သတင်းများ

အီလွန်မက်ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံသူအဖွဲ့တစ်ဖွဲ့က OpenAI ကုမ္ပဏီကို ဒေါ်လာ ၉၇ ဒသမ ၄ ဘီလီယံဖြင့် ဝယ်ယူရန်ကမ်းလှမ်းချက် တရားဝင်ပယ်ချခံရ

အီလွန်မက်ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံသူအဖွဲ့တစ်ဖွဲ့က ChatGPT chatbot ကို   ထုတ်လုပ်ခဲ့သည့် OpenAI ကုမ္ပဏီကို ဒေါ်လာ ၉၇ ဒသမ၄  ဘီလီယံဖြင့်ဝယ်ယူရန် ကမ်းလှမ်းချက်အား အဆိုပါကုမ္ပဏီက တရားဝင်ပယ်ချလိုက်ကြောင်း သိရသည်။

အီလွန်မက်နှင့် ရင်းနှီးမြှုပ်နှံသူများပါဝင်သော   အဖွဲ့တစ်ဖွဲ့သည် OpenAI ကုမ္ပဏီကို ဒေါ်လာ ၉၇ ဒသမ ၄ ဘီလီယံဖြင့်ဝယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်းကို    The  Wall Street Journal က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဖော်ပြခဲ့သည်။

သို့ရာတွင် အီလွန်မက်၏ကမ်းလှမ်းချက်ကို OpenAI ကုမ္ပဏီဘုတ်အဖွဲ့က သုံးသပ်ခဲ့ပြီးနောက် အဆိုပါကမ်းလှမ်းချက်ကို   ဘုတ်အဖွဲ့က ဖေဖော်ဝါရီလ ၁၄ ရက်တွင် ပယ်ချခဲ့ခြင်းဖြစ်ကြောင်း OpenAI ကုမ္ပဏီ၏ ရှေ့နေဖြစ်သူ   ဝီလီယံဆားဗစ်က ပြောသည်။

ထို့ပြင် OpenAI ကုမ္ပဏီကိုရောင်းချမည်မဟုတ်ဟု ကုမ္ပဏီဥက္ကဋ္ဌ ဘရက်တေလာကလည်း  ကြေညာချက်တစ်ခုတွင် အတည်ပြုထားကြောင်း သိရသည်။

OpenAI ကို ဝယ်ယူရန်ကမ်းလှမ်းရာတွင် အဆိုပါကုမ္ပဏီ၏ ပိုင်ဆိုင်မှုအားလုံး၊ ရန်ပုံငွေအသုံးပြုမှုများနှင့် ယင်းကုမ္ပဏီ၏ ပရဟိတလုပ်ငန်းများဖော်ဆောင်မှုတို့ပါဝင်ကြောင်း အီလွန်မက်၏ ရှေ့နေဖြစ်သူ မာ့တိုဘာရော့က ပြောသည်။

OpenAI ကုမ္ပဏီသည် ပရဟိတအဖွဲ့အစည်းဖြစ်သည်ဟု ထုတ်ပြန်ထားသော်လည်း ၎င်းတို့၏လုပ်ဆောင်ချက်များမှာ စီးပွားရေးဆန်နေသည်ဟု အီလွန်မက်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်  မတ်လတွင်စွပ်စွဲ၍  OpenAI ကုမ္ပဏီနှင့် တာဝန်ရှိသူတစ်ဦးတို့အား တရားစွဲဆိုခဲ့သေးကြောင်း သိရသည်။

Ref: Xinhua, Ivt

Source: Myawady Web Portal

BRICS ညီလာခံကို ဇူလိုင် ၆ ရက်မှ ၇ ရက်အထိ ဘရာဇီးတွင် ကျင်းပမည်

BRICS ညီလာခံကို လာမည့် ဇူလိုင် ၆ ရက်မှ ၇ ရက်အထိ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း BRICS အဖွဲ့၏ မီဒီယာဌာနက ဖေဖော်ဝါရီ ၁၆ ရက်တွင် ကြေညာလိုက်ပါသည်။

“၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် BRICS အစည်းအဝေးအတွက် ရက်နှင့် နေရာကို အတည်ပြုပြီးဖြစ်ပါကြောင်း၊ လာမည့် ဇူလိုင် ၆ ရက်နှင့် ၇ ရက်တွင် ရီယိုဒီဂျနေးရိုမြို့၌ ကျင်းပပါမည်” ဟု မီဒီယာဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

ဘရာဇီးနိုင်ငံသည် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါသည်။

ကိုးကား- TASS

ဝက်သားရေဖိနပ်ထုတ်လုပ်ခြင်းအတွက် တူရကီက Adidas ကို ကန် ဒေါ်လာ ၁၅,၀၀၀ ကျော် ဒဏ်ရိုက်

Adidas မှထုတ်လုပ်သောဖိနပ်များတွင် ဝက်သားရေ ပါဝင်နေခြင်းကို သုံးစွဲသူများအပေါ်အသိပေးရန် ပျက်ကွက်ခဲ့ခြင်းအတွက် တူရကီနိုင်ငံက ဂျာမနီအားကစားပစ္စည်းကုမ္ပဏီကြီး Adidas ကို ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၁၅,၀၀၀ ချမှတ်ခဲ့ပါသည်။

မွတ်ဆလင်ဘာသာဝင် အများစုနေထိုင်သည့် တူရကီနိုင်ငံ၏ ကြော်ငြာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က Adidas ၏ မကြာသေးခင်ကာလတွင် ကမ်ဒယ်လ်ဂျန်နာ၊ ဘဲလ်လာဟက်ဒစ်တို့ကဲ့သို့ အကျော်အမော် မော်ဒယ်လ်များနှင့် ကြော်ငြာခဲ့သည့် Samba OG ဖိနပ်များသည် ဝက်သားရေဖြင့်စီမံထုတ်လုပ်ထားခြင်းဖြစ်သည်ဟု ဆိုပါသည်။

ထို့အတွက်ကြောင့် ဖေဖော်ဝါရီ ၁၃ ရက်က ထုတ်ပြန်သည့် စီရင်ချက်တစ်ခု၌ Adidas အနေဖြင့် ကြော်ငြာ၊ ထုတ်ကုန်ဖော်ပြချက်များတွင် လူ့အဖွဲ့အစည်း အများစု၏ဘာသာရေးဆိုင်ရာ အယူအဆ စိတ်ခံစားမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်သောပစ္စည်းအသုံးပြုမှုကို ရှင်းရှင်းလင်းလင်း ဖော်ပြရမည်ဖြစ်သည်ဟု ဝေဖန်ပြစ်တင်ခဲ့ပြီး ဒဏ်ငွေ ၅၅၀,၀၅၉ လီရာ (စင်ကာပူဒေါ်လာ ၂၀,၄၁၅) ဒဏ်ငွေ ချမှတ်ခဲ့ပါသည်။

Adidas အနေဖြင့် ဒဏ်ကြေးနှင့်ပတ်သက်၍ မှတ်ချက်မပေးသေးသော်လည်း ၎င်း၏ဝက်ဘ်ဆိုဒ်တွင် ဖိနပ်များ၏ Specification ကို ပြန်လည် မွန်းမံမှုလုပ်ခဲ့ကြောင်း ပြောကြားထားပါသည်။

ကိုးကား-NP News

အိန္ဒိယနိုင်ငံသားများက အချစ်ကို မခံစားတတ်ဆုံးထဲ၌ပါဝင်

၂၀၂၅ ဗလင်တိုင်းဒေးနေ့ကို ရည်စူးပြီး သုတေသနအဖွဲ့တစ်ဖွဲ့က နိုင်ငံ ၃၀ ကို စစ်တမ်းတစ်ခုကောက်ယူခဲ့ရာတွင် အချစ်ကိုမခံစားတတ်ဆုံး လူမျိုးများထဲတွင် အိန္ဒိယနိုင်ငံသားများလည်းပါဝင်သည်ဟု သိရှိရပါသည်။ 

