သတင်းများ

ပြည်ပမှ ထုတ်လုပ်သော ရုပ်ရှင်အားလုံး ၁၀၀ % အခွန် စည်းကြပ်မည် ဟု ထရမ့် ကြေညာ

ပြည်ပမှ ထုတ်လုပ်သော ရုပ်ရှင်အားလုံးကို ၁၀၀ % အခွန်စည်းကြပ်မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မေလ ၄ ရက်က ၎င်း၏ Truth Social တွင် ရေးသားဖော်ပြထားပါသည်။ 

အမေရိကန်ရုပ်ရှင်လုပ်ငန်း အချိန်နှင့်အမျှ ကျဆုံးလျက်ရှိနေကြောင်း၊ အခြားနိုင်ငံများကို အားပေးသည့်အနေဖြင့် အမေရိကန်ရုပ်ရှင်ထုတ်လုပ်သူများ၊ စတူဒီယိုများ မိမိနိုင်ငံမှ ထွက်ခွာသွားအောင် လုပ်ဆောင်လျက်ရှိကြောင်း၊ ဟောလိဝုဒ်မှာ ထိုအခြေအနေများကြောင့် ပြင်းပြင်းထန်ထန် အထိနာလာရကြောင်း၊ ၎င်းမှာ အမျိုးသားလုံခြုံရေးအရ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာကြောင်း ထရမ့်က ပြောကြားထားပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်များကို အစီအစဉ် ချက်ချင်းစတင်ရန် အာဏာလွှဲအပ်ပြီး အမေရိကန်သို့ ပြည်ပမှ ဝင်ရောက်လာသော ရုပ်ရှင်အားလုံးကို ၁၀၀ % ကောက်ခံသွားမည်ဖြစ်ကြောင်း၊ အမေရိကန်ထုတ် ရုပ်ရှင်ကို ထပ်မံပိုင်ဆိုင်ခွင့်ရရှိရန် မျှော်လင့်နေကြောင်း ဒေါ်နယ်ထရမ့် က ထပ်လောင်းပြောကြားထားပါသည်။

ကိုးကား- The Hollywood Reporter

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

စည်းကြပ်ခွန် ထပ်တိုးကောက်ခံခြင်းက အသေးစား လုပ်ငန်းများအပေါ် “ပြန်လည် ဖြည့်ဆည်းမရသော ထိခိုက်နစ်နာမှု” ဖြစ်စေ

အမေရိကန် ကုန်သည်ကြီးများအသင်း (USCC) က ၎င်းတို့အဖွဲ့အစည်းအနေဖြင့် လွန်ခဲ့သည့်ရက်က အမေရိကန်အစိုးရကို စာလွှာပေးပို့ပြီး အသေးစားလုပ်ငန်းများအပေါ် “ပြန်လည်ဖြည့်ဆည်းမရသော ထိခိုက် နစ်နာမှု” မဖြစ်စေရန် ၊ ယင်းလုပ်ငန်းများအပေါ် အခွန်ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း မေ ၁ ရက် တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။

ယခုကာလများတွင် စည်းကြပ်ခွန်က အမေရိကန်စီးပွားရေးအပေါ် အနုတ်လက္ခဏာ သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကို ထည့်သွင်းစဉ်းစား၍ ကုန်သွယ်ရေးမိတ်ဖက်များနှင့်ဆွေးနွေးမှု အမြန်ဆုံး အောင်မြင်ပြီး မြောက်အောင် ဆောင်ရွက်ရန်၊ ထိုမှတစ်ဆင့် အမေရိကန်၏ ယခုနှစ်မှစ၍ ထပ်တိုးထားသည့် စည်းကြပ်ခွန် များကို ဖယ်ရှားရန်မှာ အလွန်အရေးကြီးကြောင်း အမေရိကန် ကုန်သည်ကြီးများအသင်း (USCC) ၏ ပေးစာ တွင် ရေးသားထားသည်။ အဆိုပါအဖွဲ့အစည်းက အမေရိကန်အစိုးရကို “ချက်ချင်းလှုပ်ရှား ဆောင်ရွက်ရန်”၊ အမေရိကန်အသေးစားလုပ်ငန်းများအား ကယ်ဆယ်ရန်၊ အမေရိကန်စီးပွားရေး ဆုတ်ယုတ်မှုသို့ သက်ဆင်းခြင်း အား ရှောင်ရှားရန် တောင်းဆိုထားကြောင်း သိရသည်။

