သတင်းများ

အီရန်မှ အစ္စရေးကို တုံ့ပြန်တိုက်ခိုက်မှုတွင် EU နိုင်ငံများ၏ ကောင်စစ်ဝန် ထိခိုက်ဒဏ်ရာရရှိ

အစ္စရေးနိုင်ငံရှိ ခရိုအေးရှားကောင်စစ်ဝန်နှင့် ၎င်း၏ဇနီးတို့သည် တယ်လ် အဗစ်မြို့ပေါ်သို့ အီရန်မှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် ဒဏ်ရာ ရရှိခဲ့ကြောင်း ခရိုအေးရှားနိုင်ငံခြားရေးဝန်ကြီး Gordan Grlic Radman က ပြောကြားခဲ့သည်။

X (တွစ်တာ) တွင် တင်ထားသော ပို့စ်တစ်ခုတွင် ဝန်ကြီးက ကောင်စစ်ဝန် နှင့် ၎င်း၏ဇနီးတို့ ရရှိခဲ့သော ဒဏ်ရာများမှာ အသက်အန္တရာယ် စိုးရိမ်ရမည့် အခြေအနေမဟုတ်ကြောင်း အတည်ပြုခဲ့သည်။

“မိမိတို့၏ ကောင်စစ်ဝန်နှင့် ၎င်း၏ဇနီးတို့သည် တယ်လ်အဗစ်မြို့ပေါ်ရှိ တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့သည်ဆိုသော သတင်းကို ကြားရ၍ အလွန် တုန်လှုပ်မိပါသည်။ ၎င်းတို့နေထိုင်သည့် အဆောက်အဦကို ဒုံးကျည် ထိမှန်ခဲ့ပါသည်” ဟု Grlic Radman က ရေးသားခဲ့သည်။

“မိမိတို့သည် အရပ်သားများနှင့် သံတမန်အဆောက်အဦများကို တိုက်ခိုက်မှုများကို အပြင်းအထန် ရှုတ်ချပါသည်။ အခြေအနေလျော့ပါးရန်နှင့် ထိန်းသိမ်းရန် အမြန်ဆုံးလိုအပ်ပါသည်” ဟု ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

အစ္စရေးသည် သောကြာနေ့ (ဇွန် ၁၃) အစောပိုင်းတွင် အီရန်နိုင်ငံအား ပြင်းထန်သော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ နျူကလီးယား စက်ရုံများနှင့် စစ်အခြေစိုက်စခန်းများကို ပစ်ခတ်ခဲ့သည်။ အီရန်၏ အရာရှိကြီးများနှင့် နျူကလီးယားသိပ္ပံပညာရှင်များ ပစ်မှတ်ထား ချေမှုန်းခံခဲ့ရသည်။ အီရန်၏ တရားဝင်ခန့်မှန်းချက်အရ အစ္စရေး၏ တိုက်ခိုက်မှု များတွင် လူပေါင်း ၇၈ ဦး သေဆုံးခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

အနောက်ဂျေရုဆလင်အစိုးရသည် “Operation Rising Lion” အမည်ရှိ အဆိုပါတိုက်ခိုက်မှုအား တီဟီရန်မှ နျူကလီးယားဗုံးပိုင်ဆိုင်မည့် အန္တရာယ်ကို ကြိုတင်ကာကွယ်ရန် အစီအမံအဖြစ် ပြုလုပ်ခဲ့ကြောင်း ဆိုသည်။ သို့သော် အီရန်ဘက်မှမူ ထိုကဲ့သို့သော နျူကလီးယား လက်နက် ထုတ်လုပ်ရန် အစီအစဉ်မရှိဟု အထပ်ထပ်ငြင်းဆိုလျက် ၎င်း၏ နျူကလီးယား အစီအစဉ်သည် အရပ်ဘက်လိုအပ်ချက်များအတွက်သာ ဖြစ်ကြောင်း ခိုင်ခိုင်မာမာပြောဆိုလျက်ရှိသည်။

တီဟီရန်ဘက်မှလည်း အစ္စရေးကို ဒုံးကျည်များနှင့် ကာမီကာဇီ ဒရုန်းများဖြင့် အစုလိုက်ပစ်ခတ်ကာ လိုအပ်သရွေ့ ဆက်လက် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ အစ္စရေးဘက်မှထုတ်ပြန်ချက်အရ အဆိုပါ တိုက်ခိုက်မှုကြောင့် အဆောက်အဦများ အကြီးအကျယ်ပျက်စီးမှုဖြစ်ကာ အနည်းဆုံးသုံးဦးသေဆုံးပြီး ၁၅၀ကျော် ဒဏ်ရာရရှိခဲ့သည်။

