သတင်းများ

Citigroup ဘဏ်က ကာစတန်မာတစ်ဦးထံသို့ ဒေါ်လာ ၂၈၀ အစား ဒေါ်လာ ၈၁ ထရီလီယံကို မှားယွင်း လွှဲပြောင်းပေးခဲ့

အမေရိကန်ဘဏ်ကြီးတစ်ခုဖြစ်သည့် Citigroup ဘဏ်သည် ဘဏ်ဝန်ဆောင်မှုရယူသူ ကာစတန်မာတစ်ဦးထံသို့ ဒေါ်လာ ၂၈၀ လွှဲပြောင်းပေးရမည့် အစား ဒေါ်လာ ၈၁ ထရီလီယံကို မှားယွင်းလွှဲပြောင်း ပေးခဲ့ ကြောင်း Financial Times က ဖေဖော်ဝါရီ လ ၂၈ ရက်တွင်ဖော်ပြသည်။

အဆိုပါငွေကြေးလွှဲပြောင်းမှုကို ဘဏ်ရှိ အမှုထမ်းနှစ်ဦးက သတိထားခြင်းမရှိဘဲ အတည်ပြုပေးခဲ့သော်လည်း   တတိယမြောက် အမှုထမ်းက ငွေကြေးလွှဲပြောင်းမှု ပြုလုပ်ပြီး တစ်နာရီခွဲအကြာမှ သတိပြုမိခဲ့ကြောင်း သတင်းစာက ဆက်လက်ဖော်ပြထားသည်။

သို့ရာတွင် ဘဏ်ရှိငွေကြေးလွှဲပြောင်းမှု ထိန်းချုပ်ရေးစနစ်က ငွေစာရင်းနှစ်ခုကြား ငွေကြေးလွှဲ ပြောင်းမှုဆိုင်ရာ အချက်အလက် မှားယွင်းနေသည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းကြောင့် အဆိုပါငွေကြေးလွှဲပြောင်းမှုကို ထိန်းချုပ်မှုစနစ်က ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် Citigroup ဘဏ်၌ လွန်ခဲ့သည့်နှစ် အတွင်းကဖြစ်ပွားခဲ့သော်လည်း ယခုမှသာ ထုတ်ပြန်ခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါဘဏ်မှ တာဝန်ရှိသူများသည် ယခုအခါ အလားတူဖြစ်စဉ်မျိုးဖြစ်ပွားခြင်း မရှိစေရန်အတွက် အလိုအလျောက်ငွေကြေးလွှဲပြောင်းမှု အတည်ပြုသည့် လုပ်ငန်းစဉ်တစ်ရပ်အား  အသုံးပြုနိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း သတင်းစာက ဆက်လက် ဖော်ပြထားသည်။

Source: Myawady Web Portal

ကလေးငယ် ၁၇ ဦးကို ဖမ်းဆီးပြန်ပေးဆွဲ၍ ရောင်းချခဲ့သည့် အမျိုးသမီးတစ်ဦးအား တရုတ်တရားရုံးက ကွပ်မျက်

တရုတ်နိုင်ငံတွင် ကလေးငယ် ၁၇ ဦးကို ဖမ်းဆီးပြန်ပေးဆွဲ၍  ရောင်းချခဲ့သည့် အမျိုးသမီးတစ်ဦးအား တရားရုံးတစ်ခုက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကွပ်မျက် လိုက်ကြောင်းသိရသည်။

ဟွာဟင်းအမည်ရှိ အဆိုပါအမျိုးသမီးသည် ၂၀၂၃ ခုနှစ်တွင် ကလေးငယ် ၁၁ ဦးကို ရောင်းချမှုဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် သေဒဏ်ချမှတ်ခံခဲ့ရသော်လည်း အယူခံဝင်ခဲ့ပြီးနောက် ကွေ့ကျို့ပြည်နယ်တရားရုံးက  ၎င်း၏အမှုအား  ပြန်လည် သုံးသပ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ဖမ်းဆီး ပြန်ပေးဆွဲခံရသည့် ကလေးငယ်ဦးရေသည် ၁၇ ဦးအထိ မြင့်တက်လာသည်ကို ရဲတပ်ဖွဲ့ က ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စုံစမ်း ဖော်ထုတ်နိုင်ခဲ့သည်။

