သတင်းများ

အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီ၏ နေအိမ်၊ အီရန် သမ္မတ အိမ်တော်နေရာများ တည်ရှိသည့် တီဟီရန်က ရပ်ကွက်တစ်ခုကို အစ္စရေးက တိုက်ခိုက်

အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီ၏ နေအိမ်၊ အီရန် သမ္မတ အိမ်တော် နေရာများ တည်ရှိသည့် တီဟီရန်က ရပ်ကွက်တစ်ခုကို အစ္စရေးက တိုက်ခိုက်ခဲ့ကြောင်း New York Times က ဖော်ပြခဲ့ပါသည်။

အီရန်စစ်ဦးစီးချုပ်၏ အဆောက်အဦကို ထိမှန်ခဲ့ကြောင်း ဖော်ပြခဲ့ခြင်းကို အီရန်က ငြင်းဆိုထားကာ အစ္စရေး၏ ဒုံးကျည်များကို ကြားဖြတ် ချေမှုန်းခဲ့ကြောင်း တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

ကိုးကား- New York Times

Photo: Bloomberg

အီရန်သည် အစ္စရေးကို လက်တုံ့ပြန်သည့် စစ်ဆင်ရေးတစ်ခုကိုဇွန်လ ၁၃ ရက်နေ့ ညပိုင်းတွင်စတင်

အီရန်သည် အစ္စရေးအပေါ် ပြုလုပ်သည့် စစ်ဆင်ရေးကို “မှန်ကန်သော ကတိ ၃” (True Promise 3) ဟု အမည်ပေးခဲ့ပါသည်။

အီရန်နိုင်ငံသည် ပဲ့ထိန်းဒုံးကျည် ၃၀၀ ကျော်ကို အစ္စရေးနိုင်ငံ အတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ပြထားပြီး၊ အစ္စရေး စစ်တပ် ကလည်း အီရန်မှဒုံးကျည်အများအပြား ပစ်ခတ်ခဲ့သည်ကို အတည်ပြု ခဲ့ပါသည်။

အစ္စရေး၏ Iron Dome လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် အလုပ်လုပ်နေသော်လည်း ထိရောက်မှု မရှိကြောင်း ယူဆချက်များ ထွက်ပေါ်နေပါသည်။ အီရန်၏ ပဲ့ထိန်းဒုံးကျည် အနည်းဆုံး ၂၀ စင်းသည် အစ္စရေးမြို့တော် တဲလ်အဗစ်ကို ကျရောက်ခဲ့ပါသည်။ အီရန်သည်စစ်ဘက်-နိုင်ငံရေး ခေါင်းဆောင်များရှိသည့် အစ္စရေးကာကွယ်ရေး တပ်ဖွဲ့ (IDF) ၏ အဓိက ကွပ်ကဲရေးဌာနချုပ်ကိုလည်း တိုက်ခိုက်ခဲ့သည် ဟု အီရန်နိုင်ငံပိုင် IRNA သတင်းဌာန က ဖော်ပြခဲ့ပါသည်။  အီရန် ပဲ့ထိန်း ဒုံးကျည်တစ်စင်းသည် တဲလ်အဗစ်မြို့၊ ကီရီယာတွင်ရှိသည့် အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၏ ဌာနချုပ်ကို ထိမှန်ခဲ့ကြောင်း အစ္စရေး ရုပ်သံလိုင်း ၁၃ က ဖော်ပြခဲ့ပါသည်။ အီရန်သည် အစောပိုင်းက အစ္စရေး၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရင်း  F-35 လေယာဉ် ၂ စီးကို ပစ်ချနိုင်ခဲ့ပြီး လေယာဉ်မှူးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါသည်။

ထို့အပြင် အီရန်တပ်မတော်သည် အစ္စရေး၏ F16 ဂျက်လေယာဉ် ၂ စီးနှင့် ဒရုန်းအများအပြားကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပါသည်။

