သတင်းများ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ ထောင်ထားသည့် မိုင်းကွဲ၍ အပြစ်မဲ့ အရပ်သားပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိကာ မော်တော်ယာဉ် တစ်စီး ပျက်စီးမှု မှတ်တမ်းဓာတ်ပုံ။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၂ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာ ရရှိထားသည့် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၄)ရပ်ကွက်ကြီး၊ နဝရတ်ရပ်ကွက်နေသူများဖြစ်သည့် ကိုမျိုးမင်းခန့်(၂၆)နှစ်၊ ဦးဘညွန့်(ခ)ဦးပန်းညွန့်၆၁)နှစ်၊ မသဲသဲ(၂၈)နှစ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာနေ မအိအိခိုင်(၂၅)နှစ်တို့ လေးဦးတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရ၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းတို့ လေးဦးနှင့် ကိုမျိုးသူရစိုး(ခ)မျိုးသီဟ(၂၄)နှစ် တို့သည် ကိုမျိုးမင်းခန့် မောင်းနှင်သည့် MDY-8/3I-XXXX TOYOTA WISH မော်တော်ယာဉ်ဖြင့် သိမ်ဇရပ်မှ ကျိုက်ထိုသို့ ရန်ကုန်-မော်လမြိုင်ကားလမ်းအတိုင်း မောင်းနှင်လာစဉ် ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာရှိ “ဒေါင်းတောင် ဝါးဟားဟား” ကလေးကစားကွင်းအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၀၂ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံအနီး ကားလမ်းဘေး၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံးအား ကားဘီးဖြင့် နင်းမိပေါက်ကွဲမှုကြောင့် ၎င်းတို့ လေးဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးခဲ့ရာ TOYOTA WISH မော်တော်ယာဉ်မှာ ဝဲဘက်ရှေ့/နောက်ဘီးများ ကွဲကာ၊ လေကာမှန်များ ကွဲကြေပြီး ယာဉ်ဝဲဘက်ခြမ်း ကိုယ်ထည် မိုင်းစထိမှန် ပျက်စီးနေသည်ကို တွေ့ရှိရသဖြင့် ပြန်လည်သယ်ဆောင်ပြုပြင်နိုင်ရေး ဆောင်ရွက်ပေးခဲ့ပါသည်။ 
    အထက်ပါဖြစ်စဉ်မှ အေးချမ်းစွာသွားလာနေသည့် အပြစ်မဲ့ အရပ်သားပြည်သူများအား ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် အများပြည်သူဆိုင်ရာနေရာများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများကဲ့သို့ အကြမ်းဖက်မှုလုပ်ရပ်များ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များ နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၌ ငွေကျပ် ၂၇၆ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၂၀၂၅ ခုနှစ်၊ ဇွန် ၁၀ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၃)၊ နယ်မြေ(၁၀)၊ ကြာနီလမ်းပေါ်၌ သိန်းစိုးအောင်(ခ)အားဝေ(၂၉)နှစ်အား ရှာဖွေစစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၀,၀၀၀ ပြား (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၁၅၀) ဖမ်းဆီးရမိခဲ့ကြောင်း။

ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်အရ ဇွန် ၁၀ ရက် မွန်းတည့် ၁၂ နာရီတွင် စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချပေးသူ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၂၀)၊ ခိုင်ရွှေဝါလမ်းနေ လောဝ်ဝူ(ခ)လီမင်ချိန်(၃၆)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၈၀၀ ပြား(တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၁၀၄ သိန်း)နှင့် ပလတ်စတစ်ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၁၁၀ ဂရမ်(တစ်ဂရမ်လျှင် ၂၀,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၂၂ သိန်း) ဖမ်းဆီးရမိခဲ့သဖြင့် သိန်းစိုးအောင်(ခ)အားဝေနှင့် လောဝ်ဝူ(ခ)လီမင်ချန်တို့နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