ထို့ကြောင့် ပြည်သူ့တရားရုံးချုပ်၏ အတည်ပြုချက်အရ ဟွာဟင်းအား ကွပ်မျက်ရန် ကွေ့ယန်းမြို့ တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်ကလည်း လူအများအတွင်းသို့ မော်တော်ကားဖြင့် မောင်းနှင်၍ ဝင်တိုက်ခဲ့သည့် ဖန်ဝေကို့အား တရားရုံးက လူ ၃၅ ဦးအား သေစေရန် ကြံစည်မှုဖြင့် ပြစ်မှုထင်ရှားခြင်းကြောင့် ၎င်းအမျိုးသားအား  သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။    

အလိမ်ခံရမှုများကြောင့် ၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသားများ ဒေါ်လာသန်း ၈၀၀ ကျော် ဆုံးရှုံးခဲ့ရ

စင်ကာပူ  ဖေဖော်ဝါရီ ၂၇

၂၀၂၄ ခုနှစ်အတွင်း လိမ်လည်ခံရမှုများကြောင့် စင်ကာပူနိုင်ငံသားများဆုံးရှုံးခဲ့သော ငွေကြေးပမာဏမှာ စင်ကာပူဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၂၂ သန်း) ထိရှိခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

လိမ်လည်ခံရမှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသားများ ဆုံးရှုံးခဲ့သည့် ငွေကြေးပမာဏစုစုပေါင်း၏ လေးပုံတစ်ပုံခန့်မှာ ခရစ်တိုငွေကြေး လိမ်လည်မှုများကြောင့် ဆုံးရှုံးခဲ့ရသည့်ပမာဏဖြစ်ကြောင်း စင်ကာပူရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားထားသည်။

အလိမ်ခံရမှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသားများ ဆုံးရှုံးခဲ့ရသော ငွေကြေးပမာဏသည် ၂၀၂၃ ခုနှစ်ကထက် ၇၀ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရသည်။

နှိုင်းယှဉ်ကြည့်ပါက ၂၀၂၃ ခုနှစ်တွင် အလိမ်ခံရမှုကြောင့် စင်ကာပူနိုင်ငံသားများ ဆုံးရှုံးခဲ့ရသည့် ငွေကြေးပမာဏမှာ စင်ကာပူဒေါ်လာ ၆၅၁ ဒသမ ၈ သန်းထိ ရှိခဲ့သည်။

အလားတူ ၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသားများ အလိမ်ခံရမှုများမှာလည်း ၂၀၂၃ ခုနှစ်ကထက် ၁၁ ရာခိုင်နှုန်းပိုများလာခဲ့ပြီး လိမ်လည်မှု ၈၁၅၀၁ မှုထိ ရှိခဲ့သည်။

အဆိုပါလိမ်လည်မှုများအနက် ၇၀ ရာခိုင်နှုန်းကျော်တို့မှာ စင်ကာပူဒေါ်လာ ၅၀၀၀ အောက် ဆုံးရှုံးခဲ့ရသည့် လိမ်လည်မှုများ ဖြစ်ကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် 'နွေရာသီပွဲတော်များ' ကို စတင်

ထိုင်းအစိုးရသည် မတ်လမှ စက်တင်ဘာလအထိ စီစဉ်ထားသော ပွဲတော်များစွာမှတစ်ဆင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်စီးပွားရေး အခွင့်အလမ်းများ မြှင့်တင်ရန် ရည်ရွယ်သည့် "Thailand Summer Festivals" ကမ်ပိန်းကို ကြေညာခဲ့သည်။

ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra သည် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် Government House ၌ကျင်းပသည့် အခမ်းအနားကို ဦးဆောင်တက်ရောက်ခဲ့သည်။ "7 Months 7 Wonders Summer Festivals" ဆောင်ပုဒ်ဖြင့် ကမ်ပိန်းသည် Songkran၊ ယဉ်ကျေးမှု၊ ဂီတ၊ အားကစား၊ အစားအသောက်နှင့် အနုပညာနှင့်ဖန်တီးမှု ပွဲတော်များ ဟူသော အစီအစဉ် ၇ ခုကို အလေးပေးဖော်ပြ ဆွဲဆောင်ထားသည်။

ပေထုံတန်က သူမ၏မိန့်ခွန်းတွင် ထိုင်းအစိုးရသည် ခရီးသွားလုပ်ငန်းကို ထိုင်းစီးပွားရေး၏ အခြေခံအုတ်မြစ်အဖြစ်ပြုလုပ်ရန် ကတိပြုထားကြောင်း နှင့် ၎င်းသည် ဂျီဒီပီ၏ ၁၄% ကျော်ကို ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြား ခဲ့သည်။

