သတင်းများ

ကုလသမဂ္ဂ၏ ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ချရေး ဆွေးနွေးပွဲများကို ဩဂုတ်လတွင် ပြန်လည် ကျင်းပသွားမည်

ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလျှော့ချနိုင်မည့် ပထမဆုံးအပြည်ပြည်ဆိုင်ရာစာချုပ်(မူကြမ်း) တစ်ရပ်ကို အတူတကွပူးပေါင်းဖော်ဆောင်နိုင်ရန်အတွက် ယခုနှစ်ဩဂုတ်လအတွင်း ဆွေးနွေးပွဲများပြန်လည် စတင် မည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏သဘာဝပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ် (UNEP)က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာညှိနှိုင်းရေးကော်မတီ အစည်းအဝေးများကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ်စွန့်ပစ်မှုသည် ၂၀၁၉ ခုနှစ်အထိ နှစ်ပေါင်းနှစ်ဆယ်ကာလအတွင်း (၂) ဆကျော် မြင့်တက်လာခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ပလတ်စတစ်ကြောင့်ဖြစ်ပေါ်သည့်ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာဥပဒေအရ စည်းနှောင်မှုရှိသည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းသွားရန် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်နိုင်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာညှိနှိုင်းရေးကော်မတီမှ ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း သဘောထားကွဲလွဲမှုများအပေါ် ဆွေးနွေး ညှိနှိုင်းနိုင်ခြင်းမရှိသဖြင့် သဘောတူညီချက်ကို ဆိုင်းငံ့ထားခဲ့ရသည်။

အစည်းအဝေးတွင် ဥရောပသမဂ္ဂနှင့် အခြားအဖွဲ့ဝင်နိုင်ငံက ပလတ်စတစ်ထုတ်လုပ်မှုကို ကန့်သတ်ရန် တိုက်တွန်းခဲ့ကြသော်လည်း ဆီထုတ်လုပ်သည့်နိုင်ငံများက အဆိုပါအချက်ကို ကန့်ကွက်ခဲ့ကြသည်။ 

လာမည့်ဩဂုတ်လတွင် ကျင်းပပြုလုပ်မည့် အစည်းအဝေး၌ ယခင်နှစ်အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌက တင်ပြခဲ့သည့် အဆိုပြုမူကြမ်းအပေါ် ဆက်လက်ဆွေးနွေးသွားဖွယ်ရှိပြီး ဝန်ကြီးအဆင့်အစည်းအဝေးဆွေးနွေးပွဲများကိုလည်း ကျင်းပရန် စီစဉ်ထားရှိကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား-NHK World

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)

ပြည်ပအကူအညီ ဒေါ်လာနှစ်ဘီလီယံခန့်ကို ရပ်ဆိုင်းထားရန် သမ္မတ ဒေါ်နယ်ထရမ့်၏ကြိုးပမ်းမှုကို နိုင်ငံတော်တရားရုံးက ပယ်ချ

သဘောထားကွဲနေသော နိုင်ငံတော်တရားရုံးချုပ်က မတ် ၅ ရက်တွင် သမ္မတဒေါ်နယ်ထရမ့်ကို တရားဥပဒေအရ ရှုံးနိမ့်စေခဲ့ပြီး ပြည်ပအကူအညီ အမေရိကန်ဒေါ်လာနှစ်ဘီလီယံခန့်ကို ထိန်းချုပ်ရန် ထရမ့်၏ ကြိုးပမ်းမှု ကို ပယ်ချလိုက်သည်။

ထရမ့်အစိုးရအဖွဲ့ကို ဥပဒေကြောင်းအရ စိန်ခေါ်ရာတွင် ထင်သာမြင်သာ ရှိသော ပထမဆုံး စီရင်ဆုံးဖြတ်မှု၌ နိုင်ငံတော်တရားရုံးက ပြည့်စုံနေပြီ ဖြစ်သောအကူအညီ ကန်ထရိုက်များအတိုင်း ငွေပေးချေမှုများကို ပေးရန် လိုအပ်သည်ဟူသော အောက်တရားရုံးအမိန့်ကို ထောက်ခံမဲ ငါးမဲ၊ ကန့်ကွက်မဲ လေးမဲဖြင့် အတည်ပြုခဲ့သည်။

အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအတွက် အမေရိကန်အေဂျင်စီ (USAID) နှင့် ချုပ်ဆိုထားသော ကန်ထရိုက်များအတွက် ငွေပေးချေမှုများကို ပြန်လည် လုပ်ဆောင်ရန်နှင့် အစိုးရက ဖြည့်ဆည်းပေးရမည့် တာဝန်ခံမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းရှင်းလင်းလင်းဖြစ်စေရမည်ဟု ဖက်ဒရယ် တရားသူကြီးတစ်ဦးက ညွှန်ကြားခဲ့သည်ဟု တရားသူကြီးများက ပြောကြား ခဲ့သည်။

ကွန်ဆာဗေးတစ်များဖြစ်သော ဂျွန်ရောဘတ်(တရားသူကြီးချုပ်)၊ အေမီ ကိုနေးဘာရတ် (ထရမ့် ခန့်အပ်ထားသော တရားသူကြီး) တို့က အဖွဲ့ဝင် ကိုးဦးပါသော နိုင်ငံတော်တရားရုံးတွင် လစ်ဘရယ်သမားသုံးဦးနှင့်အတူ မဲပေးခဲ့ကြသည်။

တရားသူကြီး ဆမ်ဝဲလ်အလီတိုက သဘောထားကွဲသည်ဟု ရေးသား ခဲ့သည်။ အခြားကွန်ဆာဗေးတစ်သုံးဦးကလည်း သဘောထားကွဲသည်ဟု ဖော်ပြခဲ့ကြသည်။

“တရားစီရင်ပိုင်ခွင့်ရှိပုံမရသည့် ခရိုင်တရားသူကြီး တစ်ဦးတည်းက (ထာဝရ ဆုံးရှုံးသွားဖို့ရှိသည့်) အခွန်ထမ်း ပြည်သူများ၏ အမေရိကန် ဒေါ်လာနှစ်ဘီလီယံကို အပြတ်ပေးရန် အမေရိကန်အစိုးရအဖွဲ့ကို အတင်းအကြပ် လုပ်စေနိုင်မည့် အတားအဆီးမဲ့ အာဏာရှိနေပါသလား” ဟု အယ်လီတိုက ရေးခဲ့သည်။

“အဆိုပါမေးခွန်းအတွက် အဖြေသည် No ဆိုပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်သင့်သော်လည်း အဆိုပါ တရားရုံး၏ တရားသူကြီးအများစုကအခြားနည်းလမ်းကို စဉ်းစားနေကြောင်း ထင်ရှားနေသောကြောင့် မိမိ အနေဖြင့် အံ့အားသင့်မိပါကြောင်း” ၎င်းက ဖြည့်စွက်ဖော်ပြခဲ့သည်။

ထရမ့်သည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်ဦးဆောင်သော အစိုးရအဖွဲ့ စွမ်းဆောင်ရည်ဌာနကို ဖွဲ့စည်းခဲ့ကာ အစိုးရအဖွဲ့၏ အချို့သောအပိုင်းများကို ချုံ့ပစ်ခြင်းသို့မဟုတ် ဖယ်ရှားခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

USAID သည် ဝန်ထမ်းအများဆုံး ထုတ်ပယ်ခံရသော အေဂျင်စီဖြစ်သည်။ USAID သည် ကမ္ဘာတစ်ဝန်း ကျန်းမာရေးအစီအစဉ်များနှင့် အရေးပေါ် အစီအစဉ်များအတွက် နိုင်ငံ ၁၂၀ ခန့်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဖြန့်ဝေပေးနေသော အေဂျင်စီဖြစ်သည်။

USAID ကို အစွန်းရောက်သော အရူးများက လည်ပတ်နေခြင်း ဖြစ်သည် ဟု ထရမ့်က ပြောကြားခဲ့သည်။ အီလွန်မက်ကလည်း USAID သည် အပိုင်းပိုင်းဖြတ်ထုတ်ပစ်ရန် လိုအပ်သည့် ရာဇဝတ် အဖွဲ့အစည်း တစ်ခု အဖြစ် ဖော်ပြခဲ့သည်။

ထရမ့်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များအား ဥပဒေကြောင်းအရ စိန်ခေါ်မှုများကို ထောက်ခံသော American Civil Liberties Union (ACLU) က နိုင်ငံတော်တရားရုံး၏ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့သည်။

