သတင်းများ

တောမီးလောင်ကျွမ်းမှုကြောင့် ကယ်လီဖိုးနီးယားပြည်နယ်က အရေးပေါ် အခြေအနေ ထုတ်ပြန်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့်   ပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ်အခြေအနေ တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ရကြောင်း သိရသည်။

တောမီးလောင်ကျွမ်းမှုကြောင့် ပြည်သူ ၃၀၀၀၀ ခန့်မှာ နေအိမ်များကိုစွန့်ခွာ၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပြီး ရာသီဥတုခြောက်သွေ့မှုကြောင့်  မီးလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပွားမည့် အန္တရာယ်ကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂက်ဗင်နယူးဆန်က  ဇန်နဝါရီလ ၇  ရက်တွင် အရေးပေါ် အခြေအနေကို ထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါ  တောမီးလောင်ကျွမ်းမှုသည် ကနဦးတွင်  လော့အိန်ဂျလိမြို့ရှိ Pacific Palisades ရပ်ကွက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၇ ရက် မွန်းလွဲအချိန်မှာပင် သစ်တောဧက ၁၂၆၀ ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

တောမီးလောင်ကျွမ်းမှုအတွင်း နေအိမ်အများအပြား ပျက်စီးသွားခဲ့ပြီး အခြားနေအိမ် ၁၀၀၀၀ ခန့်မှာ မီးလောင်ကျွမ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း မြို့တော်မီးသတ်တပ်ဖွဲ့ အကြီးအကဲ   ခရစ်စတင်းအမ်ခရောင်လီက မီဒီယာများသို့ ပြောကြားသည်။ 

Source: Myawady Webportal

ဟနွိုင်းမြို့သည် ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့ ဖြစ်လာ

ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း မီးခိုးမြူထူထပ်စွာ ဖုံးလွှမ်းနေပြီး ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့စာရင်း၌ ထိပ်ဆုံးက ရပ်တည်နေကြောင်း အစိုးရက ပြောကြားပါသည်။ အဆိုပါပြဿနာကို ဖြေရှင်းရန် လျှပ်စစ်ကား (EVs) များ ပိုမိုအသုံးပြုကြရန်လည်း တိုက်တွန်းထားသည်ဟု သိရှိ ရသည်။

ဟနွိုင်းမြို့၏ လေထုညစ်ညမ်းမှုနှုန်းသည် ၂၆၆ မိုက်ခရိုဂရမ်ထိရှိနေပြီး များသောအားဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ၊ အမှိုက်မီးရှို့ခြင်းနှင့် စက်မှုလုပ်ငန်းများ ကြောင့် မြူခိုးများ ဖြစ်လာသည်ဟု သိရှိရပါသည်။ “အစတုန်းကတော့ မြူမှိုင်းလို့ ထင်ခဲ့တာ၊ ဒါပေမယ့် နောက်ပိုင်း အဲဒီဖုန်မှုန့်တွေကြောင့် ကောင်းကောင်း မမြင်ရတော့သလို အသက်ရှုမဝသလိုလည်း ခံစားရစေပါတယ်” ဟု အသက် ၂၁ နှစ်အရွယ် ကျောင်းသား တစ်ဦးက ဆိုပါသည်။

ဇန်နဝါရီ ၂ ရက်က ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒုတိယဝန်ကြီးချုပ် ထရန်ဟောင် တွေ့ဆုံချိန်တွင် ဒုတိယဝန်ကြီးချုပ် ထရန်ဟောင်က ၎င်းပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် EV ကား များ ပြောင်းလဲအသုံးပြုရေးကို အရှိန်မြှင့်ရန်တောင်းဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာက ဆိုပါသည်။ အစိုးရက ၂၀၃၀ ၌ ဟနွိုင်း၏ ဘတ်စ်ကား ၅၀ ရာခိုင်နှုန်းနှင့် တက္ကစီ ၁၀၀ ရာခိုင်နှုန်းကို EV ကားများဖြစ်လာစေရန် ရည်မှန်းထားသည်ဟု သိရပါသည်။