ထို့အပြင် ကမ်ပိန်း၌ မတူညီသောလူနေမှုပုံစံများကို ဖြည့်ဆည်းပေးသည့် ပွဲတော်များနှင့် လှုပ်ရှားမှုများပါဝင်မည်ဖြစ်ပြီး ခရီးသွား ဧည့်သည်များကို မြို့ကြီးများနှင့် လူသိများသော ဆွဲဆောင်မှုများအပါအဝင် ဒေသအားလုံးသို့ ဆွဲဆောင်ရန် ရည်ရွယ်ထားကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မျှတသောဝင်ငွေခွဲဝေမှုကို သေချာစေမည် ဖြစ်ကြောင်း သူမက ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ အထင်ကရပွဲတော်များအနက်မှ တစ်ခုမှာ ဘန်ကောက်မြို့ Sanam Luang တွင် ဧပြီလ ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပမည့် Maha Songkran World Water Festival 2025 ဖြစ်သည်။ အဆိုပါပွဲတော် Songkran ကို UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ် ပြုခံရခြင်းအား ဂုဏ်ပြုကာ ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး ကမ္ဘာလုံး ဆိုင်ရာပွဲတော်တစ်ခုဖြစ်လာစေရန် ရည်မှန်းထားသည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

မော်ရိုကိုနိုင်ငံတွင် မိုးခေါင်ရေရှားမှုကြောင့် အီဒွလ်အဿွာဟာပွဲတော်တွင် ဆိတ်နှင့် သိုးများကို မသတ်ရန် မော်ရိုကိုဘုရင် တောင်းဆို

ရာဘတ်   ဖေဖော်ဝါရီ ၂၇

မော်ရိုကိုနိုင်ငံတွင် မိုးခေါင်ရေရှားမှုပြဿနာဖြင့် ရင်ဆိုင်နေရပြီး မိုးခေါင်ရေရှားပါးမှုကြောင့် စိုက်ပျိုးထုတ်ကုန်သီးနှံများ မွေးမြူရေးတွင်လည်း ဆိတ်နှင့် သိုးအကောင်ရေ သိသိသာသာ ကျဆင်းလာသဖြင့် မော်ရိုကိုဘုရင် Mohammad VI က မော်ရိုကိုပြည်သူများကို ယခုနှစ်အတွင်း ကျရောက်မည့် အီဒွလ်အဿွဟာပွဲတော်တွင် ဆိတ်နှင့်သိုးများကို မသတ်ကြရန် တောင်းဆိုမှုပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း TV Al Oula က ကြေညာခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။

အီဒွလ်အဿွာဟာပွဲတော်တွင် ဓလေ့အရ ဆိတ်နှင့် သိုးများကို သတ်ကာ ဆင်းရဲသည့် မိသားစုများသို့ အသားများပေးဝေခြင်းကို လုပ်ဆောင်လေ့ရှိကြောင်း၊ မိုးခေါင်မှုကြောင့် စားကျက်များရှားပါးလာသကဲ့သို့ အစာရေစာလည်း ရှားပါးလာသည့်အတွက် ဆိတ်နှင့် သိုးအကောင်‌ရေ တိုးတက်မှုမရှိဘဲ အစာအာဟာရပြတ်လပ်မှုကြောင့် သေဆုံးမှု မြင့်တက်လျက်ရှိကြောင်း၊ မော်ရိုကိုနိုင်ငံတွင် ကိုးနှစ်ဆက်တိုက် မိုးခေါင်သည့် ပြဿနာဖြင့် ရင်ဆိုင်နေရကြောင်း  သိရသည်။

“အစိုးရအဖွဲ့အနေနဲ့ ဘာသာရေးပွဲတော်မှာ ပြည်သူတွေအတွက် အကောင်းဆုံး ဖြည့်ဆည်းပေးဖို့ ပြင်ဆင်နေပါတယ်။ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ စီးပွားရေးစိန်ခေါ်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ကျွဲ၊ နွား၊ ဆိတ်၊ သိုးတွေ အကောင်ရေ လျော့နည်းလာတယ်။ ခက်ခဲတဲ့အခြေအနေအောက်ကနေ ပြည်သူတွေအတွက် အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားပေးသွားမှာပါ” ဟု အာမတ်တောဖစ်က ပြောကြားခဲ့ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Photo: Middle East Online