MOHA

attack

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို၊ ကော့ဘော်ကျေးရွာအတွင်းသို့ KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အသက် ၄ နှစ် နှင့် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ဘော်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၇၀၀ ခန့်အကွာမှ လက်နက်ကြီးဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အဆိုပါထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးအား ဘားအံမြို့ ပြည်သူ့ဆေးရုံသို့ တာဝန်ရှိသူများက ပို့ဆောင်စဉ် ရရှိသောဒဏ်ရာများဖြင့် ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအား ထောက်ခံအားပေးမှုမရှိသည့် မြို့/ရွာ/ရပ်ကွက်များအတွင်းသို့ ယခုကဲ့သို့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ မကြာခဏသေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိပြီး ပြည်သူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ဆန့်ကျင်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOI

အီရန်နိုင်ငံအား တိုက်ခိုက်မှုအပေါ် တုံ့ပြန်ဆောင်ရွက်သွားရန် ဂျပန် ကုန်တင်သင်္ဘောကုမ္ပဏီများက စဉ်းစားလျက်ရှိ

ဇွန်လ ၁၃ ရက်နေ့တွင် အစ္စရေးက အီရန်အား တိုက်ခိုက်ခဲ့မှုအပေါ် ဖြစ်နိုင်ခြေရှိသည့်တုံ့ပြန်မှုများ လုပ်ဆောင်ရန် ဂျပန်ကုန်တင်သင်္ဘောကုမ္ပဏီများက စီစဉ်လျက်ရှိပြီး ဂျပန်နိုင်ငံ၏ လောင်စာဆီ တင်သွင်းမှု ၉၀ ရာခိုင်နှုန်း ကျော်သည် အရှေ့အလယ်ပိုင်းဒေသကို အဓိကမှီတည်နေရသည့်အတွက် အဆိုပါဒေသတွင် စစ်ရေးဆိုင်ရာ ပဋိပက္ခများ မြင့်တက်လာမှုအပေါ် ထိန်းသိမ်းဆောင်ရွက်ရန် ဂျပန်ကုမ္ပဏီများက လိုလားလျက်ရှိသည်။

တိုကျိုအခြေစိုက် NYK Line ကုမ္ပဏီ၏ လောင်စာဆီတင်သင်္ဘောအစီး (၂၀)နှင့် Automobile Carrier များသည် အရှေ့အလယ်ပိုင်းဒေသတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ အဆိုပါသင်္ဘောများသည် တစ်လအတွင်း အကြိမ်ရေဒါဇင်ပေါင်းများစွာ ပါရှန်ပင်လယ်ကွေ့ကို ဖြတ်သန်း၍ သွားလာလျက်ရှိသည်။

NYK Line ကုမ္ပဏီအနေဖြင့် ပင်လယ်ကွေ့အတွင်း ဘေးကင်းလုံခြုံမှုရှိရေးအတွက် သတင်းအချက်အလက်များရယူဆောင်ရွက်လျက်ရှိပြီး အခြေအနေပေါ်မူတည်၍ လုပ်ငန်းများဆိုင်းငံ့ခြင်း သို့မဟုတ် လမ်းကြောင်း ပြောင်းလဲဆောင်ရွက်ခြင်းတို့လုပ်ဆောင်ရေးအတွက် စဉ်းစားရန်လိုအပ်လျက်ရှိသည်။

K Line ဟု လူသိများသည့် Mitsui O.S.K. Lines and Kawasaki Kisen Kaisha ကုမ္ပဏီတို့သည်လည်း ပင်လယ်ကွေ့ဝန်းကျင်ကို ဖြတ်သန်းသွားလာသည့် သင်္ဘောများကို သတိပေးချက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး သင်္ဘောသား ဝန်ထမ်းများနှင့် ကုန်စည်များ၏ ဘေးကင်းလုံခြုံရေးအတွက် စဉ်းစားလုပ်ဆောင်သွားမည် ဖြစ်သည်။

ဂျပန်နိုင်ငံ၏ အဓိကကုန်တင်သင်္ဘောကုမ္ပဏီကြီးများသည် ၂၀၂၄ ခုနှစ်အတွင်း ပါရှန်ပင်လယ်ကွေ့ကို အကြိမ်ပေါင်း ၃၅၀၀ ခန့် ဖြတ်သန်းသွားလာခဲ့ကြောင်း ဂျပန်နိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြား ခဲ့ပါသည်။

