သတင်းများ

လေထုညစ်ညမ်းမှုကို ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံက အပြီးသတ် တိုက်ဖျက်မည်

နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် လေထုညစ်ညမ်းမှုကို ၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ဖျက်နိုင်ရန် တရုတ်နိုင်ငံက စီစဉ်လျက်ရှိသည်။

တရုတ်နိုင်ငံသည်  ဆိုးရွားသည့် လေထုညစ်ညမ်းခြင်းကို အဆုံးသတ်နိုင်ရေးအတွက် ငါးနှစ်စီမံကိန်းကို အပြီးသတ်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ယင်းသို့ကြိုးပမ်းရာတွင် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး၊  ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး၊ လေထု၏ အရည်အသွေးကို တိုးမြှင့်နိုင်ရေးနှင့်   ကြိုတင်သတိပေးစနစ်များ အသုံးပြုနိုင်ရေးတို့ကိုလည်း လုပ်ဆောင်လျက်ရှိသည်။

တရုတ်နိုင်ငံတွင် လေထုညစ်ညမ်းမှုကို  အဓိကဖြစ်ပေါ်စေသည့် အကြောင်းရင်းမှာ ညစ်ညမ်းစေသည့် ဓာတ်ငွေ့များနှင့် အရာဝတ္ထုများကို ထုတ်လွှတ်ခြင်းဖြစ်သည်။ အဆိုပါညစ်ညမ်းမှုများတွင် ခန့်မှန်းခြေအားဖြင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ ၆၀ ရာခိုင်နှုန်းနှင့် အငွေ့ပြန်လွယ်သည့် အော်ဂဲနစ်ကွန်ပေါင်းများ၏ ၂၄ ရာခိုင်နှုန်းပါဝင်လျက်ရှိသည်။

တရုတ်အစိုးရသည် လေထုညစ်ညမ်းမှုကို  တိုက်ဖျက်ရန်အတွက်  ကမ္ဘာ့အကောင်းဆုံး လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး  လုပ်ဆောင်မှုများနှင့် ကိုက်ညီမှုရှိသော ဓာတ်ငွေ့များ ထုတ်လွှတ်မှုဆိုင်ရာ သတ်မှတ်ချက်အသစ်များကို   ထုတ်ပြန်ရန်စီစဉ်လျက်ရှိသည်။

ထို့ပြင်  တရုတ်နိုင်ငံအနေဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချနိုင်သည့် စွမ်းအင် အရင်းအမြစ်များကို အသုံးပြုသည့် မော်တော်ယာဉ်များနှင့် စက်ပစ္စည်းများကို လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် ထောက်ပံ့ပို့ဆောင်ရေး စက်မှုဇုန်များတွင်  တိုးမြှင့် အသုံးပြုမည်ဖြစ်သည်။

Source: Myawady Web Portal

၂၀၁၄ ခုနှစ်အတွင်း ပျောက်ဆုံးသွားခဲ့သည့် Malaysia Airlines လေယာဉ်ကို ရှာဖွေမှု ပြန်လည်စတင်

လွန်ခဲ့သော ၁၁ နှစ်က ပျောက်ဆုံးသွားခဲ့သော လူ ၂၃၉ ဦး လိုက်ပါလာသည့် Malaysia Airlines မှ လေယာဉ်တစ်စင်းကို ရှာဖွေမှု ပြန်လည် စတင်ခဲ့သည်ဟု မလေးရှား သတင်းဌာနတစ်ခု၌ ဖော်ပြခဲ့သည်။

အဆိုပါလေယာဉ်သည် ၂၀၁၄ ခုနှစ်၊ မတ်လတွင် မလေးရှားမှ တရုတ် နိုင်ငံသို့ ပျံသန်းနေသည့် MH370 ခရီးစဉ်အတွင်း တောင်တရုတ် ပင်လယ်ပေါ်၌ ရေဒါမှ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။

မလေးရှားနှင့် အခြားနိုင်ငံများက ၎င်းလေယာဉ်၏ အစိတ်အပိုင်း အချို့ ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း လေယာဉ်၏ နောက်ဆုံးအခြေအနေကို မည်သူမျှမဖော်ထုတ်နိုင်သေးဘဲ အဆိုပါဖြစ်ရပ်ကို လေကြောင်းပျံသန်းရေး သမိုင်း၌ အကြီးမားဆုံး လျှို့ဝှက်ဆန်းကြယ်မှုအဖြစ် ရှုမြင်လျက်ရှိကြသည်။