ဂျပန်အရှေ့မြောက်ပိုင်းမှ တောမီးကို မီးသတ်သမားများ ဆက်လက် ငြှိမ်းသတ်နေဆဲ

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း၌ ပြင်းပြင်းထန်ထန်လောင်ကျွမ်းနေသည့် တောမီးများကို အာဏာပိုင်များက ဆက်လက်ငြိမ်းသတ်နေပြီး မီးလောင် ကျွမ်းမှုစတင်ခဲ့ပြီးနောက်ပိုင်း လူတစ်ဦးသေဆုံးခဲ့ကာ အဆောက်အအုံ ဒါဇင်များစွာ ပျက်စီးခဲ့ရသည်။

Iwate ခရိုင်တာဝန်ရှိသူများက တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရန် ဒေသန္တရ မီးသတ်တပ်ဖွဲ့များ၊ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့များကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ရဟတ်ယာဉ်များဖြင့် စေလွှတ်ခဲ့ကြောင်း ပြောပါသည်။

မီးလောင်ကျွမ်းမှုသည် ဖေဖော်ဝါရီ ၂၆ ရက်နေ့က စတင်ခဲ့ပြီး ကမ်းရိုးတန်းမြို့ Ofunato ၏ နေရာအများအပြားကိုပျံ့နှံ့ခဲ့ကာ ဟက်တာ ၁,၂၀၀ ခန့် မီးလောင်ကျွမ်းခဲ့သည်။

အဆောက်အအုံ ၈၀ ကျော် ပျက်စီးသွားခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ပျက်စီးမှု အတိုင်းအတာ ပိုမိုများပြားနိုင်သည်ဟု သိရသည်။

လူပေါင်း ၈၀၀ ကျော်သည် ရွှေ့ပြောင်းရေးစခန်းများ၌ ခိုလှုံနေကြ သည်ဟု အာဏာပိုင်များက ဆိုသည်။

Iwate ခရိုင် တောင်ပိုင်းကမ်းရိုးတန်းအတွက် ခြောက်သွေ့လေထုဆိုင်ရာ အကြံပြုချက်များကို ရက်သတ္တပတ် တစ်ပတ်ကျော်ကြာ ထုတ်ပြန်ထား ကြောင်းသိရှိရပါသည်။

ကိုးကား-NHK World

ဂျပန်နိုင်ငံတွင် တောမီးလောင်ကျွမ်းမှုကြောင့် လူတစ်ဦးသေဆုံးပြီး အနည်းဆုံး လူနေအိမ် ၈၄ လုံး ပျက်စီး

ဂျပန်နိုင်ငံ  အိုင်ဝါတေးစီရင်စုတွင် တောမီးလောင်ကျွမ်းမှုကြောင့် လူတစ်ဦးသေဆုံးပြီး အနည်းဆုံး လူနေအိမ် ၈၄ လုံး ပျက်စီးသွားကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ NHK သတင်းဌာနက ဖေဖော်ဝါရီလ ၂၇ ရက်တွင်ဖော်ပြသည်။

တောမီးလောင်ကျွမ်းမှုများသည် စီရင်စုအတွင်းရှိ   မြို့ကြီးသုံးမြို့တွင် ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲပိုင်းမှ  စတင်ဖြစ်ပွားခြင်းဖြစ်ပြီး အာဏာပိုင်များက အဆိုပါဒေသတွင်းရှိ  ဒေသခံ ၂၀၀၀ ကျော်ကို  ဘေးကင်းရာသို့   ရွှေ့ပြောင်းကြရန် တိုက်တွန်းခဲ့ရကြောင်း  ထုတ်ပြန်ချက်အရ သိရသည်။

တောမီးလောင်ကျွမ်းမှုအတွင်း သေဆုံးသွားသူမှာ  အိုဖူနာတိုမြို့မှ အမျိုးသားတစ်ဦးဖြစ်ပြီး အာဏာပိုင်များက မီးလောင်ကျွမ်းနေသည့် ၎င်း၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် တောမီးလောင်ကျွမ်းမှုများကြောင့် ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းအထိ လူနေအိမ် ၈၄ လုံး မီးလောင်ပျက်စီးသွားပြီး အာဏာပိုင်အဖွဲ့က လူ ၅၀၀ ကျော်ကို ယာယီခိုနားဆောင်များသို့ ပို့ဆောင်ထားပြီးဖြစ်သည်။ တောမီးလောင်ကျွမ်းမှုအတွင်း သစ်တော ၆၀၀ ဟတ်တာကျော် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

