13 June 2025

13 June 2025
လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၁ ရက် နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဘိုကုန်းကျေးရွာအနီး၌ သေနတ်/ဓားများဖြင့် ပစ်ခတ်/သတ်ဖြတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဆယ်ကြီးကျိုးကျေးရွာနေ ကိုဝင်းထက်ကို(၂၁)နှစ်သည် ဇွန် ၁၀ ရက် ည ၁၁ နာရီ ၃၀ မိနစ်တွင် ၎င်းနေအိမ်၌ အိပ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲပြောဆို၍ ဖမ်းဆီးခေါ်ဆောင်သွားကာ သဲကုန်းမြို့နယ်၊ ဘိုကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းအနီးအရောက်၌ သေနတ်/ဓားများဖြင့် ပစ်ခတ်/သတ်ဖြတ်သွားခဲ့သဖြင့် ကိုဝင်းထက်ကိုတွင် ကျည်ထိမှန်/ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA

ရုရှား သမ္မတ ဗလာဒီမာ ပူတင်သည် အစ္စရေးနှင့် အီရန်ကြား တင်းမာမှုများ ရုတ်တရက် မြင့်တက်လာမှုကို စိုးရိမ်ပြီး “ပြစ်တင်ရှုတ်ချကြောင်း” ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောကြား ခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် ဇွန် ၁၃ ရက်နေ့က အီရန်၏ စစ်ဘက်ဆိုင်ရာပစ်မှတ်များနှင့် နျူကလီးယားစက်ရုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး တီဟီရန်မြို့လယ်ကိုပါ ထိမှန်ခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အဆိုပါ လုပ်ဆောင်ချက် သည် အီရန်အား နျူကလီးယားလက်နက်များရရှိခြင်းမှ တားဆီးရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုသည် (၆) ကြိမ် မြောက် အမေရိကန်-အီရန် နျူကလီးယားဆွေးနွေးပွဲကို အိုမန်တွင် ကျင်းပရန် ရက်ပိုင်းအလိုတွင် ဖြစ်ပွားခဲ့သည်။
ပက်စ်ကော့ဗ်က သောကြာနေ့ (ဇွန် ၁၃) တွင် ရုရှားသမ္မတသည် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးထောက်လှမ်းရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှတစ်ဆင့် အခြေအနေများကို စောင့်ကြည့်နေကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
“သမ္မတ ပူတင်သည် ဒေသတွင်းဖြစ်ရပ်များနှင့်ပတ်သက်သည့် အစီရင်ခံစာများကို အချိန်နှင့်တစ်ပြေးညီ သုံးသပ်လျက်ရှိသည်” ဟု ပက်စ်ကော့ဗ် က ပြောကြားခဲ့သည်။
လုံခြုံရေးအခြေအနေများ အရှိန်အဟုန်ဖြင့် ဆိုးရွားလာမှုကြောင့် တယ်လ်အဗစ်ရှိ ရုရှားသံရုံးက ရုရှားနိုင်ငံသားများအား အစ္စရေးသို့ ခရီးသွားရန် ရှောင်ကြဉ်ရန် အကြံပြုထားပြီး၊ လက်ရှိ အီရန် ပြည်တွင်းရှိ နေသူများအနေဖြင့် ခိုလှုံရာနေရာများအနီးတွင် နေထိုင်ရန် တိုက်တွန်းထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အီရန် အစ္စလာမ္မစ် တော်လှန်ရေး ကာကွယ်ရေးတပ် (IRGC) ခေါင်းဆောင် ဗိုလ်ချုပ် ဟိုစိန်စာလာမီ သည် သောကြာနေ့ (ဇွန် ၁၃) က အစ္စရေး၏ လေတိုက်ခိုက်မှုတွင် ကျဆုံးသွားကြောင်း ဒေသခံ သတင်းမီဒီယာများက ဖော်ပြသည်။