နိုင်ငံပေါင်း ၃၀ တွင် စစ်တမ်းကောက်ယူပြီး ချစ်သူများနေ့မတိုင်မီ ထုတ်ပြန်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာစစ်တမ်းအသစ်တွင် အိန္ဒိယလူမျိုးများသည် ၎င်းတို့၏အချစ်ရေးအပေါ် စိတ်ကျေနပ်မှု အနည်းဆုံးသူများထဲတွင် ပါဝင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

'Love Life Satisfication 2025' (ချစ်ခြင်းဘဝကျေနပ်မှု၂၀၂၅) စစ်တမ်း ရလဒ်များအနေဖြင့် ကိုလံဘီယာ (၈၂ %) ၊ ထိုင်း (၈၁ %) ၊ မက္ကဆီကို (၈၁ %) ၊ အင်ဒိုနီးရှား (၈၁ %) နှင့် မလေးရှား (၇၉ %) ဖြင့် ဦးဆောင်ပါသည်။ အိန္ဒိယ (၆၃ %) ၊ တောင်ကိုရီးယား ( ၅၉ %) နှင့် ဂျပန် (၅၆ % ) တို့ ဖြစ်ကြောင်း စစ်တမ်းများအရသိရှိရပါသည်။ 

နိုင်ငံပေါင်း ၃၀ မှ အရွယ်ရောက်ပြီးသူ ၂၃,၇၆၅  ဦးကို IPSOS ကုမ္ပဏီက စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ချစ်ခြင်းကိုကောင်းစွာ မခံစားတတ်ရသည့် အကြောင်းအရင်းများထဲ၌ မိသားစုဝင်များပြားစွာ အတူနေထိုင်ရခြင်း၊ မိသားစုတာဝန်များ/ အလုပ်ဖိအားများ/ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာနှင့် လူမှုရေးဖိအားများကြောင့် အချစ်ရေး၊ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုနှင့် ရင်းနှီးမှုနည်းသွားရခြင်းဖြစ်သည်ဟု ဆိုပါသည်။ အိန္ဒိယနိုင်ငံသားများအတွက် ၎င်းတို့၏အချစ်ရေးနှင့် လိင်မှုကိစ္စကို ကျေနပ်သည့် စုံတွဲမှာ စုံတွဲစုစုပေါင်း၏ တစ်ဝက်ခန့်သာရှိကြောင်း စစ်တမ်းများအရ သိရှိရပါသည်။

ကိုးကား-Myanmar National Post

ယူကရိန်းသမ္မတ ဇီလန်စကီးသည် မကြာမီကာလအတွင်း အာရပ် စော်ဘွားပြည်ထောင်စု၊ ဆော်ဒီအာရေးဗီးယားနှင့် တူရကီ နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း ကြေညာ

ယူကရိန်းသမ္မတ ဇီလန်စကီးသည် မကြာမီကာလအတွင်း အာရပ်စော်ဘွား ပြည်ထောင်စု၊ ဆော်ဒီအာရေးဗီးယားနှင့် တူရကီနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။

အဆိုပါခရီးစဉ်အတွင်း ရုရှားနှင့် အမေရိကန် ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်မဟုတ်ကြောင်း၊ သွားရောက်မှုတွင် လူသားချင်းစာနာမှု အစီအစဉ်ဖြစ်သည့် အကျဉ်းသားများ လဲလှယ်မှုကိစ္စ ပါဝင်နေကြောင်း   ၎င်းက မြူးနစ်မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

ကနဦးစွာ ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ ချက်ချင်း သွားရောက်မည် ဖြစ်ကြောင်း၊ ဆော်ဒီဘုရင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထပ်မံ၍ ၂ ရက် ၃ ရက်အကြာတွင် တူရကီသမ္မတ အာဒိုဂန်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ရုရှားနှင့်အမေရိကန်တို့နှင့် တွေ့ဆုံမည်မဟုတ်ကြောင်း ဇီလန်စကီးက ပြောကြားထားပါသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းအရေးကိစ္စဖြေရှင်းရန် ဆော်ဒီအာရေဗီးယားနိုင်ငံ၌ နောက်အပတ်တွင် ဆွေးနွေးမှုများ ပြုလုပ်မည်ဟု ပြောကြားထားပါသည်။ 

