သတင်းများ

AI နည်းပညာများပါဝင်သော iPhone အသစ်တစ်မျိုးကို Apple ကုမ္ပဏီ  မိတ်ဆက်

Apple ကုမ္ပဏီသည် AI နည်းပညာများပါဝင်၍ Flagship ဖုန်းအမျိုးအစားထက် စျေးနှုန်းချိုသာသည့် iPhone အသစ်တစ်မျိုးကို မိတ်ဆက်လိုက်သည်။

iPhone 16e ကို iPhone 16 ၏ Processor နှင့် Storage အတိုင်း ထုတ်လုပ်ထားပြီး ကင်မရာအရေအတွက်နှင့် အခြား Specification အနည်းငယ်သာ လျှော့ချထားကြောင်း Apple က ပြောကြားထားသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် iPhone ရောင်းအားများ ကျဆင်းခဲ့ပြီး သုံးစွဲသူများ အကြိုက်တွေ့စေမည့် ထုတ်ကုန်အသစ်များ ထုတ်လုပ်နိုင်ရန် Apple အနေဖြင့် ကြိုးစား ရုန်းကန်နေရသည်။

အဆိုပါဖုန်းတွင် AI နည်းပညာထည့်သွင်း၍ စျေးနှုန်းချိုသာစွာဖြင့် ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချခြင်းဖြင့် ရောင်းအားကျသည့် ပြဿနာကို ဖြေရှင်းနိုင်မည်ဟု Apple က မျှော်လင့်ထားသော်လည်း ထိုသို့ဆောင်ရွက်ခြင်းက ရောင်းအားကို မည်မျှတိုးတက်စေမည်ကို လေ့လာသူများက စောင့်ကြည့်နေကြသည်။

iPhone 16e ဆိုသည်မှာ ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ထွက်ရှိခဲ့သော စျေးနှုန်းချိုသာသည့် iPhone SE series ကို ရည်ညွှန်းထားခြင်း ဖြစ်သည်။ Apple ၏ပြောကြားချက်အရ iPhone 16e ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစ၍ နိုင်ငံပေါင်း ၅၉ နိုင်ငံ၌ Pre Order စတင်မှာယူနိုင်မည်ဖြစ်သည်။

ကိုးကား-BBC

မြန်မာနိုင်ငံအတွင်းမှ တရားမဝင် အွန်လိုင်းလိမ်လည်မှုများ လုပ်ဆောင် နေသည့်ဒေသမှ မလွတ်မြောက်မီ ဂျပန်ဆယ်ကျော်သက်က ၎င်း၏ တည်နေရာကို ပေးပို့ခဲ့

မြန်မာနိုင်ငံအတွင်းမှ တရားမဝင်အွန်လိုင်းလိမ်လည်မှုများ လုပ်ဆောင်နေသည့်နေရာတစ်ခုတွင် အလုပ်ခိုင်းခံခဲ့ရသည်ဟု ယူဆရသော အသက် ၁၆ နှစ်အရွယ် ဂျပန်လူငယ်တစ်ဦးသည် ဆက်သွယ်ရေးအက်ပလီကေးရှင်းမှတစ်ဆင့် ၎င်း၏တည်နေရာအချက်အလက်ကို ဂျပန်နိုင်ငံမှ မိသားစုများဆီ ပေးပို့နိုင်ခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သိရှိရသည်။

ဂျပန်နိုင်ငံအလယ်ပိုင်း အိုင်းချိခရိုင်မှ အဆိုပါအထက်တန်းကျောင်းသားသည် ယခုလအစောပိုင်းတွင် မြန်မာနိုင်ငံ၏အိမ်နီးချင်း ထိုင်းနိုင်ငံ အာဏာပိုင်များက ၎င်းကို ထိန်းသိမ်းထားခဲ့ပြီးသည့်နောက် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်းမှ တရားမဝင်အွန်လိုင်းလိမ်လည်မှုများ လုပ်ဆောင်နေသည့် နေရာတစ်ခုမှ ဂျပန်နိုင်ငံသားများကို ဖုန်းနှင့်လိမ်လည်လှည့်ဖြားရန် တရုတ်ဂိုဏ်းက ၎င်းကို အတင်းအကျပ် ခိုင်းစေခဲ့သည်ဟု သိရပါသည်။