အမေရိကန် ကုန်သည်ကြီးများအသင်း (USCC) ၏ ပေးစာတွင် အသေးစိတ်တောင်းဆိုချက် ၃ ရပ်ကို အဆိုပြုခဲ့သည်။ ၎င်းတို့မှာ ပထမအနေဖြင့် အသေးစား သွင်းကုန်လုပ်ငန်း အားလုံးကို အလိုအလျောက် အခွန်ကင်းလွတ်ခွင့်ပေးရန်၊ ဒုတိယအနေဖြင့် အမေရိကန်တွင် ထုတ်လုပ်၍ မရသော သို့မဟုတ် ရရှိရန် မလွယ်ကူသော ထုတ်ကုန်ပစ္စည်းအားလုံးကို အခွန်ကင်းလွတ်ခွင့်ပေးရန် တတိယအနေဖြင့် စည်းကြပ်ခွန်က အလုပ်အကိုင်နေရာချထားမှုအပေါ် အန္တရာယ်ဖြစ်လာသည်ဟု သက်သေပြနိုင်သော ကုမ္ပဏီများအတွက် အခွန်ကင်းလွတ်ခွင့် လျှောက်ထားမှုအစီအစဉ် တည်ဆောက်ရန်ဖြစ်ကြောင်း သိရသည်။ ပေးစာတွင် ကော်ဖီ၊ ငှက်ပျောသီး၊ ကိုကိုး၊ အချို့သော သတ္တုပစ္စည်းစသည့် ထုတ်ကုန်များနှင့် ဝယ်သူအလိုကျ အထူးပြုလုပ် ရသော စက်မှုကုန်ကြမ်းပစ္စည်းများမှာ အမေရိကန်၌ ရရှိရန် မလွယ်ကူကြောင်း၊ ယင်းထုတ်ကုန်ပစ္စည်းများ အပေါ် စည်းကြပ်ခွန် ထပ်တိုးကောက်ခံခြင်းသည် အသေးစားလုပ်ငန်းများနှင့် စားသုံးသူများအတွက် ကုန်ဈေးနှုန်း မြင့်မားလာမှုကိုသာ သယ်ဆောင်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အချိန်ကြာလာသည်နှင့်အမျှ အသေးစားလုပ်ငန်းများ ရင်ဆိုင်နေရသည့် အရင်းအနှီးမြင့်မားမှုနှင့် ထောက်ပံ့ရေး ကွင်းဆက် ပြတ်တောက်မှု၏ ခြိမ်းခြောက်မှုသည် ပို၍ ဆိုးရွားလာပြီး “ပြန်လည် ဖြည့်ဆည်းမရသော ထိခိုက် နစ်နာမှု” ဒဏ်ခံရနိုင်ကြောင်း အမေရိကန်ကုန်သည်ကြီးများအသင်း (USCC) ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် Suzanne Clark က ကြေညာချက်တွင် ပြောကြားခဲ့သည်။ 

ကိုးကား- Xinhua

မော်တော်ယာဥ် အစိတ်အပိုင်းများအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း အမေရိကန်ပြည်ထောင်စု ချမှတ်

အမေရိကန်သမ္မတ Donald Trump အစိုးရအဖွဲ့သည် မော်တော်ယာဉ် အင်ဂျင်နှင့် ဂီယာများအပါအဝင် အဓိက ကားပစ္စည်းအစိတ်အပိုင်းများအပေါ် နောက်ထပ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်လိုက်ပါသည်။

