သတင်းများ

တင့်များတွင် ဒရုန်းနည်းပညာကို ပေါင်းစပ် အသုံးပြုနိုင်ရေးအတွက် ရုရှားကြိုးပမ်း

ရုရှားနိုင်ငံသည် တင့်များတွင် ဒရုန်းနည်းပညာများကို ပေါင်းစပ်အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်ဟု ရုရှားနိုင်ငံ၏အကြီးဆုံး တင့်ကားထုတ်လုပ်ရေးကုမ္ပဏီ Uralvagonzavod ကပြောသည်။

ယူကရိန်းပဋိပက္ခအပါအဝင် မျက်မှောက်ခေတ်စစ်ပွဲများတွင် ဒရုန်းများ၏ ပိုမိုအရေးပါလာသည့် အခန်းကဏ္ဍကြောင့် ၎င်းဒရုန်းနည်းပညာအား တင့်များတွင် ပေါင်းစပ်အသုံးပြုနိုင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

အဆိုပါကြိုးပမ်းမှု၏ တစ်စိတ်တစ်ဒေသအဖြစ် Uralvagonzavod ကုမ္ပဏီသည် T-90M Proryv တင့်များအပါအဝင် ရုရှားတင့်များအား    အဆင့်မြှင့်တင်လျက်ရှိသည်။ T-90M တင့်များသည် မည်သည့်ရာသီမျိုးတွင်မဆိုဖြစ်ပွားသည့် လက်တွေ့စစ်မြေပြင်တွင် အသုံးပြုနိုင်သော တင့်အဖြစ် စမ်းသပ်ခံနိုင်သည့် ကမ္ဘာ့တစ်မျိုးတည်းသော တင့်ဖြစ်ကြောင်း Sputnik သတင်းဌာနက ဖော်ပြသည်။

ရုရှားနိုင်ငံအနေဖြင့်   ဒရုန်းများအား တင့်များနှင့်      ပေါင်းစပ်အသုံးပြုရေး ကြိုးပမ်းမှုနှင့်စပ်လျဉ်း၍ အခြားအသေးစိတ်အချက်အလက်များကို ထုတ်ပြန်ထားခြင်းမရှိသော်လည်း တင့်၏ဆုံလည်စနစ်၊ အဝေးမှနေ၍ လက်နက်စနစ်များထိန်းချုပ်နိုင်သည့်စနစ်၊    နောက်ကြည့်ကင်မရာ၊ လေအေးပေးစက်၊    အပြောင်းအလဲလုပ်ဆောင်နိုင်သည့် ထိုင်ခုံများစသည်တို့တွင် အဆင့်မြှင့်တင်လျက် ရှိသည်။

Source: Myawady Web Portal
 
တူကီယဲတွင် နှင်းမုန်တိုင်းကြောင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပြတ်တောက်သွားပြီး စာသင်ကျောင်းများကိုလည်း ပိတ်ပစ်ခဲ့ရ

တူကီယဲနိုင်ငံ     အစ္စတန်ဘူမြို့တွင် နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပြတ်တောက်သွားပြီး    စာသင်ကျောင်းများကိုလည်း ပိတ်ပစ်ခဲ့ရကြောင်း သိရသည်။

နှင်းမုန်တိုင်းသည်  အစ္စတန်ဘူမြို့၌ ဖေဖော်ဝါရီလ ၂၀ ရက်မှ စတင်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး မြို့အတွင်းရှိ စာသင်ကျောင်းများကို နှစ်ရက်ဆက်တိုက် ပိတ်ထားခဲ့ရကြောင်း၊ နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အပူချိန်သည် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ပိုမိုကျဆင်းခဲ့ပြီး ဆီးနှင်းများကျဆင်းမှုမှာလည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့သည်။

မြို့အတွင်း   ဆီးနှင်းများကျဆင်းမှုကြောင့် မော်တော်ဆိုင်ကယ်စီးနင်းခြင်းကို တားမြစ်ထားကြောင်း   အစ္စတန်ဘူမြို့တော်ဝန်   ဒါဗွက်ဂူးကပြောသည်။