ဖေဖော်ဝါရီလ အစောပိုင်းတွင် အဆိုပါလူငယ်၏ မိသားစုသည် ဆက်သွယ်ရေး အက်ပလီကေးရှင်းမှ အကူအညီတောင်းခံသည့် သတင်းစကားတစ်ခု ရရှိခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုပါသည်။ ၎င်းသည် လိမ်လည်မှုအချက်အခြာနေရာ၏ တည်နေရာအချက်အလက်ကိုလည်း ပေးပို့ခဲ့ကြောင်း ဆိုသည်။

၎င်း၏မိသားစုက ထိုင်းနိုင်ငံရှိ ဂျပန်သံရုံးကို ဆက်သွယ်ခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက အရေးယူလုပ်ဆောင်ခဲ့ပြီး မကြာခင် ပြန်လွတ်လာခဲ့ကြောင်းသိရှိရသည်။

အဆိုပါလူငယ်ကို အွန်လိုင်း Chat Group ၌ သိကျွမ်းခဲ့သူက နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရန် ဖြားယောင်းခဲ့ကြောင်းဆိုကာ လိမ်လည်မှုတွင် ပါဝင်ပတ်သက်ရန် အတင်းအကျပ် စေခိုင်းခံရမည် ဆိုသည်ကို မသိခဲ့ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း၌ တရုတ်နိုင်ငံနှင့် အခြားနေရာများမှ လာရောက်သည့် လိမ်လည်သူများသည် ထိုင်းနှင့်နယ်စပ်မှ ဒေသများတွင်တရားမဝင်လောင်းကစားမှုများနှင့် လိမ်လည်မှုများ လုပ်ဆောင်ရန် လှုပ်ရှားလာကြပါသည်။

ကိုးကား-NHK World

အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ ဘောလုံးကွင်းတစ်ခုတွင် မီးရှူးမီးပန်းများ ပေါက်ကွဲမှုကြောင့် ပွဲကြည့်ပရိသတ် ၃၀ ကျော် ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကီရာလာပြည်နယ်ရှိ ဘောလုံးကွင်းတစ်ခုတွင် မီးရှူးမီးပန်းများ ပေါက်ကွဲမှုကြောင့် ပွဲကြည့်ပရိသတ် ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၉ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်သည် ပြည်နယ်မြို့တော် သီရူဝဏ္ဍသာပူရမ်၏ မြောက်ဘက် ၃၈၈ ကီလိုမီတာအကွာရှိ မာလပ်ပူရမ်မြို့ရှိ အာရီးကိုဒီးဘောလုံးကွင်း၌ ဖေဖော်ဝါရီလ၁၈ ရက်က ဖြစ်ပွားခြင်းဖြစ်ပြီး ဘောလုံးကွင်းမှ တာဝန်ရှိသူများက မီးရှူးမီးပန်းများကို ကွင်းအလယ်ကောင်တွင် ချလိုက်ပြီးနောက် မကြာမီ မီးပန်းများက ပွဲကြည့်စင်ရှေ့ဆုံးတန်းမှ ပရိသတ်များအပေါ် ကျရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မီးပန်းများ ပွဲကြည့်ပရိသတ်များအပေါ် ကျရောက်ခဲ့သည့်အပြင် အချို့ပွဲကြည့်သူများမှာ မီးပန်းများကျရောက်ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရာမှ လဲကျခြင်းကြောင့် ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါဘောလုံးပွဲတွင် အာဏာပိုင်များက မီးရှူးမီးပန်းများအား အသုံးပြုခွင့် မပေးထားသောကြောင့် အဆိုပါဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