ကိုးကား-TASS

Photo: Apa.az

အိန္ဒိယမှ ၁၄ နှစ်အရွယ် လူသားဂဏန်းပေါင်းစက်ဟုအမည်ပေးခံထားရသူသင်္ချာပါရမီရှင်က တစ်ရက်တည်းတွင် ဂင်းနစ်စံချိန် ၆ ခု ချိုးဖျက်နိုင်ခဲ့

ဒူဘိုင်း၊ ထူးခြားဆန်းပြား

အိန္ဒိယနိုင်ငံမှ အသက် ၁၄ နှစ်အရွယ် အာယန်ရှုခလာအမည်ရှိ သင်္ချာပါရမီရှင်တစ်ဦးသည် သင်္ချာဂဏန်းများကို စိတ်တွက်ဖြင့် အမြန်ဆုံးတွက်ပြနိုင်ပြီး တစ်ရက်တည်းမှာပင် ဂင်းနစ်စံချိန် ၆ ခု ချိုးဖျက်နိုင်ခဲ့ကြောင်း    အဆိုပါစံချိန်အဖွဲ့ကြီးက ဖေဖော်ဝါရီလ ၁၂ ရက်တွင်ဖော်ပြသည်။

လူသားဂဏန်းပေါင်းစက်ဟု အမည်ပေးခံထားရသည့် ရှုခလာသည် မဟာရက်ရှ်ထရာပြည်နယ်မှဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်က အီတလီရုပ်သံပြပွဲတစ်ခုဖြစ်သည့်  Lo Sho DeiRecord တွင် ဂဏန်း ၅ လုံးပါ ဂဏန်းပေါင်းအလုံး ၅၀ ကို ၂၅ ဒသမ ၁၉ စက္ကန့်အတွင်းမှာပင် စိတ်တွက်ဖြင့်  တွက်ပြနိုင်ခဲ့ပြီးဂင်းနစ်စံချိန်တင်နိုင်ခဲ့သူဖြစ်သည်။

ထို့ကြောင့် ဂင်းနစ်စံချိန်အဖွဲ့ကရှုခလာအား ဒူဘိုင်းသို့ဖိတ်ခေါ်၍ ၎င်း၏သင်္ချာစွမ်းရည်ကို   ထပ်မံစမ်းသပ်ခဲ့ရာ ၎င်းက ဂဏန်း ၄ လုံးပါ ဂဏန်းပေါင်းအလုံး၁၀၀ ကို  ၃၀ ဒသမ ၉ စက္ကန့်၊ ဂဏန်း ၄ လုံးပါ ဂဏန်းအလုံးရေ ၂၀၀ ကို ၁ မိနစ်နှင့်၉ ဒသမ ၆၈ စက္ကန့်၊ ဂဏန်း ၅ လုံးပါ ဂဏန်း အလုံးပေါင်း ၅၀ ကို ၁၈ ဒသမ ၇၁ စက္ကန့်အတွင်း စိတ်တွက်ဖြင့်တွက်ပြနိုင်ခဲ့သည်။

ထို့ပြင် ရှုခလာသည် ဂဏန်းပေါင်းခြင်းအပြင် ဂဏန်းအလုံးပေါင်း  ၂၀ ပါသည့် ဂဏန်းတစ်လုံးအား ဂဏန်း ၁၀ လုံးပါဂဏန်းဖြင့်စားခြင်းကိုလည်း ၅ မိနစ်နှင့် ၄၂ စက္ကန့်အတွင်း  တွက်ချက်ပြနိုင်ခဲ့ပြီး အလုံးရေအများအပြားပါဝင်သည့် ဂဏန်းများမြှောက်ခြင်းကိုလည်း ပွဲကြည့်သူများ အံ့အားသင့်သွားစေသည်အထိ စိတ်တွက်ဖြင့်တွက်ချက်ပြ၍ ဂင်းနစ်စံချိန်  ၆ ခုကိုတစ်ရက်တည်းချိုးဖျက်နိုင်ခြင်းဖြစ်ကြောင်းသိရသည်။