ပင်လယ်အတွင်း စူးစမ်းရှာဖွေရေးကုမ္ပဏီ Ocean Infinity က အိန္ဒိယသမုဒ္ဒရာအတွင်း ယခင်က မအောင်မြင်ခဲ့သော ရှာဖွေရေးကြိုးပမ်းမှုများကို တကျော့ပြန်စတင်ခဲ့ကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke Siew Fook က ဖေဖော်ဝါရီ ၂၅ ရက်နေ့၌ ပြောကြားခဲ့ပါတယ်။

မလေးရှားအစိုးရသည် ဒီဇင်ဘာလတွင် ၎င်းကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သည့် အခြေခံသဘောတူညီချက်အရ ရှာဖွေရေးလုပ်ငန်းစဉ်ကို အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းအတွင်း စတုရန်းကီလိုမီတာ ၁၅,၀၀၀ ခန့် ဧရိယာ သတ်မှတ်ကာ ဆောင်ရွက်မည်ဟု ဆိုသည်။

အဆိုပါရှာဖွေရေးလုပ်ငန်းစဉ်သည် ခရီးစဉ်၌လိုက်ပါခဲ့သည့် ခရီးသည်များ၏ မိသားစုများအတွက်သာမက လေကြောင်းပျံသန်းရေး လုပ်ငန်းတစ်ခုလုံးအတွက်ပါ အဖြေအချို့ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke Siew Fook က ပြောပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

လွန်ခဲ့သည့် ၁၀ စုနှစ်တစ်ခုကျော်က ပျောက်ဆုံးသွားသည့် ခရီးသည်တင် လေယာဉ်အား ဗြိတိန်ကုမ္ပဏီ တစ်ခုက ပြန်လည်ရှာဖွေမည်

ဗြိတိန်နိုင်ငံမှ ရှာဖွေရေး ကုမ္ပဏီတစ်ခုသည် လွန်ခဲ့သည့် ၁၀ စုနှစ်တစ်ခုကျော်က ပျောက်ဆုံးသွားသည့်    မလေးရှားလေကြောင်းလိုင်းပိုင်  လေယာဉ်တစ်စင်းအား   ပြန်လည်ရှာဖွေခြင်း လုပ်ငန်းကို စတင်ခဲ့ပြီဖြစ်ကြောင်း     မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး  အန်တိုနီလုတ်က   ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြောသည်။

ခရီးသည် ၂၃၉ ဦးကို တင်ဆောင်လာသည့် အဆိုပါ MH370 ခရီးသည်တင် လေယာဉ်သည် ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်တွင် ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ပျံသန်းလာစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ၎င်းလေယာဉ်အား ဗြိတိန်နိုင်ငံမှ Ocean Infinity ကုမ္ပဏီက အိန္ဒိယသမုဒ္ဒရာအတွင်း ပြန်လည်ရှာဖွေခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါကုမ္ပဏီက မည်သည့်အချိန်မှစ၍ လေယာဉ်ရှာဖွေမှုကိုပြန်လည် လုပ်ဆောင်ခဲ့သည်ကို  အန်တိုနီလုတ်က အတိအကျထုတ်ပြန်ခဲ့ခြင်းမရှိပေ။ လက်ရှိတွင် Ocean Infinity ကုမ္ပဏီသည် ဩစတြေးလျနိုင်ငံ ပါ့ကမ်းလွန်မှ ကီလိုမီတာ ၁၅၀၀ အကွာရှိ အိန္ဒိယသမုဒ္ဒရာ အတွင်း၌ ရှာဖွေမှုကို ပြန်လည်လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရသည်။

ယခုတစ်ကြိမ်ပြန်လည် လုပ်ဆောင်သည့် ရှာဖွေမှုတွင် လေကြောင်းကျွမ်းကျင်သူများက  ရှာဖွေဖော်ထုတ်ထားသည့် အဓိကနေရာလေးခုတွင်  ရေနက်ပိုင်း ထောက်ပံ့ရေးသင်္ဘောနှင့် ရေအောက်သွား မောင်းသူမဲ့ယာဉ်များကို အသုံးပြု၍ ဦးစားပေး ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