ဆီးနှင်းကျဆင်းမှုကြောင့် အိမ်ခြေမဲ့ ၁၀၀၀ ကျော်အား  ယာယီခိုနားဆောင်များသို့ ပို့ဆောင်ထားကြောင်းသိရသည်။

နှင်းမုန်တိုင်းတိုက်ခတ်မှုသည် လာမည့်ရက်သတ္တပတ် အစောပိုင်းအထိ ဆက်လက်ဖြစ်ပွားနိုင်ပြီး အပူချိန်မှာလည်း သုညဒီဂရီ အောက်သို့ ကျဆင်းနိုင်ကြောင်း အာဏာပိုင်အဖွဲ့က ခန့်မှန်းထားသည်။

လူမှုရေး၊ စီးပွားရေး အသွင်ကူးပြောင်းမှုအတွက် ပါကစ္စတန်က 5G နည်းပညာ အသုံးပြုမည်

5G နည်းပညာသည်    နိုင်ငံ၏လူမှုစီးပွားရေး အခင်းအကျင်းများကို အသွင်ကူးပြောင်းနိုင်သည့် အလားအလာကောင်းများ ရှိသောကြောင့် အဆိုပါနည်းပညာအား  လူမှုရေး၊ စီးပွားရေးအသွင် ကူးပြောင်းမှုအတွက်  ပါကစ္စတန်က အသုံးပြုမည်ဖြစ်သည်။

5G နည်းပညာသည် နိုင်ငံ၏အင်တာနက်မြန်နှုန်းကို ပိုမိုမြန်ဆန်နိုင်စေသောကြောင့် ပါကစ္စတန်နိုင်ငံသည် ယခုအခါ အလွန်ချိတ်ဆက်မှုရှိသော နိုင်ငံအဖြစ် အသွင်ပြောင်းလဲ လာပြီဖြစ်ရာ    စက်မှုကဏ္ဍအသွင်ပြောင်းရေးနှင့် နိုင်ငံ့စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံ့အနာဂတ်တို့အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ဖေဖော်ဝါရီလ  ၁၇ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင် ပါကစ္စတန်အစိုးရအနေဖြင့် 5G နည်းပညာက နိုင်ငံအတွင်းရှိ ကဏ္ဍအားလုံးအပေါ် အကျိုးသက်ရောက်စေရန်အတွက် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အဦများကို တည်ဆောက်မည်ဖြစ်ပြီး အကောင်းဆုံးသော ကမ္ဘာ့နည်းစနစ်များကို အသုံးပြုမည်ဖြစ်သည်။

ပါကစ္စတန်နိုင်ငံသည် ယခုအခါ အမျိုးသား ဒစ်ဂျစ်တယ်မဟာဗျူဟာကို ချမှတ်ဖော်ဆောင်လျက်ရှိပြီး ယင်းမဟာဗျူဟာ၏တစ်စိတ်တစ်ဒေသအဖြစ် e-Pakistan၊ အီလက်ထရွန်နစ်ဝန်ဆောင်မှုများကိုတိုးချဲ့ဖော်ဆောင်ခြင်း၊ Smart ပါကစ္စတန်ကဲ့သို့သော ကနဦးဆောင်ရွက်မှုများဖြင့် နိုင်ငံအား ဒစ်ဂျစ်တယ် အသွင်ပြောင်းလဲလျက်ရှိသည်။

ထို့ပြင် 5G နည်းပညာသည် ပါကစ္စတန် နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကျန်းမာရေးကဏ္ဍများတွင်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ 

အင်္ဂါဂြိုဟ်သို့ AI နည်းပညာသုံး စက်ရုပ်များစေလွှတ်ရန် အီလွန်မက်ဆန္ဒရှိ

အမေရိကန်   စွန့်ဦးတီထွင်သူနှင့် အမေရိကန်အစိုးရ စွမ်းဆောင်ရည်ဌာန (DOGE)အကြီးအကဲ အီလွန်မက်သည် လာမည့်နှစ်တွင် အင်္ဂါဂြိုဟ်သို့ ဉာဏ်ရည်တု (AI) နည်းပညာသုံး စက်ရုပ်များအား  စေလွှတ်ရန် ဆန္ဒရှိနေကြောင်း   သိရသည်။

