သတင်းများ

အမေရိကန်သိပ္ပံပညာရှင်နှစ်ဦး ဆေးပညာဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခံရ

အမေရိကန်သိပ္ပံပညာရှင်နှစ်ဦးသည် မျိုးရိုးဗီဇထိန်းညှိမှုတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်သည့် microRNA မော်လီကျူးများကို ရှာဖွေတွေ့ရှိမှုအတွက် ယခုနှစ် ဆေးပညာဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခဲ့သည်။

မက်ဆာချူးဆက် ဆေးကျောင်းမှ ပါမောက္ခ ဗစ်တာအမ်းဘရော့စ်နှင့် ဟားဗက်ဆေးကျောင်းမှ ပါမောက္ခဂယ်ရီရုဗ်ကွန်တို့သည် ပူးတွဲဆုရရှိသူများဖြစ်ကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ အောက်တိုဘာ ၇ ရက်တွင် ကျင်းပသည့် နိုဘယ်ညီလာခံတွင် ကြေညာခဲ့သည်။

 microRNA မော်လီကျူးများသည် မျိုးရိုးဗီဇလုပ်ဆောင်မှုများကို ထိန်းညှိပေးကြောင်း အဆိုပါသိပ္ပံပညာရှင်နှစ်ဦးက တွေ့ရှိခဲ့သည်။ ၎င်းတို့၏ သုတေသနပြုချက်တွင် microRNA သည် လူသားများ၏ မျိုးရိုးဗီဇ ထိန်းညှိမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

နောက်ဆက်တွဲ သုတေသနပြုချက်များအရ microRNA မှ ပုံမှန်မဟုတ်သော ထိန်းညှိမှုသည် ကင်ဆာဖြစ်စေနိုင်ပြီး ကိုယ်တွင်းအင်္ဂါများနှင့် အရိုးများဖွံ့ဖြိုးမှုတွင် မူမမှန်မှုများကို ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့သည်။

၎င်းတို့နှစ်ဦး၏ ရှာဖွေတွေ့ရှိမှုသည် လူသားများအပါအဝင် သက်ရှိများအတွက် မရှိမဖြစ်လိုအပ်သော မျိုးဗီဇစည်းမျဉ်းဆိုင်ရာ နိယာမအသစ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း ညီလာခံက ပြောကြားခဲ့သည်။ microRNA သည် သက်ရှိများ ဖွံ့ဖြိုးပုံနှင့် လုပ်ဆောင်ပုံအတွက် အခြေခံအားဖြင့် အရေးကြီးကြောင်း သက်သေပြနေသည်ဟုလည်း ညီလာခံက ဆိုသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

Source- မြန်မာ့အလင်း

ဗီယက်နမ်သို့ ကိုးလအတွင်း ကမ္ဘာလှည့်ခရီးသည် ၁၂ ဒသမ ၇ သန်းလာရောက်

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ ကိုးလအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၁၂ ဒသမ ၇ သန်းကျော် ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကထက် ၄ ဒသမ ၃ ရာခိုင်နှုန်းတိုးလာကြောင်း အထွေထွေစာရင်းအင်းရုံးမှ ထုတ်ပြန်သည်။

ယင်းကာလအတွင်း ဗီယက်နမ်နိုင်ငံသို့ ပြည်ပမှ လေကြောင်းဖြင့် ဝင်ရောက်သူ ၁၀ ဒသမ ၈ သန်းနီးပါး(ခရီးသည်စုစုပေါင်း၏ ၈၄ ဒသမ ၉ ရာခိုင်နှုန်း)၊ ကုန်းလမ်းဖြင့် ၁ ဒသမ ၈ သန်း (၁၃ ဒသမ ၈ ရာခိုင်နှုန်း)နှင့် ပင်လယ်ရေ‌ကြောင်းမှ ၁၆၅၇၀၀ (၃ ရာခိုင်နှုန်း)ရှိသည်။ ခရီးသည်လူအများစုမှာ အာရှဒေသမှဖြစ်ပြီး ခရီးသည် ၁၀ ဒသမ ၁၂ သန်းရှိကာ ယမန်နှစ်ကထက် ၄၇ ဒသမ ၇ ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာကဆိုသည်။ ပြီးခဲ့သည့် စက်တင်ဘာလတွင် ဗီယက်နမ်သို့ နိုင်ငံတကာခရီးသွားဧည့်သည် ၁ ဒသမ ၂၇ သန်း လာရောက်ခဲ့သဖြင့် ခရီးသည် ၁ ဒသမ ၄၃ သန်းဝင်ရောက်ခဲ့သည့် ဩဂုတ်လနှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့နည်းခဲ့ကြောင်း အဆိုပါရုံးကပြောသည်။