ကိုးကား- NP News

Richter scale 6.8 earthquake happened in Western China, died 126 and wounded 188

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ရှီကျန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တင်းရီခရိုင်တွင် ဇန်နဝါရီလ ၇ ရက်က ပြင်းအား ရစ်ချ်တာစကေး  ၆ ဒသမ ၈ ရှိ   ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၂၆ ဦးသေဆုံးပြီး ၁၈၈ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅ မိနစ်ခန့်တွင် ဆိုကိုမြို့နယ်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဗဟိုချက်မှ ၂၀ ကီလိုမီတာအကွာတွင် ကျေးရွာပေါင်း ၂၇ ရွာ၊ လူ ၆၉၀၀ ခန့်နေထိုင်လျက်ရှိကြောင်းသိရသည်။ တင်းရီခရိုင်အတွင်းမှာပင် လူပေါင်း ၆၁,၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

အာဏာပိုင်အဖွဲ့က အခင်းဖြစ်ပွားရာဒေသသို့ ကယ်ဆယ်ရေးအဖွဲ့ဝင် ၃၄၀၀ ကျော်၊ ဆေးကုသရေးအဖွဲ့ဝင်  ၃၄၀ ကျော်အား စေလွှတ်ခဲ့သည်။ တင်းရီခရိုင်တွင် လာမည့် သုံးရက်အတွင်း အပူချိန်သည် အနုတ် ၁၈ မှ အနုတ် ၁၄ အထိရှိနိုင်ကြောင်းသိရသည်။

အစိုးရသည် ငလျင်လှုပ်ခတ်မှုဖြစ်ပွားသည့် ဒေသသို့ ယာယီတဲများ၊ အနွေးထည်များ၊ စောင်များနှင့် ခေါက်ခုတင်များအပါအဝင် အရေးပေါ် လိုအပ်သည့်ပစ္စည်း ၂၂,၀၀၀ ကျော်ကို ပေးပို့ခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ယွမ် သန်း ၁၀၀ (ဒေါ်လာ ၁၃ ဒသမ ၉ သန်းခန့်) ကိုလျာထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့က ပြောကြားခဲ့ကြောင်း သိရသည်။

 Ref: Xinhua

Source: Myawady Web Portal

အမျိုးသားအချက်အလက်ဆိုင်ရာ အခြေခံအဆောက်အအုံ ပင်မဖွဲ့စည်းပုံကို ၂၀၂၉ ခုနှစ်မတိုင်မီ အပြီးသတ် တည်ဆောက်မည်ဟု တရုတ်ကြေညာ

တရုတ်နိုင်ငံအနေဖြင့် စီးပွားရေး ဘုံဈေးကွက် ချိတ်ဆက်မှုစနစ်ကို အကောင်အထည်ဖော် လုပ်ဆောင် နိုင်ရန် ကြေညာထားပြီးဖြစ်သည်။ ထိုအစီအစဉ်၏ အစိတ်အပိုင်းအဖြစ် ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ခိုင်မာ အားကောင်းလာစေရန် အမျိုးသားအချက်အလက် ဆိုင်ရာ အခြေခံအဆောက်အအုံ၏ ပင်မဖွဲ့စည်းပုံကို ၂၀၂၉ ခုနှစ်မတိုင်မီ အပြီးသတ်တည်ဆောက်မည်ဟု တရုတ်အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်နှင့် ထိပ်တန်းအရာရှိကြီးနှစ်ဦးက ဇန်နဝါရီ ၆ ရက်နေ့က ပြောကြားလိုက်ပါသည်။

