တရုတ်နှင့်ပါကစ္စတန်နိုင်ငံတို့သည် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများကို ပိုမိုနက်ရှိုင်းလာစေရေးလုပ်ဆောင်ရန် သဘောတူညီခဲ့ ကြကြောင်း ပါကစ္စတန်အစိုးရကပြောကြားခဲ့ပါသည်။ အမေရိကန်က ကြားဝင်စေ့စပ်ပေးမှုနှင့်အတူ အိန္ဒိယနှင့်ပါကစ္စတန်ကြား အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာ၌ ယခုကဲ့သို့ သဘောတူညီချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

လွန်ခဲ့သည့်ဧပြီလ (၂၂) ရက်နေ့က ကက်ရှ်မီးယားပြည်နယ်တွင် လူ (၂၆) ဦး ကိုသေဆုံးစေခဲ့သည့် အကြမ်းဖက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယ နှင့်ပါကစ္စတန်ကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းလည်းဖြစ်ပါသည်။အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုကို ပါကစ္စတန်က ပံ့ပိုးပေးမှုများ လုပ်ဆောင် ခဲ့သည်ဟု အိန္ဒိယဘက်ကစွပ်စွဲပြောဆိုခဲ့သော်လည်း ပါကစ္စတန် အစိုးရ ဘက်က အိန္ဒိယ၏ပြောဆိုချက်များကို ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်း သိရပါသည်။
ထို့အပြင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Ishaq Dar သည် တရုတ် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်းလည်းသိရပါသည်။ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ကွဲပြားခြားနားမှု များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ကျယ်ပြန့်ပြီး ရေရှည်တည်တံ့သော အပစ် အခတ်ရပ်စဲရေးရရှိရန်အတွက် ပါကစ္စတန်နှင့် အိန္ဒိယတို့၏ ကြိုးပမ်း အားထုတ်မှုများကို တရုတ်နိုင်ငံကထောက်ခံကြောင်းလည်း ဝမ်ယိက ပြောကြားခဲ့ပါသည်။
ကိုးကား- NP News

ဆားဘီးယားနိုင်ငံသည် ယူရိုငွေကြေးတစ်ခုတည်း သုံးစွဲသည့်ဒေသဇုံ (Single Euro Payments Area –SEPA) ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာကြောင်း ဆားဘီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်-၁ နှင့် ဘဏ္ဍာရေးဝန်ကြီး Sinisa Mali က ပြောကြားလိုက်ပါသည်။
“SEPA စံနှုန်းများကို ဆားဘီးယားတွင် လက်တွေ့အသုံးပြုနိုင်ရန် ၂၀၂၆ ခုနှစ်၊ မေလတွင် စတင်မည်ဟု မျှော်လင့်ရပါသည်” ဟု Mali က ၎င်း၏ Instagram စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။

ယခုခြေလှမ်းမှာ အနောက်ဘော်လ်ကန်ဒေသအတွက် ဥရောပသမဂ္ဂ၏ စီးပွားရေး တိုးတက်မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဥရောပသမဂ္ဂနှင့် စီးပွားရေးနီးကပ်မှု မြန်ဆန်စေရန်နှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရန် ရည်ရွယ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့ပါသည်။
ကိုးကား- Tass
Photo: enlargement.ec.europa.eu
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဧပြီလအတွင်း ဗီယက်နမ်၏ ကော်ဖီတင်ပို့မှုသည် ယခင်နှစ်များထက် ၅၁% တိုးတက်ကာ အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံ အထိ ရှိခဲ့ကြောင်း Vietnam News Agency မှ ဖော်ပြထားပါသည်။
ဗီယက်နမ်၏ ပြည်ပသို့တင်ပို့သည့် စိုက်ပျိုးထုတ်ကုန်များအနက် ကော်ဖီ သည် ထိပ်ဆုံးမှ အတိုးတက်ဆုံး ဖြစ်နေကြောင်း ယင်းသတင်းဌာနက ဆိုထားပါသည်။ ယခုနှစ်အတွင်း ဗီယက်နမ်သည် ကော်ဖီတန်ချိန် ၁.၇ သန်းမှ ၁.၈ သန်းအထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းရပြီး ပို့ကုန်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် ရရှိနိုင်မည်ဟု သိရပါသည်။