ကိုးကား - RT

အီရန်က အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်

အီရန်၏ နောက်ထပ်တိုက်ခိုက်မှုများတွင် အရှေ့အလယ်ပိုင်းရှိ အမေရိကန် စစ်စခန်းများကို ပစ်မှတ်ထားလာနိုင်ကြောင်း အကြီးတန်း စစ်အရာရှိ တစ်ဦး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အီရန် Fars သတင်းဌာနက ဇွန်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ 

အစ္စရေးမှ စတင်ခဲ့သည့် စစ်ပွဲမှာ လာမည့်ရက်များအတွင်း သိမ်းပိုက်ထားသော နယ်မြေအားလုံးနှင့် အမေရိကန်စစ်စခန်းများသို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး ရန်စသူများသည် အီရန်၏ ပြင်းထန်ပြီး ကျယ်ပြန့်သော လက်စား ချေမှုကို ခံရမည်ဖြစ်ကြောင်း အရင်းအမြစ်က ပြောကြားခဲ့ပါသည်။ 

“ဤပဋိပက္ခသည် မနေ့ည (ဇွန် ၁၃) က တိုက်ခိုက်မှုများဖြင့် အဆုံးသတ် သွားမည် မဟုတ်ပါ။ အီရန်သည် တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ် သွားမည်။ ဤလုပ်ရပ်များသည် ရန်စကျူးကျော်သူများအတွက် အလွန် နာကျင်စေမည့်အပြင် ၎င်းတို့၏ပြုမူချက်များအတွက် နောင်တရစေမည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ 

အမေရိကန်၏ ကမ္ဘာ့စစ်စခန်းများ

အမေရိကန်သည် ကမ္ဘာတစ်ဝှမ်းတွင် စစ်စခန်း ၁,၀၀၀ ကျော်ကို ထူထောင် ထားပြီး နိုင်ငံ ၈၀ ကျော်တွင် စစ်သား ၁၇၀,၀၀၀ ကျော် တပ်စွဲထား ပါသည်။ အရှေ့အလယ်ပိုင်း၌ ဘာရိန်၊ ဂျော်ဒန်၊ အီရတ်၊ ကာတာ၊ ကူဝိတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အိုမန်၊ ဆော်ဒီအာရေဗီယာ နှင့် ဆီးရီးယားနိုင်ငံများတွင် အခြေစိုက်စခန်းများ ရှိသည်။ 

အီရန်၏ "True Promise 3" စစ်ဆင်ရေး

အစ္စရေး၏ အီရန်နျူကလီးယားအစီအစဉ်ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု လုပ်ရပ်အပေါ် တုံ့ပြန်သည့်အနေဖြင့် အီရန်က မနေ့ည (ဇွန် ၁၃) က အစ္စရေးသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့ပါသည်။ 

အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယ်လီ ခါမေနီက အစ္စရေး ခေါင်းဆောင် များသည် အီရန်အပေါ် “စစ်ပွဲကို စတင်ခဲ့သည်” ဟုဆိုကာ အီရန် အနေဖြင့် အစ္စရေးကို ဒဏ်ရာရစေမည်ဖြစ်ပြီး ၎င်း၏လုပ်ရပ်များအတွက် နောင်တ ရစေရန် “တပ်အားလုံးကို အသုံးပြုမည်” ဟု ပြည်သူလူထုထံ ရုပ်မြင်သံကြားမှ ပြောကြားလိုက်ပါသည်။ 

အစ္စလာမ်မစ် တော်လှန်ရေးတပ်မတော် (IRGC) စစ်ဦးစီးချုပ်၏ အကြံပေး ဗိုလ်ချုပ်ကြီး အဟ်မဒ် ဝါဟီဒီက အီရန်၏ လက်စားချေမှုသည် လိုအပ် သမျှကာလပတ်လုံး ဆက်လက်ဖြစ်ပွားစေမည်ဟု ပြောကြားထားပါသည်။

ကိုးကား- TASS

Photo: i24NEWS

ဘာသာပြန်ဆိုသူ - ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အီရန်က အစ္စရေးကို ပဲ့ထိန်းဒုံးကျည် အမြောက်အမြားဖြင့် တုံ့ပြန် တိုက်ခိုက်