MH370 ခရီးသည်တင်လေယာဉ်သည် မလေးရှားမှ တရုတ်နိုင်ငံသို့ ပျံသန်းလာစဉ် ထူးဆန်းစွာ  ပျောက်ဆုံးသွားခြင်းဖြစ်သော်လည်း နောက်ဆုံးတွင် လေကြောင်း ထိန်းချုပ်မှု ချွတ်ယွင်းချက်ကြောင့်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ပျောက်ဆုံးနေသည့်   ခရီးသည်တင် လေယာဉ်အား   ပြန်လည်တွေ့ရှိပါက Ocean   Infinity  ကုမ္ပဏီအနေဖြင့် ဒေါ်လာသန်း ၇၀ လက်ခံရရှိမည်ဖြစ်ပြီး လေယာဉ်အား ပြန်လည်ရှာဖွေနိုင်ခြင်း မရှိပါက  မလေးရှားနိုင်ငံက မည်သည့် ငွေကြေးပေးချေမှုကိုမျှ လုပ်ဆောင်ရန် မလိုအပ်ကြောင်း သိရသည်။

ကိုရီးယားအဝေးပြေးလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ပြိုကျ၍ လေးဦး‌သေဆုံး

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် တောင်ပိုင်းရှိ အဝေးပြေးလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုသည် အင်္ဂါနေ့က ပြိုကျခဲ့ရာ လူ လေးဦးထက်မနည်း ‌သေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု မီးသတ်အရာရှိများက ပြောကြားသည်။

ဆိုးလ်မြို့မှ ကီလိုမီတာ ၇၀ ခန့်အကွာရှိ Anseong အရပ်တွင် နံနက် ၉:၄၉ နာရီက အဆိုပါ မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဝေးပြေးလမ်း တံတားကို ထောက်ကူသည့် မီတာ ၅၀ အရှည် ကွန်ကရစ်အဆောက်အအုံ ငါးခုကို ကရိန်းဖြင့် တစ်ခုပြီးတစ်ခု နေရာချနေစဉ် ပြိုကျမှုဖြစ်ခဲ့ခြင်းဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။

ဖြစ်စဉ်တွင် တရုတ်နိုင်ငံသား နှစ်ဦး အပါအဝင် လူလေးဦး ‌သေဆုံးခဲ့ပြီး ဒဏ်ရာရခဲ့သူ ခြောက်ဦးတွင် ငါးဦးသည် စိုးရိမ်ရကြောင်းနှင့် ယင်းငါးဦးတွင်လည်း တရုတ်နိုင်ငံသားတစ်ဦး ပါဝင်ကြောင်း Anseong မီးသတ်ဌာန အရာရှိ ကိုကျွန်းမန်က ပြောဆိုသည်။

၎င်းတို့သည် တံတားပေါ်တွင် ကုန်းပတ်တပ်ဆင်နေကြသူများဖြစ်ပြီး တံတားပြိုကျခဲ့ချိန်တွင် ကုန်းပတ်ပေါ်ရှိ ၁၀ ယောက်လုံးသည် နှစ်ဖက်စလုံးမှ ပြုတ်ကျခဲ့ကြကြောင်း ကို က ရုပ်သံ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

‌သေဆုံးခဲ့သူ လေးဦးတွင် အခြားနှစ်ဦးသည် တောင်ကိုရီးယားနိုင်ငံသားများဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောဆိုသည်။

နောက်ထပ်ပြိုကျမှုများ ထပ်မဖြစ်စေရေးနှင့် ပျောက်ဆုံးနေဖွယ်ရှိသူများကို ရှာဖွေရန်အတွက် ဝန်ထမ်းနှင့် အရင်းအမြစ်အားလုံးကို အသုံးပြုရန် ယာယီသမ္မတ Choi Sang-mok က တိုက်တွန်းခဲ့သည်။        
 
ရှာဖွေ ကယ်ဆယ်မှုများလုပ်ဆောင်ရန်အတွက် ရဟတ်ယာဉ် သုံးစီးနှင့် မီးသတ်ဝန်ထမ်း ၁၅၀ နီးပါး ပေးပို့ထားကြောင်း နိုင်ငံတော်မီးသတ်ဌာနက ပြောကြားခဲ့သကဲ့သို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကလည်း အခင်းဖြစ်နေရာသို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားကြောင်း ပြောကြားခဲ့သည်။