ယခုကဲ့သို့အခြေအနေဆိုးရွားလာခြင်းမှာ အမေရိကန်-အီရန် နျူကလီးယား အစီအစဉ်ဆိုင်ရာ ဆွေးနွေးပွဲငါးကြိမ်ကျင်းပပြီးနောက် အခြေအနေမှာ ရပ်တန့်နေပြီး တိုးတက်မှုမရှိခဲ့ခြင်းနှင့် ဆက်စပ်နေသည်။ တိုက်ခိုက်မှု အပြီးတွင် တီဟီရန်ဘက်မှ အမေရိကန်နှင့်ဆက်လက်ဆွေးနွေးရန် “အဓိပ္ပာယ် မရှိတော့” ဟုကြေညာခဲ့ပြီး အိမ်ရှင်နိုင်ငံအိုမန်ကလည်း တနင်္ဂနွေနေ့ (ဇွန် ၁၅) တွင် ကျင်းပရန်စီစဉ်ထားသော ဆဋ္ဌမအကြိမ်ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက် ကြောင်း အတည်ပြုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၃ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဒေါ်ယမင်းဖြိုး(၃၁)နှစ်သည် ဇွန် ၁၁ ရက် နံနက် ၁၁ နာရီတွင် ပခုက္ကူမြို့မှ ကမ္မမြို့သို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ကမ္မမြို့အနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ် ၂,၅၀၀ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၂၀၂၅ ခုနှစ်၊ ဇွန် ၁၀ ရက် ညနေ ၄ နာရီ ၅၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တာချီလိတ်မှ မိတ္ထီလာသို့ ယာဉ်မောင်း ထူးအိဏ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် စိန်လင်း လိုက်ပါလာသည့် TOYOTA HIACE ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်၏ နောက်ဆုံးထိုင်ခုံနှင့်ကပ်လျက် အိမ်သုတ်ဆေးဗူးကြီးအတွင်းမှ စိတ်ပြောင်းဆေးဝါး အက်တက်စီ ဆေးပြား ၅,၀၀၀ ပြား (တစ်ပြားလျှင် ငွေ ၅၀,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂၅၀၀ သိန်း)နှင့် ဆေးခြောက် ၀.၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၄.၅ သိန်းနှုန်

၂၀၂၅ ခုနှစ်၊ ဇွန် ၁၀ ရက် ညနေ ၄ နာရီ ၅၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တာချီလိတ်မှ မိတ္ထီလာသို့ ယာဉ်မောင်း ထူးအိဏ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် စိန်လင်း လိုက်ပါလာသည့် TOYOTA HIACE ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်၏ နောက်ဆုံးထိုင်ခုံနှင့်ကပ်လျက် အိမ်သုတ်ဆေးဗူးကြီးအတွင်းမှ စိတ်ပြောင်းဆေးဝါး အက်တက်စီ ဆေးပြား ၅,၀၀၀ ပြား (တစ်ပြားလျှင် ငွေ ၅၀,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂၅၀၀ သိန်း)နှင့် ဆေးခြောက် ၀.၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၄.၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂ ဒသမ ၇ သိန်း)တို့အား သိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၅ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးများအား တင်ဆောင်ပေးသူ မာမာသက်အား တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)ရှိနေအိမ်တွင် လည်းကောင်း၊ ဇွန် ၁၁ ရက် ည ၁၀ နာရီ ၂၅ မိနစ်တွင် မူးယစ်ဆေးဝါးများ ပို့ဆောင်ခိုင်းသူ ပြည့်စိုးအား တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက် လမ်းမပေါ်တွင်လည်းကောင်း၊ ဇွန် ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါးများပို့ဆောင်ရန် လက်ခံဆောင်ရွက်သူ နေလင်းအောင်အား တာချီလိတ်မြို့၊ ပါလျှံ(၁)လမ်းပေါ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိသဖြင့် ထူးအိဏ်(၂၃)နှစ်၊ စိန်လင်း(၂၀)နှစ်၊ မာမာသက်(၃၂)နှစ်၊ ပြည့်စိုး(၂၈)နှစ်၊ နေလင်းအောင်(၃၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။

အိုမန်ပင်လယ်ထဲ ဝင်ရောက်လာသည့် ဗြိတိန် ဖျက်သင်္ဘောကို အီရန် ရေတပ်က တားဆီး

အိုမန်ပင်လယ်အတွင်း ဗြိတိန်စပိုင်ဖျက်သင်္ဘောတစ်စီးသည် အီရန် ရေတပ်က တားဆီးလိုက်၍ လမ်းကြောင်းပြောင်းလဲသွားကြောင်း သိရပါသည်။