အစ္စရေးလေတပ်သည် အီရန်၏ နျူကလီးယားနှင့် စစ်ရေးအချက်အချာ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ၎င်းတွင် နတန်ဇ်မြို့ရှိ ယူရေနီယံသန့်စင်ရေးစက်ရုံလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က အဆိုပါ လုပ်ဆောင်ချက်သည် အီရန်အား နျူကလီးယား လက်နက် ပိုင်ဆိုင်မှုကို တားဆီးရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
ပရက်စ်အိုင်ဗီ ၏ ကိုးကားချက်အရ အခြားသေဆုံးသူများတွင် အီရန် စစ်တပ် ဗိုလ်ချုပ် ဂိုလမ်အလီရာရှစ်၊ နျူကလီးယားသိပ္ပံပညာရှင်များ မိုဟာမက်မဟ်ဒီ တေဟ်ရန်ချီ နှင့် ဖရေးဒွန်အဘာစီတို့လည်း ပါဝင်နေသည်။
အီရန်အစိုးရသည် လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများနှင့် ပတ်သက်၍ မှတ်ချက်မပြုသေးသော်လည်း ဒေသခံမီဒီယာများကတီဟီရန်ရှိ အချို့နေရာများကို တိုက်ခိုက်စဉ် အရပ်သားများ သေဆုံး ခဲ့ကြောင်း သတင်းပေးပို့ထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ လော့အိန်ဂျလိမြို့၌ ဖြစ်ပွားနေသော ဆူပူဆန္ဒပြမှုများကို ထိန်းသိမ်းနိုင်ရေးအတွက် သမ္မတထရမ့်က အမျိုးသား အစောင့်တပ်ဖွဲ့နှင့် မရိန်းတပ်ဖွဲ့တို့ကို စေလွှတ်ကာ ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မူဝါဒအရ နိုင်ငံအတွင်း ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သူများ၊ ခိုးဝင်နေထိုင်သူများကို ဗဟိုအစိုးရ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင်စဉ် ဆန္ဒပြမှုများနှင့် ရင်ဆိုင်ရပြီး ထိုဆန္ဒပြမှုများက ဆူပူအုံကြွမှုဆီသို့ ကူးပြောင်းလာခြင်းဖြစ်သည်။
ဇွန်လ ၁၀ ရက်ညပိုင်းအထိ အမေရိကန် ပြည်တွင်းသတင်းဌာနများ၏ ထုတ်ပြန် ချက်များကိုကြည့်ပါက အဆိုပါဆူပူအုံကြွမှုများသည် လော့အိန်ဂျလိမြို့၌သာမက အခြား မြို့ပေါင်း ၁၀ မြို့ကျော်တွင်လည်း အလားတူ ဆူပူဆန္ဒပြမှုများဖြစ်ပွားနေပြီ ဖြစ်ကြောင်း တွေ့ရသည်။
အဆိုပါဆန္ဒပြမှုများတင် ဦးဆောင်ပါဝင်သူများသည် အခကြေးငွေရယူထားသည့် ဆူပူအုံကြွသူများ ဖြစ်ကြောင်း၊ လော့အိန်ဂျလိမြို့တွင် အုံကြွမှုများဖြစ်ပွားစေရန် ကောင်းစွာလေ့ကျင့်ထားသည့် သွေးထိုးလှုံ့ဆော်သူများက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ထရမ့်က ပြောထားသည်ဟု သိရသည်။
MWD Web Portal