Source: Myawady Web Portal
 
ဩစတြေးလျနိုင်ငံ အာသာမြစ်ကမ်းခြေတွင် လင်းပိုင် ၁၅၇ ကောင် သောင်တင်နေ

ကင်ဘာရာ  ဖေဖော်ဝါရီ ၁၉

ဩစတြေးလျနိုင်ငံ တက်စမေးနီးယားနယ်မြေအတွင်းရှိ အာသာကမ်းခြေ၌ ယနေ့တွင် လင်းပိုင် ၁၅၇ ကောင် သောင်တင်နေသည်ဟု တက်စမေးနီးယားနယ်မြေ အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ လင်းပိုင်များသည် အမည်မသိဝေဒနာ ခံစားနေရပြီး မည်သည့်ကိစ္စကြောင့် ‌သောင်တင်နေသည်ကို စိစစ်နေဆဲဖြစ်ကြောင်း၊ သောင်တင်နေသည့် လင်းပိုင်အများစုမှာ အလျားပေ ၂၀ ခန့်ထိ ရှည်လျားပြီး ပေါင် ၃၀၀၀ ခန့်ထိ အလေးချိန်ကြီးမားကြောင်း၊ သောင်တင်နေသည့် လင်းပိုင် ၁၅၇ ကောင်အနက် အကောင်ရေ ၉၀ ထိ အသက်ရှင်လျက်ရှိပြီး ကျန်လင်းပိုင်များမှာ သေဆုံးနေကြောင်း တက်စမေးနီးယား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

“အာသာမြစ် ကမ်းခြေမှာ လင်းပိုင် ၁၅၇ ကောင် သောင်တင်နေတယ်။ အမည်မသိဝေဒနာကြောင့် အခုလို သောင်တင်နေတာပါ။ အခုထိတော့ အဖြေရှာနေဆဲဖြစ်ပါတယ်။ သောင်တင်နေတဲ့ လင်းပိုင်တွေထဲက အကောင်ရေ ၉၀ ကတော့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ပါတယ်။ ဆေးကုသမှုတွေ ပြုလုပ်ပေးနေပါတယ်။ ဘာကြောင့်မှန်းမသိတဲ့အတွက် ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ဆေးကုသမှု ပြုလုပ်ပေးဖို့တော့ ခက်ခဲပါတယ်။ ဝေဒနာသက်သာအောင်လောက်ပဲ ဆေးကုသပေးနိုင်မှာဖြစ်ပါတယ်” ဟု တက်စမေးနီးယား အာဏာပိုင်အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ဘရန်ဒန်က ပြောကြားခဲ့ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

ဝါဂွမ်းနှင့် အိပ်ရာခင်းများဖြင့် ဖန်တီးခဲ့သည့် ဆောင်းရာသီ အပန်းဖြေကမ္ဘာ စီမံကိန်းအတွက် ချန်ဒူးနှင်းကျေးရွာ တောင်းပန်

ခရီးသွားများအား ဆွဲဆောင်ရာနေရာတစ်နေရာဖြစ်သည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ "ချန်ဒူးနှင်းကျေးရွာ" (Chengdu Snow Village) သည် ဆောင်းရာသီ အပန်းဖြေကမ္ဘာ စီမံကိန်းကို ဖန်တီးရာတွင် နှင်းအစား ဝါဂွမ်းစနှင့် ရေမြှုပ်များကို အသုံးပြုထားခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

တရုတ်ရိုးရာနှစ်သစ်ကူးကာလအတွင်း ခရီးသွားများကို ဆွဲဆောင်ရန် ချန်ဒူးနှင်းကျေးရွာ (Chengdu Snow Village) စီမံကိန်းကို တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး စီမံကိန်း ကြော်ငြာဓာတ်ပုံများတွင် သစ်သားတဲအိမ်ခေါင်မိုး မျက်နှာကြက်များအပေါ် နှင်းများ ထူထပ်စွာ ဖုံးလွှမ်းထားသည့်ပုံများကို ပြသခဲ့သည်။ ခရီးသွားများကလည်း အဆိုပါဓာတ်ပုံများကိုကြည့်၍ နှင်းဖြူဖြူ ဖုံးလွှမ်းနေသည့် ဆောင်းရာသီအလှကို မျှော်လင့်ခဲ့ကြသည်။