ဗီယက်နမ်၏ အဓိကတင်ပို့ကုန်များတွင် စပါး၊ ပင်လယ်စာ၊ ကော်ဖီ၊ သဘာဝရာဘာ၊ လက်ဖက်ရည်၊ သီဟိုဠ်စေ့နှင့် ငရုတ်ကောင်းကဲ့သို့သော စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များ ပါဝင်သည်။ ဗီယက်နမ်သည် နှစ်ပေါင်း များစွာကတည်းက သီဟိုဠ်စေ့နှင့် ၎င်း၏ထုတ်ကုန်များတွင် ထိပ်တန်း ထုတ်လုပ်သူဖြစ်ပါသည်။ ငရုတ်ကောင်း တင်ပို့မှုတွင်လည်း ကမ္ဘာ့ ဦးဆောင် နိုင်ငံတစ်ခုဖြစ်ပါသည်။ ကော်ဖီတင်ပို့မှုတွင် ဘရာဇီး ပြီးလျှင် ဒုတိယ နေရာတွင်ရှိပြီး Robusta ကော်ဖီစေ့၏ အဓိကထုတ်လုပ်သူလည်း ဖြစ်ပါသည်။
ကိုးကား- Tass
Photo: Vietnam Law and Legal Forum

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အကြား ဒစ်ဂျစ်တယ် စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး (Green economy) နှင့် အခြားခေတ်မီ စီးပွားရေးနယ်ပယ်များ၏ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်ကို အဆင့်မြှင့်တင်ရန် ညှိနှိုင်းမှုများ ပြီးဆုံးကြောင်း တရုတ် စီးပွားရေးဝန်ကြီးဌာနက မေ ၂၁ ရက်နေ့တွင် ကြေညာခဲ့သည်။