အီရန်နိုင်ငံမှ သောကြာနေ့ (ဇွန် ၁၃) ညနေက အစ္စရေးကို လက်စားချေ တိုက်ခိုက်မှုများ စတင်ခဲ့ပြီး ဒုံးကျည်ပေါင်းရာနှင့်ချီ၍ ပစ်လွှတ် တိုက်ခိုက် ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။ အီရန်၏ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကလည်း အဆိုပါ တိုက်ခိုက်မှုများကို အတည်ပြုခဲ့သည်။

ဒုံးကျည်အမြောက်အမြားဖြင့်တိုက်ခိုက်မှုကို အစ္စရေး၏ ကာကွယ်ရေး တပ်ဖွဲ့ (IDF) က အတည်ပြုခဲ့ပြီး နိုင်ငံသားများအား ဘေးကင်းရာနေရာများသို့ သွားရောက်ခိုလှုံရန်ညွှန်ကြားခဲ့ပြီး နောက်ထပ် အမိန့် တစုံတရာ မရမချင်း ရွှေ့ပြောင်းမှုမပြုရန် တိုက်တွန်းခဲ့သည်။ 

အီရန်က ပထမအကြိမ် တိုက်ခိုက်မှုများအပြီး ဒုတိယအကြိမ် ဒုံးကျည် အမြောက်အမြားဖြင့် ထပ်မံပစ်လွှတ်တိုက်ခိုက်ခဲ့သည်။ “တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါသည်၊ အစ္စရေးနိုင်ငံဆီသို့ ဒုံးကျည်များ ဆက်လက်ပစ်လွှတ်နေပါသည်” ဟု IDF က နောက်ထပ် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး ပြည်သူများအား “ဒုံးကျည်ထိမှန်သည့်နေရာများ သို့မဟုတ် ဗီဒီယိုများကို မျှဝေခြင်း၊ ထုတ်ဖော်ခြင်း မပြုရန်” တိုက်တွန်းကာ “ကြားနေရသည့် ပေါက်ကွဲသံများမှာ ဒုံးကျည်များကို ကြားဖြတ်ပစ်ချခြင်း သို့မဟုတ် ပစ်လွှတ်ထားသော ဒုံးကျည်များ ပြုတ်ကျခြင်းကြောင့် ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အစ္စရေးကို လက်စားချေတိုက်ခိုက်မှုများ စတင်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ယင်း စစ်ဆင်ရေးကို “Operation True Promise III” အမည်ဖြင့် သတ်မှတ် ထားကာ အစ္စရေး၏တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် တီဟီရန်မှ စတင်ခဲ့သည့် တုံ့ပြန်တိုက်ခိုက်မှုများကို ရည်ညွှန်းခဲ့သည်။ 

“အစ္စလာမ်မစ်တော်လှန်ရေးကာကွယ်ရေးတပ် (IRGC) သည် သိမ်းပိုက်ခံထားရသော နယ်မြေများအတွင်းရှိ Zionist အာဏာရှင်စနစ်၏ စစ်ရေးပစ်မှတ်များ၊ စစ်ဌာနချုပ်များနှင့် လေတပ်စခန်းများကို တိကျ သေချာသော တုံ့ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီဖြစ်သည်” ဟု အီရန် နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည့် IRGC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ဗီဒီယိုများအရ အစ္စရေးကောင်းကင်ယံတွင် ဒုံးကျည်များ ဝင်ရောက်လာသည်ကို မြင်တွေ့ရပြီး တဲလ်အဗစ်သည် အီရန်၏တုံ့ပြန်တိုက်ခိုက်မှုအတွက် အဓိကပစ်မှတ်တစ်ခုဖြစ်သည်ကို ဗီဒီယိုများအရ သိရသည်။ အချို့ဗီဒီယိုများတွင် တဲလ်အဗစ်အတွင်းရှိ အစ္စရေး၏ လေကြောင်းကာကွယ်ရေးစနစ်များမှ ဝင်ရောက်လာသည့် ဒုံးကျည်များကို ကြားဖြတ်ပစ်ချနေသည်ကို မြင်တွေ့ရပြီး အချို့ အီရန် ဒုံးကျည်များသည် ကာကွယ်ရေးစနစ်ကို ဖြတ်ကျော်ကာ အစ္စရေး၏ လေကြောင်းကာကွယ်ရေးနေရာများအနီးတွင် ထိမှန်ပေါက်ကွဲနေသည် ဟု မြင်တွေ့ရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အီရန်သည် အစ္စရေး၏စစ်ဘက်ဆိုင်ရာပစ်မှတ်များနှင့် လေတပ် အခြေစိုက်စခန်းများကို လက်တုံ့ပြန် တိုက်ခိုက်