အဆိုပါဖြတ်သန်းသွားလာသည့် ခရီးစဉ်အားလုံးတွင် လောင်စာဆီတင်သင်္ဘောဖြတ်သန်းမှု ၈၉၀ ကြိမ်၊ Automobile Carrier ဖြတ်သန်းမှု ၇၃၈ ကြိမ်နှင့် LNG သဘာဝဓာတ်ငွေ့တင်သင်္ဘောဖြတ်သန်းမှု ၄၂၁ ကြိမ်ဖြစ်ပြီး ခရီးစဉ်အားလုံး၏ ၄၀ ရာခိုင်နှုန်းကျော်သည် လောင်စာဆီတင်ပို့သည့် ကုန်တင်သင်္ဘောများ သွားလာမှုဖြစ်သည်။

ဂျပန်နိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်တင်သင်္ဘောကုမ္ပဏီများအား နောက်ဆုံးရမြေပြင် သတင်း အချက်အလက်များကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်ရန်လည်း တိုက်တွန်းသွားမည်ဖြစ်ကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK

အလွတ်သဘောဘာသာပြန်သူ - ဦးထက်ထက်အောင်၊ နစက(၄)

ထရမ့်က အီရန်ကို အကြိမ်ကြိမ် အခွင့်အရေးပေးခဲ့ဟု ဆို

အမေရိကန်သည် အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ သဘောတူညီမှုရရှိရန် အခွင့်အလမ်းများစွာ ထပ်ခါထပ်ခါပေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး အစ္စရေးလေတပ်၏ အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများသည် အီရန်၏ခေါင်းမာမှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်က တီဟီရန်အား များစွာနောက်မကျမီ ဝါရှင်တန်၏ တောင်းဆိုချက်များကို လိုက်နာရန် တိုက်တွန်းခဲ့သည်။

အစ္စရေးစစ်တပ်သည် သောကြာနေ့ (ဇွန် ၁၃) အစောပိုင်းတွင် အီရန် နိုင်ငံတစ်ဝှမ်းရှိ စစ်ဘက်နှင့်နျူကလီးယားဆိုင်ရာ ပစ်မှတ်များစွာကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အီရန်အာဏာပိုင်များက တိုက်ခိုက်မှုများကြောင့် အီရန် အစ္စလာမ္မစ်တော်လှန်ရေး ကာကွယ်ရေးတပ် (IRGC) ၏ တပ်မှူး ဗိုလ်ချုပ် Hossein Salami နှင့် အီရန် စစ် ဦးစီးချုပ် ဗိုလ်ချုပ် Mohammad Bagheri တို့ သေဆုံးခဲ့ကြောင်းအတည်ပြုခဲ့သည်။ မီဒီယာအချို့က အခြားအဆင့်မြင့် အီရန် စစ်ဘက် အရာရှိကြီးများနှင့် နျူကလီးယားသိပ္ပံပညာရှင်များလည်း သေဆုံးခဲ့သည် ဟု ဖော်ပြခဲ့သည်။

ထရမ့်က သောကြာနေ့ (ဇွန် ၁၃) နောက်ပိုင်းတွင် ၎င်း၏ Truth Social လူမှုမီဒီယာပေါ်တွင် ရေးသားချက်တစ်ခု၌ အီရန်၏နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ “သဘောတူညီမှုရရှိရန် အခွင့်အလမ်းများစွာ ထပ်ခါထပ်ခါပေးခဲ့ကြောင်း” ရေးသားခဲ့ပြီး အီရန်ခေါင်းဆောင်များအား “အပြင်းထန်ဆုံးစကားလုံးများဖြင့် ပြီးဆုံးအောင်လုပ်ပါဟု ပြောခဲ့ကြောင်း” ဖော်ပြခဲ့သည်။ အမေရိကန်သမ္မတက တီဟီရန်အား ဝါရှင်တန် တောင်းဆိုချက်များကို မလိုက်နာပါက အစ္စရေး၏ ကြီးမားသော တိုက်ခိုက်မှုကိုခံရမည်ဟု သတိပေးခဲ့ကြောင်း ဖော်ပြခဲ့ပြီး အစ္စရေး စစ်တပ်သည် အမေရိကန်ထုတ် လက်နက်များစွာ ပိုင်ဆိုင်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထရမ့်၏ပြောကြားချက်အရ အစ္စရေးသည် အီရန်ကို ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ရန် အဆင်သင့်ဖြစ်နေသော်လည်း အရှိန်မြှင့်တင်မှုကို ပြန်လည်ရုပ်သိမ်းနိုင်သည့် အလားအလာ ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