အီရန်နယ်မြေအတွင်း ပစ်လွှတ်မည့် အစ္စရေးဒုံးကျည်များအတွက် လမ်းညွှန်ရန် ရည်ရွယ်ချက်ဖြင့် မနေ့ည (ဇွန် ၁၄) က မြောက်အိန္ဒိယသမုဒ္ဒရာထဲသို့ ချဉ်းကပ်ဝင်ရောက်လာသည့် ဗြိတိန် ဖျက်သင်္ဘောအား အီရန်ရေတပ်၏ ထောက်လှမ်းရေးစနစ်များက အချိန်မီ ဖမ်းမိခဲ့ပါသည်။ အီရန်ရေတပ်၏ တိုက်ခိုက်ရေးဒရုန်းများက သတိပေးချက်များ ပြုလုပ်ကာ ဖျက်သင်္ဘောအား ပါရှန်ပင်လယ်ကွေ့ဘက်သို့ ဆက်လက်ရွေ့လျား စေခြင်းဖြင့် တားဆီးနိုင်ခဲ့ပါသည်။ ဖျက်သင်္ဘောသည် လမ်းကြောင်း ပြောင်းလဲသွားရသည်အထိ ဖြစ်စေခဲ့သည်။

ကိုးကား- Mehr

Photo: ABNA English

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အီရန်က ဟိုင်ဖာမြို့ကို ဟိုက်ပါဆောနစ်ဒုံးကျည်ဖြင့် တိုက်ခိုက်

အီရန်သည် အစ္စရေး၏ ဟိုင်ဖာမြို့ကို တိုက်ခိုက်ရာတွင် ဟိုက်ပါဆောနစ် ဒုံးကျည် (hypersonic missile) အနည်းဆုံး တစ်စင်းအသုံးပြုခဲ့ကြောင်း Mehr သတင်းဌာနက ဖော်ပြထားပါသည်။

Nournews သတင်းဌာနအရင်းအမြစ်တစ်ဦး၏ အဆိုအရ အီရန်သည် အစ္စရေးနယ်မြေသို့ Emad၊ Ghadr နှင့် Kheibar Shekan စသည့် တာလတ်ပစ်ဒုံးကျည်များ အသုံးပြုကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ဟိုင်ဖာမြို့သည် အစ္စရေး၏ တတိယအကြီးဆုံးမြို့ ဖြစ်ပြီး၊ စီးပွားရေး၊ စက်မှုနှင့် စစ်ရေးအရ အရေးပါသော ဆိပ်ကမ်းမြို့တစ်ခုဖြစ်ကာ အစ္စရေး၏ ရေနံချက်စက်ရုံများ အများဆုံးတည်ရှိရာ နေရာလည်း ဖြစ်ပါသည်။ 

ကိုးကား- Tass

Photo: Armeina News

အစ္စရေးတို့က တီဟီရန်ရှိ ရေနံသိုလှောင်ရုံကို တိုက်ခိုက်မှုကြောင့် ကြီးမားသော မီးလောင်ကျွမ်းမှုဖြစ်ပွား

အစ္စရေးတပ်များသည် စနေနေ့ (ဇွန် ၁၄) မှ တနင်္ဂနွေ (ဇွန် ၁၅) နံနက် အထိ တိုက်ခိုက်မှုများအတွင်း တီဟီရန်၏ အနောက်မြောက် ဆင်ခြေဖုံး ဒေသဖြစ်သော ရှားရန်မြို့ရှိ ရေနံသိုလှောင်ရုံတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ကြီးမားသော မီးလောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့သည်။

မီဒီယာများတွင်ဖော်ပြထားသော ဗီဒီယိုများ၌ ကြီးမားသည့်မီးလျှံများနှင့် ထူထပ်သော အနက်ရောင်မီးခိုးများ ထွက်ပေါ်နေသည်ကို တွေ့ရသည်။ အီရန်စွမ်းအင်ဝန်ကြီးဌာနက မီးသတ်တပ်ဖွဲ့များနှင့် အရေးပေါ်အဖွဲ့ များကို ဖြစ်စဉ်နေရာသို့ စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