အီရန်သည် အစ္စရေးနယ်မြေအတွင်းရှိ ပစ်မှတ်များ၊ စစ်ဘက်ဆိုင်ရာအဆောက်အအုံများနှင့် လေတပ်အခြေစိုက်စခန်းများစွာကို ပြန်လည် လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး “True Promise 3” စစ်ဆင်ရေးကိုလုပ်ဆောင်ခဲ့ကြောင်း အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (အိုင်အာဂျီစီ၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ ထိပ်တန်းအဖွဲ့များ) ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားပါသည်။

တူရကီမီဒီယာများ၏အဆိုအရ၊ အီရန်သည် အစ္စရေး၏ Tel Aviv ဘဏ္ဍာရေးရုံး၊ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဌာနချုပ်၊ စီးပွားရေးဝန်ကြီးဌာန၊ တဲလ်နော့ဖ် (Tel Nof) လေတပ်စခန်း၊ ဟိုင်ဖာဒေသရှိ လေကြောင်းရန်ကာကွယ်ရေးနေရာများ၊ Gaza ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့တူးဖော်ရေးစင် တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါသည်။

အီရန်သည် အစ္စရေးကို တိုက်ခိုက်ခဲ့စဥ်အတွင်း အစ္စရေး၏ တိုက်လေယာဥ်များထားရှိရာ လေတပ်အခြေစိုက်စခန်းများအပါအဝင် ပစ်မှတ် ၁၅၀ ကျော် ကို တိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် အကြီးအကဲက ပြောကြားခဲ့ပါသည်။

ကိုးကား - Tass

အီရန်နိုင်ငံအား တိုက်ခိုက်မှုအပေါ် တုံ့ပြန်ဆောင်ရွက်သွားရန် ဂျပန် ကုန်တင်သင်္ဘောကုမ္ပဏီများက စဉ်းစားလျက်ရှိ

ဇွန်လ ၁၃ ရက်နေ့တွင် အစ္စရေးက အီရန်အား တိုက်ခိုက်ခဲ့မှုအပေါ် ဖြစ်နိုင်ခြေရှိသည့်တုံ့ပြန်မှုများ လုပ်ဆောင်ရန် ဂျပန်ကုန်တင်သင်္ဘောကုမ္ပဏီများက စီစဉ်လျက်ရှိပြီး ဂျပန်နိုင်ငံ၏ လောင်စာဆီ တင်သွင်းမှု ၉၀ ရာခိုင်နှုန်း ကျော်သည် အရှေ့အလယ်ပိုင်းဒေသကို အဓိကမှီတည်နေရသည့်အတွက် အဆိုပါဒေသတွင် စစ်ရေးဆိုင်ရာ ပဋိပက္ခများ မြင့်တက်လာမှုအပေါ် ထိန်းသိမ်းဆောင်ရွက်ရန် ဂျပန်ကုမ္ပဏီများက လိုလားလျက်ရှိသည်။

တိုကျိုအခြေစိုက် NYK Line ကုမ္ပဏီ၏ လောင်စာဆီတင်သင်္ဘောအစီး (၂၀)နှင့် Automobile Carrier များသည် အရှေ့အလယ်ပိုင်းဒေသတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ အဆိုပါသင်္ဘောများသည် တစ်လအတွင်း အကြိမ်ရေဒါဇင်ပေါင်းများစွာ ပါရှန်ပင်လယ်ကွေ့ကို ဖြတ်သန်း၍ သွားလာလျက်ရှိသည်။