ဆောင်းရာသီအပန်းဖြေကမ္ဘာစီမံကိန်းကို နှင်းအစား ဝါဂွမ်းစနှင့် ရေမြှုပ်များသုံး၍ ဖန်တီးထားသည်ကို လာရောက်လည်ပတ်သူများက တွေ့ရှိပြီးနောက် အလွန်ဒေါသထွက်ခဲ့ကြပြီး ထိုအခြေအနေကို မကျေနပ်သည့် ဧည့်သည်များက အွန်လိုင်းတွင် ဓာတ်ပုံများတင်၍ ဝေဖန်ခဲ့ကြပါသည်။

အဆိုပါအဖြစ်အပျက်ကြောင့် ချန်ဒူးနှင်းကျေးရွာက လူမှုကွန်ရက်ပေါ်တွင် တောင်းပန်ချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါဒေသတွင် ပုံမှန်ထက်ပိုမိုပူနွေးသည့် ရာသီဥတုကြောင့် နှင်းမရနိုင်ခြင်းဖြစ်ကြောင်း၊ နှင်း၏အလှကို ဖန်တီးရန် ဝါဂွမ်းများကို ဝယ်ယူအသုံးပြုခဲ့သော်လည်း မျှော်လင့်ထားသည့် အကျိုး သက်ရောက်မှုမရရှိဘဲ လာရောက်လည်ပတ်သူများကို အထင်မှားစေခဲ့ကြောင်း၊ မကျေနပ်သည့် ဧည့်သည်များကို ငွေပြန်အမ်းပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ကိုးကား-CNN

ဩစတြေးလျနိုင်ငံ ကမ်းခြေတစ်ခုတွင် ဝေလငါးအကောင် ၁၅၀  ကျော် သေဆုံး

ဩစတြေးလျနိုင်ငံ တက်စမေးနီးယား ပြည်နယ်ရှိ  ကမ်းခြေတစ်ခုတွင် ဝေလငါး အကောင် ၁၅၀  ကျော် သေဆုံးလျက်ရှိကြောင်း    ဒေသတွင်းမီဒီယာ တစ်ခုက ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဖော်ပြသည်။

ဝေလငါးများ သောင်တင်သေဆုံးနေသည့် နေရာသည် ကမ်းခြေမှ အလွန်ဝေးကွာသည့် နေရာဖြစ်သောကြောင့် ၎င်းတို့အား ကယ်ဆယ်နိုင်ခဲ့ခြင်းမရှိကြောင်း ပြည်နယ် သဘာဝ တောရိုင်းတိရစ္ဆာန်၊ ပန်းခြံနှင့်ဥယျာဉ် စောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ချက်တစ်ရပ်တွင် ရေးသား ဖော်ပြထားသည်။

သေဆုံးနေသည့် ဝေလငါးများမှာ စုစုပေါင်း ၁၅၇ ကောင်ရှိသည်ဟု အချို့မီဒီယာများတွင် ဖော်ပြထားသည်။

အဆိုပါဝေလငါးများသည် လွန်ခဲ့သည့် ၂၄ နာရီ သို့မဟုတ် ၄၈ နာရီ အတွင်းက သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်များအရ သိရှိရသည်။ သို့သော် မည်သည့် အကြောင်းရင်းကြောင့် သေဆုံးရသည်ကိုမသိရသေးပေ။ သေဆုံးနေသည့် ဝေလငါးများသည်  killer  whale  အမျိုးအစား ဝေလငါး အသေးစားများဖြစ်ပြီး ၎င်းတို့သည် အပျော်စီးရွက်လှေများကို တိုက်ခိုက်လေ့ ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ အကြီးဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကုမ္ပဏီ (NTPC) က 30 GW နျူကလီးယားစီမံကိန်းဆောင်ရွက်မည်