“အီရန်သည် အဆုံးစွန်တိုက်ခိုက်ခံရခြင်းမပြုမီ အလျင်အမြန် သဘောတူညီမှုရယူပြီး ယခင်က အီရန်အင်ပါယာအဖြစ် ရပ်တည်ခဲ့ရမှုကို ကယ်တင်ရမည်” ဟု အမေရိကန်သမ္မတက အလေးအနက်ထား ပြောကြား ခဲ့သည်။

ဧပြီလမှစတင်၍ အမေရိကန်နှင့် အီရန်တို့သည် အိုမန်နိုင်ငံတွင် တီဟီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်သည့် အကြိမ်ကြိမ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ထင်ရှားသောတိုးတက်မှုမရှိခဲ့ပေ။

နောက်တစ်ကြိမ်ဆွေးနွေးပွဲကို တနင်္ဂနွေနေ့ (ဇွန် ၁၅) တွင်ကျင်းပရန် စီစဉ်ထားသော်လည်း အစ္စရေး၏တိုက်ခိုက်မှုအပြီးတွင် အစ္စလာမ္မစ် သမ္မတ နိုင်ငံက ဆွေးနွေးပွဲမှ ရုတ်သိမ်းသွားကြောင်း သတင်းများအရသိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိကာ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိကာ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချင်းမြစ်ကျင်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ကျေးရွာအနောက်တောင်ဘက် မီတာ ၃၀၀ ခန့်အကွာမှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ နံနက် ၆ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း အဆိုပါကျေးရွာနေ မစန္ဒာဌေး(၂၀)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမောင်တင့်၊ ဦးအောင်သိန်း၊ ဦးကျော်ဝေနှင့် ဦးကျော်စွာတို့ လေးဦးတွင် လက်နက်ကြီးဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူ ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် လေးဦးအား ဆေးကုသပေးနိုင်ရေး ကန့်ဘလူခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းနှင့် ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
 
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ တိုက်ပွဲများဖော်ဆောင်၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းနှင့် ပဋိပက္ခကာလအတွင်း လေကြောင်းပစ်မှတ် ၈၀,၀၀၀ ကျော် ပစ်ချခဲ့ကြောင်း ပြောကြား

ရုရှားတပ်များသည် ယူကရိန်းနှင့် ပဋိပက္ခအတွင်း လေကြောင်းပစ်မှတ်ပေါင်း ၈၀,၀၀၀ ကျော်ကို ပစ်ချခဲ့ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ဖွင့်ဟခဲ့ပြီး မည်သည့်လေကြောင်းတိုက်ခိုက်မှုကိုမဆို ကာကွယ်နိုင်သည့် နိုင်ငံတကာစံနှုန်းမီ လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခု ဖန်တီးရန် ရုရှားက ကြိုးပမ်းနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ပူတင်သည် ကြာသပတေးနေ့ (ဇွန် ၁၂) တွင် ရုရှား၏ ၂၀၂၇ မှ ၂၀၃၆ ခုနှစ်အတွက် လက်နက်တပ်ဆင်ရန်အစီအစဉ်များကို ဆွေးနွေးရန် အရာရှိကြီးများနှင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် တွေ့ဆုံစဉ် အထက်ပါအချက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းနှင့် ပဋိပက္ခတွင် လေကြောင်းလက်နက်စနစ်များ အလျင်အမြန် တိုးတက်လာခြင်း၊ ၎င်း၏ အခန်းကဏ္ဍ ဆင့်ကဲပြောင်းလဲလာခြင်းနှင့် အသုံးပြုသည့် နည်းဗျူဟာများ ထူးခြားစွာ ပါဝင်နေကြောင်း ပူတင် က ထောက်ပြခဲ့သည်။