ရှုခလာသည် ယခုကဲ့သို့ တွက်ရန်ခက်ခဲသည့် ဂဏန်းများပေါင်းခြင်း၊ မြှောက်ခြင်းနှင့် စားခြင်းတို့ကို   စိတ်တွက်ဖြင့် အချိန်တိုအတွင်း  တွက်နိုင်ရန်အတွက် တစ်နေ့လျှင် အချိန် ၅ နာရီမှ ၆ နာရီအထိ သင်္ချာတွက်၍ လေ့ကျင့်ခဲ့ရကြောင်း သိရသည်။

Ref: GWR

ထရမ့်နှင့် မတ်စ်က အစိုးရဝန်ထမ်း ၁၀,၀၀၀ နီးပါးကို အလုပ်ထုတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သူ၏ အကြံပေး အီလွန်မတ်စ်တို့၏ အမေရိကန်ဗျူရိုကရေစီစနစ်၏‌ ဖေါင်းပွမှုကို သိသိသာသာ ဖြတ်တောက်လျှော့ချခြင်းစီမံချက်အရ သောကြာနေ့တွင် ပြည်ထောင်စုမြေယာ စီမံခန့်ခွဲခြင်းမှသည် စစ်မှုထမ်းဟောင်း ပြုစုစောင့်ရှောက်ရေးအထိပါဝင်သော ဝန်ထမ်း ၉,၅၀၀ ကျော်ကို အလုပ်ထုတ်ပစ်ခဲ့ကြောင်း သိရသည်။

အလုပ်အကိုင်တည်မြဲမှုအတွက် တရားဝင်အကာအကွယ်ရမှုနည်းပါးသေးသော အစမ်းခန့် ပထမနှစ်ဝန်ထမ်းများကို သီးသန့်ပစ်မှတ်ထားခြင်းမျိုးမဟုတ်သော်လည်း ပြည်ထဲရေး၊ စွမ်းအင်၊ စစ်မှုထမ်းဟောင်းရေးရာ၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်းဌာနများရှိ ယင်းကဲ့သို့သော အလုပ်သမားများသည် စီမံချက်၌ အလုပ်ရပ်စဲခံရမှုတွင် အများစုဖြစ်လျက်ရှိသည်။

အိမ်ဖြူတော်၏ အဆိုအရ ထရမ့်နှင့် မတ်စ်တို့က ဆန္ဒအလျောက်နုတ်ထွက်ရန် ကမ်းလှမ်းခဲ့သည့် အကြမ်းအားဖြင့် ဝန်ထမ်း ၇၅,၀၀၀ အပြင် ယခုဝန်ထမ်းများကို ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာနှင့် အခြားအမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။ ယင်းအရေအတွက်သည် အရပ်ဖက်ဝန်ထမ်းအင်အား ၂ ဒဿမ ၃ သန်း၏ ၃ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရသည် အလွန်ဖောင်းပွနေပြီး ဖြူန်းတီးမှုများနှင့် အလိမ်အညာများကြောင့် ငွေကြေးများစွာ ဆုံးရှုံးလျက်ရှိသည်ဟု ထရမ့်က ပြောဆိုသည်။ အစိုးရသည် အကြွေးဒေါ်လာ ၃၆ ထရီလျံခန့်ရှိပြီး ယမန်နှစ်က လိုငွေ ၈ ထရီလျံအထိ ရှိခဲ့ကာ ပြုပြင်ပြောင်းလဲမှုလုပ်ရန်လိုအပ်ကြောင်းကို နှစ်ဖက်သဘောတူညီချက်ရှိထားသည်။