တောမီးလောင်ကျွမ်းမှုများကို ငြှိမ်းသတ်နိုင်ရေးအတွက် အာဏာပိုင်များက ဆက်လက် ကြိုးပမ်းလျက်ရှိပြီး တောမီးလောင်ကျွမ်းမှုအတွင်း လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိသေးကြောင်း သိရသည်။

ကမ္ဘာ့အကြီးဆုံး ဆလိုက်ဇယားစုဆောင်းမှု ဂရင်းနစ်စံချိန်ကို ရရှိခဲ့သည့် အမေရိကန်အမျိုးသား

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် နေထိုင်သော အမျိုးသားတစ်ဦးသည် ရိုးရှင်းသော တွက်ချက်မှုများပြုလုပ်ရန် သို့မဟုတ် အချက်အလက်ရှာဖွေရန်အတွက် များသောအားဖြင့် အသုံးပြု သည့် စက္ကူ၊ ကတ်ထူပြား သို့မဟုတ် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော လက်ကိုင်ကိရိယာဖြစ်သည့် ဆလိုက်ဇယားများကို စုဆောင်းခဲ့ပြီးနောက် ကမ္ဘာ့ဂရင်းနစ်စံချိန်ရရှိခဲ့ကြောင်းသိရသည်။

Harrisburg မြို့တွင်နေထိုင်သည့် ဒေးလ်ရူပတ်ဆိုသည့် အမျိုးသားသည် (၂၀၀၂) ခုနှစ်တွင် စတိုးဆိုင်တစ်ခုသို့ သွားရောက်ပြီး ဆလိုက်ဇယား များကို တွေ့ရှိခဲ့ပြီးနောက် စုဆောင်းမှုများကို စတင်ခဲ့ခြင်းဖြစ်ပြီး ဆလိုက်ဇယားစုဆောင်းမှုတွင် အလားတူပုံစံတူများ၊ ဘီးဇယားများလည်း ပါဝင်ပြီး လက်ရှိအချိန်တွင် အခုရေ (၃၁၁၇)ထိ စုဆောင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒေးလ်ရူပတ်သည် ရေတွက်ရန်အတွက် အရည်အချင်းပြည့်မှီသော ဆလိုက်ဇယား(၁၁၁၁)ခုကို စုဆောင်းနိုင်ခဲ့မှုအတွက် ကမ္ဘာ့အကြီးဆုံး ဆလိုက်ဇယားစုဆောင်းမှု ဂရင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကိုးကား - NP news

Tulsi Gabbard က CNN သည် သစ္စာမဲ့သူများ၏ ဝါဒဖြန့်ယန္တရား ဟု စွပ်စွဲ

အမေရိကန်နိုင်ငံ၏ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး (DNI) အဖြစ် မကြာသေးမီက အတည်ပြုခန့်အပ်ခံရသူ Tulsi Gabbard က CNN အား အလုပ်မှလျှော့ချထုတ်ပယ်ခံခဲ့ရသည့် ထောက်လှမ်းရေး အရာရှိ များ၏ “ဝါဒဖြန့်ယန္တရား” အဖြစ်လုပ်ဆောင်သည်ဟု စွပ်စွဲခဲ့ပြီး၊ အဆိုပါ အရာရှိများ၏ တုန့်ပြန်မှုဆိုင်ရာ အစီရင်ခံစာအား သမ္မတ Donald Trump အစိုးရအပေါ် သွယ်ဝိုက်ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရည်ညွှန်းခဲ့သည်”ဟု ဆိုသည်။

Trump ၏ ဖက်ဒရယ်အစိုးရအဖွဲ့အစည်းအား လျှော့ချပြင်ဆင်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် (CIA) မှ ဝန်ထမ်းအချို့အား ကြိုတင်လစာ များ ထုတ်ပေးကာ တာဝန်မှ အနားပေးခဲ့သည်။ CNN က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောအစီရင်ခံစာ၌ CIA အကြီးတန်း အရာရှိ အချို့သည် ထုတ်ပယ်ခံရသူများ၏ မကျေနပ်မှုများကို တုန့်ပြန်မှုအဖြစ် လှုံ့ဆော်ဖန်တီးကာ ၎င်းတို့သိရှိထားသည့် အချက်အလက်များကို အခြား နိုင်ငံများ၏ထောက်လှမ်းရေးဌာနသို့ ပေးပို့နိုင်သည့် အန္တရာယ်ရှိကြောင်း “တိတ်တဆိတ် ဆွေးနွေးနေကြသည်” ဟု ဖော်ပြခဲ့သည်။