အစ္စရေးတပ်များ၏ ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် ဂါဇာဒေသမှ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၆၀ သေဆုံးခဲ့ပြီး အများစုမှာ အမေရိကန်နှင့် အစ္စရေးမှ ထောက်ခံသော Gaza Humanitarian Foundation မှ စီမံခန့်ခွဲသည့် အကူအညီ ဖြန့်ဖြူးရေး နေရာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။ ရှီဖာနှင့် အယ်လ်ကုဒ်စ် ဆေးရုံများမှ ကျန်းမာရေး ဝန်ထမ်းများက နံနက်အရုဏ်တက်ချိန်မတိုင်မီ Netzarim ယခင်ဂျူး ကျေးရွာအနီးရှိ အစားအစာဖြန့်ဖြူးရေးစင်တာသို့ သွားရောက်နေစဉ် လူအနည်းဆုံး ၂၅ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပြောက
အစ္စရေးတပ်များ၏ ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် ဂါဇာဒေသမှ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၆၀ သေဆုံးခဲ့ပြီး အများစုမှာ အမေရိကန်နှင့် အစ္စရေးမှ ထောက်ခံသော Gaza Humanitarian Foundation မှ စီမံခန့်ခွဲသည့် အကူအညီ ဖြန့်ဖြူးရေး နေရာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။ ရှီဖာနှင့် အယ်လ်ကုဒ်စ် ဆေးရုံများမှ ကျန်းမာရေး ဝန်ထမ်းများက နံနက်အရုဏ်တက်ချိန်မတိုင်မီ Netzarim ယခင်ဂျူး ကျေးရွာအနီးရှိ အစားအစာဖြန့်ဖြူးရေးစင်တာသို့ သွားရောက်နေစဉ် လူအနည်းဆုံး ၂၅ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ ဟားမက်နှင့် စစ်မက် ဖြစ်ပွား နေသည့် အစ္စရေးစစ်တပ်က Netzarim Corridor ဧရိယာအနီးတွင် စစ်သားများအား ခြိမ်းခြောက်နေသည့် သံသယရှိသူများအုပ်စုကို ညအချိန်တွင် သတိပေးပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ “ထိုဧရိယာ သည် တိုက်ပွဲဖြစ်ပွားနေသော ဇုန်ဖြစ်ကြောင်း သတိပေးထားသော်လည်း (ပစ်ခတ်မှုဖြစ်ပွားခဲ့သည်)။ IDF သည် ဒဏ်ရာရသူများနှင့် ပတ်သက်သော အစီရင်ခံစာများကို သိရှိပြီး အသေးစိတ်ကို စစ်ဆေးဆဲဖြစ်သည်” ဟု ၎င်းတို့က ဆိုသည်။
ထိုနေ့နောက်ပိုင်းတွင် တောင်ဘက်ဂါဇာခရိုင်ရှိ ခန်ယူနစ်မြို့၊ Nasser ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ရာဖာမြို့ရှိ GHF ၏ အခြားအကူအညီ ဖြန့်ဖြူးရေးနေရာသို့ ချဉ်းကပ်နေစဉ် အစ္စရေးတပ်များ၏ ပစ်ခတ်မှု ကြောင့် အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။GHF က ဟားမက်တပ်များက ၎င်းတို့၏ အကူအညီဖြန့်ဖြူးရေးနေရာသို့ သွားနေ သည့် အဖွဲ့ဝင် ၂၀ ပါသည့် ဘတ်စ်ကားကို တိုက်ခိုက်မှုတွင် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ကြောင်း စွပ်စွဲခဲ့သည်။
“ဂါဇာပြည်သူများအား အရေးကြီးသော အကူအညီများ ဆက်လက် ပေးနိုင်ရန် မိမိတို့ ကြိုးပမ်းသွားမည်” ဟု ၎င်းတို့က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ GHF ၏ အစောပိုင်းထုတ်ပြန်ချက်အရ ဒေသခံများနှင့် သက်ဆိုင်သည့် ထိုနေ့မှဖြစ်ရပ်များကို ၎င်းတို့ မသိရှိသေးသော်လည်း လုံခြုံသော သွားလာရေးလမ်းကြောင်းများ ထိန်းသိမ်းရန် အစ္စရေး အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ပါလက်စတိုင်းများ အနေဖြင့် ညွှန်ကြားချက်များကို ဂရုတစိုက်လိုက်နာရန် အရေးကြီးကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။
“နောက်ဆုံးတွင် ဖြေရှင်းနည်းမှာ အကူအညီပိုမိုရရှိရန်ဖြစ်ပြီး ဤသည်က ပြည်သူများအကြား စိတ်ချမှုနှင့် အရေးပေါ်လိုအပ်ချက် လျော့နည်းစေမည်” ဟု Reuters ၏ မေးမြန်းချက်များကို အီးမေးလ်ဖြင့် ပြန်ကြားရာတွင် ဖော်ပြခဲ့သည်။ “ဂါဇာရှိ လိုအပ်နေသူအားလုံးအတွက် လုံလောက်သည့် အစားအစာ မရှိသေးပါ။ လက်ရှိတွင် မိမိတို့၏ ဦးစားပေးမှုမှာမတည်ငြိမ်သော ပတ်ဝန်းကျင်အတွင်း အန္တရာယ်ကင်းစွာဖြင့် ဖြစ်နိုင်သမျှ လူများများကို အစားအစာဖြန့်ဖြူးနိုင်ရန်ဖြစ်သည်” ဟု ပြောကြား ခဲ့သည်။
GHF က မေလနှောင်းပိုင်းတွင် စတင်လုပ်ဆောင်ခဲ့သည့်အချိန်မှစ၍ စုစုပေါင်း အစားအစာ ၁၆ သန်းကျော် ဖြန့်ဖြူးနိုင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် တစ်ရက်တည်းအတွက် အများဆုံးဖြစ်သည့် ၂.၅ သန်းသော အစား အစာထုပ်များ ဖြန့်ဖြူးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဟားမက်အုပ်ချုပ်သော ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ယခုဖြစ်ရပ်များအထိအစားအစာထုပ်များရယူရန်ကြိုးပမ်းနေစဉ် ပါလက်စတိုင်း ၁၆၃ ဦး သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ကိုးကား- CNN