အိန္ဒိယနိုင်ငံ၏ အကြီးဆုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော National Thermal Power Corporation (NTPC) သည် နောက်နှစ် ၂၀ အတွင်း နျူကလီးယားဓာတ်အား ၃၀ ဂဂ္ဂါဝပ် (GW) တည်ဆောက်ရန် ရည်မှန်းချက်ချမှတ်ထားကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ဒေါ်လာ ၆၂ ဘီလီယံဖြစ်ပြီး၊ ကုမ္ပဏီ၏ မူလရည်မှန်းချက်ဖြစ်သော ၁၀ ဂဂ္ဂါဝပ်ထက် သုံးဆမြင့်မားကြောင်း NTPC အရာရှိများက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် နျူကလီးယားစီမံကိန်းများကို ဒေသခံများက ကန့်ကွက်မှု များရှိနေသော်လည်း၊ အဆိုပါ အမျိုးသားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကုမ္ပဏီသည် ယခုအခါ စီမံကိန်းအား အကောင်အထည်ဖော်ရန် သင့်လျော်သော နေရာများကို ရှာဖွေနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ လုပ်ငန်းစဉ်များသည် နယူးဒေလီ၏ စွမ်းအင်ရည်မှန်းချက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ၂၀၃၀ ပြည့်နှစ်တွင် ရုပ်ကြွင်းလောင်စာ မဟုတ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၅၀၀ ဂဂ္ဂါဝပ်နှင့် ၂၀၄၇ ခုနှစ်တွင် နျူကလီးယားဓာတ်အား အနည်းဆုံး ၁၀၀ ဂဂ္ဂါဝပ် ရရှိရန် ပါဝင်သည်။ NTPC သည် နျူကလီးယားဓာတ်အားဖြင့် ၂.၆ ဂဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနှစ်ခုကို ဗဟိုဒေသဖြစ်သော မဒ္ဒရာပြည်နယ်နှင့် မြောက်ပိုင်းဒေသဖြစ်သော ရာဇဌာန်ပြည်နယ်တို့တွင် တည်ဆောက်လျက်ရှိသည်။

အစိုးရက နျူကလီးယားကဏ္ဍကို နိုင်ငံခြားနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများအတွက် ဖွင့်လှစ်ရန် အစီအစဉ်များကို ကြေညာပြီးနောက် ရည်မှန်းချက်ကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဧပြီလမှ စတင်သော ဘဏ္ဍာရေးနှစ်အတွက် နှစ်စဉ်ဘဏ္ဍာရေးစာရင်းတွင် အိန္ဒိယဘဏ္ဍာရေး ဝန်ကြီး နိရ်မလ သီတာရာမန်က နျူကလီးယားစွမ်းအင်မစ်ရှင်ကို ဒေါ်လာ ၂.၃၅ ဘီလီယံ (အိန္ဒိယရူပီး ၂၀ ဘီလီယံခန့်) ထည့်ဝင်ရန် ကြေညာခဲ့သည်။ ၎င်းက အဆိုပါမစ်ရှင်သည် အိန္ဒိယ၏ စွမ်းအင်ထုတ်လုပ်မှုကို မြှင့်တင်ရန် ရည်မှန်းချက်နှင့် နီးကပ်စွာ ဆက်စပ်နေပြီး၊ အထူးသဖြင့် ၂၀၄၇ ခုနှစ်တွင် နျူကလီးယားဓာတ်အား ၁၀၀ ဂဂ္ဂါဝပ် ရရှိရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။

ကိုးကား-RT

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ၂၀၄၀ ဘဏ္ဍာရေးနှစ်မကုန်မီ အဓိက စွမ်းအင်ရင်းမြစ်အဖြစ် ဂျပန်ပစ်မှတ်ထား

ဂျပန်အစိုးရသည် နိုင်ငံအတွက် အခြေခံစွမ်းအင်အစီအစဉ်သစ်ကို အတည်ပြုလိုက်ပြီး လေ၊ နေရောင်ခြည်နှင့် အခြားပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို ၂၀၄၀ ဘဏ္ဍာရေးနှစ်မကုန်မီ နိုင်ငံ၏အဓိက လျှပ်စစ် အရင်းအမြစ်အဖြစ်အသုံးပြုနိုင်ရေး ဆောင်ရွက်မည်ဟု ဆိုထားပါသည်။

အဆိုပါဘဏ္ဍာရေးနှစ်ကာလမကုန်မီတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များသည် စွမ်းအင်အမျိုးအစားအားလုံး၏ ၄၀% မှ ၅၀%အထိ ရှိမည်ဟု ခန့်မှန်းရပါသည်။

