရှိသူဖြစ်ကာ Minneapolis-St. Paul ဧရိယာအတွင်း၌ ရှိနေနိုင်ကြောင်း၊ သို့သော် အဆိုပါဖြစ်စဉ်၏ ရည်ရွယ်ချက်ကို အတည် ပြုရန် အချိန်စောနေသေးကြောင်း ပြောကြားခဲ့သည်။
Reuters ၏ အွန်လိုင်းရေးသားမှုများနှင့် အများပြည်သူမှတ်တမ်းများအရ သံသယရှိသူသည် ဧဝံဂေလိသာသနာလုပ်ငန်းများနှင့် ဆက်နွှယ်မှုရှိပြီး ဂါဇာကမ်းမြောင်နှင့် အာဖရိကတွင် လုံခြုံရေးအတွေ့အကြုံရှိသူဟု အခိုင်အမာ ဆိုထားသည်။ ပြည်နယ်မှတ်တမ်းများအရ Boelter သည် အစားအသောက် ဝန်ဆောင်မှုကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ဖူးသူဖြစ်ပြီး ၂၀၁၆ ခုနှစ် တွင် Walz ၏ ပြည်နယ်အုပ်ချုပ်ရေးမှူး အကြံပေးအဖွဲ့ဖြစ်သော Governor's Workforce Development Board တွင် ခန့်အပ်ခံခဲ့ရသည်။
David Carlson (၅၉ နှစ်) က ၎င်းသည် Boelter နှင့် မင်နီအာပိုလစ်မြို့ရှိ အိမ်ရာတစ်ခုတွင် တစ်နှစ်ကျော်အတူနေထိုင်ခဲ့ပြီး ၎င်းအား သောကြာ (ဇွန် ၁၃) ညက နောက်ဆုံးမြင်တွေ့ခဲ့ရပြီးနောက် စနေနေ့ (ဇွန် ၁၄) နံနက် ၆ နာရီတွင် Boelter ထံမှ စာတိုတစ်စောင် ရရှိခဲ့သည်ဟု Reuters သို့ ပြောကြားချက်အရ သိရှိရသည်။
“သူပြောတာက သူ “မကြာခင်သေသွားနိုင်တယ်” ဆိုတဲ့စကားပါ” ဟု Carlson က ရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ ပြောပြခဲ့သည်။
ကိုးကား- Reuters
Photo: The Kathmandu Post
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဝါရှင်တန်၊ ပြည်တွင်းရေး
မင်နီဆိုးတားပြည်နယ်ရှိ ဒီမိုကရက် တစ်ပါတီမှ လွှတ်တော်အမတ်များနှင့် ၎င်းတို့၏အိမ်ထောင်ဖက်များသည် ဇွန် လ ၁၄ ရက်နံနက်အစောပိုင်းတွင် သေနတ် ဖြင့်ပစ်ခတ်မှုခံရကြောင်း၊ လွှတ်တော် အမတ်တစ်ဦးနှင့် ၎င်း၏ခင်ပွန်းတို့ သေဆုံး သွားကြောင်း၊ နောက်ထပ်လွှတ်တော် အမတ်တစ်ဦးနှင့်၎င်း၏ဇနီးတို့မှာ ဒဏ်ရာ ရရှိသွားကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ကပြောသည်။

သေဆုံးသူများမှာ ပြည်နယ်အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သည့် မယ်လီဆာ ဟော့မန်းနှင့် ၎င်း၏ခင်ပွန်းမာ့တို့ဖြစ်ပြီးဒဏ်ရာပြင်းထန်စွာရရှိထားသူများမှာ အထက်လွှတ်တော်အမတ် ဂျွန်ဟော့မန်း နှင့် ဇနီးတို့ဖြစ်ကြောင်း၊ ယခုတိုက်ခိုက်မှု သည် နိုင်ငံရေးအရလှုံ့ဆော်သည့်လုပ်ကြံ မှုဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးတင်ဝေါ့ ကပြောသည်။
ပြစ်မှုကျူးလွန်သူ အမျိုးသားသည် ရဲ တပ်ဖွဲ့ဝင်တစ်ဦးအဖြစ်ဟန်ဆောင်ကာ ပစ်ခတ်မှုကိုလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့နှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား ပြီးနောက် ထွက်ပြေးလွတ်မြောက်သွား ကြောင်းနှင့် ယခုအခါအဆိုပါအမျိုးသား ကိုရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးလျက်ရှိကြောင်းသိရသည်။
Ref: TST
Photo- AP News