ASEAN အဖွဲ့တွင် အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံပါဝင်ပြီး တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံများအဖွဲ့ဖြစ်ကာ ၂၀၂၅ ခုနှစ် ပထမ ၃ လအတွင်း နှစ်ဖက်ကုန်သွယ်ရေး တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃၄ ဘီလီယံအထိ ရှိခဲ့ကြောင်း တရုတ်အကောက်ခွန် အချက်အလက်များအရ သိရသည်။
လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (၃.၀) ဗားရှင်းသည် ဒေသတွင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးတွင် ပိုမိုတည်ငြိမ်သော အာမခံချက်ကို ဖြည့်ဆည်းပေးပြီး နိုင်ငံများအနေဖြင့် ပွင့်လင်းမြင်သာမှု၊ စုပေါင်းပါဝင်မှုနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု (win-win) များကို လွှမ်းခြုံဆောင်ရွက်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုသဘောတူညီချက်အတွက် ညှိနှိုင်းမှုများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ခဲ့ပြီး ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေးနှင့် Supply Chain ချိတ်ဆက်မှု အပါအဝင် နယ်ပယ်များစွာကို လွှမ်းခြုံထားကြောင်း သိရသည်။
ထို့အပြင် အဆိုပါသဘောတူညီချက်၌ “နှစ်ဖက်စလုံး၏ ထုတ်လုပ်မှုနှင့် Supply Chain ကို အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်” ဟု ဖြည့်စွက် ဖော်ပြထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအပေါ် မြင့်မားသော သွင်းကုန်အခွန်များ သတ်မှတ်ရာတွင် အထူးသဖြင့် တရုတ် နိုင်ငံအပေါ် ပိုမိုမြင့်မားသော အခွန်များ ချမှတ်ခဲ့သည့်နောက်ပိုင်း တရုတ် နိုင်ငံသည် ASEAN နှင့် ဆက်ဆံရေးကို ပိုမိုအလေးထား ဆောင်ရွက်လာသည်။ ယခုအခါ အဆိုပါအခွန်အချို့ကို ရွှေ့ဆိုင်းထားပြီး တရုတ်နှင့် အမေရိကန်တို့သည် လက်ရှိကာလအတွင်း အခွန်အချို့ကို ယာယီရပ်ဆိုင်းရန် သဘောတူညီခဲ့ကြသည်။
ဧပြီလတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အိမ်နီးချင်းနိုင်ငံအချို့နှင့် ဆက်ဆံရေး ခိုင်မြဲစေရန် အရှေ့တောင်အာရှ ၃ နိုင်ငံသို့ သွားရောက်ခဲ့ပြီး အာရှနိုင်ငံများအကြား ပထဝီနိုင်ငံရေး တင်းမာမှုများ၊ တစ်ဖက်သတ်ဝါဒ (တစ်နိုင်ငံတည်း ဆုံးဖြတ်ဆောင်ရွက်မှု) နှင့် ကာကွယ်ရေးဝါဒ (နိုင်ငံ့ စီးပွားရေး ကို နိုင်ငံတကာယှဉ်ပြိုင်မှုမှကာကွယ်ရန် ကုန်သွယ်ရေးအတားအဆီး၊ ကန့်သတ်ချက်များ ချမှတ်ခြင်း) စသည့် စည်းလုံးညီညွတ်မှု ပျက်ပြား စေခြင်းတို့ကို ဆောင်ရွက်ခြင်းမပြုရန် ပြောကြား ခဲ့သည်။
အဆင့်မြှင့်တင်ထားသည့် ASEAN-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် ဗားရှင်း (၃.၀) ၏ တရားဝင် လက်မှတ်ရေးထိုးသည့် အခမ်း အနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန် မတိုင်မီ ကျင်းပရန် မျှော်မှန်းထားကြောင်း သိရသည်။
(ASEAN-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်သည် ကမ္ဘာ့လူဦးရေ ၃၀% နှင့် GDP ၁၈% ကို ကိုယ်စားပြုသည့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယခု အဆင့်မြင့် သဘောတူညီချက်သည် ဒစ်ဂျစ်တယ် စီးပွားရေး၊ အစိမ်းရောင် စီးပွားရေးနှင့် ထောက်ပံ့ရေးကွင်းဆက်ကွန်ရက်များ ပေါင်းစည်းမှုကဏ္ဍများကို ပိုမို လွှမ်းခြုံထားပြီး အာရှဒေသ၏ စီးပွားရေးတည်ငြိမ်မှုအတွက် အရေးပါသော အဆင့်တစ်ခုဖြစ်လာမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။)
ကိုးကား - Channel News Asia
Photo: thesun.my
ဘာသာပြန်ဆိုသူ- ဒေါ်ငြိမ်းဆုသာ၊ ဦးစီးအရာရှိ၊ နစက

သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက် များချုပ်ဆိုရန် ကြိုးစားနေသည့် နိုင်ငံ ၁၅၀ အား အချိန်ကာလ အကန့်အသတ်ရှိကြောင်း သတိပေးခဲ့သည်။ လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း သဘောတူညီချက် မရရှိပါက ၎င်းနိုင်ငံများသည် အမေရိကန်သို့ ကုန်စည်တင်ပို့ရာတွင် ပိုမိုမြင့်မားသော အကောက်ခွန်များ ကျင့်သုံးခံ ရမည်ဖြစ်သည်။