လွန်ခဲ့သော ၄ နှစ်ကချမှတ်ခဲ့သည့် ယခင်ရည်မှန်းချက်သည် ၂၀၃၀ ဘဏ္ဍာရေး နှစ်မကုန်မီ၌ ၃၆ % မှ ၃၈%အထိ ရှိစေရေး ဖြစ်ပါသည်။

ယခုနောက်ဆုံး အဆိုပြုချက်တွင် အပူစွမ်းအင်သည် စွမ်းအင်အမျိုးအစားအားလုံး၏ ၃၀% မှ ၄၀% ရာခိုင်နှုန်းအထိရှိပြီး နျူကလီးယား စွမ်းအင်သည် ၂၀% ခန့်ရှိမည်ဟု ဆိုထားပါသည်။

၂၀၁၁ ခုနှစ်တွင် ဖူကူရှီးမား အမှတ်တစ်နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ မတော်တဆမှုဖြစ်ပွားခဲ့ပြီးနောက် အဏုမြူစွမ်းအင် အပေါ် မှီခိုအားထားမှုကိုလျှော့ချရန် ဂျပန် အစိုးရက ကြိုးပမ်းခဲ့ပါသည်။

သို့သော် ယခုအစီအစဉ်သစ်သည် နျူကလီးယားစွမ်းအင်အပေါ် မှီခိုအားထားမှုကို လျှော့ချရေး ရည်ညွှန်းခြင်းမဟုတ်ဘဲ ၎င်းအစား ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များနှင့်အတူ အဏုမြူစွမ်းအင်ကို အသုံးပြုမည်ဟု ဆိုပါသည်။ ဤအစီအစဉ်တွင် မျိုးဆက်သစ် ဓာတ်ပေါင်းဖိုများ တီထွင်ထုတ်လုပ်ရေးလည်း ပါဝင်ပါသည်။

Oppo သည် Samsung ကိုကျော်ပြီး အရှေ့တောင် အာရှစမတ်ဖုန်း ဈေးကွက်တွင် ထိပ်ဆုံးမှရပ်တည်

ကမ္ဘာလုံးဆိုင်ရာနည်းပညာဆိုင်ရာ ဆန်းစစ်လေ့လာမှုကုမ္ပဏီ Canalys ၏ အဆိုအရ ၂၀၂၄ ခုနှစ်တွင် Oppo သည် အရှေ့တောင်အာရှဒေသ၏ ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်လာခဲ့ပြီး ဈေးကွက်ရှယ်ယာ ၁၈% ရရှိခဲ့သည်။

အရှေ့တောင်အာရှဒေသ၏ စမတ်ဖုန်းဈေးကွက်သည် နှစ်နှစ်ဆက်တိုက် ကျဆင်းခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ပြန်လည်ကောင်းမွန်လာကာ စမတ်ဖုန်းတင်ပို့မှု စုစုပေါင်း ၉၆.၇ သန်း အထိရှိခဲ့သည်။

Oppo သည် စမတ်ဖုန်းတင်ပို့မှု ၁၆.၉ သန်းဖြင့် ဦးဆောင်ခဲ့ပြီး ယခင်နှစ် ထက် ၁၄% တိုးတက်ခဲ့သည်။ Transsion နှင့် Xiaomi တို့သည် ၁၆% စီ ဖြင့် တတိယနေရာတွင် ရပ်တည်နေပြီး Vivo မှာ ၁၃% ဖြင့် ထိပ်တန်း ငါးခုစာရင်းတွင် ပါဝင်ခဲ့သည်။

Canalys ဆန်းစစ်လေ့လာသူ Le Xuan Chiew က "၂၀၂၄ ခုနှစ်တွင် အရှေ့တောင်အာရှဒေသ၏ စမတ်ဖုန်းဈေးကွက်သည် ကမ္ဘာလုံးဆိုင်ရာ ကြီးထွားမှုနှုန်း ၇% ထက် ပိုမိုကောင်းမွန်စွာ တိုးတက်လာခဲ့သည်" ဟု ပြောကြားခဲ့သည်။