ရုရှားတွင် ကမ္ဘာ့အဆင့်မီ အဆန်းကြယ်ဆုံး နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားပြီး ၎င်းသည် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် ကမ္ဘာ့စစ်ရေး ဟန်ချက်ညီမှုကို အာမခံပေးသည်ဟု သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် ကျင်းပသော အမျိုးသားလက်နက်တပ်ဆင်ရေး အစီအစဉ်ဆိုင်ရာ အစိုးရအစည်းအဝေး၌ ပြောကြားရာတွင် ၎င်းက နိုင်ငံ၏ နျူကလီးယားသုံးဘက်စုံ (Nuclear Triad) ဖွံ့ဖြိုးတိုးတက်ရေးအတွက် “အထူးအာရုံစိုက်ရန်” တိုက်တွန်းခဲ့သည်။

နျူကလီးယားသုံးဘက်စုံဆိုသည်မှာ မြေပြင်အခြေစိုက် တိုက်ချင်းပစ် ဒုံးကျည်များ (ICBMs)၊ ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သော ပဲ့ထိန်း ဒုံးကျည်များ (SLBMs) နှင့် နျူကလီးယားလက်နက်များ သယ်ဆောင်နိုင်သည့် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ (strategic bombers) တို့၏ ပေါင်းစပ်အသုံးပြုမှုကို ရည်ညွှန်းသည်။ အဆိုပါ လက်နက်စနစ်များသည် ပထမဆုံးတိုက်ခိုက်မှုတွင် နိုင်ငံတစ်နိုင်ငံ၏ နျူကလီးယား စွမ်းအားကို အပြီးအပိုင် ဖျက်ဆီးနိုင်ခြင်း မရှိစေရန် အာမခံပေးသည်။
“ယခုအခါတွင် မိမိတို့၏ နျူကလီးယားစွမ်းအား၌ ခေတ်မီ နည်းပညာ အထွတ်အထိပ်ရှိသော လက်နက်စနစ်များ၏ အချိုးအစားမှာ ၉၅% အထိ ရှိနေပြီ” ဟု သမ္မတက အစည်းအဝေးတွင် ပြောကြားခဲ့ပြီး အဆိုပါ ကိစ္စတွင် ရုရှားနိုင်ငံသည် ကောင်းမွန်သော တိုးတက်မှုများ ရှိနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ထိုအချိုးအစားသည် ကမ္ဘာ့နျူကလီးယား စွမ်းအားရှိသော နိုင်ငံအားလုံးတွင် အမြင့်ဆုံးအဆင့်ဖြစ်သည်ဟု ပူတင် က ဆိုသည်။ အလားတူအကဲဖြတ်ချက်ကို အမေရိကန်နိုင်ငံ၏ Strategic Command မှ ဗိုလ်ချုပ်ကြီး Anthony Cotton ကလည်း ဖော်ပြခဲ့ ဖူးသည်။
လက်ရှိအချိန်တွင် ရုရှားနိုင်ငံသည် အခြားမည်သည့်နိုင်ငံမျှမရှိသေးသည့် အကြီးမားဆုံးနှင့် အမျိုးအစားအစုံလင်ဆုံး နျူကလီးယား လက်နက်များကို ပိုင်ဆိုင်ထားသည်ဟု ၂၀၂၄ ခုနှစ်၊ မတ်လတွင် Cotton က ပြောကြားခဲ့ပြီး မော်စကို၏ နျူကလီးယားစွမ်းရည်မှာ အမေရိကန်ထက် သာလွန်နေကြောင်း သတိပေးခဲ့သည်။