ဧပြီလ ၃ ရက်နေ့တွင် နိုင်ငံခြားထုတ်မော်တော်ယာဉ်များအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်လိုက်ပြီးနောက် မကြာမီ စနေနေ့ (မတ်လ ၃) UTC စံတော်ချိန် ၄း၀၀ နာရီတွင် ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါသည်။

အမေရိကန်အစိုးရက နိုင်ငံ့လုံခြုံရေးကို ခြိမ်းခြောက်သည့်သွင်းကုန်များကို သမ္မတက ကန့်သတ်မှု ခွင့်ပြုထားသည့် ၁၉၆၂ ခုနှစ် ကုန်သွယ်ရေးတိုးချဲ့မှုဥပဒေ ပုဒ်မ ၂၃၂ ကို အကြောင်းပြခဲ့ပါသည်။

သို့သော် အမေရိကန် ကားထုတ်လုပ်သူများ၏ စိုးရိမ်ကြောင်း ပြောဆိုချက်များကြောင့် Trump အစိုးရသည် ၎င်း၏ မော်တော်ယာဉ်ဆိုင်ရာ စည်းကြပ်ခွန် အချို့ကို ဖြေလျှော့ရန် ဆုံးဖြတ်ချက်ကို ယခုသီတင်းပတ် အစောပိုင်းက ကြေညာခဲ့ပါသည်။ အဆိုပါထုတ်လုပ်သူများသည် အခြားနိုင်ငံမှ ပစ္စည်း အစိတ်အပိုင်းများ တင်သွင်းနေသည့်အတွက် အဆိုပါအခွန်စည်းကြပ်မှု က ၎င်းတို့၏ ထုတ်လုပ်မှုကုန်ကျစရိတ်များကို မြင့်တက်စေနိုင်ကြောင်း ဆိုနေပါသည်။

နိုင်ငံခြား ပစ္စည်းအစိတ်အပိုင်းများအတွက် ပေးဆောင်ရသည့် ငွေအချို့ အတွက် ကားထုတ်လုပ်သူများကို ငွေပြန်ပေးအပ်မည်ဟု အမေရိကန် အစိုးရက ဆိုပါသည်။

ပထမနှစ်၌ အဆိုပါငွေပြန်ပေးအပ်သည့်ပမာဏသည် ပြည်တွင်း၌ တပ်ဆင်သည့် ကားများ၏ မူရင်းစျေးနှုန်း၏ ၃.၇၅ ရာခိုင်နှုန်းနှင့် ညီမျှမည် ဟု အစိုးရက ဆိုပါသည်။

ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ အမေရိကသို့ ဂျပန်၏ မော်တော်ယာဥ်ပစ္စည်းအစိတ်အပိုင်းများ တင်ပို့မှုသည် ယန်း ၁.၂၃ ထရီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံခန့် ရှိကြောင်း သိရပါသည်။ အဆိုပါပမာဏသည် အမေရိကန် ပြည်ထောင်စုသို့ ဂျပန်၏ ပို့ကုန် စုစုပေါင်းပမာဏ၏ ၅.၈ ရာခိုင်နှုန်းဖြစ်ပြီး မော်တော်ယာဉ်ပြီးနောက် ဒုတိယအများဆုံး ပို့ကုန်အမျိုးအစား ဖြစ်ပါသည်။

ဂျပန်မှ ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်သူများက အမေရိကန်၏ အခွန်စည်းကြပ်မှုအသစ်များသည် ၎င်းတို့၏ လုပ်ငန်းများကို ထိခိုက်စေနိုင်သည်ဆိုသည့် စိုးရိမ်မှုများရှိနေပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

သွင်းကုန်အခွန်ကိစ္စဆွေးနွေးရန် အမေရိကန်၏ကမ်းလှမ်းမှု တရုတ်စဉ်းစား

သွင်းကုန်အခွန်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရန် အမေရိကန်၏ကမ်းလှမ်းလာမှုကို စဉ်းစားသုံးသပ်နေကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက မေလ ၂ ရက် တွင်ပြောသည်။