“နိုင်ငံတော်၏ လက်နက်တပ်ဆင်ရေး အစီအစဉ်အသစ်သည် မည်သည့် အခြေအနေတွင်မဆို လုပ်ဆောင်နိုင်ပြီး မည်သည့်လေကြောင်း တိုက်ခိုက်မှုကိုမဆို ထိရောက်စွာ ကာကွယ်နိုင်သည့် နိုင်ငံတကာစံနှုန်းမီ လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ရပ် ဖန်တီးရန် သေချာစေရမည်” ဟု သမ္မတက ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ၈၀,၀၀၀ ကျော်ဟူသော ကိန်းဂဏန်းတွင် မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်များ၊ ခရုဇ်ဒုံးကျည်များနှင့် ဒုံးပစ် လောင်ချာများမှ ပစ်လွှတ်သည့် ဒုံးကျည်များအပါအဝင် အဆင့်မြင့် လက်နက်ကြီး ၇,၅၀၀ ခန့် ပါဝင်ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ဖျက်ဆီးခံခဲ့ရသည့် လက်နက်အများစုမှာ အနောက်နိုင်ငံများက ကိယက်ဗ် သို့ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သို့သော် ပဋိပက္ခတွင် ရုရှားတပ်များ ပစ်ချခဲ့သည့် လေကြောင်း ပစ်မှတ်အများစုမှာ ဒရုန်းများဖြစ်သည်။ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန၏ နောက်ဆုံးကိန်းဂဏန်းများအရ ယူကရိန်း၏ မတူညီသော ဒရုန်း အမျိုးအစားပေါင်း ၆၃,၀၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

“မတူညီသော ဒရုန်းအမျိုးအစားများကို ကာကွယ်တိုက်ခိုက်ရန် နည်းလမ်းအသစ်များနှင့် စံသတ်မှတ်ချက်များမှ ခွဲထွက်သည့် အဖြေများ လိုအပ်ပြီး အဆိုပါနယ်ပယ်သည် အထူးအရေးပါဆဲဖြစ်သည်” ဟု ပူတင်က ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၂ ရက် မွန်းလွဲ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာနေ ဦးမောင်တင်(၆၄)နှစ်သည် ကျေးရွာအနောက်ဘက် သုံးမိုင်ခန့်အကွာရှိ တောင်ယာတဲ၌ရှိနေစဉ် ၎င်းနေရာအနီးသို့ အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဦးမောင်တင်တွင် လက်နက်ကြီးဗုံးသီး ပေါက်ကွဲစထိမှန် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ငွေကျပ် ၄,၈၀၀ သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

၂၀၂၅ ခုနှစ်၊ ဇွန် ၁၀ ရက် နံနက် ၈ နာရီ ၂၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာအနီး ဦးထွန်းအောင်တံတား၌ သတင်းအရ စောင့်ဆိုင်းနေစဉ် အိုက်ရှဲန်ဖူး မောင်းနှင်လာသော SHN-12/7M-XXXX TOYOTA CROWN အမဲရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နောက်ဖုံးအတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၈၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၄,၈၀၀) ဖမ်းဆီးရမိသဖြင့် အိုက်ရှဲန်ဖူး(၃၈)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်က

၂၀၂၅ ခုနှစ်၊ ဇွန် ၁၀ ရက် နံနက် ၈ နာရီ ၂၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာအနီး ဦးထွန်းအောင်တံတား၌ သတင်းအရ စောင့်ဆိုင်းနေစဉ် အိုက်ရှဲန်ဖူး မောင်းနှင်လာသော SHN-12/7M-XXXX TOYOTA CROWN အမဲရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နောက်ဖုံးအတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၈၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၄,၈၀၀) ဖမ်းဆီးရမိသဖြင့် အိုက်ရှဲန်ဖူး(၃၈)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံး

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၂ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်(၆၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၂၀ ဦးခန့်(စိစစ်ဆဲ)က ရောက်ရှိလာပြီး နေအိမ်ရှိ ငွေကျပ် ငါးသိန်းအား လုယက်ယူဆောင်၍ ဦးစိုးမြင့်အား ဖမ်းဆီးခေါ်ဆောင်ကာ ပိန္နဲကုန်းကျေးရွာတောင်ဘက် လေးဖာလုံခန့် အကွာအရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးစိုးမြင့်တွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။