ရုရှားသည် မကြာသေးမီနှစ်များအတွင်း ၎င်း၏နျူကလီးယားလက်နက် စွမ်းရည်အား သိသိသာသာ အဆင့်မြှင့်တင်ခဲ့သည်။ Sarmat ICBM ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် တိုက်ခိုက်ရေးတာဝန်အတွက် အတည်ပြုခဲ့သည်။ ရုရှားနိုင်ငံ၏ စွမ်းရည်အရှိဆုံး နျူကလီးယားလက်နက်များအနက်မှ တစ်ခုဖြစ်သော Sarmat သည် ခန့်မှန်းခြေအားဖြင့် မိုင်ပေါင်း 11,000 (ကီလိုမီတာ 18,000 ခန့်) ထိရောက်ရှိနိုင်ပြီး အလေးချိန် ၁၀ တန်ဝန်းကျင်ရှိသည်။
သို့သော် ပူတင်က မော်စကိုသည် နျူကလီးယားလက်နက် တစ်ခုတည်းကိုသာ အာရုံစိုက်မနေဘဲ ယူကရိန်းပဋိပက္ခမှ ရရှိသောအတွေ့အကြုံ များကို အခြေခံကာ ခေတ်အမီဆုံးလက်နက်စနစ် အမျိုးအစား အမျိုးမျိုးကို အာရုံစိုက်ပြီး ရေရှည်လက်နက်တပ်ဆင်ရေး အစီအစဉ်သစ်ကို ဖော်ဆောင်သင့်သည်ဟု ၎င်းက အကြံပြုခဲ့သည်။
ရုရှားသည် ဒရုန်းစွမ်းရည်တွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် စစ်မြေပြင် အသုံးချမှု နှစ်ရပ်စလုံး၌ ယူကရိန်းထက် သာလွန်နေကြောင်း ဖော်ပြခဲ့သည်။ အထူးသဖြင့် ရုရှား၏ ဖိုင်ဘာအော့ပ်တစ်ဒရုန်းများသည် “ရှေ့တန်း စစ်မြေပြင်၌ တိုက်ပွဲဝင်နေသည့် စစ်သည်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာအခြေအနေများကို ပြောင်းလဲစေနေသည်” ဟု ၂၀၂၄ ခုနှစ်၊ မေလထုတ် The Times သတင်းစာက ထောက်ပြခဲ့သည်။

စစ်ဘက်နှင့် စက်မှုဇုန်များ တည်ရှိရာ အီရန်နိုင်ငံ၏ မြို့များဖြစ်သော Isfahan၊ Arak နှင့် Kermanshah တွင် နေထိုင်သူများသည် ပေါက်ကွဲသံများကြားရကြောင်း New York Times ၏ ဖော်ပြချက်အရ သိရှိရပါသည်။
ကိုးကား- New York Times

ကချင်ပြည်နယ်၊ဖားကန့်မြို့၊လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊မှော်စီစာမိန်းလမ်းမ လမ်းဆုံထောင့်တွင် ယနေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းက အမျိုးသားသုံးဦး သေဆုံးလျှက်ရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါသေဆုံးသူသုံးဦးမှာ မှော်စီစာကျေးရွာတွင် နေထိုင်သည့် အိမ်ရာမဲ့များဖြစ်ကြပြီး မှော်စီစာစျေးရှိ ဆိုင်ခန်းများတွင် အိပ်လေ့ရှိကြောင်း နှင့် စျေးသည်များက အရက်ဖိုး၊ဆေးဖိုးပေးကာ လက်တိုလက်တောင်း ခိုင်းစေသူများဖြစ်ကြောင်း ဒေသခံများကပြောသည်။