အမေရိကန်ဘက်မှ အဆင့်မြင့်တာဝန်ရှိသူများက သွင်းကုန်အခွန်ကိစ္စကိုတရုတ်နှင့်ဆွေးနွေးလိုသည်ဟု တိုက်ရိုက်မဟုတ်ဘဲ ကြားလူမှတစ်ဆင့်ပြောဆိုချဉ်းကပ်လာခြင်းဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အခွန် ၁၄၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံရန် ထုတ်ပြန်ပြီးနောက် အပြန်အလှန်အနေဖြင့် တရုတ်နိုင်ငံကလည်း  အမေရိကန်မှ သွင်းကုန်များကို အခွန် ၁၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကာ ပို့ကုန်များကိုကန့်သတ်လိုက် ပြီးနောက် ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံကြားတွင် တင်းမာမှုများဖြစ်ပွားလာခြင်းဖြစ်သည်။ သွင်းကုန်အခွန်ကိစ္စ ဆွေးနွေးရန် တရုတ်ဘက်ကကမ်းလှမ်း လာသည်ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် အမေရိကန်အစိုးရ၏ ပြောဆိုမှုကို တရုတ်အစိုးရက ငြင်းပယ်ထားသည်။

Ref: RT

Source: https://myawady.net.mm/

အီရန်မှ ရေနံထွက်ကုန်ပစ္စည်းများဝယ်ယူသူများ ထပ်ဆင့်အရေးယူပိတ်ဆို့ခံရမည်ဟု အမေရိကန်ထုတ်ပြန်

အီရန်နိုင်ငံမှ ရေနံနှင့်ရေနံထွက်ကုန်ပစ္စည်းများဝယ်ယူသူများသည် ထပ်ဆင့်အရေးယူပိတ်ဆို့ခံရမည်ဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က လူမှုကွန်ရက်တွင် ရေးထားသည်။

အီရန်၏နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်နှင့်အီရန်တို့ကြား ဆွေးနွေးမှုများ လုပ်ဆောင်နေစဉ် အမေရိကန်အစိုးရက ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။

အကယ်၍ အမေရိကန်အနေဖြင့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးပါက ၎င်းတို့၏ နျူကလီးယားအစီအစဉ်များကို စစ်ဘက်အတွက်အသုံးမပြုရန်ဆန္ဒရှိကြောင်း အီရန်အစိုးရက ပြောထားသည်။

သို့သော် အီရန်နိုင်ငံနှင့်ရေနံကုန်သွယ်မှုလုပ်သောနိုင်ငံများအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့်မည်သို့သော ပုံစံ၊ နည်းလမ်းဖြင့်မဆိုစီးပွားရေးလုပ်ခွင့်မရှိကြောင်း၊ ထို့ကြောင့် အီရန်မှရေနံနှင့် ရေနံထွက်ကုန်ပစ္စည်းများဝယ်ယူမှုကို ချက်ချင်းရပ်တန့်သင့်ကြောင်း ထရမ့်က မေလ ၁ ရက်တွင်လူမှုကွန်ရက်၌ရေးထားသည်။

ကုမ္ပဏီခုနစ်ခုက အီရန်မှရေနံနှင့်ရေနံထွက်ကုန်ပစ္စည်းများကို တရားမဝင်ကုန်သွယ်မှုပြုလုပ်သည် ဟူသောစွပ်စွဲချက်ဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုကုမ္ပဏီများအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ပြီးနောက် ထရမ့်ကယခုကဲ့သို့ ပြောလာခြင်းဖြစ်သည်။ ထိုကုမ္ပဏီများတွင် ယူအေအီးနိုင်ငံအခြေစိုက်ကုမ္ပဏီခြောက်ခုနှင့်  တူကီယဲနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုတို့ ပါဝင်ကြောင်း သိရသည်။

