မင်နီဆိုးတားပြည်နယ်လွှတ်တော်အမတ်များ ပစ်ခတ်ခံရ၊ နှစ်ဦးသေဆုံး
ဝါရှင်တန်၊ ပြည်တွင်းရေး
မင်နီဆိုးတားပြည်နယ်ရှိ ဒီမိုကရက် တစ်ပါတီမှ လွှတ်တော်အမတ်များနှင့် ၎င်းတို့၏အိမ်ထောင်ဖက်များသည် ဇွန် လ ၁၄ ရက်နံနက်အစောပိုင်းတွင် သေနတ် ဖြင့်ပစ်ခတ်မှုခံရကြောင်း၊ လွှတ်တော် အမတ်တစ်ဦးနှင့် ၎င်း၏ခင်ပွန်းတို့ သေဆုံး သွားကြောင်း၊ နောက်ထပ်လွှတ်တော် အမတ်တစ်ဦးနှင့်၎င်း၏ဇနီးတို့မှာ ဒဏ်ရာ ရရှိသွားကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ကပြောသည်။
သေဆုံးသူများမှာ ပြည်နယ်အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သည့် မယ်လီဆာ ဟော့မန်းနှင့် ၎င်း၏ခင်ပွန်းမာ့တို့ဖြစ်ပြီးဒဏ်ရာပြင်းထန်စွာရရှိထားသူများမှာ အထက်လွှတ်တော်အမတ် ဂျွန်ဟော့မန်း နှင့် ဇနီးတို့ဖြစ်ကြောင်း၊ ယခုတိုက်ခိုက်မှု သည် နိုင်ငံရေးအရလှုံ့ဆော်သည့်လုပ်ကြံ မှုဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးတင်ဝေါ့ ကပြောသည်။
ပြစ်မှုကျူးလွန်သူ အမျိုးသားသည် ရဲ တပ်ဖွဲ့ဝင်တစ်ဦးအဖြစ်ဟန်ဆောင်ကာ ပစ်ခတ်မှုကိုလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့နှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား ပြီးနောက် ထွက်ပြေးလွတ်မြောက်သွား ကြောင်းနှင့် ယခုအခါအဆိုပါအမျိုးသား ကိုရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးလျက်ရှိကြောင်းသိရသည်။
Ref: TST
Photo- AP News