NYK Line ကုမ္ပဏီအနေဖြင့် ပင်လယ်ကွေ့အတွင်း ဘေးကင်းလုံခြုံမှုရှိရေးအတွက် သတင်းအချက်အလက်များရယူဆောင်ရွက်လျက်ရှိပြီး အခြေအနေပေါ်မူတည်၍ လုပ်ငန်းများဆိုင်းငံ့ခြင်း သို့မဟုတ် လမ်းကြောင်း ပြောင်းလဲဆောင်ရွက်ခြင်းတို့လုပ်ဆောင်ရေးအတွက် စဉ်းစားရန်လိုအပ်လျက်ရှိသည်။

K Line ဟု လူသိများသည့် Mitsui O.S.K. Lines and Kawasaki Kisen Kaisha ကုမ္ပဏီတို့သည်လည်း ပင်လယ်ကွေ့ဝန်းကျင်ကို ဖြတ်သန်းသွားလာသည့် သင်္ဘောများကို သတိပေးချက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး သင်္ဘောသား ဝန်ထမ်းများနှင့် ကုန်စည်များ၏ ဘေးကင်းလုံခြုံရေးအတွက် စဉ်းစားလုပ်ဆောင်သွားမည် ဖြစ်သည်။

ဂျပန်နိုင်ငံ၏ အဓိကကုန်တင်သင်္ဘောကုမ္ပဏီကြီးများသည် ၂၀၂၄ ခုနှစ်အတွင်း ပါရှန်ပင်လယ်ကွေ့ကို အကြိမ်ပေါင်း ၃၅၀၀ ခန့် ဖြတ်သန်းသွားလာခဲ့ကြောင်း ဂျပန်နိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြား ခဲ့ပါသည်။

အဆိုပါဖြတ်သန်းသွားလာသည့် ခရီးစဉ်အားလုံးတွင် လောင်စာဆီတင်သင်္ဘောဖြတ်သန်းမှု ၈၉၀ ကြိမ်၊ Automobile Carrier ဖြတ်သန်းမှု ၇၃၈ ကြိမ်နှင့် LNG သဘာဝဓာတ်ငွေ့တင်သင်္ဘောဖြတ်သန်းမှု ၄၂၁ ကြိမ်ဖြစ်ပြီး ခရီးစဉ်အားလုံး၏ ၄၀ ရာခိုင်နှုန်းကျော်သည် လောင်စာဆီတင်ပို့သည့် ကုန်တင်သင်္ဘောများ သွားလာမှုဖြစ်သည်။

ဂျပန်နိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်တင်သင်္ဘောကုမ္ပဏီများအား နောက်ဆုံးရမြေပြင် သတင်း အချက်အလက်များကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်ရန်လည်း တိုက်တွန်းသွားမည်ဖြစ်ကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK

အလွတ်သဘောဘာသာပြန်သူ - ဦးထက်ထက်အောင်၊ နစက(၄)

ထရမ့်က အီရန်ကို အကြိမ်ကြိမ် အခွင့်အရေးပေးခဲ့ဟု ဆို

အမေရိကန်သည် အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ သဘောတူညီမှုရရှိရန် အခွင့်အလမ်းများစွာ ထပ်ခါထပ်ခါပေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး အစ္စရေးလေတပ်၏ အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများသည် အီရန်၏ခေါင်းမာမှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်က တီဟီရန်အား များစွာနောက်မကျမီ ဝါရှင်တန်၏ တောင်းဆိုချက်များကို လိုက်နာရန် တိုက်တွန်းခဲ့သည်။

အစ္စရေးစစ်တပ်သည် သောကြာနေ့ (ဇွန် ၁၃) အစောပိုင်းတွင် အီရန် နိုင်ငံတစ်ဝှမ်းရှိ စစ်ဘက်နှင့်နျူကလီးယားဆိုင်ရာ ပစ်မှတ်များစွာကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အီရန်အာဏာပိုင်များက တိုက်ခိုက်မှုများကြောင့် အီရန် အစ္စလာမ္မစ်တော်လှန်ရေး ကာကွယ်ရေးတပ် (IRGC) ၏ တပ်မှူး ဗိုလ်ချုပ် Hossein Salami နှင့် အီရန် စစ် ဦးစီးချုပ် ဗိုလ်ချုပ် Mohammad Bagheri တို့ သေဆုံးခဲ့ကြောင်းအတည်ပြုခဲ့သည်။ မီဒီယာအချို့က အခြားအဆင့်မြင့် အီရန် စစ်ဘက် အရာရှိကြီးများနှင့် နျူကလီးယားသိပ္ပံပညာရှင်များလည်း သေဆုံးခဲ့သည် ဟု ဖော်ပြခဲ့သည်။

