ရီပတ်ပလီကန် အမတ်က မီလာနီယာ ထရမ့်အား ဂုဏ်ပြုရန် ကနေဒီ စင်တာဇာတ်ရုံ အမည်ပြောင်းရန် အဆိုပြု
ရီပတ်ပလီကန် အမတ် မိုက်ခ် ဆင်ပဆန်က ဂျွန် အက်ဖ် က ကနေဒီ အနုပညာစင်တာရှိ ဒုတိယအကြီးဆုံး ဇာတ်ရုံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဇနီး မီလာနီယာ ထရမ့် အမည်ပေးရန် အဆိုပြုခဲ့သည်။ ဇူလိုင် ၂၂ ရက်တွင် တင်သွင်းခဲ့သော ယင်းအဆိုကို အောက်လွှတ်တော် အသုံးစရိတ်ကော်မတီက ၃၅-၂၂ မဲဖြင့် အတည်ပြုခဲ့ပြီး၊ ဥပဒေဖြစ်ရန် လွှတ်တော်နှစ်ရပ်စလုံး၏ သဘောတူညီမှု လိုအပ်သည်။
မီလာနီယာ ထရမ့်သည် လက်ရှိတွင် ကနေဒီစင်တာ ဘုတ်အဖွဲ့၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ယင်းအဆို ပြုချက်အား ဒီမိုကရက်တစ်အမတ်များက ဝေဖန်ခဲ့သည်။ အထူးသဖြင့် အမတ် Chellie Pingree က ကနေဒီစင်တာသည် သမ္မတ ထရမ့်၏ ဥပဒေ (OBBBA) မှ ရံပုံငွေ အမေရိကန်ဒေါ်လာ ၂၅၀ သန်း အပို ရရှိ ထားပြီးဖြစ်ကြောင်း၊ ယင်းအဆိုမှာ ထရမ့်မိသားစုအား အနုပညာ အဖွဲ့ အစည်းအပေါ် ပိုမိုထိန်းချုပ်ခွင့်ပေးရန် ရည်ရွယ်သည်ဟု ပြောဆိုခဲ့သည်။
ကနေဒီစင်တာတွင် လူ ၂,၃၆၄ ဦး ဆံ့သော Opera Houseကို အမည် ပြောင်းမည်ဖြစ်ပြီး ယခင်က အဆိုပါဇာတ်ရုံသည် နှစ်စဉ် Kennedy Center Honors ပွဲများ ကျင်းပရာနေရာ ဖြစ်ခဲ့သည်။ ယင်းအဆိုသည် ထရမ့်အား ဂုဏ်ပြုသည့် အခြားအဆိုများဖြစ်သည့် လေဆိပ်နှင့် မက်ထရို စနစ်အမည်ပြောင်းရန် အစီအစဉ်တို့၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