“မိမိတို့အနေဖြင့် သဘောတူညီချက်ချုပ်ဆိုရန် နိုင်ငံ ၁၅၀ လောက် စောင့်နေသော်လည်း အားလုံးကို တစ်ပြိုင်နက် လက်မှတ်မထိုးနိုင်ပါ” ဟု ထရမ့်က အဘူဒါဘီမြို့တွင် ပြုလုပ်သည့် စီးပွားရေး ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ “ထို့ကြောင့် လာမည့် ၂-၃ ပတ်အတွင်းမှာ မိမိ တို့၏ ကိုယ်စားလှယ်များက နိုင်ငံများဆီကို စာပို့၍ ၎င်းတို့၏ အကောက် ခွန်နှုန်းသစ်များကို အသိပေးမည်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
ဧပြီလအစောပိုင်းတွင် ထရမ့်က နိုင်ငံများအား ညှိနှိုင်းရန် ရက် ၉၀ အချိန်ပေးခဲ့သော်လည်း ယခုအခါ ထိုအချိန်ကာလ ကုန်ဆုံးတော့မည်ဖြစ်သည်။ အချို့သော နိုင်ငံများအတွက် အကောက်ခွန်နှုန်းများသည် ၅၀% အထိ မြင့်တက်သွားနိုင်သည်။
အမေရိကန်သည် ယခုအခါ ဗြိတိန်၊ တရုတ်နှင့် အခြားနိုင်ငံများနှင့် ကုန်သွယ်ရေးသဘောတူညီချက်များ ချုပ်ဆိုရန် ဆွေးနွေးနေပြီး အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့နှင့်လည်း နီးစပ်နေကြောင်း သိရသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Ishaq Dar နှင့် အာဖဂန်နစ္စတန်နိုင်ငံ၊ တာလီဘန် ကြားဖြတ်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi တို့နှင့် မေလ ၂၁ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါကစ္စတန်တွင် တည်ဆောက်ဆဲဖြစ်သော တရုတ်အခြေခံအဆောက်အအုံ စီမံကိန်းကို အာဖဂန်နစ္စတန်အထိ တိုးချဲ့ရန် သဘောတူခဲ့ကြသည်။

အဆိုပါနိုင်ငံ (၃) နိုင်ငံအနေဖြင့် တရုတ်၏ "Belt and Road Initiative" ၏တစ်စိတ်တစ်ပိုင်းဖြစ်သော တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ China-Pakistan Economic Corridor (CPEC) ကို အာဖဂန်နစ္စတန်နိုင်ငံအထိ တိုးချဲ့ရန် သဘောတူညီခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အကြမ်းဖက်တိုက်ဖျက်ရေးအစီအမံများနှင့် အခြားပြဿနာများကြောင့် ပါကစ္စတန်- အာဖဂန်နစ္စတန် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေဆဲဖြစ်သော်လည်း နှစ်နိုင်ငံရှိ သံတမန်များအား အမြန်ဆုံး လဲလှယ်ရန် သဘောတူညီခဲ့ကြသည်။
အနာဂတ်တွင် တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့နှင့် နိုင်ငံရေးသာမက စီးပွားရေးတွင်ပါ မိတ်ဖက် ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း တည်ဆောက်လိုကြောင်း တာလီဘန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ်တွင် တာလီဘန်များ အာဏာပြန်လည်ရရှိခဲ့ပြီးနောက် မည်သည့် နိုင်ငံကမျှ တာလီဘန်အစိုးရကို အာဖဂန်နစ္စတန်၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုသေးသော်လည်း တရုတ်နိုင်ငံသည် ၎င်းတို့နှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ကြိုးပမ်းနေပြီး ၂၀၂၃ ခုနှစ်တွင် သံအမတ်ကြီးတစ်ဦးကို အာဖဂန်နစ္စတန်သို့ စေလွှတ်ခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်ကို ၎င်း၏ Belt and Road Initiative ပရောဂျက်တွင် ပါဝင်စေရန်နှင့် ဒေသတွင်း၌ ၎င်း၏ဩဇာ လွှမ်းမိုးမှု ပိုမိုခိုင်မာစေရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ယူဆ ရသည်။
ကိုးကား-NHK World
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃

ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာဒါဆီလဗာ၏ ပေကျင်းခရီးစဉ်အတွင်း တရုတ်ကုမ္ပဏီများက ဘရာဇီးရီယယ် ၂၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့ပါသည်။
တရုတ်နိုင်ငံမှ Envision Energy ကုမ္ပဏီက ဘရာဇီးတွင် လေယာဉ်လောင်စာဆီထုတ်လုပ်ရန် ဘရာဇီးရီယယ် ၅ ဘီလီယံ (ဒေါ်လာ ၈၇၃ သန်း) ရင်းနှီးမြှုပ်နှံရန် မေလ ၁၂ ရက်တွင် ကြေညာခဲ့ပါသည်။ ထို့ပြင် CGN စွမ်းအင်ကုမ္ပဏီက Piauí ပြည်နယ်တွင် ဘရာဇီးရီယယ် ၃ ဘီလီယံ (ဒေါ်လာ ၅၃၅ သန်း) တန်ဖိုးရှိ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမည်ဟု ဆိုထားပါသည်။