Source: Popular Myanmar

အမေရိကန်ဗီဇာ(Gold Card)ကို အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ရောင်းချမည်ဟု ထရမ့်ပြော

အမေရိကန်ဒေါ်လာ ၅ သန်းတန် (Gold Card)အား အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားမည့်သူများကိုရောင်းချ သွားမည်ဖြစ်ကြောင်း၊ ၎င်း Gold Card ကို ရုရှားစီးပွားရေးလုပ်ငန်းရှင်များလည်း လျှောက်ထားခွင့်ရှိကြောင်း၊ Green Card ထက် အဆင့်မြင့်သော Gold Card အသစ်ကို ရောင်းချခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးနိုင်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး အမေရိကန်၏ ဘက်ဂျက်လိုငွေကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ Green Card ရှိပြီးပါက ၎င်းသည်လည်း Gold Card ကဲ့သို့ အကျုံးဝင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် Oval Office ၌ သတင်းထောက်များအာ

အမေရိကန်ဒေါ်လာ ၅ သန်းတန် (Gold Card)အား အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားမည့်သူများကိုရောင်းချ သွားမည်ဖြစ်ကြောင်း၊ ၎င်း Gold Card ကို ရုရှားစီးပွားရေးလုပ်ငန်းရှင်များလည်း လျှောက်ထားခွင့်ရှိကြောင်း၊ Green Card ထက် အဆင့်မြင့်သော Gold Card အသစ်ကို ရောင်းချခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးနိုင်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး အမေရိကန်၏ ဘက်ဂျက်လိုငွေကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ Green Card ရှိပြီးပါက ၎င်းသည်လည်း Gold Card ကဲ့သို့ အကျုံးဝင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် Oval Office ၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

အဆိုပါ Gold Card သည် အမေရိကန်နိုင်ငံသားအဖြစ် နေထိုင်ခွင့်ရရေး တန်ဖိုးကြီးသည့် လမ်းကြောင်း တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ လူအများစုအနေဖြင့် အမေရိကန်နိုင်ငံသို့ လာရောက်နေထိုင်လိုကြမည် ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အမေရိကန်နိုင်ငံ၌ ကုမ္ပဏီများဖွင့်လှစ်၍ လုပ်ငန်းများ လုပ်ကိုင်ကာ အလုပ်အကိုင်အခွင့်အလမ်း များကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့လာရောက်နေထိုင်မည့်သူများသည် ငွေကြေးချမ်းသာသူများပင် ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အဆိုပါ Gold Card များကို လာမည့် သီတင်း(၂)ပတ်အတွင်း ရောင်းချသွားမည် ဖြစ်ကြောင်း ထရမ့်က ထပ်လောင်းပြောကြားခဲ့မှုကို CAN သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား-CNA

Photo: Mint

Toyota အနာဂတ်မြို့တည်‌ဆောက်မှု ပထမအဆင့် ပြီးမြောက်

Toyota Motor သည် တိုကျိုအနောက်တောင်ဘက်၌ မြို့ပြလူနေမှုဘဝနှင့် နည်းပညာအသစ်များ ပေါင်းစပ်ဖန်တီးထားသည့် အနာဂတ်မြို့ တည်ဆောက်မှု ပထမအဆင့် ဆောက်လုပ်မှုလုပ်ငန်းများပြီးမြောက်ခဲ့ပြီး အကျယ်အဝန်း ၁၇၅ ဧက ခန့်ရှိမည့် ပထမအဆင့်တည်ဆောက်ရေး ပြီးမြောက်မှုနှင့် ပတ်သက်၍ Toyota က ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြသခဲ့ပါသည်။

Toyota သည် “Woven City” ဟု အမည်ပေးထားသည့် စီမံကိန်းအတွက် ၂၀၂၁ ခုနှစ်တွင် Shizuoka ခရိုင် Susono မြို့၌ လုပ်ငန်းစတင်ခဲ့ပါသည်။

အဆိုပါ မြို့ပြဧရိယာသည် နေထိုင်သူများအတွက် ရွေ့လျားသွားလာမှုဆိုင်ရာ ရှုထောင့်အမျိုးမျိုးကိုပြသမည်ဖြစ်သည်ဟု Toyota က ရှင်းလင်း ပြသခဲ့ပြီး အလိုအလျောက်မောင်းနှင်နိုင်သောယာဉ်များအတွက် သီးသန့် လမ်း၊ အခြားသယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသည့်လမ်းနှင့် လူသွားလမ်းများ ပါရှိမည် ဖြစ်ပါသည်။