လွှတ်တော်နှစ်ရပ်စလုံးတွင် အမတ်အများစုကို ပိုင်ဆိုင်ထားသည့် ၎င်း၏ ရီပတ်ဘလီကန်အမတ်များက အဆိုပါလုပ်ဆောင်ချက်များကို ကြီးမားစွာ ထောက်ခံထားကြသည့်တိုင် ထရမ့်သည် အသုံးစရိတ်များနှင့်ပတ်သက်၍ လွှတ်တော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် အခွင့်အာဏာကို ထိပါးနေသည်ဟု ကွန်ဂရက်လွှတ်တော်၏ ဒီမိုကရက်အမတ်များက ပြောဆိုခဲ့သည်။

မတ်စ်၏ ဆောင်ရွက်ချက်များသည် ညှိနှိုင်းဆောင်ရွက်မှုအားနည်းခြင်းကြောင့် အိမ်ဖြူတော်ဦးစီး အရာရှိချုပ် အပါအဝင် ထရမ့်၏ လက်ထောက်အချို့ကြားတွင် စိတ်ပျက်မှုများ ကြီးထွားလာသည်ဟု သတင်းရင်းမြစ်များက ရိုက်တာကို ပြောကြားခဲ့သည်။

အလုပ်အကိုင် လျှော့ချခြင်းများအပြင် ထရမ့်နှင့် မတ်စ်တို့သည် ဝန်ထမ်းများအတွက် အစိုးရဝန်ထမ်းဆိုင်ရာအကာအကွယ်များကို ပယ်ဖျက်ရန် ကြိုးစားခဲ့ပြီး အမေရိကန်နိုင်ငံရပ်ခြားအကူအညီများကို ရပ်ဆိုင်းခြင်း၊ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးရေးအေဂျင်စီနှင့် စားသုံးသူ ဘဏ္ဍာရေးအကာအကွယ်ပေးရေးဗျူရိုကဲ့သို့သော အစိုးရအေဂျင်စီအချို့ကို ပိတ်ပစ်ရန် လုပ်ဆောင်ခဲ့သည်။

Source: Popular Myanmar

အမေရိကန်လေယာဉ်တင်သင်္ဘောနှင့် ကုန်တင်သင်္ဘောတို့ မြေထဲပင်လယ်အတွင်း တိုက်မိ

ဖေဖော်ဝါရီလ ၁၃ ရက်နှောင်းပိုင်းတွင် အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Harry S. Truman သည် ကုန်တင်သင်္ဘော Besiktas-M နှင့် မြေထဲပင်လယ်အတွင်း တိုက်မိခဲ့ကြောင်း အမေရိကန်ရေတပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် ဖေဖော်ဝါရီလ ၁၃ ရက် ည ၁၁ နာရီ ၄၆ မိနစ်တွင် အီဂျစ် နိုင်ငံ Port Said မြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ရေတပ်အရာရှိက ပြောကြားခဲ့သည်။

သို့သော်လည်း အဆိုပါဖြစ်ရပ်အတွင်း လေယာဉ်တင်သင်္ဘော USS Harry S. Truman တွင် လူထိခိုက်ဒဏ်ရာရရှိခြင်းမျိုး သို့မဟုတ် ရေဝင်သွားခြင်းမျိုးမရှိခဲ့ကြောင်း အမေရိကန်ရေတပ်အရာရှိက ပြောကြားခဲ့သည်။ ထို့ပြင် လေယာဉ်တင်သင်္ဘော USS Harry S. Truman ၏ နျူကလီးယား တွန်းကန်စနစ်များသည် ဘေးကင်းလုံခြုံပြီး တည်ငြိမ်သော အခြေအနေတွင်ရှိကြောင်း ရေတပ်၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ တိုက်မိမှုဖြစ်ပွားရသည့် အကြောင်းအရင်းများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အလေးချိန်တန်ချိန်(၅၃၀ဝဝ)ကျော်ရှိပြီး အရှည်(၁၈၈)မီတာ ကျော်ရှိသော ကုန်တင်သင်္ဘော Besiktas-M သည် စူးအက်တူးမြောင်းကို ဖြတ်ကျော်ပြီး ရိုမေးနီးယားနိုင်ငံ Constanta မြို့ဆိပ်ကမ်းသို့ သွားနေ သည့်အချိန်တွင် ယခုကဲ့သို့တိုက်မိမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများမြင့်တက်လာခဲ့ပြီးနောက် အမေရိကန်အစိုးရသည် ၎င်း၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်အတွက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် USS Harry S. Truman လေယာဉ်တင်သင်္ဘောကို မြေထဲပင်လယ်အတွင်း စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း လည်းသိရသည်။ သင်္ဘောသား(၅၀ဝဝ) ခန့် ကို တင်ဆောင်ထားသော USS Harry S. Truman လေယာဉ်တင်သင်္ဘောသည် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ အပါအဝင် စစ်ဆင်ရေးအမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