သမ္မတလူလာနှင့် တွေ့ဆုံခဲ့သော တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီ GAC ၏ CEO Wei Haigang က ဘရာဇီး၏ Goiás ပြည်နယ်တွင် လျှပ်စစ် နှင့် ဟိုက်ဘရစ်ကားများ ထုတ်လုပ်ရန်နှင့် အရှေ့မြောက်ဒေသတွင် သုတေသနနှင့်ဖွံ့ဖြိုးရေးစင်တာ တည်ဆောက်ရန် ဒေါ်လာ ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု အတည်ပြုခဲ့ပါသည်။ အခြားတရုတ်ကားကုမ္ပဏီ GWM ကလည်း ဘရာဇီးရီယယ် ၆ ဘီလီယံခန့်ကို ဘရာဇီးရှိ လုပ်ငန်း များတွင် ချဲ့ထွင်သွားမည်ဟု ကြေညာခဲ့သည်။
ထို့အပြင် သမ္မတလူလာ ခရီးစဉ်အတွင်း ကျန်းမာရေး၊ အစားအစာ၊ စွမ်းအင်ကဏ္ဍများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း (semiconductor) ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် သဘောတူညီချက်များ ချုပ်ဆိုခဲ့ပါသည်။
ကိုးကား - FOILA.UOI
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဒေသအတွင်းရှိ ငါးမွေးမြူရေးကန်များတွင် ငါးများသေဆုံးမှုမြင့်တက်လာခြင်းသည် စင်ကာပူနိုင်ငံ၏ မွေးမြူရေးကဏ္ဍကို ထိခိုက်စေလျက်ရှိပါသည်။ ထိုကိစ္စအားဖြေရှင်းရန် မွေးမြူရေးအဖွဲ့က ဇလားဗီးယား ငါးပေါက်များကို မွေးမြူထားသည့် ငါးမွေးမြူရေးစင်တာကို စတင် ဖွင့်လှစ်ခဲ့ပါသည်။
၂၀၂၆ ခုနှစ် အစောပိုင်းမှစ၍ အဆိုပါ ဇလားဗီးယားငါးများကို စတင်ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း စင်ကာပူအစားအသောက်အဖွဲ့၏ အလုပ် အမှုဆောင်အရာရှိ Mr. Ken Cheong က မေလ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီး Koh Poh Koon က “ငါးအများအပြား သေဆုံးမှုသည် ငါးဥများနှင့် ငါးသားပေါက်များ၏ အရည်အသွေးကျဆင်းလာမှုများကြောင့်” ဖြစ်ကြောင်း ပါလီမန်လွှတ်တော်တွင် ပြောကြားခဲ့ပါသည်။ ဇလားဗီးယားငါးများသည် မွေးမြူရလွယ်ကူပြီး ခန့်မှန်းခြေ ၆ လ နှင့် ၈ လ အကြားတွင် ရောင်းချ၍ရသည့် အရွယ်အစားသို့ ရောက်ရှိနိုင်ပါသည်။
ကိုးကား - The Strait Times
ဘာသာပြန်ဆိုသူ- ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက -၃

