အသစ်ထွက်ရှိလာမည့် iPhone 16e ကို စင်ကာပူဒေါ်လာ ၉၄၉ မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး စင်ကာပူတွင် ဖေဖော်ဝါရီလ ၂၁ ရက်မှ စတင်၍ ကြိုတင်စာရင်းသွင်းမှာယူနိုင်ပြီ

News Image

  • အသစ်ထွက်ရှိလာမည့် iPhone 16e ကို စင်ကာပူဒေါ်လာ ၉၄၉ မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး စင်ကာပူတွင် ဖေဖော်ဝါရီလ ၂၁ ရက်မှ စတင်၍ ကြိုတင်စာရင်းသွင်းမှာယူနိုင်ပြီ

အသစ်ထွက်ရှိလာသည့် iPhone 16e ကို စင်ကာပူနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၁ ရက်မှစတင်၍ ကြိုတင်စာရင်းသွင်း မှာယူနိုင်ပြီဖြစ်ပြီး ဖေဖော်ဝါရီလ ၂၈ ရက်တွင် စတင်ရောင်းချသွားမည် ဖြစ်သည်။

iPhone 16e တွင်ပါရှိသည့် ခလုတ်ပုံစံများ၊ Type-C အမျိုးအစား USB အားသွင်းကြိုးပေါက်များ စသည့် အသွင် အပြင်များသည် iPhone 16 နှင့်အလားသဏ္ဍာန်တူညီပြီးသော်လည်း iPhone 16e တွင်မူ ကင်မရာတစ်လုံးသာ ပါဝင်မည်ဖြစ်သည်။ ၎င်းတွင် 48 Mega Pixel Fusion ကင်မရာအား ဒီဇိုင်းပြန်လည်ပြုပြင်၍ အဆင့်မြင့်တင် ထားသော်လည်း ပုံထွက်အရည်အသွေးမှာ အခြားသော iPhone 16 model များထက် ထူးခြားသည့်ပြောင်းလဲမှု မရှိပေ။

iPhone 16e သည် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ထွက်ရှိသည့် Apple Intelligence ကို လုပ်ဆောင်နိုင်မည်ဖြစ်ပြီး အနက်ရောင်နှင့် အဖြူရောင် ၂ မျိုးကို 128GB ၊ 256GB နှင့် 512GB စသည့် storage များဖြင့် ရွေးချယ် ဝယ်ယူ နိုင်မည် ဖြစ်ပါသည်။

ဈေးနှုန်းအနေဖြင့် စင်ကာပူဒေါ်လာ ၉၄၉ မှစတင်ပြီး ယင်းဈေးနှုန်းမှာ ယခင်ထွက်ရှိခဲ့သည့် iPhone 16 ထက် စင်ကာပူဒေါ်လာ ၃၅၀ သက်သာပါသည်။

ကိုးကား- mothership.com              

ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင် (နစက-၄)