အမေရိကန်က ဝယ်ယူမည့် iphone များ တရုတ်မှ ဝင်လာတော့မည် မဟုတ်

Apple ကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စုတွင် ရောင်းချမည့် ၎င်း၏ ပစ္စည်းများကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ခြင်း မပြုတော့ဟု ကြေညာလိုက်ပါသည်။ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်မှုအခွန်သစ်များကြောင့် ဖြစ်ပေါ် လာနိုင်သည့် ဆိုးကျိုးများကို လျှော့ချနိုင်ရန် ထိုသို့ ဆုံးဖြတ်ရခြင်းဖြစ် ပါသည်။ 

အမေရိကန်ဝယ်ယူသူများ ဈေးနှုန်းမြင့်တက်မှုဒဏ်မှ ကာကွယ်ရန် iPhone အများစုကို အိန္ဒိယနိုင်ငံမှလည်းကောင်း၊ iPad များကို ဗီယက်နမ်နိုင်ငံမှလည်းကောင်း ရယူသွားမည်ဖြစ်ပါသည်။ 

ဇန်နဝါရီမှ မတ်လအတွင်း ရရှိသည့် ဘဏ္ဍာရေးရလဒ်များကို ထုတ်ပြန်ရာတွင် iPhone က ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲ တိုးမြင့်လာမှုကြောင့် ယခုအချိန်အထိ ၎င်းတို့၏ စီးပွားရေးအပေါ် အကန့်အသတ်ဖြင့်သာ သက်ရောက်မှုရှိကြောင်း ဖော်ပြခဲ့ပါသည်။ 

သို့သော် Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်က ထရမ့်၏ မူဝါဒများ မပြောင်းလဲပါက အခွန်သစ်များကြောင့် လက်ရှိနှစ်ဝက်တွင် ကုန်ကျစရိတ် ဒေါ်လာ ၆၇၇ သန်း တိုးလာနိုင်ကြောင်း၊ ပထမသုံးလအတွင်း ဝင်ငွေသည် ပေါင် ၇၁.၈ ဘီလီယံ ရှိခဲ့ပြီး ပေါင် ၁၈.၆ ဘီလီယံ အမြတ် အစွန်းရရှိခဲ့ကာ ဆန်းစစ်သူများ၏ မျှော်မှန်းချက်ထက် ကျော်လွန်ခဲ့ကြောင်း ပြောကြားခဲ့ ပါသည်။

အဆိုပါကာလအတွင်း iPhone အတွက် ဝယ်လိုအား မြင့်တက်ရခြင်း၏ အကြောင်းရင်းမှာ အမေရိကန်စားသုံးသူများ အခွန်သစ်များ စတင်မကျင့်သုံးမီ အမြန်ဝယ်ယူခြင်းကြောင့် ဖြစ်နိုင်ပါသည်ဟု လေ့လာသူများ က သုံးသပ်ထားကြပါသည်။

ကိုးကား- News Sky

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

တရုတ် Plugin-Hybrid ကားများ ဥရောပတွင် ပိုမိုရောင်းချလာ

BYD နှင့် Chery အပါအဝင် တရုတ် ကားထုတ်လုပ်သည့် ကုမ္ပဏီများသည် တရုတ်ထုတ် လျှပ်စစ်ကားများအပေါ် ဥရောပကော်မရှင်က ကြပ်မတ်ထားသော ကုန်သွယ်ခွန်ကို ရှောင်ရှားရန် Plugin-Hybrid (PHEV) ကား များကို ဥရောပတွင် ပိုမိုရောင်းချလျက်ရှိကြောင်း မတ်လ ၂ ရက် (သောကြာနေ့) က ထုတ်ပြန်သည့် အချက်အလက်များအရ သိရပါသည်။ 