အမျိုးသားအချက်အလက်ဆိုင်ရာ အခြေခံအဆောက်အအုံ (National Data Infrastructure) သည် သတင်းအချက်အလက်များ စုစည်းခြင်း၊ ထုတ်လွှင့်ခြင်း၊ လည်ပတ်ခြင်း၊ အသုံးပြုခြင်း၊ ဒေတာများကို လုံခြုံစေရန်သိမ်းဆည်းပေးခြင်း စသည်ဖြင့် ဘက်ပေါင်းစုံမှထောက်ပံ့ပေးနိုင်မည့် အခြေခံအဆောက်အအုံသစ် တစ်မျိုး ဖြစ်ပါသည်။ 

အမျိုးသားအချက်အလက်ဆိုင်ရာ အခြေခံအဆောက်အအုံ လမ်းညွှန်ချက်အရ တရုတ်နိုင်ငံအနေဖြင့် လက်ရှိတွင် 5 G အင်တာနက်ကွန်ယက်ကို 5 G –A အဆင့်သို့ တိုးမြှင့်ရန် ဆောင်ရွက်လျက်ရှိပြီး 6 G အင်တာနက်ကွန်ယက်ကိုလည်း စမ်းသပ် လုပ်ဆောင်လျက် ရှိပါသည်။

ယခုအခါ မြို့တော်ပေကျင်းနှင့် ရှန်ဟိုင်းမြို့တို့ရှိ ခရိုင် အချို့တွင် 5 G –A အင်တာနက်ကွန်ယက်ဝန်ဆောင်မှုများကို စတင်သုံးစွဲနိုင်ပြီ ဖြစ်ပါသည်။ 

ကိုးကား - ဆင်ဟွာ

ဒေါ်နယ်ထရမ့်၏ သားဖြစ်သူ၊ ထရမ့်ဂျူနီယာ ဂရင်းလန်းသို့ သွားရောက်လေ့လာမည်

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ဒိန်းမတ်နိုင်ငံပိုင် ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်ထိန်းချုပ်လိုကြောင်း ထပ်လောင်းပြောကြားပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာတွင် ၎င်း၏ သားဖြစ်သူ ဒေါ်နယ်ထရမ့် ဂျူနီယာက ဂရင်းလန်းသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားကြောင်း ပြောကြားထားပါသည်။

ဒေါ်နယ်ထရမ့်၏ ဇန်နဝါရီ ၆ ရက်နေ့ Truth Social Postတွင် ၎င်း၏သားဖြစ်သူနှင့် ကိုယ်စားလှယ်များသည် ဂရင်းလန်း၏ ခမ်းနားသည့်နေရာများနှင့် ရင်သပ် ရှုမောဖွယ် ရှုခင်းအချို့သို့ သွားရောက်လည်ပတ်မည်ဟု အတည်ပြုဖော်ပြခဲ့ပြီး ၎င်းအနေဖြင့် နယ်နိမိတ် ကျယ်ပြောလှသော အာတိတ်‌ဒေသကို ဝယ်ယူပိုင်ဆိုင်ရန် စိတ်ဝင်စားနေကြောင်း ထပ်မံဖော်ပြခဲ့သည်။ 

ထို့ပြင် ဂရင်းလန်းတွင် နေထိုင်သည့် ပြည်သူများသည် MAGA ဖြစ်ကြောင်း "Make America Great Again" ဆောင်ပုဒ်ကို ရည်ညွှန်း၍ ထရမ့်က ပြောကြားလိုက်သည်။ ဂရင်းလန်းသည် မယုံနိုင်‌ကြည်နိုင်‌လောက်အောင် ထူးခြားသော နေရာဒေသတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ ကျွန်းသည် မိမိတို့နိုင်ငံပိုင်ဖြစ်လာပါက ဂရင်းလန်း ပြည်သူများအတွက်များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ အလွန်ကောက်ကျစ်ကြမ်းကြုတ်သည့် ပြင်ပကမ္ဘာကြီး၏ အန္တရာယ်မှ မိမိတို့ ကာကွယ်စောင့်ရှောက်ပေးမည် ဖြစ်ကြောင်း၊ ဂရင်းလန်းကို ပြန်လည်ကြီးကျယ်ခမ်းနား စေရန် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုထားပါသည်။

ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုခရီးစဉ်မှာ အမေရိကန်အစိုးရ၏ တရားဝင်ခရီးစဉ်မဟုတ်သဖြင့် မှတ်ချက်ပြုစရာမရှိကြောင်း ဇန်နဝါရီ ၆ ရက်နေ့ အစောပိုင်းက ပြောကြားထားသည်။

ကိုးကား - CNN

ဗြဟ္မပုတ္တရမြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာကြီးက အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်ကို ထိခိုက်ခြင်းမရှိနိုင်ကြောင်း တရုတ်ဆို

အိန္ဒိယနယ်စပ်အနီး တိဗက်ရှိ ဗြဟ္မပုတ္တရမြစ်ပေါ်ရှိ ကမ္ဘာ့အကြီးဆုံး ရေကာတာတည်ဆောက်မည့် အစီအစဉ် ကို တရုတ်နိုင်ငံက ဇန်နဝါရီ ၆ ရက်နေ့တွင် ထပ်လောင်း ပြောကြားခဲ့ပြီး အဆိုပါစီမံကိန်းသည် သိပ္ပံနည်းကျ တိကျသေချာစွာအတည်ပြုထားပြီး မြစ်အောက်ပိုင်း နိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှုရှိမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ ၁၃၇ ဘီလီယံခန့် ကုန်ကျမည့် အဆိုပါ စီမံကိန်းသည် ဂေဟဗေဒအရ ပျက်စီးလွယ်ပြီး ငလျင်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဟိမဝန္တာ ဒေသနယ်နိမိတ်တစ်လျှောက်တွင် တည်ရှိသည်။

တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်စီမံကိန်းသည် ယာလန်းဆန်ပိုမြစ် (တိဗက်ဗြဟ္မပုတ္တရမြစ်အတွက် တိဗက်မြစ်အမည်) ကို သိပ္ပံနည်းကျ စစ်ဆေး အတည် ပြုမှု စနစ်တကျခိုင်မာစွာ ပြုလုပ်ခဲ့ပြီး မြစ်အောက်ပိုင်းရှိ နိုင်ငံများ၏ ဂေဟစနစ်၊ ဘူမိဗေဒနှင့် ရေအရင်းအမြစ် များ အပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှု တစ်စုံတစ်ရာ မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူအသစ် ဂေါင်ကျီကွမ် က မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် မြစ်အောက်ပိုင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လျော့ပါးသက်သာရေးနှင့် ရာသီဥတုဖောက်ပြန်မှုများကို အတိုင်းအတာတစ်ခု အထိ တုံ့ပြန်ရာတွင် အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း အိန္ဒိယတာဝန်ရှိသူများက ဆည်နှင့် ပတ်သက်သော ၎င်း၏စိုးရိမ်ပူပန်မှုကို ဖော်ပြသည့် မေးခွန်းကို ဖြေကြားခဲ့ပါသည်။ 

ဗြဟ္မပုတ္တရမြစ် ဆည်တည်ဆောက်မည့် အစီအစဉ်ကို တရုတ်က ပြီးခဲ့သည့်လက အတည်ပြုခဲ့ပါသည်။ အစီအစဉ်အရ ဗြဟ္မပုတ္တရမြစ်သည် အိန္ဒိယနိုင်ငံ အာရူနာချယ် ပရာဒေ့ရှ်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မရောက်မီ ဟိမဝန္တာတောင်တန်းရှိ ဂငယ်ကွေ့ချောက်ကြီးတစ်ခု၏ အနီးတွင် ဧရာမဆည်ကြီးကို တည်ဆောက်မည်ဖြစ်ပါသည်။ ဗြဟ္မပုတ္တရမြစ်နှင့်ထိစပ်နေသည့် ပြည်နယ်များ၏ အကျိုးစီးပွားကို အထက်ပိုင်းဒေသများ၏ လုပ်ဆောင်မှုများကြောင့် မထိခိုက်စေရန် တရုတ်ကို အိန္ဒိယက တိုက်တွန်းခဲ့သည်။

မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်လိုအပ်သည့် အစီအမံများကို ဆက်လက်စောင့်ကြည့်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က ဒေလီတွင် မီဒီယာများကို ပြောကြားခဲ့သည်။

မြစ်ရေပိုင်နက်ကို ထူထောင်အသုံးပြုပိုင်ခွင့်ရှိသည့် မြစ်အောက်ပိုင်းပြည်နယ်တစ်ခုအနေဖြင့် ကျွမ်းကျင်အဆင့်နှင့် သံတမန်လမ်းကြောင်းများမှတစ်ဆင့် ၎င်းတို့ ပိုင်နက်တွင်ရှိ မြစ်များပေါ်တွင် ကြီးမားသည့် စီမံကိန်းများကို လေ့လာဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရသည်။  

ကိုးကား-Myanmar National Post

ငါးလအတွင်း နီပေါနိုင်ငံ၌ တိရစ္ဆာန်တိုက်ခိုက်မှုကြောင့် ၈၃ ဦးသေဆုံး

ခတ္တမန္ဒူ   ဇန်နဝါရီ ၆

နီပေါနိုင်ငံ၌ ငါးလအတွင်း တောရိုင်းတိရစ္ဆာန်တိုက်ခိုက်ခံရမှုကြောင့် စုစုပေါင်း ၈၃ ဦးသေဆုံးပြီး ၅၉၉ ဦးဒဏ်ရာရရှိကြောင်း နီပေါရဲတပ်ဖွဲ့က ဇန်နဝါရီ ၆ ရက်တွင် ပြောကြားသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လလယ်မှ ဒီဇင်ဘာလလယ်အတွင်း မြွေကိုက်ခံရမှုကြောင့် သေဆုံးသူ ၇၀ ရှိပြီး ၅၃၂ ဦး ဒဏ်ရာရရှိကြောင်း နီပေါရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ပြောကြားသည်။

ဆင် တိုက်ခိုက်မှုကြောင့် ‌ခြောက်ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိကာ ကြံ့တိုက်ခိုက်မှုကြောင့် သေဆုံးသူ လေးဦးရှိပြီး ၁၄ ဦးဒဏ်ရာရရှိကြောင်း သိရသည်။

ထို့ပြင် ကျားတိုက်ခိုက်မှုကြောင့် သေဆုံးသူ သုံးဦးရှိပြီး ၂၄ ဦး ဒဏ်ရာရရှိကြောင်းနှင့် ဝက်ဝံတိုက်ခိုက်မှုကြောင့် ၁၅ ဦးဒဏ်ရာ ရရှိကြောင်း သိရသည်။

ဆင်ဟွာ

Source: မြန်မာ့အလင်းသတင်းစာ

ရေခဲပြင် ဆီးနှင်းကမ္ဘာ လက်ထပ်ပွဲ စုံတွဲ ၄၃ တွဲ ပါဝင် ဆင်နွှဲ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ Heilongjiang စီရင်စုရှိ ဟာပင် ရေခဲပြင် ဆီးနှင်းကမ္ဘာတွင် ၂၀၂၅ ခုနှစ်ဇန်နဝါရီလ ၆ ရက်နေ့က ချစ်သူစုံတွဲများ၏ စုပေါင်းမင်္ဂလာဆောင်လက်ထပ်ပွဲကို လွတ်လပ်စွာ ကျင်းပ ပြုလုပ်ခဲ့ကြသည်။ 

ဆောင်းရာသီအထိမ်းအမှတ်လှုပ်ရှားမှုတစ်ခုအဖြစ် ကျင်းပသည့် အဆိုပါစုပေါင်းလက်ထပ်ပွဲအခမ်းအနားတွင်တရုတ်ပြည်တစ်လွှားမှ ချစ်သူစုံတွဲ ၄၃ တွဲက ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါစုပေါင်းလက်ထပ်ပွဲအခမ်းအနားမှာ ဟာပင်နိုင်ငံတကာ ရေခဲပြင်ဆီးနှင်းပွဲတော် အစီအစဉ် ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု သိရှိရပါသည်။ 