သောကြာနေ့ (ဇွန် ၁၃) နံနက်အစောပိုင်းမှ စတင်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း အီရန်၏ စစ်ဘက်ဆိုင်ရာ အရေးကြီးနေရာများနှင့် အဓိက နျူကလီးယားသန့်စင်ရေးစက်ရုံတို့ ထိမှန်မီးလောင်ကျွမ်းခဲ့ပြီး စစ်ဘက်ထိပ်တန်းအရာရှိကြီးများနှင့် ဝါရင့်နျူကလီးယား သိပ္ပံပညာရှင်များ သေဆုံး ခဲ့ရသည်။

အီရန်ဘက်ကလည်း တုံ့ပြန်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး အစ္စရေး တွင်လည်း ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ကိုးကာ- RT

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ပညာရေးကဏ္ဍတိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းဆရာ/ဆရာမများအား ခြိမ်းခြောက်စာပေးပို့ခြင်းများ လုပ်ဆောင်

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်မှ မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးတိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများပေးပို့ခြင်း စသည့်အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၂ ရက် ညနေ ၅ နာရီတွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တီးတိန်မြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်း ရှစ်ကျောင်းမှ ပညာရေးဝန်ထမ်းများထံသို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ခြိမ်းခြောက်စာများပေးပို့သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစိစစ်ခဲ့ရာ တီးတိန်မြို့၊ လေးလုမ်းရပ်ကွက်နေသူများဖြစ်ကြသည့် အမှတ်(၆)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်မန်းဇဝုန် (၅၄)နှစ်၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်နိန်ခေါမန်း(၅၃)နှစ်၊ လွယ်ဘွာလ်းရပ်ကွက်နေသူများဖြစ်ကြသည့် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမ ဒေါ်ဇမ်းခန့်နွမ်း(၃၈)နှစ်၊ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်ကျောင်ငိုက်လွန်း(၃၄)နှစ်၊ မြို့မရပ်ကွက်နေသူများဖြစ်ကြသည့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခွဲမှ အလယ်တန်းပြဆရာမ ဒေါ်ကျင်းအင်းညောင် (၅၃)နှစ်၊ ရုံးအကူဝန်ထမ်း ဒေါ်ဝုန်ရှန်းမွဲ(၂၅)နှစ်၊ စကောလမ်းရပ်ကွက်နေသူများဖြစ်ကြသည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်မန်းတူလ်ကျိန် (၅၆)နှစ်နှင့် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်ကျင့်မင့်ထန်(၄၉)နှစ်တို့ ရှစ်ဦးအား အသက် ၂၀ နှစ်ခန့်ရှိ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး ခြိမ်းခြောက်စာများပေးအပ်ခဲ့ကြောင်း အဆိုပါစာတွင် တီးတိန်မြို့နယ်အတွင်း စစ်ကောင်စီ၏ ပညာရေးလုပ်ငန်းဖော်ဆောင်မှုများကို Zomi Federal Union(ZFU) ၏ ပညာရေးဌာနတစ်ခုဖြစ်သော တီးတိန်မြို့နယ်ပညာရေးဘုတ်အဖွဲ့သည် လုံးဝ(လုံးဝ)တားမြစ်ထားပါကြောင်း စစ်ကောင်စီ၏ လက်ပါးစေဝန်ထမ်းများသည် ပြည်သူ့ပညာ ရေးလုပ်ငန်းများတွင် မိမိကိုယ်ကျိုးအတွက်သာရည်စူး၍ တော်လှန်ရေးလုပ်ငန်းများ အနှောက်အယှက်ဖြစ်စေသော လုပ်ဆောင်မှုများကို ထပ်မံတွေ့ရှိပါက ZFU/PDF-Zoland၊ PPF-Zoland၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ လက်တွဲ၍ လိုအပ်သလို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည့် ခြိမ်းခြောက်စာများအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍတိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းဆရာ/ဆရာမများအား ခြိမ်းခြောက်စာပေးပို့ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် နင်းမိုင်း တစ်လုံး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၃ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စလင်းမြို့နယ်၊ ဥယျာဉ်စုကျေးရွာနေ မောင်ဆယ်သိန်း(၂၃)နှစ်သည် နံနက် ၉ နာရီ ၃၅ မိနစ်တွင် ကျေးရွာ၏အရှေ့ဘက် ၇ ဖာလုံခန့်အကွာရှိ ဒေသအခေါ် “အင်း” သို့ နွားစာရိတ်ရန် လမ်းလျှောက်သွားစဉ် အဆိုပါနေရာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ ဇွန် ၁၂ ရက် နံနက် ၁၂ နာရီ ၁၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မဟုန်လွယ်ကျေးရွာအုပ်စု၊ မဟုန်လွယ်ကျေးရွာအနီးတွင် သတင်းအရစောင့်ဆိုင်းနေစဉ် ယောင်ခကျေးရွာဘက်မှ မိုင်းဆတ်မြို့ဘက်သို့ ချိန်ကိုးချိန်(ခ)အားချန် မောင်းနှင်လာသော DONG FENG အမျိုးအစား ခြောက်ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ခေါင်းခန်းနောက် ထိုင်ခုံပေါ်ရှိ စက္ကူဂျပ်ဖာအတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) ၃၆ ဒသမ ၉ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၈၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂၉၅၂ သိန်း) ဖမ်းဆီးရမိသဖြင့် ခ