TikTok ကို အမေရိကန်မှာ ပြန်ဒေါင်းလို့ရပြီ

အမေရိကန် Apple နဲ့ Google ရဲ့ app store တွေမှာ TikTok ကို ကြာသပတေးနေ့က စပြီး ပြန်ဒေါင်းလို့ရပြီလို့ သိရပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က TikTok ပိတ်ပင်တားမြစ်မှုအကောင်အထည်ဖော်ခြင်းကို ရက်ရွှေ့ဆိုင်းလိုက်တဲ့နောက်ပိုင်းမှာ ခုလို ပြန်လည်ရရှိလာတာပါ။

Bloomberg နဲ့ CNBC သတင်းဌာနတွေကလည်း TikTok ကို ကြာသပတေးနေ့ညနေပိုင်းမှာ app store တွေကနေ ပြန်ဒေါင်းလို့ရလာကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ CNN က ဖုန်းအမျိုးမျိုးမှာ app ကို ဒေါင်းလုဒ်လုပ်ဖို့ ကြိုးစားကြည့်တဲ့အခါ app store တွေမှာ ကြာသပတေးနေ့ညနေပိုင်းမှာ ဒေါင်းလို့ရလာတယ်လို့ ဆိုပါတယ်။

TikTok ရဲ့ မသေချာတဲ့ အနာဂတ်က ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်း သမ္မတ ဂျိုးဘိုင်ဒင် က လက်မှတ်ရေးထိုးခဲ့တဲ့ ဥပဒေကြောင့် ဖြစ်ပါတယ်။ အဲဒီဥပဒေက TikTok ကို အမေရိကန် ဒါမှမဟုတ် ၎င်းရဲ့မဟာမိတ်တစ်ဦးဦးဆီကို ရောင်းချဖို့ ဒါမှမဟုတ် အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး စိုးရိမ်မှုတွေအပေါ် အခြေခံပြီး ပိတ်ပင်တားမြစ်မှုကို ရင်ဆိုင်ရဖို့ စီစဉ်ချမှတ်ခဲ့တာပါ။

TikTok က ဒီနှစ် ဇန်နဝါရီလအတွင်း အမေရိကန်မှာ ၁၄ နာရီလောက် ပိတ်သွားခဲ့ပေမယ့် ဆက်ပြီးရှိနေစေရမယ်လို့ ဒေါ်နယ်ထရမ့်က သမ္မတရွေးကောက်ပွဲမှာ ကတိပေးခဲ့တာကြောင့် မြန်မြန်ပြန်ရခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် app store တွေမှာ TikTok ကို ဒေါင်းလို့တော့ မရကြတော့ပါဘူး။ အဲဒီကတည်းက ဒေါင်းလို့မရတော့တဲ့ TikTok ဟာ မနေ့ ကြာသပတေးနေ့ ညနေပိုင်းမှ ပြန်ဒေါင်းလို့ရလာတာပဲဖြစ်ပါတယ်။

Deepseek အပလီကေးရှင်းက အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို စုဆောင်းပြီး သိုလှောင်ထားသည့် အချက်အလက်များကိုလည်း အစိုးရသို့ ထုတ်ပြန်ပေးနိုင်ဟု NIS ပြော