သယ်ယူပို့ဆောင်ရေးယန္တရားအမျိုးမျိုး၌ ဘေးကင်းလုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်သည်ဟု Toyota က ပြောပါသည်။

အဆိုပါမြို့တွင် အိမ်တိုင်ရာရောက် ပစ္စည်းပို့သည့်ဝန်ဆောင်မှုနှင့် အမှိုက်သိမ်းယူမှုအတွက် မြေအောက်လမ်းတစ်ခု ထားရှိမည်ဖြစ်ပြီး အဆင့်မြင့်ဒီဂျစ်တယ်နည်းပညာများနှင့် အလိုအလျောက် လှုပ်ရှားသွားလာနိုင်သည့် စက်ရုပ်များကိုလည်း စမ်းသပ်မည်ဖြစ်သည်။

ကုမ္ပဏီအရာရှိများနှင့် ၎င်းတို့မိသားစုများအပါအဝင် လူ ၃၆၀ ခန့်သည် ယခုနှစ်၏ ဒုတိယနှစ်ဝက်တွင် အဆိုပါမြို့ကို စတင်ရွှေ့ပြောင်းမည် ဖြစ်သည်ဟု Toyota က ဆိုထားကာ နောက်ပိုင်း၌ လူ ၂,၀၀၀ ခန့် နေထိုင်နိုင်မည် ဖြစ်ပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

နယူးယောက်ရှိ ရွှေ့ပြောင်းအခြေချနေထိုင်သူများ ခိုလှုံရာနေရာအဖြစ် ဖွင့်လှစ်ထားသည့် အထင်ကရဟိုတယ်အား ပိတ်မည်

ရွှေ့ပြောင်းအခြေချနေထိုင်သူများ ခိုလှုံရာနေရာအဖြစ် Manhattan ဧရိယာ၏ အလယ်၌ ဖွင့်လှစ်ထားသည့် Roosevelt Hotel ဟိုတယ်ကို မကြာမီ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်းနယူးယောက်မြို့တော်ဝန် Eric Adams က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ကြေညာခဲ့ပါသည်။

တောင်အမေရိကနှင့် အခြားဒေသများမှ ရောက်ရှိလာသည့် ရွှေ့ပြောင်းအခြေချနေထိုင်သူများ တိုးမြင့်လာခဲ့ရာ ၎င်းတို့အတွက် အဆိုပါ ဟိုတယ်ကို ၂၀၂၃ ခုနှစ်၊ မေလတွင် ပြန်လည်မွမ်းမံပြီး ခိုလှုံရာနေရာအဖြစ် ဘိုင်ဒင် အစိုးရက ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

ဒုက္ခသည်အဖြစ် လျှောက်ထားသူအရေအတွက် များစွာတိုးမြင့်ခဲ့သည့် ကာလတွင် ပျမ်းမျှအားဖြင့် တစ်ပတ်လျှင် ရွှေ့ပြောင်းအခြေချနေထိုင်သူ ၄,၀၀၀ ခန့် ရှိခဲ့ကြောင်း Adams က ဆိုခဲ့ပြီး မကြာသေးမီလများအတွင်း တစ်ပတ်လျှင် ရွှေ့ပြောင်းအခြေချနေထိုင်သူ ၃၅၀ ခန့်အထိ အရေအတွက် ကျဆင်းသွားခဲ့သည်ဟု ၎င်းကဆိုပါသည်။

အမေရိကန်သမ္မတ Donald Trump ဒုတိယအကြိမ် တာဝန်ထမ်းဆောင်ပြီးနောက် တရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်မှုဆိုင်ရာ အစီအမံများကို တင်းကျပ်လာမှုနှင့်အတူ နယူးယောက်မြို့တွင်လည်း ယခုကဲ့သို့ ဆောင်ရွက်လာခြင်း ဖြစ်ပါသည်။

နယူးယောက်သည် လစ်ဘရယ်ဆန်သည့် လူဝင်မှုကြီးကြပ်ရေး မူဝါဒများကို ကိုင်ဆွဲထားလေ့ရှိပြီး ဒီမိုကရက်တစ်ပါတီဝင် မြို့တော်ဝန်သည် တရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်မှုဆိုင်ရာ ကိစ္စရပ်များ၌ Trump နှင့် ပူးပေါင်းဆောင်ရွက်သည့် ရပ်တည်ချက်ကို စတင် လုပ်ဆောင်လာခြင်း ဖြစ်သည်။