၂၀၂၅ ခုနှစ်၊ ဇွန် ၁၂ ရက် နံနက် ၁၂ နာရီ ၁၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မဟုန်လွယ်ကျေးရွာအုပ်စု၊ မဟုန်လွယ်ကျေးရွာအနီးတွင် သတင်းအရစောင့်ဆိုင်းနေစဉ် ယောင်ခကျေးရွာဘက်မှ မိုင်းဆတ်မြို့ဘက်သို့ ချိန်ကိုးချိန်(ခ)အားချန် မောင်းနှင်လာသော DONG FENG အမျိုးအစား ခြောက်ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ခေါင်းခန်းနောက် ထိုင်ခုံပေါ်ရှိ စက္ကူဂျပ်ဖာအတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) ၃၆ ဒသမ ၉ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၈၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂၉၅၂ သိန်း) ဖမ်းဆီးရမိသဖြင့် ချိန်ကိုးချိန်(ခ)အားချန်(၄၄)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။

အီရန်သည် အစ္စရေးကို လက်တုံ့ပြန်သည့် စစ်ဆင်ရေးတစ်ခုကိုဇွန်လ ၁၃ ရက်နေ့ ညပိုင်းတွင်စတင်

အီရန်သည် အစ္စရေးအပေါ် ပြုလုပ်သည့် စစ်ဆင်ရေးကို “မှန်ကန်သော ကတိ ၃” (True Promise 3) ဟု အမည်ပေးခဲ့ပါသည်။

အီရန်နိုင်ငံသည် ပဲ့ထိန်းဒုံးကျည် ၃၀၀ ကျော်ကို အစ္စရေးနိုင်ငံ အတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ပြထားပြီး၊ အစ္စရေး စစ်တပ် ကလည်း အီရန်မှဒုံးကျည်အများအပြား ပစ်ခတ်ခဲ့သည်ကို အတည်ပြု ခဲ့ပါသည်။

အစ္စရေး၏ Iron Dome လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် အလုပ်လုပ်နေသော်လည်း ထိရောက်မှု မရှိကြောင်း ယူဆချက်များ ထွက်ပေါ်နေပါသည်။ အီရန်၏ ပဲ့ထိန်းဒုံးကျည် အနည်းဆုံး ၂၀ စင်းသည် အစ္စရေးမြို့တော် တဲလ်အဗစ်ကို ကျရောက်ခဲ့ပါသည်။ အီရန်သည်စစ်ဘက်-နိုင်ငံရေး ခေါင်းဆောင်များရှိသည့် အစ္စရေးကာကွယ်ရေး တပ်ဖွဲ့ (IDF) ၏ အဓိက ကွပ်ကဲရေးဌာနချုပ်ကိုလည်း တိုက်ခိုက်ခဲ့သည် ဟု အီရန်နိုင်ငံပိုင် IRNA သတင်းဌာန က ဖော်ပြခဲ့ပါသည်။  အီရန် ပဲ့ထိန်း ဒုံးကျည်တစ်စင်းသည် တဲလ်အဗစ်မြို့၊ ကီရီယာတွင်ရှိသည့် အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၏ ဌာနချုပ်ကို ထိမှန်ခဲ့ကြောင်း အစ္စရေး ရုပ်သံလိုင်း ၁၃ က ဖော်ပြခဲ့ပါသည်။ အီရန်သည် အစောပိုင်းက အစ္စရေး၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရင်း  F-35 လေယာဉ် ၂ စီးကို ပစ်ချနိုင်ခဲ့ပြီး လေယာဉ်မှူးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါသည်။

ထို့အပြင် အီရန်တပ်မတော်သည် အစ္စရေး၏ F16 ဂျက်လေယာဉ် ၂ စီးနှင့် ဒရုန်းအများအပြားကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပါသည်။

ကိုးကား - RT