CIA ဝန်ထမ်းဟောင်းများသည် ထိုသို့သွယ်ဝိုက်ခြိမ်းခြောက်မှုကို ပြုလုပ်ခြင်း အားဖြင့် ၎င်းတို့ဆောင်ရွက်ခဲ့သည့်နည်းလမ်းများကို ထုတ်ဖော်နေသကဲ့သို့ ဖြစ်နေပြီး ၎င်းတို့ရံဖန်ရံခါ အသုံးပြုခဲ့သည့် ဝါဒဖြန့်ယန္တရား CNN ကို အသုံးပြုပြီး ၎င်းတို့၏ လုပ်ဆောင်ခဲ့မှုများကို ထုတ်ဖော်နေသည်ဟု Tulsi Gabbard က ဆက်လက်ပြောကြားခဲ့သည်။ “CIA ဝန်ထမ်းဟောင်းများအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ အမေရိကန်ပြည်သူများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သစ္စာစောင့်သိရန် အထူးလိုအပ်သည်” ဟု သူမက ထပ်လောင်းပြောကြားခဲ့ပါသည်။

ကိုးကား-RT

၂၀၁၄ ခုနှစ်အတွင်း ပျောက်ဆုံးသွားခဲ့သည့် Malaysia Airlines လေယာဉ်ကို ရှာဖွေမှု ပြန်လည်စတင်

လွန်ခဲ့သော ၁၁ နှစ်က ပျောက်ဆုံးသွားခဲ့သော လူ ၂၃၉ ဦး လိုက်ပါလာသည့် Malaysia Airlines မှ လေယာဉ်တစ်စင်းကို ရှာဖွေမှု ပြန်လည် စတင်ခဲ့သည်ဟု မလေးရှား သတင်းဌာနတစ်ခု၌ ဖော်ပြခဲ့သည်။

အဆိုပါလေယာဉ်သည် ၂၀၁၄ ခုနှစ်၊ မတ်လတွင် မလေးရှားမှ တရုတ် နိုင်ငံသို့ ပျံသန်းနေသည့် MH370 ခရီးစဉ်အတွင်း တောင်တရုတ် ပင်လယ်ပေါ်၌ ရေဒါမှ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။

မလေးရှားနှင့် အခြားနိုင်ငံများက ၎င်းလေယာဉ်၏ အစိတ်အပိုင်း အချို့ ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း လေယာဉ်၏ နောက်ဆုံးအခြေအနေကို မည်သူမျှမဖော်ထုတ်နိုင်သေးဘဲ အဆိုပါဖြစ်ရပ်ကို လေကြောင်းပျံသန်းရေး သမိုင်း၌ အကြီးမားဆုံး လျှို့ဝှက်ဆန်းကြယ်မှုအဖြစ် ရှုမြင်လျက်ရှိကြသည်။

ပင်လယ်အတွင်း စူးစမ်းရှာဖွေရေးကုမ္ပဏီ Ocean Infinity က အိန္ဒိယသမုဒ္ဒရာအတွင်း ယခင်က မအောင်မြင်ခဲ့သော ရှာဖွေရေးကြိုးပမ်းမှုများကို တကျော့ပြန်စတင်ခဲ့ကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke Siew Fook က ဖေဖော်ဝါရီ ၂၅ ရက်နေ့၌ ပြောကြားခဲ့ပါတယ်။

မလေးရှားအစိုးရသည် ဒီဇင်ဘာလတွင် ၎င်းကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သည့် အခြေခံသဘောတူညီချက်အရ ရှာဖွေရေးလုပ်ငန်းစဉ်ကို အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းအတွင်း စတုရန်းကီလိုမီတာ ၁၅,၀၀၀ ခန့် ဧရိယာ သတ်မှတ်ကာ ဆောင်ရွက်မည်ဟု ဆိုသည်။

အဆိုပါရှာဖွေရေးလုပ်ငန်းစဉ်သည် ခရီးစဉ်၌လိုက်ပါခဲ့သည့် ခရီးသည်များ၏ မိသားစုများအတွက်သာမက လေကြောင်းပျံသန်းရေး လုပ်ငန်းတစ်ခုလုံးအတွက်ပါ အဖြေအချို့ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke Siew Fook က ပြောပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