တိဗက်ဒေသ၌ ငလျင်လှုပ်သဖြင့် အနည်းဆုံး လူ ၅၃ ဦး သေဆုံး

ဟိမဝန္တာ တောင်ခြေမြောက်ဘက် တိဗက်ဒေသ အမြင့်ဆုံး မြို့တစ်မြို့အနီးတွင် ဇန်နဝါရီ ၇ ရက်နေ့က ပြင်းအား ၆.၈ မဂ္ဂနီကျူအဆင့်ရှိ ငလျင်တစ်ခု လှုပ်ခါခဲ့ရာ အနည်းဆုံး လူ ၉၅ ဦးသေဆုံးပြီး ၁၃၀ ဦး ဒဏ်ရာ ရသွားကြောင်း တရုတ်အာဏာပိုင်များက ပြောကြား ထားပါသည်။

အဆိုပါငလျင်မှာ ဒေသစံတော်ချိန် နံနက် ၀၉၀၅ အချိန်တွင် ဧဝရတ်တောင် မြောက်ဘက်ဝင်ပေါက်ဟု လူသိများသော တရုတ်ကျေးလက်ဒေသ Tingri ကို အခြေပြု၍ လှုပ်ခါခဲ့ခြင်းဖြစ်ပြီး အိမ်နီးချင်း နီပေါ၊ ဘူတန်နှင့် အိန္ဒိယနိုင်ငံတို့တွင်ပါ လှုပ်ခါခဲ့ကြောင်း သိရပါသည်။ အမေရိကန်ဘူမိဗေဒဌာနက အဆိုပါ ငလျင်မှာ ၇.၁ မဂ္ဂနီကျူ ပြင်းထန်ကြောင်း ဆိုထားပါသည်။ 

ကိုးကား - CNA

အင်ဒိုနီးရှားနိုင်ငံ၌ အစိုးရ၏ ဦးဆောင်မှုဖြင့် အခမဲ့ အစားအစာ ကျွေးမွေးသည့်အစီအစဉ် စတင်ဆောင်ရွက်

ဂျကာတာ   ဇန်နဝါရီ ၆

အင်ဒိုနီးရှားနိုင်ငံတွင် အစိုးရ၏ ဦးဆောင်မှုဖြင့် အခမဲ့အစားအစာကျွေးမွေးသည့် အစီအစဉ်ကို ယနေ့တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။

၎င်းအစီအစဉ်ကို အဆင့်လိုက် ဆောင်ရွက်မည်ဖြစ်ပြီး ဇန်နဝါရီလမှ ဧပြီလအတွင်း နိုင်ငံသား သုံးသန်းအား အစားအစာ အခမဲ့ ကျွေးမွေးမည်ဟု အမျိုးသားအာဟာရဆိုင်ရာအေဂျင်စီ တာဝန်ရှိသူ ဒါဒန်ဟင်ဒါယာနာက ပြောကြားသည်။

ပထမအဆင့်တွင် နိုင်ငံအတွင်းရှိ ဒေသ ၂၆ ခုမှ ကျောင်းသားများ၊ ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား ကျွေးမွေးမည်ဟု သိရသည်။

လက်ရှိအချိန်တွင် ၎င်းအစီအစဉ်ဆောင်ရွက်ရန်အတွက် စားဖိုဆောင် ၁၉၀ က လုပ်ငန်းဆောင်ရွက်နေပြီး ယခုနှစ်ကုန်တွင် စားဖိုဆောင် ၅၀၀၀ အထိ လုပ်ငန်းများ ဆောင်ရွက်မည်ဟု သိရသည်။

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- စိုးသူရ

Source: ကြေးမုံသတင်းစာ