မက္ကဆီကို၊ ချီလီနှင့် ဥရုဂွေးနိုင်ငံတို့သည် ဘရာဇီး၏ ကြက်သားနှင့် ကြက်ဥထုတ်ကုန်များ ဝယ်ယူမှုကို ပြီးခဲ့သည့် စနေနေ့ (မေ ၁၇) ကတည်း ယာယီရပ်ဆိုင်းလိုက်ပါသည်။ ယင်းဆုံးဖြတ်ချက်မှာ ဘရာဇီးနိုင်ငံ၊ ရီယိုဂရန်ဒီ ဒို ဆူးလ် ပြည်နယ်မြို့တော် ပို့တို အလီဂရီ မှ ကီလိုမီတာ ၆၀ အကွာ လူဦးရေ ၆၄,၀၀၀ နေထိုင်သော မွန်တီနီဂရိုးမြို့ ရှိ ကြက်မွေးမြူရေး ခြံတစ်ခုတွင် ငှက်တုပ်ကွေး (Avian Influenza) တွေ့ရှိရကြောင်း အတည်ပြုချက်ကြောင့် ဖြစ်ပါသည်။

အဆိုပါ ၃ နိုင်ငံအပြင် ဥရောပသမဂ္ဂ (EU)၊ တရုတ် နှင့် အာဂျင်တီးနား တို့သည်လည်း ဘရာဇီး၏ ကြက်သားထုတ်ကုန်များ တင်သွင်းမှုကို ရက် ၆၀ ကြာ ယာယီရပ်ဆိုင်းမည်ဟု ကြေညာခဲ့ပါသည်။
ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် ကြက်သားနှင့်ကြက်ဥထုတ်ကုန် တင်ပို့မှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်အတွင်း ဘရာဇီး ၏ ကြက်သားနှင့် ကြက်ဥထုတ်ကုန် ပြည်ပရောင်းချမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၂.၈ ဘီလီယံ ရှိပါသည်။ ယခုရပ်ဆိုင်းလိုက်သည့်အတွက် ဘရာဇီး ၏ နှစ်စဉ် ကြက်သားနှင့် ကြက်ဥထုတ်ကုန် တင်ပို့မှု၏ ၂၈% နီးပါး ရှိပါသည်။ ဘရာဇီး၏ ကြက်သားနှင့် ကြက်ဥကို အဓိက ဝယ်လိုအား အများဆုံးနိုင်ငံမှာ တရုတ်ဖြစ်ပါသည်။
ကိုးကား- FOIHA.UOI

အမေရိကန်နိုင်ငံအနေဖြင့် ကွန်ပျူတာချစ်ပ်ပစ္စည်းများ တင်ပို့မှုဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုတစ်ရပ်ကို ထုတ်ပြန်လိုက်ခြင်းမှာ တရုတ်နိုင်ငံအပေါ် "တစ်ဖက်သတ်အနိုင်ကျင့်မှု” ဖြစ်ကြောင်း မေလ ၂၁ ရက် (ဗုဒ္ဓဟူးနေ့) တွင် တရုတ်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ပြီး တရုတ်နိုင်ငံ၏ အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကုန်ထုတ်လုပ်ရေးလုပ်ငန်းကို ဟန့်တားရန် ရည်ရွယ်သည့် အမေရိကန်၏ လုပ်ဆောင်ချက်များအား ကောင်းမွန်စွာ တုံ့ပြန်မည်ဟု သတိပေးလိုက်သည်။

အမေရိကန်နိုင်ငံအနေဖြင့် “တရုတ်နိုင်ငံအား ဖိနှိပ်ရန်နှင့် ထိန်းချုပ်ရန်အတွက် ချစ်ပ်ပစ္စည်း တင်ပို့မှုဆိုင်ရာ ကန့်သတ်ပိတ်ပင်သည့် ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ခြင်း” ဟု တရုတ်အစိုးရက စွပ်စွဲခဲ့သည်။
“ယခုလို အမေရိကန်၏ အရေးယူဆောင်ရွက်မှုများသည် တစ်ဖက်သတ်အနိုင်ကျင့်မှုနှင့် အကာအကွယ်ပေးရေးဝါဒလုပ်ရပ်ဖြစ်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ တစ်ပိုင်းလျှပ်ကူးပစ္စည်းကုန်ထုတ်လုပ်ရေးလုပ်ငန်း ကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်တည်ငြိမ်မှုကို ဆိုးရွားစွာ ထိခိုက်စေသည်” ဟု တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား -CNA
ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