ထိုင်းနိုင်ငံနှင့်နယ်နိမိတ် ပြဿနာဖြေရှင်းရေး ကမ္ဘောဒီးယား အစိုးရက အပြည်ပြည်ဆိုင်ရာ တရားရုံး၏ အကူအညီကို တောင်းခံ
ဖနွမ်းပင်၊ ပဋိပက္ခ
ထိုင်းနိုင်ငံနှင့်ဖြစ်ပွားလျက်ရှိသော နယ်စပ်ရေးရာပြဿနာနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရေးအတွက် ကမ္ဘောဒီးယားအစိုးရက အပြည်ပြည်ဆိုင်ရာ တရားရုံး၏အကူအညီကို တောင်းခံထားကြောင်း သိရသည်။
မေလ ၂၈ ရက်တွင် မြတြိဂံဒေသ၌ဖြစ်ပွားသော ထိုင်းတပ်မတော်နှင့် ကမ္ဘောဒီး ယားတပ်မတော်တို့ကြား အပြန်အလှန် ပစ်ခတ်မှုအတွင်း ကမ္ဘောဒီးယားစစ်သည် တစ်ဦးသေဆုံးပြီးနောက် နှစ်နိုင်ငံကြား စေ့စပ်ဆွေးနွေးရေး နည်းလမ်းများဖြင့် ပြဿနာကို ဖြေရှင်းရန်ကြိုးပမ်းနေသော်လည်း တင်းမာမှုများ မြင့်တက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် အဆိုပါပြဿနာ ကိုဖြေရှင်းပေးနိုင်ရေး အတွက် အပြည် ပြည်ဆိုင်ရာတရားရုံးက ကူညီပေးရန် တရားဝင် စာဖြင့် တောင်းဆိုထားသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနတ်က ဇွန်လ ၁၅ ရက်တွင် ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံသည် နယ်စပ်ရေး ရာပြဿနာနှင့် ပတ်သက်၍ တရားမှု၊ မျှတမှုနှင့် ရှင်းလင်းမှုတို့ လိုအပ်သည့်အပြင် အနာဂတ်မျိုးဆက်သစ်များ အနေဖြင့် ထို ကဲ့သို့သော ပြဿနာမျိုးကို ဆက်လက်ကြုံ တွေ့ရစေခြင်း မရှိစေရန် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ငြိမ်းချမ်းရေးတို့ကို ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း ဟွန်မာနတ်က လူမှုကွန်ရက်တွင် ပြောထားသည်ဟုသိရသည်။
MWD Web Portal