အင်္ဂါဂြိုဟ်သို့ ၂၆ လလျှင် တစ်ကြိမ်သွားရောက်ရန် ဖြစ်နိုင်သောကြောင့်  ၎င်းဂြိုဟ်သို့စေလွှတ်မည့် မစ်ရှင်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း မက်က ဖေဖော်ဝါရီလ ၁၈ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

အခြေအနေအားလုံး အဆင်ပြေချောမွေ့မှုရှိပါက အင်္ဂါဂြိုဟ်သို့အလိုအလျောက် ထိန်းချုပ်လုပ်ဆောင်နိုင်သည့် စက်ရုပ်များနှင့် AI နည်းပညာသုံးစက်ရုပ်များအား SpaceX ကုမ္ပဏီမှ Starship အာကာသယာဉ်ဖြင့်  စေလွှတ်မည်ဖြစ်သည်။

လူသားများအနေဖြင့် အခြားဂြိုဟ်များအား ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်မည်ဆိုပါက ၎င်းဂြိုဟ်များပေါ်တွင် အသက်ရှိနေထိုင်နိုင်သည်ဟု မက်က ယခင်ကတည်းက ပြောကြားခဲ့ပြီး အင်္ဂါဂြိုဟ်ပေါ်သို့ လူသားများ သွားရောက်၍ အုပ်ချုပ်ရေး ထူထောင်ရန် ၎င်းကတိုက်တွန်းခဲ့ဖူးသည်။

သတ္ထုရင်းမြစ်များ အသုံးပြုခွင့်မပေးပါက Starlink ဝန်ဆောင်မှု ရပ်ဆိုင်းမည်ဟု အမေရိကန်ပြော

အမေရိကန်တာဝန်ရှိသူများက ယူကရိန်းသည် ၎င်း၏ သတ္တုရင်းမြစ်များကို အသုံးပြုခွင့်မပေးပါက Elon Musk ၏ Starlink အင်တာနက် စနစ်အသုံးပြုခွင့်ကို တားဆီးနိုင်ကြောင်း သတိပေးခဲ့သည်ဟု အမေရိကန် တာဝန်ရှိသူ ၃ ဦး၏ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ Donald Trump ၏ အဓိကမဟာမိတ်ဖြစ်သူ Musk သည် ၂၀၂၂ ခုနှစ်ကတည်းက အင်တာနက်စနစ် ၄၀,၀၀၀ ကျော် လှူဒါန်းခဲ့ပြီး ယင်းတို့ကို ယူကရိန်းတပ်များက စစ်မြေပြင်တွင် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုခဲ့သည်။

ရိုက်တာ၏ဖော်ပြချက်အရ သတ္တုရင်းမြစ်များနှင့် ပတ်သက်သည့် သဘောတူညီချက်ကို အမေရိကန်နှင့် လက်မှတ်မထိုးပါက Starlink ၏ ဂြိုလ်တုဝန်ဆောင်မှုကို “ချက်ချင်းပိတ်သိမ်းခြင်း” နှင့် ရင်ဆိုင်ရမည်ဟု ယူကရိန်းခေါင်းဆောင် Vladimir Zelensky နှင့် Trump ၏ ကိုယ်စားလှယ် Keith Kellogg တို့အကြား ဖေဖော်ဝါရီ ၂၀ ရက်နေ့က ယူကရိန်းမြို့တော် Kiev တွင် ကျင်းပသော အစည်းအဝေးတစ်ခု၌ Kellogg က ယူကရိန်းတို့အား ပြောကြားခဲ့သည်။

ယူကရိန်းသည် Starlink အပေါ်တွင် များစွာမှီခိုနေရပြီး ထိုဝန်ဆောင်မှုကို ဆုံးရှုံးခြင်းသည် “ကြီးမားသောထိခိုက်မှုတစ်ခု ဖြစ်လိမ့်မည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ အမေရိကန်ထံမှ နောက်ထပ်စစ်ရေး အကူအညီများရရှိရန် ကြိုးပမ်းမှုတစ်ခုအနေဖြင့် Zelensky သည် ရှားပါးသတ္တုများအပါအဝင် ယူကရိန်း၏ သယံဇာတများကို Trump ထံ ပဏာမ ချပြခဲ့သော်လည်း အမေရိကန်ကို နိုင်ငံ၏သတ္တုသယံဇာတကြွယ်ဝမှု၏ ၅၀% ပိုင်ဆိုင်ခွင့်ပေးမည့် သဘောတူညီချက်ကို လက်မှတ်ထိုးရန် ၎င်းက ငြင်းဆန်ခဲ့သည်။ 

