လာအိုသမ္မတက  ပူတင်ထံ ဆင် ၂ ကောင် လက်ဆောင်ပေးပို့မည်

News Image

  • လာအိုသမ္မတက   ပူတင်ထံ ဆင် ၂ ကောင် လက်ဆောင်ပေးပို့မည်

ရုရှား-လာအို နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၆၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ရုရှားသမ္မတဗလာဒီမာပူတင်အား ဆင် ၂ ကောင် လက်ဆောင်ပေးရန် စီစဉ်နေကြောင်း လာအိုသမ္မတ Thongloun Sisoulithက ကြာသပတေးနေ့ (ဇူလိုင် ၃၁) တွင် ပြောကြားထားပါသည်။ 

လာအိုခေါင်းဆောင်က ယခုပေးမည့် ဆင်များမှာ ဗလာဒီမာပူတင် အတွက် ဒုတိယအကြိမ်မြောက် ဆင်လက်ဆောင် ရရှိခြင်းဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားသမ္မတဗလာဒီမာပူတင်ကို ဆင်ပေါက်စ ၆ ကောင်ကို လက်ဆောင်ပေးအပ်ခဲ့ပါသည်။ ထိုဆင်ပေါက် ၆ ကောင်ကို ရုရှားခေါင်းဆောင်က လက်ခံရရှိပြီးနောက် မော်စကို တိရစ္ဆာန် ရုံတွင် မွေးမြူထားရှိရန် စနစ်တကျ လွှဲပြောင်းပေးပို့ခဲ့ပါသည်။

ရုရှားသမ္မတဗလာဒီမာပူတင်သည် တိရစ္ဆာန် ချစ်တတ်သူဖြစ်သဖြင့် မိတ်ဖက်နိုင်ငံများမှ ခေါင်းဆောင်များက ၎င်းထံ ခွေး၊ ဆင်၊ မြင်း၊ ဆိတ်ဖြူ၊ သမင်၊ ကျား အစရှိသည့် တိရစ္ဆာန်များကို လက်ဆောင်ပေးအပ် လေ့ရှိကြပါသည်။

ကိုးကား- Tass

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