၂၀၂၅ ခုနှစ်၊ မတ်လတွင် BYD သည် ဥရောပ၌ PHEV ၃,၂၆၉ စီး၊ Chery က ၇၅၇ စီး ရောင်းချခဲ့ပြီး ထိုပမာဏမှာ ယမန်နှစ် ဇူလိုင်တွင် အခွန် စည်းကြပ်ခံရစဉ်က သုညနီးပါးမှ သိသိသာသာ တိုးတက်လာခြင်း ဖြစ်ပါ သည်။ ယခုအခါ PHEV များသည် တရုတ်ထုတ် လျှပ်စစ်ကားများအတွက်အခွန်စည်းကြပ်မှုဒဏ်ကို ရှောင်ရှားနိုင်သည့် ရွေးချယ်စရာတစ်ခု ဖြစ်လာ သည်ဟု Rho Motion သုတေသနအဖွဲ့ အစီရင်ခံစာအရ    သိရပါသည်။ 

ဥရောပသမဂ္ဂသည် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက တရုတ်ထုတ် လျှပ်စစ်ကား (BEV) များအပေါ် ၄၅.၃ % အထိ အကောက်ခွန် စည်းကြပ်ထားပါသည်။ 

Plugin-Hybrid (PHEV) ဆိုသည်မှာ ဓာတ်ဆီ/ဒီဇယ်အင်ဂျင်နှင့် ဘက်ထရီ ဖြင့် နှစ်မျိုးလုံးမောင်းနိုင်သော ကားမျိုးဖြစ်ပြီး၊ ယင်းကားမှာ လျှပ်စစ်ကားများထက် အနည်းငယ် အကောက်ခွန်နည်းပါးသဖြင့် တရုတ်ထုတ် ကုမ္ပဏီ များအတွက် ပိုမိုအဆင်ပြေစေပါသည်။

ကိုးကား- Reuters

Mercedes-Benz အလာဘားမားစက်ရုံတွင် ကားထုတ်လုပ်မှု တိုးချဲ့ သွားမည်

Mercedes-Benz ကုမ္ပဏီသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကားအကောက်ခွန်များကြောင့် အလာဘားမားပြည်နယ်ရှိ စက်ရုံတွင် အခြေခံအဆင့် ကားမော်ဒယ်အသစ်တစ်မျိုးကို ၂၀၂၇ ခုနှစ်မတိုင်မီ ထုတ်လုပ်သွားမည်ဟု ကြေညာလိုက်ပါသည်။ 

ကုမ္ပဏီသည် Tuscaloosa အနီးရှိ စက်ရုံတွင် ကား၏ အဓိက အစိတ်အပိုင်း (core segment) ကို ထုတ်လုပ်မည်ဖြစ်သော်လည်း အတိအကျ သတင်းများ ဖော်ပြထားခြင်း မရှိသေးပါ။ ယခုစက်ရုံသည် အဓိကအားဖြင့် Mercedes-Benz SUV များ (GLE, GLS) ကို ထုတ်လုပ်လျက်ရှိပါသည်။ 

Mercedes-Benz ၏ မြောက်အမေရိက အမှုဆောင်အရာရှိချုပ် Jason Hoff က “Tuscaloosa တွင် အခြေခံအဆင့်မော်ဒယ်တစ်ခုကို ဒေသတွင်း ထုတ်လုပ်ခြင်းဖြင့် အမေရိကန်ဝယ်ယူသူများနှင့် ပိုမိုနီးစပ်လာပြီး   မြောက်အမေရိကဈေးကွက်ကို ပိုမိုခိုင်မာစေမည်” ဟု ပြောကြားခဲ့ ပါသည်။ 

Mercedes-Benz ၏ ပြောရေးဆိုခွင့်ရှိသူက ဒေသတွင်း ရောင်းချရန် ဒေသတွင်းထုတ်လုပ်သည့် မဟာဗျူဟာ (local-for-local strategy) ကြောင့် ဟု ဆိုထားသော်လည်း ထရမ့်၏ ကားနှင့် ကားအစိတ်အပိုင်းကို ၂၅ ရာခိုင်နှုန်းအကောက်ခွန်များ မေ ၃ ရက် (စနေနေ့)မှ စတင်မည့်ကိစ္စနှင့် ဆက်စပ်နေသည်ဟု ယူဆရပါသည်။ 