တရုတ်နိုင်ငံမှထုတ်လုပ်သည့် Deep- seek အပလီကေးရှင်းသည် အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို စုဆောင်းပြီး ကီးဘုတ်မှရိုက်သွင်းလိုက်သည့်  အချက်အလက်များကိုလည်း အသုံးပြုလျက်ရှိသည်ဟု တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေး အေဂျင်စီ (NIS) ကပြောသည်။

ထို့ကြောင့် အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိသူများအနေဖြင့် Deepseek AI အပလီကေးရှင်းကို အသုံးပြုရာတွင် သတိထားကြရန် NIS က အာဏာပိုင်အဖွဲ့ထံသို့ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌ တရားဝင်အသိပေးခဲ့သည်။

Deepseek AI အပလီကေးရှင်းသည် အခြား AI ဝန်ဆောင်မှုများနှင့် မတူဘဲအသုံးပြုသူများက ၎င်းတို့၏ ကီးဘုတ်မှတစ်ဆင့် ရိုက်ထည့်လိုက်သည့် အချက်အလက်များကို စုဆောင်းနိုင်သည့် function ကိုထည့်သွင်းထားခြင်းကြောင့် အပလီကေးရှင်းတွင် ရေးသားထားသည့်အချက်အလက်အားလုံးကို မှတ်တမ်းတင်နိုင်ကြောင်း NIS က ယခုလအစောပိုင်းတွင် ထုတ်ပြန်သည့်  ကြေညာချက်အတွင်း ဖော်ပြထားသည်။

ထို့ပြင်   အဆိုပါမှတ်တမ်းများအား အခြားအဖွဲ့အစည်းများထံသို့ လွှဲပြောင်းပေးနိုင်ကြောင်းကို  အတည်ပြုနိုင်ခဲ့ကြောင်း NIS ကအတည်ပြုထားသည်။ထို့ပြင် volceapplog.com ကဲ့သို့သောတရုတ်ကုမ္ပဏီများ၏ ဆာဗာများနှင့်ဆက်သွယ်နိုင်သည့်အပြင် အချက်အလက်များကို ရိုက်သွင်းသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကိုပါ ရှာဖွေဖော်ထုတ်နိုင်သည်။

ထို့အတူ တရုတ်နိုင်ငံ၏ဥပဒေအရ တရုတ်ကုမ္ပဏီများ၏ ဆာဗာများတွင် သိုလှောင်ထားသည့် အချက်အလက်များကို တရုတ်အစိုးရက ဖော်ပြပေးရန်တောင်းဆိုလာပါက   အဆိုပါကုမ္ပဏီများအနေဖြင့် ထုတ်ပြန်ပေးရမည်ဖြစ်ကြောင်း NIS ကဆက်လက်ပြောကြားသည်။

Deepseek AI အပလီကေးရှင်းသည် တူညီသောမေးခွန်းတစ်ခုအား   မတူကွဲပြားသော ဘာသာစကားများကို အသုံးပြု၍မေးမြန်းရာတွင် အမျိုးမျိုးဖြေကြားလေ့ရှိ ကြောင်းသိရသည်။   ဥပမာအားဖြင့် တောင်ကိုရီးယားနိုင်ငံတွင်    အဓိကစားသုံးသည့် ကင်ချိ ဟူသောစကားလုံးကို ကိုရီးယားဘာသာစကားဖြင့်အသုံးပြု၍ မေးမြန်းရာတွင် တောင်ကိုရီးယားဟင်းလျာဟုဖြေကြားသော်လည်း တရုတ်ဘာသာဖြင့် မေးမြန်းရာတွင် ကင်ချိမှာ တရုတ်နိုင်ငံတွင် စတင်ပေါ်ပေါက်သော ဟင်းလျာဖြစ်သည်ဟု ဖော်ပြကြောင်း NIS ကပြောကြားသည်။                                  

Ref: ST

Source:Myawady Web Portal