ထရမ့်က သောကြာနေ့ (ဇွန် ၁၃) နောက်ပိုင်းတွင် ၎င်း၏ Truth Social လူမှုမီဒီယာပေါ်တွင် ရေးသားချက်တစ်ခု၌ အီရန်၏နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ “သဘောတူညီမှုရရှိရန် အခွင့်အလမ်းများစွာ ထပ်ခါထပ်ခါပေးခဲ့ကြောင်း” ရေးသားခဲ့ပြီး အီရန်ခေါင်းဆောင်များအား “အပြင်းထန်ဆုံးစကားလုံးများဖြင့် ပြီးဆုံးအောင်လုပ်ပါဟု ပြောခဲ့ကြောင်း” ဖော်ပြခဲ့သည်။ အမေရိကန်သမ္မတက တီဟီရန်အား ဝါရှင်တန် တောင်းဆိုချက်များကို မလိုက်နာပါက အစ္စရေး၏ ကြီးမားသော တိုက်ခိုက်မှုကိုခံရမည်ဟု သတိပေးခဲ့ကြောင်း ဖော်ပြခဲ့ပြီး အစ္စရေး စစ်တပ်သည် အမေရိကန်ထုတ် လက်နက်များစွာ ပိုင်ဆိုင်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထရမ့်၏ပြောကြားချက်အရ အစ္စရေးသည် အီရန်ကို ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ရန် အဆင်သင့်ဖြစ်နေသော်လည်း အရှိန်မြှင့်တင်မှုကို ပြန်လည်ရုပ်သိမ်းနိုင်သည့် အလားအလာ ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

“အီရန်သည် အဆုံးစွန်တိုက်ခိုက်ခံရခြင်းမပြုမီ အလျင်အမြန် သဘောတူညီမှုရယူပြီး ယခင်က အီရန်အင်ပါယာအဖြစ် ရပ်တည်ခဲ့ရမှုကို ကယ်တင်ရမည်” ဟု အမေရိကန်သမ္မတက အလေးအနက်ထား ပြောကြား ခဲ့သည်။

ဧပြီလမှစတင်၍ အမေရိကန်နှင့် အီရန်တို့သည် အိုမန်နိုင်ငံတွင် တီဟီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်သည့် အကြိမ်ကြိမ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ထင်ရှားသောတိုးတက်မှုမရှိခဲ့ပေ။

နောက်တစ်ကြိမ်ဆွေးနွေးပွဲကို တနင်္ဂနွေနေ့ (ဇွန် ၁၅) တွင်ကျင်းပရန် စီစဉ်ထားသော်လည်း အစ္စရေး၏တိုက်ခိုက်မှုအပြီးတွင် အစ္စလာမ္မစ် သမ္မတ နိုင်ငံက ဆွေးနွေးပွဲမှ ရုတ်သိမ်းသွားကြောင်း သတင်းများအရသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိကာ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိကာ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချင်းမြစ်ကျင်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ကျေးရွာအနောက်တောင်ဘက် မီတာ ၃၀၀ ခန့်အကွာမှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ နံနက် ၆ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း အဆိုပါကျေးရွာနေ မစန္ဒာဌေး(၂၀)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမောင်တင့်၊ ဦးအောင်သိန်း၊ ဦးကျော်ဝေနှင့် ဦးကျော်စွာတို့ လေးဦးတွင် လက်နက်ကြီးဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူ ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် လေးဦးအား ဆေးကုသပေးနိုင်ရေး ကန့်ဘလူခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းနှင့် ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
 
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ တိုက်ပွဲများဖော်ဆောင်၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းနှင့် ပဋိပက္ခကာလအတွင်း လေကြောင်းပစ်မှတ် ၈၀,၀၀၀ ကျော် ပစ်ချခဲ့ကြောင်း ပြောကြား