“ပြည်ပအကူအညီငွေများကို ရပ်ပစ်မည့် သမ္မတ ဒေါ်နယ်ထရမ့်၏ ကြိုးပမ်းမှုသည် သမ္မတလုပ်ပိုင်ခွင့်အာဏာကို အဆင်ခြင်မဲ့ ရက်စက်သည့် မကြုံစဖူး အလွဲသုံးစားလုပ်မှုဖြစ်ကြောင်း” အမှုဆောင်ဒါရိုက်တာ အန်သိုနီ ရိုမီယိုက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“ကွန်ဂရက်က တရားဝင်ခွင့်ပြုပေးထားသည့် အစီအစဉ်များအတွက် ရန်ပုံငွေများကို ရပ်ဆိုင်းကြောင်း သမ္မတက တဖက်သတ် ကြေညာခြင်း က သမ္မတထရမ့်အနေဖြင့် ၎င်း၏လုပ်ပိုင်ခွင့်ကို ကျော်လွန် ဆောင်ရွက် နေသည်ဟု အောက်တရားရုံးက မှန်ကန်စွာ ဆုံးဖြတ်ခဲ့ပါကြောင်း” ဟု ရိုမီယိုက ဆက်လက်ဖော်ပြထားသည်။

ကိုးကား- Eleven

အမေရိကန် ကုမ္ပဏီ Group က ပနားမားတူးမြောင်း ဆိပ်ကမ်းများကို ဝယ်ယူမည်

ဟောင်ကောင်အခြေစိုက် ကုမ္ပဏီတစ်ခုသည် ပနားမားတူးမြောင်းရှိ အဓိကဆိပ်ကမ်းနှစ်ခုကို လုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခုမှ ရှယ်ယာများကို အမေရိကန်ကုမ္ပဏီတစ်ခုက ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံသူ အဖွဲ့သို့ ရောင်းချရန် အစီအစဉ်များကို ကြေညာခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရေးပါသည့် ရေလမ်းကြောင်းပေါ်တွင် တရုတ်ဩဇာလွှမ်းမိုးမှုရှိသည် ဟု စွပ်စွဲပြီး ဖိအားပေးမှုများ တိုးလာနေချိန်တွင် ရရှိခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတက အမေရိကန်လွှတ်တော်နှစ်ရပ်၏ အထူး ပူးတွဲ အစည်းအဝေးတွင် ပနားမားတူးမြောင်းကို ပြန်လည်ရယူရန် ထိရောက်သော သံတမန်ရေးရာ ဖိအားပေးမှုများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။ ၎င်းက ပနားမားတူးမြောင်းကို အမေရိကန် လူမျိုးများအတွက် အမေရိကန်က ဖန်တီးထားသည့် အရေးပါသည့် အခြေခံ အဆောက်အအုံစီမံကိန်းတစ်ခုဟု ဖော်ပြခဲ့သည်။

အာရှမှကုမ္ပဏီကြီးဖြစ်သည့် CK Hutchison Holdings သည် ပနားမား ဆိပ်ကမ်းကုမ္ပဏီ၏ ရှယ်ယာ ၉၀% ကို အမေရိကန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ BlackRock၊ ၎င်း၏ လက်အောက်ခံ Global Infrastructure Partners နှင့် ဂျီနီဗာအခြေစိုက် ကွန်တိန်နာတင် ဆိပ်ကမ်း အဓိက ကုမ္ပဏီ Terminal Investment တို့ပါဝင်သည့် အဖွဲ့သို့ ရောင်းချရန် သဘောတူညီခဲ့ကြောင်း CK Hutchison နှင့် BlackRock တို့က ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပနားမားဆိပ်ကမ်းကုမ္ပဏီသည် တူးမြောင်း၏ ပစိဖိတ်နှင့် အတ္တလန္တိတ် ဝင်ပေါက်များတွင် တည်ရှိသည့် Balboa နှင့် Cristobal ဆိပ်ကမ်းများကို ၂၀၄၇ ခုနှစ်အထိ လုပ်ကိုင်ခွင့်ရရှိထားသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဂျကာတာမြို့တော်၌ ရေကြီးမှုများဖြစ်ပွား၊ ဒေသခံပြည်သူ ထောင်ပေါင်းများစွာကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရ

ဂျကာတာ၊ သဘာဝဘေး

အင်ဒိုနီးရှားနိုင်ငံ  ဂျကာတာမြို့တော်၌ ရေကြီးမှုများဖြစ်ပွားခြင်းကြောင့် အာဏာပိုင်အဖွဲ့က   မတ်လ၄ ရက်တွင် ဒေသခံပြည်သူထောင်ပေါင်းများစွာကိုဘေးကင်းရာသို့ရွှေ့ပြောင်းပေးလိုက်ရကြောင်း သိရသည်။

ဂျကာတာမြို့တွင် မတ်လ ၃ ရက်မှစတင်၍မိုးရွာသွန်းခဲ့မှုကြောင့် မြို့တော်နှင့်အနီးတစ်ဝိုက်တွင်ရေကြီးမှုများဖြစ်ပွားခြင်းဖြစ်သည်။ ရေကြီးမှုအတွင်းမော်တော်ယာဉ်အများအပြားနှင့် လူနေအိမ် ၁၀၀၀ ကျော်နစ်မြုပ်ခဲ့ရကြောင်း သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် ထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

ရေကြီးမှုသည် ယခုအခါဆိုးရွားလာခြင်းကြောင့်ဂျကာတာမြို့တော်ဝန် ပရာမိုနို အာနန်က ရေကြီးမှုအန္တရာယ်ကို ဒုတိယအမြင့်ဆုံးအဖြစ် သတ်မှတ်ခဲ့ရကြောင်းသိရသည်။ ထို့ပြင် မြို့တော်အတွင်း၌ လာမည့်ရက်အနည်းငယ်အထိ    မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း အာဏာပိုင်အဖွဲ့က ခန့်မှန်းထားသည်။

ထို့ပြင် ရေကြီးမှုအတွင်း ရေများသည် ဘေကာဆီမြို့အတွင်းရှိ    ဆေးရုံတစ်ရုံ၏ ဆေးကုသဆောင်အချို့အတွင်းသို့ ဝင်ရောက်လာခြင်းကြောင့်  တာဝန်ရှိသူများကဆေးရုံမှလူနာများအား အခြားအဆောက်အအုံများသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။  

Source: https://myawady.net.mm/

တောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းဆောင်ရွက်မည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် ပြောကြား

အစ္စလာမ်မာဘတ် မတ် ၄

ပါကစ္စတန်နိုင်ငံ၏ ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ အောင်မြင်စေရေးအတွက် တန်ဖိုးရှိသည့် တောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်မည်ဟု ဝန်ကြီးချုပ် ရှာဘတ်ရှာရစ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

လူသားနှင့် သဘာဝတရားတို့ ဆက်သွယ်မှု၏ အရေးပါပုံကို ၎င်းက မီးမောင်းထိုးပြခဲ့သည်။ ပါကစ္စတန်နိုင်ငံတွင် သဘာဝတရားကပေးအပ်ထားသည့် ဆွဲဆောင်နိုင်သော ဇီဝမျိုးစုံမျိုးကွဲများတည်ရှိနေသောကြောင့် ၎င်းတို့ကို ထိန်းသိမ်းရမည့်တာဝန်မှာ အမျိုးသားရေးတာဝန်ဖြစ်သည်ဟု ၎င်းကပြောကြားသည်။ နိုင်ငံအတွင်း ဟိမဝန္တာဒေသရှိ နှင်းကျားသစ်၊ အိန္ဒုမြစ်မှ လင်းပိုင်နှင့် အာရေးဗျပင်လယ်မှ ဝေလငါးစသည့် ရှားပါးတိရစ္ဆာန်များ ရှိနေကြောင်းနှင့် ၎င်းတိရစ္ဆာန်များသည် အမျိုးသားရေးဆိုင်ရာ အမွေအနှစ်များအဖြစ်သာမက နိုင်ငံ၏ ဂေဟစနစ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အကူအညီပေးနေကြောင်း ၎င်းကပြောကြားသည်။

ကမ္ဘာ့လူသားတစ်ရပ်လုံးနှင့် ကမ္ဘာကြီး၏ ကောင်းကျိုးအတွက် ဆောင်ရွက်သည့် အစိမ်းရောင်ပါကစ္စတန်စီမံကိန်းဖြင့် နိုင်ငံသားများအတွက် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများရရှိစေရေး ဆောင်ရွက်နေပြီး ဆင်စွယ်ဖြတ်တောက်ခြင်းကဲ့သို့သော လုပ်ငန်းများနှင့် တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်ရာနေရာများကို ဖျက်ဆီးသည့်လုပ်ငန်းများကို တားဆီးနေကြောင်း ၎င်းက ပြောကြားသည်။