Tuscaloosa စက်ရုံသည် Mercedes-Benz SUV များ၏ ကမ္ဘာ့တင်ပို့မှု ဗဟိုဌာနအဖြစ် ရပ်တည်နေပြီး ကုမ္ပဏီက ထုတ်လုပ်သော SUV များ၏ ၆၀ % ကို တင်ပို့ပေးလျက်ရှိပါသည်။

ကိုးကား- CNBC

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

တရုတ်နိုင်ငံက အမေရိကန်၏ ကုန်သွယ်ခွန် ညှိနှိုင်းဆွေးနွေးရေး ကမ်းလှမ်းချက်ကို စဉ်းစားသုံးသပ်နေဆဲဖြစ်ပြီး ပေကျင်း၏ တံခါးသည် “ဖွင့်လှစ်ထား” ဟုဆို

ပေကျင်းအစိုးရသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ၁၄၅% အထိ မြင့်တက်စေခဲ့သော ကုန်သွယ်ခွန်များနှင့်ပတ်သက်၍ ဆွေးနွေးရန် ဝါရှင်တန်၏ ကမ်းလှမ်းချက်ကို စဉ်းစားသုံးသပ်နေဆဲဖြစ်ကြောင်း သောကြာနေ့ (မေ ၂) တွင် တရုတ်နိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်သည် ကမ္ဘာလုံးဆိုင်ရာဈေးကွက် များကို လှုပ်ခတ်ခဲ့သော ကုန်သွယ်ရေးစစ်ပွဲ ပြေလည်စေရန် အလားအလာ ရှိကြောင်း ညွှန်းဆိုနေသည်။

အမေရိကန်က ၁၄၅% ကုန်သွယ်ခွန်များဆိုင်ရာ ညှိနှိုင်းမှုများအတွက် တရုတ်ထံ ချဉ်းကပ်ခဲ့ပြီး တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက “ဆွေးနွေးရန် တံခါးဖွင့်ထား” ကြောင်း အတည်ပြုခဲ့ခြင်းကြောင့် နှစ်နိုင်ငံကြား ကုန်သွယ်ရေး တင်းမာမှု လျော့ကျနိုင်သည့် အလားအလာရှိသည်ဟုသိရှိရပါသည်။

၂၀၁၈ ခုနှစ်မှစတင်၍ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး ဘီလီယံပေါင်း ၅၀၀ ကျော်အထိ သက်ရောက်ခဲ့သော အမေရိကန်-တရုတ် ကုန်သွယ်ရေး ပဋိပက္ခတွင် ယခုကဲ့သို့ ညှိနှိုင်းမှုများ ပြုလုပ်ရန် သဘောတူညီမှုသည် ကောင်းမွန်သော အလားအလာတစ်ခုဖြစ်သည်။

စီးပွားရေးပညာရှင်များက အဆိုပါဆွေးနွေးမှုများသည် နှစ်နိုင်ငံ စီးပွားရေးအတွက် အပြုသဘောဆောင်သည့် အချက်တစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပြီး နှစ်ဖက်စလုံးမှ အခြေခံသဘောတူညီမှုများ ရရှိရန် လိုအပ်ဆဲ ဖြစ်သည်ဟု ဆိုသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ အချက်အလက်များအရ နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်တွင် ၆၉၀ ဘီလီယံဒေါ်လာ ရှိခဲ့ ကြောင်းသိရှိရသည်။