Zelensky က ၎င်း၏ ရှားပါးသတ္တုသိုက်များ၏ တစ်ဝက်ခန့်သည် ရုရှားတို့၏ သိမ်းပိုက်ခြင်းခံရသည် ဟု ယခုလအစောပိုင်းတွင် ဝန်ခံ ပြောကြားခဲ့ပြီး ယူကရိန်းတွင် “သေးငယ်သော scandium သတ္တုတွင်းများမှလွဲ၍ အရေးပါသော ရှားပါးသတ္တုသိုက်များ မရှိကြောင်း” Javier Blas က Bloomberg တွင်ရေးသားဖော်ပြခဲ့သည်။ 

ကိုးကား-RT

ဗီယက်နမ်သို့ လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည်စာရင်း၌ အမေရိကန်က ထပ်ဆုံးမှရပ်တည်

အမေရိကန်ပြည်ထောင်စုသည် ၂၀၂၅ ခုနှစ်အစောပိုင်းတွင် ဗီယက်နမ် ခရီးသွားလုပ်ငန်းအတွက် အများဆုံးလာရောက်လည်ပတ်သော နိုင်ငံ ၁၀ နိုင်ငံစာရင်း၌ ထိပ်ဆုံးမှရပ်တည်နေပြီး ၎င်းနောက်တွင် ဩစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့က ရပ်တည်နေကြောင်း မကြာသေးမီက အစီရင်ခံစာ တစ်စောင်၌ ဖော်ပြသည်။

ဗီယက်နမ် အမျိုးသားခရီးသွားလာရေးအာဏာပိုင်အဖွဲ့က Google ၏ Destination Insights မှ ဒေတာများကို ကိုးကား၍ အခြား လာရောက် လည်ပတ်မှုအများဆုံးနိုင်ငံများမှာ ဂျပန်၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီနှင့် မလေးရှားနိုင်ငံတို့ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကုန်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဗီယက်နမ်နိုင်ငံရှိ လေ့လာလည်ပတ်ရာနေရာများသို့ လာရောက်မှုများ သည် ၂၀၂၃ ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၅-၃၀% အထိ မြင့်တက် လာခဲ့သည်။ အဆိုပါတိုးတက်မှုသည် ဖေဖော်ဝါရီလအစောပိုင်းအထိ ဆက်လက်တည်ရှိခဲ့ပြီး လာရောက်လည်ပတ်မှုပမာဏသည် ၃၀-၄၅% အထိ မြင့်တက်လာခဲ့သည်။

Google ၏ အစီရင်ခံစာသည် ဗီယက်နမ်နိုင်ငံသို့ လာရောက် လည်ပတ်သည့် အမေရိကန်ခရီးသွားဧည့်သည်များ တိုးပွားလာမှုနှင့် ကိုက်ညီနေသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံသို့ အမေရိကန်ခရီးသွား ၆၉,၂၃၇ ဦး လာရောက်လည်ပတ်ခဲ့ပြီး၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၆% တိုးတက်လာခဲ့သည်။ ဒီဇင်ဘာလတွင် ၇၃,၀၀၀ အထိ မြင့်တက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၉၂,၀၀၀ အထိ ရောက်ရှိလာကာ ယခင်နှစ် နှင့်နှိုင်းယှဉ်ပါက ၂၅% တိုးတက်မှု ရှိခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဗီယက်နမ်နိုင်ငံသည် နိုင်ငံခြားခရီးသွား ၂.၁ သန်းကို လက်ခံခဲ့ရပြီး မှတ်တမ်းများအရ အမြင့်ဆုံးလစဉ် ဧည့်သည် အရေအတွက် ဖြစ်သည်။

ယခုနှစ်အတွက် ဗီယက်နမ်နိုင်ငံသည် နိုင်ငံခြားခရီးသွား ၂၂ -၂၃ သန်း လက်ခံရန် ရည်မှန်းထားပြီး ယခင်နှစ်က နိုင်ငံခြားခရီးသွား ၁၇.၆ သန်း ကို လက်ခံခဲ့သည်။