အဆိုပါလုပ်ဆောင်မှုအား Adams ၏ အကျင့်ပျက်ခြစားမှုဆိုင်ရာ စွဲချက်များအပေါ် အစိုးရရှေ့နေများက ရုပ်သိမ်းပေးရန် သမ္မတ Trump ၏ အစိုးရအဖွဲ့က အမိန့်ပေးခဲ့ခြင်းနှင့် ဆက်နွှယ်နေနိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိပါသည်။

ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ ဒစ်ဂျစ်တယ်ငွေကြေးများခိုးယူသွားသည့် ဟက်ကာများကို ဖမ်းဆီးနိုင်ရန်အကူအညီပေးသူများအား ဒေါ်လာသန်း ၁၄၀ အထိ ပေးအပ်မည်ဟု ByBit ကြေညာ

ဒူဘိုင်းအခြေပြု  Cryptocurrency exchange ကုမ္ပဏီကြီးဖြစ်သည့် ByBit က ၎င်းတို့၏ ဝန်ဆောင်မှုစနစ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်၍  ဒစ်ဂျစ်တယ်ငွေကြေးများအား ခိုးယူသွားသည့် ဟက်ကာများကို ဖမ်းဆီးပေးနိုင်ရန် အကူအညီပေးသူများအား ဆုငွေအဖြစ်  ဒေါ်လာသန်း ၁၄၀ အထိ ပေးအပ်မည်ဟုကြေညာသည်။

ByBit ကုမ္ပဏီသည် သမိုင်းတစ်လျှောက်တွင်  အကြီးမားဆုံး  Cryptocurrency ခိုးယူမှုဟုယူဆရသည့်ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရပြီး   ဟက်ကာများသည် နေ့စဉ်ရောင်းဝယ်မှုပြုလုပ်နေသည့် warm wallet ဟုအမည်ပေးထားသည့်   ဒစ်ဂျစ်တယ်ငွေကြေးသိုလှောင်မှုစနစ်ကို ဖေဖော်ဝါရီလ ၂၁ ရက်တွင်  ထိန်းချုပ်၍  ယင်းစနစ်မှ ဒေါ်လာ  ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ ငွေကြေးနှင့်လဲလှယ်နိုင်သည့် ဒစ်ဂျစ်တယ် ငွေကြေးများကို ခိုးယူသွားခြင်းဖြစ်သည်။

ထို့ကြောင့် ဒစ်ဂျစ်တယ်ငွေကြေးများအား ခိုးယူသွားသည့် ဟက်ကာများကို ဖမ်းဆီးနိုင်ရေးအတွက် အကူအညီပေးနိုင်သူအား ခိုးယူခံရသည့်ငွေကြေး၏ ၁၀ ရာခိုင်နှုန်းခန့်ကို ဆုငွေအဖြစ်ပေးအပ်မည်ဟု ByBit တည်ထောင်သူ ဘန်ကျူက   ၎င်းတို့၏ဝက်ဆိုက်၌  ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကြေညာခြင်းဖြစ်သည်။

ယခုဖြစ်ပွားသည့် ဆိုက်ဘာတိုက်ခိုက်မှုသည် ByBit ကုမ္ပဏီအတွက်သင်ခန်းစာဖြစ်ပြီး  ၎င်းတို့၏  လုံခြုံရေးစနစ်ကို ပြန်လည်အဆင့်မြှင့်တင်တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားထားသည်။                           

Ref: Ivt

လူမှုရေး၊ စီးပွားရေး အသွင်ကူးပြောင်းမှုအတွက် ပါကစ္စတန်က 5G နည်းပညာ အသုံးပြုမည်

5G နည်းပညာသည်    နိုင်ငံ၏လူမှုစီးပွားရေး အခင်းအကျင်းများကို အသွင်ကူးပြောင်းနိုင်သည့် အလားအလာကောင်းများ ရှိသောကြောင့် အဆိုပါနည်းပညာအား  လူမှုရေး၊ စီးပွားရေးအသွင် ကူးပြောင်းမှုအတွက်  ပါကစ္စတန်က အသုံးပြုမည်ဖြစ်သည်။