အမေရိကန်နိုင်ငံသည် “မှားယွင်းနေသော အလေ့အထများကို ပြုပြင်ရန်” လုပ်ဆောင်မှုများ ပြင်ဆင်ပြီး တစ်ဖက်သတ်ကုန်သွယ်ခွန်များကို ရုပ်သိမ်းရန် အဆင်သင့်ဖြစ်ထားသင့်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ဝါရှင်တန်အနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများတွင် “အစစ်အမှန်စိတ်ဓာတ်” ပြသရန် လိုအပ်ကြောင်း ဌာနမှ ဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်မှစတင်၍ အမေရိကန်သည် တရုတ်ထုတ်ကုန်များအပေါ် သံသယဖြစ်ဖွယ် ၃၇၀ ဒေါ်လာဘီလီယံတန်ဖိုးရှိ ကုန်သွယ်ခွန်များ စည်းကြပ်ခဲ့ပြီး၊ လက်ရှိတွင် စီးပွားရေးပညာရှင်များက အဆိုပါ အစီအမံ များကြောင့် အမေရိကန်စားသုံးသူများအနေဖြင့် ဒေါ်လာ ၅၁ ဘီလီယံ အပိုပေးဆောင်နေရကြောင်း တွက်ချက်ပြသခဲ့သည်။

ဟားဗက် တက္ကသိုလ် စီးပွားရေးပါမောက္ခ ဂျက်ဖရီး ဖရန့်ကယ်က “အမေရိကန်စီးပွားရေးအတွက် ကာလရှည်အကျိုးကျေးဇူးထက် နိုင်ငံရေးအရ တိုတောင်းသောအောင်ပွဲများကို ဦးစားပေးခဲ့သည့် မဟာဗျူဟာ” ဟု ဝေဖန်ခဲ့သည်။

တရုတ်စီးပွားရေးအကြံပေး လီကျန်းက “နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိမည့် ကုန်သွယ်ရေးသဘောတူညီချက်မျိုးရရှိရန် အချိန်ကျပြီ” ဟု အကြံပြုခဲ့သည်။

WTO စာရင်းများအရ နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်တွင် ၂၀၁၉ ခုနှစ်ကထက် ၂၂% ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

ကိုးကား- Reuters

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန်သည် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲကို ဆင်နွှဲလိုပါက နောက်ပြန် မဆုတ်ဟု ဝမ်ယိ ပြောကြား

တရုတ်သည် အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲကို ဆက်လက် ဆင်နွှဲမည်ဆိုပါက နောက်ပြန်ဆုတ်တော့မည် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပသည့် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားလိုက်ပါသည်။

“ကုန်သွယ်ရေးစစ်ပွဲအတွက် တရုတ်၏တုံ့ပြန်မှုမှာ ရှင်းလင်းပြတ်သားပြီး ခိုင်မာပါသည်၊ မိမိတို့ကို လာစိန်ခေါ်လျှင် မိမိတို့က အဆုံးတိုင် တိုက်ပွဲဝင်သွားပါမည်၊ ဆွေးနွေးလိုပါက လေးစားမှုနှင့် တန်းတူညီမျှမှုအပေါ် အခြေခံရပါမည်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဝမ်ယိက ဆက်လက် ပြောကြားထားပါသည်။   

တရုတ်သည် မိမိနိုင်ငံ၏ ဂုဏ်သိက္ခာကို သာမက ကမ္ဘာ၏ အနာဂတ် တောက်ပမှုအတွက်ပါ ကာကွယ်နေခြင်းဖြစ်ပါကြောင်း၊ အမေရိကန်သည် ကမ္ဘာတစ်ဝှမ်းကို အကောက်ခွန်တိုးမြင့်နေခြင်းမှာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၌ အားကောင်းသူက အားနည်းသူကို အနိုင်ကျင့်နေသော အရိုင်းအစိုင်းခေတ်ကာလကို ပြန်သွားရန် လုပ်ဆောင်နေခြင်းလား ဆိုသည်ကို ဝိုင်းဝန်းဆုံးဖြတ်ကြရန် လိုအပ်ကြောင်း ဝမ်ယိက ဖြည့်စွက် ပြောကြားထားပါသည်။ 

ကိုးကား- TASS

Photo: Moneycontrol