Source: ကြေးမုံသတင်းစာ

Ofunato တောမီး ၆ ရက်ကြာ လောင်ကျွမ်းခဲ့ပြီး မြို့၏ ၈% ကို ဖျက်ဆီး

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း၊ Iwate ခရိုင်တွင်လောင်ကျွမ်းလျက်ရှိသော တောမီးလောင်ကျွမ်းမှုသည် မတ်လ ၄ ရက်(အင်္ဂါ)နေ့၌ ၆ ရက်မြောက် နေ့အဖြစ် ရောက်ရှိခဲ့ပြီး Ofunato မြို့၏ ၈ % ခန့် မီးလောင်ကျွမ်း ပျက်စီး ခဲ့ရသည်။

မတ်လ ၃ ရက်(တနင်္လာ)နေ့ နံနက်ပိုင်း၌ နောက်ထပ် ဟက်တာ ၅၀၀ မီးလောင်ကျွမ်းခဲ့ပြီး အင်္ဂါနေ့ နံနက် ၆ နာရီအထိ စုစုပေါင်း ဟက်တာ ၂,၆၀၀ ခန့် လောင်ကျွမ်းသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောပါသည်။

လူပေါင်း ၂,၀၀၀ ခန့်သည် မီးတောက်များကိုငြှိမ်းသတ်ရန် မြေပြင်နှင့် ဝေဟင်တို့မှ ကြိုးစားဆောင်ရွက်နေခဲ့ကြသည်ဟု ဒေသအာဏာပိုင်များက ပြောကြားခဲ့သည်။

Sanrikucho Ryori အပါအဝင် အခြားအရပ်များဆီသို့ မီးကူးစက်ခဲ့သည် ဟု ခရိုင်တာဝန်ရှိသူများက ပြောဆိုခဲ့ပြီး Ofunato ပင်လယ်ကွေ့၏ အရှေ့မြောက်ဘက် Akasakicho Nagasaki အနီးရှိ သစ်တောများတွင် မီးခိုးများတွေ့ရှိခြင်းကိုအတည်ပြုခဲ့ကြသည်။

Sanrikucho နှင့် Akasakicho ရှိ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် မြို့အုပ်ချုပ်ရေးအဖွဲ့က အမိန့်ထုတ်ထားပြီး မတ်လ ၄ ရက်(အင်္ဂါ)နေ့ နံနက် ၇ နာရီအထိ လူပေါင်း ၁,၂၁၅ ဦးသည် အဆောက်အအုံ ၁၂ ခု၌ ခိုလှုံနေကြရသည်။

မတ်လ ၄ ရက်(အင်္ဂါ) နေ့အထိ Ofunato မြို့တွင် မိုးနည်းသည့် အခြေအနေများ ဆက်ဖြစ်နိုင်ကာ ညသန်းခေါင်အချိန်မှ ဗုဒ္ဓဟူးနေ့ အစောပိုင်းအထိ နှင်းကျနိုင်ပြီး မွန်းတည့်ချိန်ခန့်တွင် မိုးအဖြစ် တဖြည်းဖြည်းချင်း ပြောင်းလဲသွားမည်ဟု ခန့်မှန်း တွက်ဆရကြောင်း ဖော်ပြထားသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

သုံး၍မကုန်နိုင်သည့် စွမ်းအင်အရင်းအမြစ်ကို ရှာဖွေတွေ့ရှိထားကြောင်း တရုတ်ပြောကြား

နိုင်ငံ၏စွမ်းအင်လိုအပ်ချက်ကို နှစ်ပေါင်း ၆ သောင်းကျော်ဖြည့်ဆည်းပေးနိုင်မည့် သုံး၍မကုန်နိုင်သည့် စွမ်းအင် အရင်းအမြစ်ကို ရှာဖွေတွေ့ရှိထားကြောင်း တရုတ်ဘူမိဗေဒပညာရှင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

တရုတ်နိုင်ငံ၏စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် သုံး၍မကုန်နိုင်လောက်အောင် များပြားသည့် ရေဒီယိုသတ္တိကြွသတ္တုဒြပ်စင်တစ်မျိုးဖြစ်သည့် သိုရီယမ်သတ္တု (Thorium) ကို မွန်ဂိုလီးယားနိုင်ငံရှိ Bayan Obo သတ္တုတွင်း၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း မကြာသေးမီက လေ့လာချက်တစ်ခုအရ သိရှိရပါသည်။