ကိုးကား-VN Express

အသစ်ထွက်ရှိလာမည့် iPhone 16e ကို စင်ကာပူဒေါ်လာ ၉၄၉ မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး စင်ကာပူတွင် ဖေဖော်ဝါရီလ ၂၁ ရက်မှ စတင်၍ ကြိုတင်စာရင်းသွင်းမှာယူနိုင်ပြီ

အသစ်ထွက်ရှိလာသည့် iPhone 16e ကို စင်ကာပူနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၁ ရက်မှစတင်၍ ကြိုတင်စာရင်းသွင်း မှာယူနိုင်ပြီဖြစ်ပြီး ဖေဖော်ဝါရီလ ၂၈ ရက်တွင် စတင်ရောင်းချသွားမည် ဖြစ်သည်။

iPhone 16e တွင်ပါရှိသည့် ခလုတ်ပုံစံများ၊ Type-C အမျိုးအစား USB အားသွင်းကြိုးပေါက်များ စသည့် အသွင် အပြင်များသည် iPhone 16 နှင့်အလားသဏ္ဍာန်တူညီပြီးသော်လည်း iPhone 16e တွင်မူ ကင်မရာတစ်လုံးသာ ပါဝင်မည်ဖြစ်သည်။ ၎င်းတွင် 48 Mega Pixel Fusion ကင်မရာအား ဒီဇိုင်းပြန်လည်ပြုပြင်၍ အဆင့်မြင့်တင် ထားသော်လည်း ပုံထွက်အရည်အသွေးမှာ အခြားသော iPhone 16 model များထက် ထူးခြားသည့်ပြောင်းလဲမှု မရှိပေ။

iPhone 16e သည် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ထွက်ရှိသည့် Apple Intelligence ကို လုပ်ဆောင်နိုင်မည်ဖြစ်ပြီး အနက်ရောင်နှင့် အဖြူရောင် ၂ မျိုးကို 128GB ၊ 256GB နှင့် 512GB စသည့် storage များဖြင့် ရွေးချယ် ဝယ်ယူ နိုင်မည် ဖြစ်ပါသည်။

ဈေးနှုန်းအနေဖြင့် စင်ကာပူဒေါ်လာ ၉၄၉ မှစတင်ပြီး ယင်းဈေးနှုန်းမှာ ယခင်ထွက်ရှိခဲ့သည့် iPhone 16 ထက် စင်ကာပူဒေါ်လာ ၃၅၀ သက်သာပါသည်။

ကိုးကား- mothership.com              

ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင် (နစက-၄)

တောင်တရုတ်ပင်လယ်အတွင်း ပျံသန်းနေသည့် ဖိလစ်ပိုင် လေယာဉ် သုံးစင်းကို တရုတ်စစ်တပ်မောင်းထုတ်

ဖေဖော်ဝါရီ ၂၀ ရက်တွင် တောင်တရုတ်ပင်လယ်အတွင်း၌ရှိသော စပရက်တလီကျွန်းစုများအနီးရှိ လေပိုင်နက်အတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက်လာသောဖိလစ်ပိုင်လေယာဉ်သုံးစင်းကို သတိပေးမှုများလုပ်ဆောင်ကာ မောင်းထုတ်ပစ်ခဲ့ကြောင်း တရုတ်စစ်တပ်က ထုတ်ပြန်ပြောဆိုခဲ့သည်။

တရုတ်စစ်တပ်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံရှိ ဖိလစ်ပိုင် သံရုံးက ချက်ချင်းမှတ်ချက်ပြု တုံ့ပြန်ပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။ ဖိလစ်ပိုင်လေယာဉ်သုံးစင်းသည် လေပိုင်နက် တရားမဝင်ကျူးကျော်ဝင်ရောက်မှုများကို လုပ်ဆောင်ခဲ့သော်လည်း တရုတ်ဘက်က အောင်မြင်စွာဟန့်တားမှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း တရုတ်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်က ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ၎င်းပိုင်ဆိုင်ကြောင်း တရုတ်ဘက်က အခိုင်အမာပြောဆိုထားသကဲ့သို့ ဘရုနိုင်း၊ မလေးရှား၊ အင်ဒို နီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆို ထားကြသည်။