“မနက်ကသူတို့တွေကို လမ်းဆုံမှာ လာပစ်သွားတယ်လို့လည်း ပြောကြတယ်။ ဘယ်သူက လာပစ်သွားတာကိုတော့ မသိရဘူး။ ကျွန်တော်တွေ့တဲ့အချိန်မှာတော့ အလောင်းက သွေးတွေခြောက်နေပြီ။ ယင်နဲ့ ပုရွက်ဆိတ်တချို့တောင် အုံနေပြီ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။
ဖားကန့်ဒေသအတွင်း လုံခြုံရေးယူနေသော တပ်မတော်နှင့် PDF ပူးပေါင်းအဖွဲ့တို့အကြား ယမန်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ည ၉ နာရီအချိန်က လက်နက်ကြီးကျည်ကျရောက်မှုကြောင့် လုံးခင်းအုပ်စုအတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်အတွင်း မီးလောင်မှုများလည်း ဖြစ်ပွားမှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
Source: NP News

အစ္စရေးသည် ၎င်း၏ အီရန်အပေါ် ပြုလုပ်သည့် စစ်ဆင်ရေးအတွင်း နျူကလီးယား သိပ္ပံပညာရှင်များနှင့် ခေါင်းဆောင်ပိုင်းများကို ပစ်မှတ်ထားခဲ့သည်ဟု သိရှိရပါသည်။
ကိုးကား- အင်တာနက်စာမျက်နှာ

အီရန် ခေါင်းဆောင်ကြီး Ayatollah Ali Khamenei က အစ္စရေးအား သောကြာနေ့ (ဇွန် ၁၃) က လေကြောင်းတိုက်ခိုက်မှုများအတွက် “ပြင်းထန်သော အပြစ်ဒဏ်ပေးမှု” ခံရမည်ဟု သတိပေးလိုက်သည်။
အီရန် နိုင်ငံပိုင် သတင်းဌာန IRNA မှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ခါမေနီက အစ္စရေး၏ တိုက်ခိုက်မှုကြောင့် စစ်ဘက်ခေါင်းဆောင်များနှင့် သိပ္ပံပညာရှင်များ သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ အစ္စရေးဘက် က ၎င်းတို့၏ တိုက်ခိုက်မှုသည် နျူကလီးယား ပစ်မှတ်များကို ဖျက်ဆီး ခဲ့သည်ဟု ဆိုသည်။

ခါမေနီက အစ္စရေးသည် မိုးသောက်ယံတွင် ရာဇဝတ်မှု ကျူးလွန်ခဲ့ပြီး လူနေထိုင်ရာ ဒေသများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲ ခဲ့သည်။
“ရန်သူ၏ တိုက်ခိုက်မှုများတွင် ဗိုလ်ချုပ်များနှင့် သိပ္ပံပညာရှင်များ ကွယ်လွန်သွားခဲ့ကြရသည်။ ၎င်းတို့၏ အရိုက်အရာကို ဆက်ခံသူများနှင့် လုပ်ဖော်ကိုင်ဖက်များသည် အလ္လာဟ်အလိုရှိပါက အနားယူခြင်းမရှိဘဲ ချက်ချင်းပင် ၎င်းတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ကြမည်” ဟု ၎င်းက ပြောကြားခဲ့သည်။
“အဆိုပါပြစ်မှုနှင့်အတူ အစ္စရေးသည် မိမိဘာသာ ခါးသက်သော အကျိုး ဆက်ကို ဖိတ်ခေါ်လိုက်ပြီး မလွဲဧကန် ခံစားရမည်” ဟု ၎င်းကဆိုသည်။
ကိုးကား- CNN
Photo: Deccan Chronicle