Molten salt အမျိုးအစား နျူကလီးယား ဓာတ်ပေါင်းဖိုများတွင် အနည်းငယ်မျှသာ ရေဒီယိုသတ္တိကြွမှုရှိသော သိုရီယမ်သတ္တုကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်သည်။

အဆိုပါ Bayan Obo သတ္တုတွင်းမှ သိုရီယမ်သတ္တုတန်ချိန် ၁ သန်းခန့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း မကြာမီက တရားဝင်ထုတ်ပြန်ခဲ့သည့် လေ့လာချက်ကို ကိုးကား၍ South China Morning Post သတင်းဌာနက ရေးသား ဖော်ပြခဲ့ပါသည်။

လက်ရှိတွင် အဆိုပါ သိုရီယမ်များသည် သတ္တုတူးဖော်ခြင်းလုပ်ငန်း၏ စွန့်ပစ်ပစ္စည်းများနှင့် ရောထွေးလျက်ရှိပြီး ထုတ်ယူရခြင်းမရှိသေးကြောင်း၊ နည်းမှန်လမ်းမှန်ဖြင့် ထုတ်ယူသုံးစွဲမည်ဆိုပါက ကမ္ဘာကြီး၏ ရုပ်ကြွင်းလောင်စာ အပေါ် မှီခိုအားထားနေရမှုကို အဆုံးသတ်နိုင်လောက်သည်အထိ လုံလောက်မှု ရှိနိုင်သည်ဟု လေ့လာမှုက ဖော်ပြ ထားပါသည်။

ကိုးကား- Tagtik.co.uk          

ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊နစက-၄

တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒအပေါ် အနောက်မီဒီယာများ၏ ဝေဖန်ပြစ်တင်မှု လွဲမှားကြောင်း တရုတ်သက်သေပြ

တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် ပွင့်လင်းမြင်သာစွာ ဆက်ဆံနိုင်ရန် ရည်ရွယ်ပြီး ကျင့်သုံးလျက်ရှိသော ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ကျယ်ကျယ် ပြန့်ပြန့်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ထိုမူဝါဒကြောင့် “တရုတ်နိုင်ငံသို့ အလည်တစ်ခေါက်” ဆိုသော စာသားများဖြင့် ဆိုရှယ် မီဒီယာပေါ်တွင် hashtag တင်သူ ခရီးသွားပေါင်း သန်း ၁၀၀၀ ကျော် ရှိနေပြီဖြစ်ပါသည်။ သို့သော် အနောက်တိုင်းမီဒီယာအချို့က ယင်းမူဝါဒ အပေါ် ရှုတ်ချ ပြောဆိုနေကြပါသည်။ 

မကြာသေးမီက ယင်းမူဝါဒသည် တရုတ်အစိုးရအတွက် ကျရှုံးမှုများ ကိုသာ ဖြစ်စေမည်ဟု အမေရိကန်သတင်းဌာန Bloomberg က ဝေဖန် ရေးသားခဲ့ပါသည်။ ထိုဗီဇာကင်းလွတ်ခွင့်မူဝါဒကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ တွင် စတင်ကျင့်သုံးခဲ့ပြီး ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန် နှင့် မလေးရှားနိုင်ငံများအား ဗီဇာကင်းလွတ်ခွင့် စတင်ပေးခဲ့ပါသည်။ လက်ရှိတွင် နိုင်ငံပေါင်း ၃၈ နိုင်ငံအား ဗီဇာကင်းလွတ်ခွင့်ပေးထားပြီး နေထိုင်ခွင့်ပြုသည့် ဗီဇာကင်းလွတ်ခွင့်ကာလကို ရက်ပေါင်း ၃၀ အထိ တိုးမြှင့်ပေးထားပါသည်။  ထိုမူဝါဒကြောင့် တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်သူများမှာ ပေကျင်း၊ ရှန်ဟိုင်းကဲ့သို့သော မြို့ကြီးများသာမက လူသူရောက်ပေါက်နည်းပါးသော မြို့များအထိ သွားရောက်လည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။ 

တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သူအရေအတွက် များပြားလာခြင်းသည် ကမ္ဘာ့စီးပွားရေး အခင်းအကျင်းတွင် တရုတ်နိုင်ငံက အရေးပါသည့် ကဏ္ဍတွင် လှုပ်ရှားလိုမှု ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် အထောက်အကူများစွာ ဖြစ်ပါသည်။ 