5G နည်းပညာသည် နိုင်ငံ၏အင်တာနက်မြန်နှုန်းကို ပိုမိုမြန်ဆန်နိုင်စေသောကြောင့် ပါကစ္စတန်နိုင်ငံသည် ယခုအခါ အလွန်ချိတ်ဆက်မှုရှိသော နိုင်ငံအဖြစ် အသွင်ပြောင်းလဲ လာပြီဖြစ်ရာ    စက်မှုကဏ္ဍအသွင်ပြောင်းရေးနှင့် နိုင်ငံ့စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံ့အနာဂတ်တို့အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ဖေဖော်ဝါရီလ  ၁၇ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင် ပါကစ္စတန်အစိုးရအနေဖြင့် 5G နည်းပညာက နိုင်ငံအတွင်းရှိ ကဏ္ဍအားလုံးအပေါ် အကျိုးသက်ရောက်စေရန်အတွက် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အဦများကို တည်ဆောက်မည်ဖြစ်ပြီး အကောင်းဆုံးသော ကမ္ဘာ့နည်းစနစ်များကို အသုံးပြုမည်ဖြစ်သည်။

ပါကစ္စတန်နိုင်ငံသည် ယခုအခါ အမျိုးသား ဒစ်ဂျစ်တယ်မဟာဗျူဟာကို ချမှတ်ဖော်ဆောင်လျက်ရှိပြီး ယင်းမဟာဗျူဟာ၏တစ်စိတ်တစ်ဒေသအဖြစ် e-Pakistan၊ အီလက်ထရွန်နစ်ဝန်ဆောင်မှုများကိုတိုးချဲ့ဖော်ဆောင်ခြင်း၊ Smart ပါကစ္စတန်ကဲ့သို့သော ကနဦးဆောင်ရွက်မှုများဖြင့် နိုင်ငံအား ဒစ်ဂျစ်တယ် အသွင်ပြောင်းလဲလျက်ရှိသည်။

ထို့ပြင် 5G နည်းပညာသည် ပါကစ္စတန် နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကျန်းမာရေးကဏ္ဍများတွင်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ 

အင်္ဂါဂြိုဟ်သို့ AI နည်းပညာသုံး စက်ရုပ်များစေလွှတ်ရန် အီလွန်မက်ဆန္ဒရှိ

အမေရိကန်   စွန့်ဦးတီထွင်သူနှင့် အမေရိကန်အစိုးရ စွမ်းဆောင်ရည်ဌာန (DOGE)အကြီးအကဲ အီလွန်မက်သည် လာမည့်နှစ်တွင် အင်္ဂါဂြိုဟ်သို့ ဉာဏ်ရည်တု (AI) နည်းပညာသုံး စက်ရုပ်များအား  စေလွှတ်ရန် ဆန္ဒရှိနေကြောင်း   သိရသည်။

အင်္ဂါဂြိုဟ်သို့ ၂၆ လလျှင် တစ်ကြိမ်သွားရောက်ရန် ဖြစ်နိုင်သောကြောင့်  ၎င်းဂြိုဟ်သို့စေလွှတ်မည့် မစ်ရှင်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း မက်က ဖေဖော်ဝါရီလ ၁၈ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

အခြေအနေအားလုံး အဆင်ပြေချောမွေ့မှုရှိပါက အင်္ဂါဂြိုဟ်သို့အလိုအလျောက် ထိန်းချုပ်လုပ်ဆောင်နိုင်သည့် စက်ရုပ်များနှင့် AI နည်းပညာသုံးစက်ရုပ်များအား SpaceX ကုမ္ပဏီမှ Starship အာကာသယာဉ်ဖြင့်  စေလွှတ်မည်ဖြစ်သည်။

လူသားများအနေဖြင့် အခြားဂြိုဟ်များအား ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်မည်ဆိုပါက ၎င်းဂြိုဟ်များပေါ်တွင် အသက်ရှိနေထိုင်နိုင်သည်ဟု မက်က ယခင်ကတည်းက ပြောကြားခဲ့ပြီး အင်္ဂါဂြိုဟ်ပေါ်သို့ လူသားများ သွားရောက်၍ အုပ်ချုပ်ရေး ထူထောင်ရန် ၎င်းကတိုက်တွန်းခဲ့ဖူးသည်။