ဖိလစ်ပိုင်နှင့် တရုတ်တို့သည် အငြင်းပွား တောင်တရုတ် ပင်လယ်အတွင်းတွင် ထိပ်တိုက်တွေ့ဆုံမှုများ မကြာခဏဖြစ်ပွားလျက်ရှိပြီး နှစ်နိုင်ငံကြား တင်းမာမှုများ ဆိုးရွားစွာမြင့်တက်လျက်ရှိကြောင်း သိရသည်။ တရုတ် အစိုးရက ၎င်း၏ပိုင်နက်နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ရန်စမှုများ လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင်ဘက်မှ အခိုင်အမာ စွပ်စွဲ ပြောဆိုထားသလို တရုတ်ဘက်ကလည်း ဖိလစ်ပိုင်အစိုးရသည် ၎င်း၏ ပိုင်နက်နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်ကာ ရန်စမှုများကို လုပ်ဆောင်နေကြောင်း ပြန်လည်စွပ်စွဲပြောဆိုထားသည်။

ကိုးကား-NP News

သီရိလင်္ကာတွင် ဆင်ခြောက်ကောင် ရထားနှင့်တိုက်မိပြီး သေဆုံး

သီရိလင်္ကာနိုင်ငံ အလယ်ပိုင်းက သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးစခန်းတစ်ခုအနားတွင် ခရီးသည်တင်ရထားတစ်စင်းသည် ဆင်အုပ်နှင့် တိုက်မိပြီး လမ်းချော်မှု ဖေဖော်ဝါရီ ၂၀ ရက် (ကြာသပတေးနေ့) နံနက် အစောပိုင်း က ဖြစ်ပွားခဲ့ပါသည်။

ရထားပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း ကိုလံဘို မြို့တော် အရှေ့ပိုင်း ဟာဘာရန အရပ်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်ရပ်ကြောင့် ဆင် ၆ ကောင် သေဆုံး သွားပါသည်။

ထို့အပြင် ဆင် ၂ ကောင်လည်း ဒဏ်ရာရရှိသွားသဖြင့် ကုသပေးနေရပြီး “ထိုဖြစ်ရပ်သည် သမိုင်းတွင် အဆိုးရွားဆုံး သားရိုင်းတိရစ္ဆာန် ထိခိုက် သေဆုံးမှု” ဟု ရဲက ပြောကြားခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားပါသည်။

သီရိလင်္ကာတွင် ယခုကဲ့သို့ ဆင်အုပ်ကို ရထားတိုက်မိခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသည့်ကိစ္စဖြစ်ပြီး အလားတူ ဆင်ရော လူများပါ သေဆုံးမှု ကမ္ဘာ ပေါ်တွင် အများဆုံးရှိသည့် နိုင်ငံ ဖြစ်ပါသည်။

လူနှင့် ဆင် မတော်တဆ ဖြစ်ရပ်များကြောင့် လူအယောက် ၁၇၀ ကျော် နှင့် ဆင်အကောင်ရေ ၅၀၀ နီးပါး ဆုံးရှုံး ခဲ့ရပါသည်။

ထို့အပြင် နှစ်စဉ် ရထားတိုက်မှုကြောင့် ဆင်အကောင်ရေ ၂၀ ဝန်းကျင် သေဆုံးလေ့ရှိကြောင်း ဒေသတွင်း သတင်းများတွင် ရေးသားထားပါသည်။

သစ်တောပြုန်းတီးမှုများနှင့် အရင်းအမြစ် လျော့ပါးလာမှုများကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် မှီခိုနေထိုင်ရသည့် ဆင်များအပေါ် သက်ရောက်မှု ရှိလာချိန်တွင် လူများ၏ပယောဂကြောင့် ဆင်အသက် ဆုံးရှုံးမှုလည်း တိုးလာနေပါသည်။

တချို့ကလည်း ရထားမောင်းသမားများကို ဖြည်းဖြည်းမောင်းကြရန်နှင့် ရထားလမ်းပေါ် တိရစ္ဆာန် ဖြတ်ကူးသည်ကို မြင်ပါက ဥသြသံပေး၍ သတိပေးရန် တိုက်တွန်းထားပါသည်။