ကိုးကား-China Daily

ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊နစက-၃

Nord Stream ကို ပြန်လည် လည်ပတ်ရန် အမေရိကန်က လျှို့ဝှက် ဆွေးနွေးနေ

အမေရိကန်သမ္မတ Donald Trump ၏ အထူးကိုယ်စားလှယ် Richard Grenell သည် Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းကို ပြန်လည် တည်ဆောက်ရန်နှင့် ပြန်လည်လည်ပတ်ရန် ညှိနှိုင်းဆွေးနွေးရန် ဆွစ်ဇာလန်သို့ အကြိမ်ကြိမ်သွားရောက်ခဲ့ကြောင်း Bild သတင်းစာက မတ်လ ၂ ရက်(တနင်္ဂနွေနေ့)တွင် ဖော်ပြခဲ့သည်။

Nord Stream 2 သည် လည်ပတ်နှင့်ပြီးဖြစ်သော Nord Stream 1 ကို ဖြည့်စွက်ရန် ရည်ရွယ်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးခဲ့သော်လည်း လည်ပတ်ခြင်း မရှိခဲ့ပေ။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ပိုက်လိုင်းများကို ဖောက်ခွဲခံခဲ့ရပြီး ဓာတ်ငွေ့ယိုစိမ့်မှုအများအပြား ဖြစ်ပေါ်စေ ခဲ့သည်။ လွန်ခဲ့သည့်နှစ် ဩဂုတ်လတွင် Wall Street Journal က အဆိုပါဖောက်ခွဲမှုကို ယူကရိန်းအဖွဲ့တစ်ဖွဲ့က လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

Trump ၏ ပထမသက်တမ်းအတွင်း ဘာလင်တွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Grenell သည် ယခုအခါ “အထူးတာဝန်များ” အတွက် Trump ၏ ကိုယ်စားလှယ်ဖြစ်ပြီး Bild ၏ အဆိုအရ ၎င်းသည် Nord Stream ၏ လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် ဆွစ်ဇာလန်နိုင်ငံသို့ တရားဝင်မဟုတ်သော ခရီးစဉ်များစွာ သွားရောက်ခဲ့သည်ဟု ဆိုသည်။

Trump သည် ၎င်း၏ပထမသက်တမ်းအတွင်း Nord Stream 2 ကို ဝေဖန်ခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကာ ယခု ဒုတိယသက်တမ်း စတင်ပြီးနောက်ပိုင်းတွင် အမေရိကန်-ရုရှား ဆက်ဆံရေးကို ပိုမိုနီးကပ်စေရန် တွန်းအားပေးခဲ့ကာ ကုန်သွယ်ရေးကန့်သတ်ချက်များကို ဖြေလျှော့နိုင်ကြောင်း အရိပ်အမြွက်ပြခဲ့သည်။ 

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဂျပန်တရားသူကြီး ICJ ဥက္ကဋ္ဌဖြစ်လာ

ဂျပန်တရားသူကြီး ယူဂျီ အီဝါဆာဝါ (Yuji Iwasawa) ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်ကြောင်း ICJ တရားရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

ယခင် ICJ ဥက္ကဋ္ဌဖြစ်သူ Nawaf Salam က လက်ဘနွန်နိုင်ငံ၏ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ရန် ဇန်နဝါရီ ၁၄ ရက်၌ အဆိုပါရာထူးမှ နုတ်ထွက်သွားသည့်နေရာတွင် ယူဂျီ အီဝါဆာဝါကို ရွေးချယ်လိုက်ခြင်းဖြစ်ပါသည်။

 Nawaf Salam ၏ ဥက္ကဋ္ဌတာဝန်ယူသောအဖွဲ့မှာ ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် သက်တမ်းကုန်မည်ဖြစ်သဖြင့် ယူဂျီ အီဝါဆာဝါ မှာ ထိုနေ့အထိ ICJ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။

ယူဂျီ အီဝါဆာဝါသည် ၂၀၁၈ ခုနှစ်၊ ဇွန် ၂၂ ရက်မှစ၍ အပြည်ပြည် ဆိုင်ရာတရားရုံး၏ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခင်က ၎င်းသည် တိုကျို တက္ကသိုလ်တွင် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ကိုးကား- TASS

Photo: armenpress.am

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