Oppo ၏ အောင်မြင်မှုသည် ထုတ်ကုန်များကို ညှိညှိနှိုင်းနှိုင်းထုတ်လုပ်နိုင်မှုနှင့် အဆင့်မြင့်မော်ဒယ်များတွင် ရင်းနှီးမြှုပ်နှံမှုများကြောင့် ဖြစ်ကြောင်း ၎င်းကဆိုသည်။

Samsung ၏ စမတ်ဖုန်းတင်ပို့မှုများ ကျဆင်းခဲ့သော်လည်း ၎င်း၏ ပျမ်းမျှရောင်းချဈေးနှုန်းမှာ ၁၄% တိုးတက်လာခဲ့သည်။

Galaxy A55 နှင့် Galaxy S series ကဲ့သို့သော အဆင့်မြင့်မော်ဒယ်များ၏ ကောင်းမွန်သော စွမ်းဆောင်ရည်ကြောင့် ၎င်း၏ဈေးကွက်အတွင်း ဆုံးရှုံးမှုများကို ကာမိခဲ့သည်။

ဆန်းစစ်လေ့လာသူများက Smart Phone Brand များသည် အမြတ်အစွန်းကို ထိန်းသိမ်းနိုင်ရန်အတွက် ဈေးနှုန်းလျှော့ချမှုများနှင့် မရေရာသော ပရိုမိုးရှင်းအထောက်အပံ့များကို ရှောင်ရှားရန် သတိပေးခဲ့သည်။

ကိုးကား-VN Express

အမေရိကန်မှ ပြည်နှင်ဒဏ်ပေးခံရသော အိန္ဒိယနိုင်ငံသားများ တင်ဆောင်လာသည့် တတိယမြောက်လေယာဉ် ဆိုက်ရောက်

အမေရိကန်ပြည်ထောင်စုမှ ပြည်နှင်ဒဏ်ပေးခံထားရသည့် အိန္ဒိယနိုင်ငံသားများ တတိယအသုတ်ကို သယ်ဆောင်လာသည့် လေယာဉ်တစ်စင်းသည် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ် ပြည်နယ်၊ အမ်ရစ်ဆာမြို့သို့ ဆင်းသက်လာခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဝါရှင်တန်တွင် တွေ့ဆုံခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ဆောင်ရွက်မှုဖြစ်သည်။ 

ဒေသခံမီဒီယာများ၏ ဖော်ပြချက်များအရ လေယာဉ်ပေါ်တွင် လူပေါင်း ၁၁၂ ဦးခန့် ပါရှိပြီး ၎င်းတို့ထဲမှ အများစုမှာ မြောက်ပိုင်း ဟာရယာနာ ပြည်နယ်မှ ဖြစ်သည်။ ပြည်နှင်ဒဏ်ပေးခံရသူ ၄၄ ဦးမှာ ဟာရယာနာ ပြည်နယ်မှ ဖြစ်ပြီး ၃၃ ဦးမှာ ဂူဂျာရတ်ပြည်နယ် (မိုဒီ၏ မွေးရပ်မြေ) မှ ဖြစ်ကာ ၃၁ ဦးမှာ ပန်ဂျပ်ပြည်နယ်မှ ဖြစ်သည်။ ကျန်သူများမှာ အခြား ပြည်နယ်များမှ ဖြစ်သည်။

ပြည်နှင်ဒဏ်ပေးခံရသူများသည် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များ၊ အတည်ပြုခြင်းနှင့် နောက်ခံကိုယ်ရေးအချက်အလက်စစ်ဆေးခြင်း အပါအဝင် လိုအပ်သော လုပ်ငန်းစဉ်များ ပြီးဆုံးပါက မိမိတို့၏ အိမ်များသို့ ပြန်လာခွင့်ရရှိမည်ဟု NDTV သို့ အရင်းအမြစ်များက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသား ၁၀၄ ဦးကို သယ်ဆောင်လာသည့် အမေရိကန် စစ်တပ် ၏ C-17 သယ်ယူပို့ဆောင်ရေး လေယာဉ်သည် ပထမဆုံးအကြိမ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် အမ်ရစ်ဆာသို့ ဆင်းသက်ခဲ့ပြီး ဒုတိယ လေယာဉ်သည် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဆင်းသက်ခဲ့သည်။