၂၀၁၈ ခုနှစ်ကလည်း ယခု အခင်းဖြစ်ပွားသည့် ဟာဘာရနတွင် ရထားတိုက်မှုကြောင့် ကိုယ်ဝန်ဆောင် ဆင်မိခင်ကြီးနှင့် ဆင်ကလေး နှစ်ကောင် သေဆုံးသွားပါသည်။

အာရုံတက်ချိန် ရထားလမ်းကို ဖြတ်ကူးသည့် ဆင်အုပ်များတွင် အဆိုပါ ဆင်သုံးကောင် ပါဝင်ခြင်း ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ တွင် ဟာဘာရနနှင့် ၁၅ မိုင်ခန့်ဝေးသည့် မင်နာရီရာ အရပ်တွင် ဆင်အုပ်ကို ရထားတိုက်မှု ဖြစ်ပွားခဲ့မှုကြောင့် ဆင် ၂ ကောင်သေဆုံးပြီး ဆင် ၁ ကောင် က ဒဏ်ရာရသွားခဲ့ပါသည်။

သီရိလင်္ကာတွင် ဆင်ရိုင်း အကောင် ၇,၀၀၀ နီးပါး ရှိကြောင်း ခန့်မှန်းထားကြပြီး ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ တိုင်းပြည်ဖြစ်သောကြောင့် ဆင်ကဲ့သို့ တိရစ္ဆာန်များကို အမြတ်တနိုး ဆက်ဆံလေ့ရှိသည့်အပြင် ဥပဒေအရလည်း အကာအကွယ်ပေးထားပါသည်။

ဆင်တစ်ကောင်ကို သတ်လျှင် ရာဇဝတ်မှုမြောက်ပြီး ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်အပြစ်ပေးခံရနိုင်ပါသည်။

ကိုးကား- BBC News

AI နည်းပညာများပါဝင်သော iPhone အသစ်တစ်မျိုးကို Apple ကုမ္ပဏီ  မိတ်ဆက်

Apple ကုမ္ပဏီသည် AI နည်းပညာများပါဝင်၍ Flagship ဖုန်းအမျိုးအစားထက် စျေးနှုန်းချိုသာသည့် iPhone အသစ်တစ်မျိုးကို မိတ်ဆက်လိုက်သည်။

iPhone 16e ကို iPhone 16 ၏ Processor နှင့် Storage အတိုင်း ထုတ်လုပ်ထားပြီး ကင်မရာအရေအတွက်နှင့် အခြား Specification အနည်းငယ်သာ လျှော့ချထားကြောင်း Apple က ပြောကြားထားသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် iPhone ရောင်းအားများ ကျဆင်းခဲ့ပြီး သုံးစွဲသူများ အကြိုက်တွေ့စေမည့် ထုတ်ကုန်အသစ်များ ထုတ်လုပ်နိုင်ရန် Apple အနေဖြင့် ကြိုးစား ရုန်းကန်နေရသည်။

အဆိုပါဖုန်းတွင် AI နည်းပညာထည့်သွင်း၍ စျေးနှုန်းချိုသာစွာဖြင့် ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချခြင်းဖြင့် ရောင်းအားကျသည့် ပြဿနာကို ဖြေရှင်းနိုင်မည်ဟု Apple က မျှော်လင့်ထားသော်လည်း ထိုသို့ဆောင်ရွက်ခြင်းက ရောင်းအားကို မည်မျှတိုးတက်စေမည်ကို လေ့လာသူများက စောင့်ကြည့်နေကြသည်။

iPhone 16e ဆိုသည်မှာ ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ထွက်ရှိခဲ့သော စျေးနှုန်းချိုသာသည့် iPhone SE series ကို ရည်ညွှန်းထားခြင်း ဖြစ်သည်။ Apple ၏ပြောကြားချက်အရ iPhone 16e ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစ၍ နိုင်ငံပေါင်း ၅၉ နိုင်ငံ၌ Pre Order စတင်မှာယူနိုင်မည်ဖြစ်သည်။

ကိုးကား-BBC