ရုရှားတပ်များသည် ယူကရိန်းနှင့် ပဋိပက္ခအတွင်း လေကြောင်းပစ်မှတ်ပေါင်း ၈၀,၀၀၀ ကျော်ကို ပစ်ချခဲ့ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ဖွင့်ဟခဲ့ပြီး မည်သည့်လေကြောင်းတိုက်ခိုက်မှုကိုမဆို ကာကွယ်နိုင်သည့် နိုင်ငံတကာစံနှုန်းမီ လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခု ဖန်တီးရန် ရုရှားက ကြိုးပမ်းနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ပူတင်သည် ကြာသပတေးနေ့ (ဇွန် ၁၂) တွင် ရုရှား၏ ၂၀၂၇ မှ ၂၀၃၆ ခုနှစ်အတွက် လက်နက်တပ်ဆင်ရန်အစီအစဉ်များကို ဆွေးနွေးရန် အရာရှိကြီးများနှင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် တွေ့ဆုံစဉ် အထက်ပါအချက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းနှင့် ပဋိပက္ခတွင် လေကြောင်းလက်နက်စနစ်များ အလျင်အမြန် တိုးတက်လာခြင်း၊ ၎င်း၏ အခန်းကဏ္ဍ ဆင့်ကဲပြောင်းလဲလာခြင်းနှင့် အသုံးပြုသည့် နည်းဗျူဟာများ ထူးခြားစွာ ပါဝင်နေကြောင်း ပူတင် က ထောက်ပြခဲ့သည်။

“နိုင်ငံတော်၏ လက်နက်တပ်ဆင်ရေး အစီအစဉ်အသစ်သည် မည်သည့် အခြေအနေတွင်မဆို လုပ်ဆောင်နိုင်ပြီး မည်သည့်လေကြောင်း တိုက်ခိုက်မှုကိုမဆို ထိရောက်စွာ ကာကွယ်နိုင်သည့် နိုင်ငံတကာစံနှုန်းမီ လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ရပ် ဖန်တီးရန် သေချာစေရမည်” ဟု သမ္မတက ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ၈၀,၀၀၀ ကျော်ဟူသော ကိန်းဂဏန်းတွင် မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်များ၊ ခရုဇ်ဒုံးကျည်များနှင့် ဒုံးပစ် လောင်ချာများမှ ပစ်လွှတ်သည့် ဒုံးကျည်များအပါအဝင် အဆင့်မြင့် လက်နက်ကြီး ၇,၅၀၀ ခန့် ပါဝင်ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ဖျက်ဆီးခံခဲ့ရသည့် လက်နက်အများစုမှာ အနောက်နိုင်ငံများက ကိယက်ဗ် သို့ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သို့သော် ပဋိပက္ခတွင် ရုရှားတပ်များ ပစ်ချခဲ့သည့် လေကြောင်း ပစ်မှတ်အများစုမှာ ဒရုန်းများဖြစ်သည်။ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန၏ နောက်ဆုံးကိန်းဂဏန်းများအရ ယူကရိန်း၏ မတူညီသော ဒရုန်း အမျိုးအစားပေါင်း ၆၃,၀၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

“မတူညီသော ဒရုန်းအမျိုးအစားများကို ကာကွယ်တိုက်ခိုက်ရန် နည်းလမ်းအသစ်များနှင့် စံသတ်မှတ်ချက်များမှ ခွဲထွက်သည့် အဖြေများ လိုအပ်ပြီး အဆိုပါနယ်ပယ်သည် အထူးအရေးပါဆဲဖြစ်သည်” ဟု ပူတင်က ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၂ ရက် မွန်းလွဲ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာနေ ဦးမောင်တင်(၆၄)နှစ်သည် ကျေးရွာအနောက်ဘက် သုံးမိုင်ခန့်အကွာရှိ တောင်ယာတဲ၌ရှိနေစဉ် ၎င်းနေရာအနီးသို့ အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဦးမောင်တင်တွင် လက်နက်ကြီးဗုံးသီး ပေါက်ကွဲစထိမှန် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။