စက်တင်ဘာလတွင် ခရီးသွားဦးရေ ကျဆင်းခဲ့သော်လည်း ယခုနှစ်တွင် နိုင်ငံတကာ ခရီးသွား ၁၇ သန်းမှ ၁၈ သန်းအထိ ဆွဲဆောင်နိုင်ရန် ရည်ရွယ်ထားပြီးလွန်ခဲ့သည့် သုံးလအတွင်း ဗီယက်နမ်သို့ ခရီးသည်ဝင်ရောက်မှု အမြင့်ဆုံးရာသီဖြစ်ကြောင်း ဗီယက်နမ်သတင်းက အောက်တိုဘာ ၇ ရက်တွင် ဖော်ပြသည်။

ယခုနှစ်တွင် နိုင်ငံတကာခရီးသွား ၁၈ သန်း ဝင်ရောက်ရန် ရည်မှန်းချက်ပြည့်မီ တော့မည်ဖြစ်ကြောင်း ဗီယက်နမ်အမျိုးသားခရီးသွားလုပ်ငန်း စီမံကွပ်ကဲမှုဌာန၏ လက်ထောက် ညွှန်ကြားရေးမှူး ငုယင်လီဖူက ပြောကြားသည်။

ဆင်ဟွာ

ဘရာဇီးမြို့တော်၌ မိုးမရွာသည်မှာ ရက်ပေါင်း ၁၆၄ ရက်ဖြင့် အရှည်ကြာဆုံး မိုးခေါင်မှုအဖြစ် စံချိန်တင်

ဘရာဇီးနိုင်ငံ ဘရာဆီးလီးယားမြို့၌ မိုးမရွာဘဲ ရှိသည်မှာ ရက်ပေါင်း ၁၆၄ ရက် ဆက်တိုက်ရှိပြီဖြစ်ပြီး အကြာဆုံး ခြောက်သွေ့မှုအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း အမျိုးသား မိုးလေဝသ အင်စတီကျုက အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကာလရှည်ကြာ မိုးခေါင်မှုသည် တောမီးလောင်မှုနှင့် မြက်ခင်းပြင်များ မီးလောင်မှုကို ဖြစ်ပေါ်စေသည်။ ဩဂုတ်လလယ်ပိုင်းမှစတင်ကာ နိုင်ငံအနှံ့ ဒေသများတွင် တောမီးလောင်မှုများ ပျံ့နှံ့လာခဲ့သည်။ ၁၉၆၃ ခုနှစ်ကလည်း ဘရာဆီးလီးယားမြို့၌ ၁၆၃ ရက်တိုင်တိုင် မိုးမရွာဘဲ မိုးခေါင်မှု ဖြစ်ပွားခဲ့သည်။ 

ဘရာဆီးလီးယားမြို့သည် ဘရာဇီးနိုင်ငံအလယ်ပိုင်းဒေသတွင်ရှိပြီး ယခုအခါ အလွန် အမင်း ပူပြင်းခြင်းနှင့် စိုထိုင်းဆနည်းခြင်းဟူသော ခြိမ်းခြောက်မှုနှစ်ခုနှင့် ရင်ဆိုင်နေရသည်။ အာဏာပိုင်များက လိမ္မော်ရောင်အဆင့် သတိပေးမှုထုတ်ပြန်ထားပြီး အပူချိန် ၃၅ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထက် ကျော်လွန်ကာ စိုထိုင်းဆ ၁၅ ရာခိုင်နှုန်းကျဆင်းနေသည်။ ယခင်နှစ်ကနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်အတွင်း ဘရာဆီးလီးယားမြို့၌ တောမီးလောင်မှုမှာ ၂၆၉ ရာခိုင်နှုန်း တိုးလာသည်ဟု အမျိုးသားအာကာသသုတေသနအင်စတီကျု၏ အစီရင်ခံစာအရ သိရသည်။

အောက်တိုဘာ ၈ ရက်တွင် မိုးရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။ ဘရာဆီးလီးယား သည် ယခုနှစ်အတွင်း စံချိန်တင် တောမီး‌လောင်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ 