အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း လော့စ်အိန်ဂျလိစ်ဒေသ နေရာအများအပြားတွင် ဇန်နဝါရီ ၉ ရက်က တောမီးဆက်တိုက် လောင်ကျွမ်း ခဲ့ရာ လက်ရှိတွင် အနည်းဆုံး လူ ၅ ဦးသေဆုံး၊ ဒေသခံ ပြည်သူ ၁၈၀,၀၀၀ ခန့်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ ပေးခဲ့ရသလို အဆောက်အအုံ ထောင်နှင့်ချီ ပျက်စီးခဲ့ရသည်။ လက်ရှိတွင် လော့စ်အိန်ဂျလိစ် ဒေသ ၅ နေရာ ၌ အန္တရာယ်ရှိသော တောမီးလောင်မှုများ ပျံ့နှံ့လျက်ရှိရာ မီးလောင်ကျွမ်းမှု စုစုပေါင်းဧရိယာမှာ ၁၁၇ စတုရန်း ကီလိုမီတာကျော်ရှိကြောင်း၊ ၎င်းအနက် မီးလောင်ကျွမ်းမှု အကြီးဆုံးနေရာ ၂ ခုမှာ လော့စ်အိန်ဂျလိစ်ခရိုင် အနောက်ပိုင်းရှိ ကမ်းရိုးတန်းရပ်ကွက် Pacifi

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း လော့စ်အိန်ဂျလိစ်ဒေသ နေရာအများအပြားတွင် ဇန်နဝါရီ ၉ ရက်က တောမီးဆက်တိုက် လောင်ကျွမ်း ခဲ့ရာ လက်ရှိတွင် အနည်းဆုံး လူ ၅ ဦးသေဆုံး၊ ဒေသခံ ပြည်သူ ၁၈၀,၀၀၀ ခန့်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ ပေးခဲ့ရသလို အဆောက်အအုံ ထောင်နှင့်ချီ ပျက်စီးခဲ့ရသည်။ လက်ရှိတွင် လော့စ်အိန်ဂျလိစ် ဒေသ ၅ နေရာ ၌ အန္တရာယ်ရှိသော တောမီးလောင်မှုများ ပျံ့နှံ့လျက်ရှိရာ မီးလောင်ကျွမ်းမှု စုစုပေါင်းဧရိယာမှာ ၁၁၇ စတုရန်း ကီလိုမီတာကျော်ရှိကြောင်း၊ ၎င်းအနက် မီးလောင်ကျွမ်းမှု အကြီးဆုံးနေရာ ၂ ခုမှာ လော့စ်အိန်ဂျလိစ်ခရိုင် အနောက်ပိုင်းရှိ ကမ်းရိုးတန်းရပ်ကွက် Pacific Palisades နှင့် လော့စ်အိန်ဂျလိစ်ခရိုင်အရှေ့ပိုင်းရှိ Altadena ဒေသဖြစ်ကြောင်း ကယ်လီဖိုးနီးယား သစ်တောနှင့် မီးသတ်ဌာန၏ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်း နောက်ဆုံး ကြေညာချက်အရ သိရသည်။
အဆိုပါနေရာ ၂ ခု၏ မီးလောင်ကျွမ်းမှုဧရိယာသည် လက်ရှိတွင် ၇၀ စတုရန်းကီလိုမီတာ ကျော်နှင့် ၄၀ စတုရန်းကီလိုမီတာကျော် အသီးသီးရှိရာ မီးလောင်ကျွမ်းမှု အရှိန်အဟုန်သည် ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ Pacific Palisades တွင် ဖြစ်ပွားသော တောမီးပမာဏမှာ လော့စ်အိန်ဂျလိစ်သမိုင်းတွင် “ဖျက်ဆီးနိုင်စွမ်းအရှိဆုံး” သဘာဝကပ်ဘေးများအနက်တစ်ခုဖြစ်ကြောင်း လော့စ်အိန်ဂျလိစ်ဒေသ မီးသတ် ဦးစီးမှူး Kristin Crowley က ပြောကြားခဲ့သည်။
တောမီးပျံ့နှံလျက်ရှိသော ဒေသများတွင် ဇန်နဝါရီ ၉ ရက်ထိ လေပြင်းတိုက်ခတ်လျက်ရှိရာ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၀၀ ကီလိုမီတာ နီးပါး ရှိကြောင်း မိုးလေဝသဌာန၏ ခန့်မှန်းချက်အရ သိရ သည်။ ခြောက်သွေ့ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် လေတိုက်လမ်းကြောင်းပြောင်းလဲခြင်းကြောင့် တစ်စိတ်တစ်ပိုင်း မီးလောင်ကျွမ်းမှုအန္တရာယ်ကိုတိုးမြင့် စေရာ မီးလောင်ကျွမ်းမှုပျံ့နှံသည့်အရှိန်အဟုန်ကို ပိုမို ဆိုးရွားစေခဲ့သည်။ တောမီးလောင်မှုကြောင့် ဖြစ်ပေါ်သော မီးခိုးမီးငွေ့ထူထပ်ခြင်းနှင့် ပြာမှုန့်များက လော့စ်အိန်ဂျလိစ်ဒေသ၏ လေထုညစ်ညမ်းမှုကို ဆိုးရွားစေသည်။ လော့စ်အိန်ဂျလိစ်ဒေသရှိ စာသင်ကျောင်း အများအပြားကို ကျောင်းပိတ်ကြောင်းကြေညာထားပြီး လော့စ်အိန်ဂျလိစ်နှင့် အနီးနားဒေသများတွင် အိမ်ထောင်စုပေါင်း ၃၅၀,၀၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်နေကြောင်း သိရသည်။ ကယ်လီဖိုးနီးယားသည် မီးငြှိမ်းသတ်ရန်အတွက် အမေရိကန်ပြည်ထောင်စု အရေးပေါ်စီမံခန့်ခွဲမှု အေဂျင်စီမှ အတည်ပြုထားသော မီးဘေးအန္တရာယ်စီမံခန့်ခွဲမှုထောက်ပံ့ငွေများ ရရှိထားပြီးဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က ဇန်နဝါရီ ၈ ရက်တွင် ကြေညာခဲ့သည်။
ကိုးကား - ဆင်ဟွာ
Photo: Mint

အမေရိကန်ပြည်ထောင်စုသည် ဂရင်းလန်းတွင် နျူကလီးယားထိပ်ဖူးများ သယ်ဆောင်နိုင်သည့် လေယာဉ်များ ဆင်းသက်ရန်အတွက် လေဆိပ်အဆောက်အအုံတစ်ခု တည်ဆောက်လျက်ရှိကြောင်း ရုရှားသံအမတ်တစ်ဦးက ပြောကြားလိုက်ကြောင်းသိရသည်။

အမေရိကန်စစ်ဘက်သည် ဒုတိယကမ္ဘာ စစ်အချိန်မှစ၍ ဂရင်းလန်းတွင် အမြဲတမ်းစစ်အခြေစိုက်စခန်း ဖွင့်လှစ်ထားပြီး F-35 အမျိုးအစား တိုက်လေယာဉ်များအား လေ့ကျင့်ရန် အသုံးပြုလျက်ရှိသည်။ လက်ရှိတွင် အဆိုပါစစ်အခြေစိုက်စခန်းအား ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန် အကျခံ၍ ရေဒါစနစ်များကို အဆင့်မြှင့် တင်လျက်ရှိသည့်အပြင် F-35 တိုက်လေယာဉ်များအတွက် လေဆိပ်အဆောက် အအုံတစ်ခုကိုလည်း တည်ဆောက်လျက်ရှိကြောင်း ဒိန်းမတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ဖြစ်သူ ဗလာဒီမာဘာဘင်က ပြောသည်။
အမေရိကန်အနေဖြင့် ဂရင်းလန်းအား ပိုင်ဆိုင်ရန်အရေးကြီးကြောင်း အမေရိကန်သမ္မတအဖြစ် မကြာမီတက်ရောက်လာမည့် ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်လအတွင်း၌ပြောကြားခဲ့သည်။ သို့သော် ဂရင်းလန်းအား ရောင်းချမည် မဟုတ်ဟု ဂရင်းလန်းဝန်ကြီးချုပ် မူတေအက်ဂျ်က တုံ့ပြန် ပြောကြားခဲ့ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်သည် ဂရင်းလန်းအား အမေရိကန်ပိုင်အဖြစ် သိမ်းပိုက်ရန် ဆန္ဒရှိကြောင်း ၎င်း၏ ပထမအကြိမ်သမ္မတသက်တမ်း ထမ်းဆောင်စဉ် ၂၀၁၉ ခုနှစ် ကတည်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
Source: Myawady Web Portal

ကမ္ဘာကြီး၏အပူချိန်သည် ၂၀၂၄ ခုနှစ်တစ်နှစ်လုံးတွင် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ခဲ့ကြောင်း သိပ္ပံပညာရှင်များက သတိပေးသည်။
၂၀၂၄ ခုနှစ်၏ လစဉ်လတိုင်းသည် ကမ္ဘာကြီးတွင် စက်မှုမထွန်းကားမီ ၁၈၅၀- ၁၉၀၀ ပြည့်နှစ် အချိန်ကာလက အပူချိန်ထက်ပူနွေးလာခြင်းကြောင့် မျက်မှောက်ခေတ် လူသားများသည် ယခင်ကမကြုံခဲ့ဖူးသော အပူချိန်နှင့် ကြုံတွေ့ခဲ့ရကြောင်း ဥရောပသမဂ္ဂ၏ ရာသီဥတုပြောင်းလဲမှုစောင့်ကြည့်ရေးအဖွဲ့Copernicus Climate Change Service (C3S) မှ ပညာရှင်များကဇန်နဝါရီလ ၁၀ ရက်တွင်ပြောသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝ ဘေးများဖြစ်ပွားခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံများသည် ၂၀၁၅ ခုနှစ် ပဲရစ်သဘောတူညီချက်အရ ကမ္ဘာ့အပူချိန် ပိုမိုမြင့်တက်လာမှုကို လျှော့ချရန် ကတိကဝတ်ပြုထားသည်။ သို့သော် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုမြင့်တက်လာခြင်းကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ၂၀၁၅ခုနှစ် ပဲရစ်သဘောတူညီချက်ပါ အချက်အလက်များကိုလိုက်နာဖြည့်ဆည်းပေးရန် အလှမ်းဝေးလျက် ရှိနေသေးကြောင်း၊ သို့သော် မိမိတို့အနေဖြင့် ယင်းအခြေအနေအား ပြောင်းလဲနိုင်သည့်စွမ်းအင်ရှိကြောင်း ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာဘူအွန်တန်ပိုက ပြောသည်။
ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုကို ယခုအခါ ကမ္ဘာကြီး၏နေရာအနှံ့တွင်တွေ့မြင်နေရပြီး အဆိုပါသက်ရောက်မှုဆိုးကျိုးကို ချမ်းသာကြွယ်ဝသော နိုင်ငံများသာမက ဆင်းရဲသည့်နိုင်ငံများကပါ ရင်ဆိုင်နေရကြောင်း သိရသည်။
၂၀၂၄ ခုနှစ်တွင် ဘိုလီဗီးယား၊ ဗင်နီဇွဲလားနိုင်ငံတို့သည် ဆိုးရွားသည့် တောမီးလောင်ကျွမ်းမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး နီပေါနိုင်ငံကမူ ရေကြီးမှုနှင့် ရင်ဆိုင်ကြုံတွေ့ ခဲ့ရသည်။

Nvidia က Consumer Electronics Show (CES) 2025 တွင် Project DIGITS အမည်ရှိ ကမ္ဘာ့အသေးဆုံး AI စူပါကွန်ပြူတာကို ပြသလိုက်ပါသည်။ ဒီဇိုင်းသည် Apple Mac Mini နှင့်တူညီပြီး ဒေါ်လာ ၃,၀၀၀ သတ်မှတ်ထား ပါသည်။
AI စူပါကွန်ပြူတာသည် 200 Billion AI Model များကို Run နိုင်ပါသည်။ AI ဝါသနာရှင်များ၊ AI Researcher များနှင့် ဒေတာ Scientist များအတွက် ရည်ရွယ်ထုတ် လုပ်ထားခြင်းဖြစ်ပါသည်။ Project Digits တွင် AI Model များကို ဖန်တီးနိုင်၊ စမ်းသပ်နိုင်ပြီး Cloud Server ကို တင်နိုင်ပါသည်။

လက်ဖဝါး အရွယ်မျှသာရှိပြီး သေးငယ်သော်လည်း GB 10 Superchip ပါသည့်အတွက် AI စွမ်းဆောင်ရည် မြင့်မားပါသည်။ 128GB Memory နှင့် 4TB Storage ထည့်သွင်းထားပါသည်။
Nvidia က AI စူပါကွန်ပြူတာကို ရောင်းချမည့်အချိန်ကိုမူ ကြေညာထားခြင်းမရှိသေးကြောင်း သိရှိရပါသည်။
ကိုးကား-The Verge

ပြင်သစ်နိုင်ငံအရှေ့ပိုင်းရှိ စထရာဘာ့ဂ်မြို့၌ ဖြစ်တောင့်ဖြစ်ခဲ ဓာတ်ရထားနှစ်စင်း တိုက်မိခဲ့ရာ အများအပြား ဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါမတော်တဆမှုသည် မြို့အတွင်းရှိ ပင်မဘူတာရုံ၌ ဇန်နဝါရီလ ၁၁ ရက်တွင် ဖြစ်ပွားခြင်းဖြစ်သည်။ အဆိုပါဘူတာရုံသည် ပဲရစ်မြို့ပြင်ပရှိ ယာဉ်နှင့်ဓာတ်ရထား အသွားအလာအများဆုံး ဒေသတစ်ခုဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး ဖိလစ်တာဘာရော့က ပြောသည်။ အဆိုပါ မတော်တဆမှုအတွင်း လူပေါင်း ၃၆ ဦးခန့် ဒဏ်ရာရရှိကြောင်း ၎င်းကဆက်လက် ပြောကြားထားသော်လည်း မီးသတ်တပ်ဖွဲ့က လူ ၅၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ရထားနှစ်စင်း ဝင်တိုက်မိပြီးနောက် တစ်စင်းမှာ လမ်းချော်သွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် မီးသတ်အဖွဲ့ဝင်များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စထရာဘာ့ဂ်မြို့သည် ၁၉၉၄ ခုနှစ်တွင် ဓာတ်ရထားပြေးဆွဲခြင်းကို ပြန်လည်အသုံးပြုသည့် ပြင်သစ်နိုင်ငံအတွင်းရှိ မြို့ကြီးတစ်မြို့ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း တရုတ်ကုမ္ပဏီများသည် ယူအေအီးနိုင်ငံ၏ သန့်စင်စွမ်းအင်ဖွံ့ဖြိုးရေးအတွက် အခရာကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကာ ယူအေအီး၏ စွမ်းအင်ပေါင်းစပ်အသုံးပြုမှုကို အထိရောက်ဆုံးဖြစ်စေရန် အကူအညီပေးခဲ့သလို တရုတ်-ယူအေအီး အစိမ်းရောင် ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာအဖြစ်လည်း အကျိုးပြုလျက်ရှိသည်။ ကန္တာရထဲ၌ ပေါ်ထွန်းလာသည့် အကြီးစားနေရောင်ခြည် စွမ်းအင်စီမံကိန်းများမှသည် ပထမဆုံး လေစွမ်းအင်သရုပ်ပြစီမံကိန်းများအထိ ယူအေအီးနိုင်ငံ၏ စွမ်းအင်အသွင်ကူးပြောင်းမှုတွင် တရုတ်နိုင်ငံ၏ နည်းပညာနှင့်ကျွမ်းကျင်မှုတို့က အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

Photo: China Daily

အမေရိကန်နိုင်ငံ၏ဒုတိယအကြီးဆုံးပြည်နယ်ဖြစ်သော တက္ကဆက်ပြည်နယ်တွင် ဆောင်းရာသီမုန်တိုင်းတိုက်ခတ်မှုကြောင့် ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက တက္ကဆက်ပြည်နယ်လေဆိပ်များရှိ လေကြောင်းခရီးစဉ် ၁၆၅၀ ထက်မနည်း ဖျက်သိမ်းခဲ့ကြောင်း FlightAware နည်းပညာကုမ္ပဏီက ပြောကြားသည်။
အဆိုပါနှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဇန်နဝါရီ ၉ ရက်မနက်ပိုင်းအထိ ထိုပြည်နယ်၏အဓိကလေဆိပ်များတွင် လေကြောင်းခရီးစဉ်ပေါင်း ၁၃၀၀၀ ကျော် နှောင့်နှေးမှုဖြစ်ပေါ်ခဲ့ကြောင်း FlightAware နည်းပညာကုမ္ပဏီက အချက်အလက်ဖော်ပြထားသည်။

နိုင်ငံတောင်ပိုင်း တက္ကဆက်ပြည်နယ်မှ ကာရိုလိုင်းနားပြည်နယ်အထိ မိုင် ၈၀၀ ခန့် ရေခဲ၊ ဆီးနှင်းများသည်းထန်စွာကျဆင်းခြင်းနှင့် အပူချိန်အလွန်အမင်းကျဆင်းခြင်းတို့ဖြစ်ပေါ်ခဲ့သည်ဟု အမေရိကန် ရာသီဉတုဝန်ဆောင်မှုအဖွဲ့ကဆိုသည်။
တက္ကဆက်ပြည်နယ်မြောက်ဘက်နေရာအနှံ့အပြားတွင် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲပိုင်းအထိ နှင်းမုန်တိုင်းသတိပေးချက်အသက်ဝင်နေမည်ဖြစ်ပြီး မြစ်နီနှင့်အနီးနားတွင် ဆီးနှင်းများပိုမိုကျဆင်းဖွယ်ရှိပြီး နှစ်လက်မမှ ငါးလက်မအထိ ရှိမည်ဟုသိရသည်။
၂၀၂၁ ခုနှစ်က ထိုပြည်နယ်တွင် မုန်တိုင်းများဆက်တိုက်တိုက်ခတ်မှုကြောင့် ဓါတ်အားလိုင်းများပြတ်တောက်ကာ လူ ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု သိရ သည်။
Source: Myanmar Digital News

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ တက္ကသိုလ်တစ်ခု၏ ပရဝုဏ်အတွင်း၌ ကျောင်းသား ၈ ဦးကိုတူဖြင့်တိုက်ခိုက်ခဲ့သည့် သံသယရှိသူ ကျောင်းသူတစ်ဦးကို ရဲကဖမ်းဆီး လိုက်ကြောင်း သိရပါသည်။
Machida မြို့ရှိ Hosei University ၏ Tama Campus မှ ဝန်ထမ်းတစ်ဦးသည် ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် အရေးပေါ်ဖုန်းခေါ်ဆိုခဲ့ပြီး ကျောင်းသူတစ်ဦးက တူဖြင့်တိုက်ခိုက်သဖြင့် ကျောင်းသားများဒဏ်ရာရရှိထားကြောင်း သတင်းပို့ခဲ့ကြောင်း သိရှိရသည်။

စာသင်ခန်းအတွင်းရှိကျောင်းသား ၈ ဦး၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်များတွင် တိုက်ခိုက်ခံခဲ့ရကြောင်း မြို့တော်ရဲဌာနကဆိုသည်။ သို့သော် အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
တိုက်ခိုက်ခဲ့သူသည် အသက် ၂၂ နှစ်အရွယ် လူမှုသိပ္ပံဌာနမှ တောင်ကိုရီးယားနိုင်ငံမှ လာရောက်ပညာသင်ကြားနေသည့် ကျောင်းသူတစ်ဦးဖြစ်ပြီး အခြား အတန်းဖော်များက သူမအား အပေါင်းအသင်းမပြုလုပ်ဘဲ လစ်လျူရှုခြင်းကြောင့် အထီးကျန်မှုခံစားလာရကာ ကျောင်းပရဝုဏ်အတွင်းရှိ တွေ့ရှိသမျှသူများအားလုံးကို လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိများကို ထွက်ဆိုခဲ့သည်။
ကျောင်းသားတစ်ဦးက ကျောင်းပရဝုဏ်အတွင်း ကျောင်းသူတစ်ဦး၏ တိုက်ခိုက်မှုမှာ ထိတ်လန့်ဖွယ်ရာဖြစ်ကြောင်းပြောခဲ့ပြီး အခြားကျောင်းသားတစ်ဦး ကလည်း ၎င်းသာအတန်းထဲတွင်ရှိနေပါက တိုက်ခိုက်ခံရမည့်အရေးတွေးမိကာ လွန်စွာထိတ်လန့်မိကြောင်း ပြောခဲ့ပါသည်။
အဆိုပါတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀,၀၀၀ ကျော်တက်ရောက်လျက်ရှိပြီး နိုင်ငံခြား ကျောင်းသား၊ ကျောင်းသူ ၁၅,၀၀၀ ကျော်ရှိကြောင်း သိရှိရပါသည်။
ကိုးကား-NHK World
Photo: Kyodo News

အင်ဒိုနီးရှားနိုင်ငံ ရိုဂျာကာတာပြည်နယ်အထူးဒေသ၊ လူဦးရေထူထပ်သောမြို့တော်အနီးတွင်တည်ရှိသော မီရာပီမီးတောင်သည် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ချော်ရည်ပူများပန်းထွက်မှုဖြစ်ပေါခဲ့သည်။
အဆိုပါမီးတောင်ပေါက်ကွဲမှုဖြစ်ပွားသည်မှာ ငါးကြိမ်ရှိပြီဖြစ်ပြီး ချော်ရည်ပူများပန်းထွက်မှု မီတာ ၁၉၀၀ အထက်သို့ ရောက်ရှိခဲ့သည်။ အနီးနားရှိဒေသခံများ ဘေးကင်းစေရန် မီးတောင်နှင့် ဘူမိဗေဒ ဘေးအန္တရာယ်လျော့ပါးရေးစင်တာက မီးတောင်သတိပေးချက်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

မီးတောင်ဝ၏ အနောက်တောင်ဘက်နှင့်တောင်ဘက်ဒေသများတွင် ၇ ကီလိုမီတာအထိ၊ အရှေ့တောင်ဘက်ဒေသများတွင် ၃ ကီလိုမီတာအထိ ချော်ရည်ပူများစီးဆင်းမည့် အလားအလာရှိကြောင်း ဖော်ပြထားသည်။
မိုးသည်းထန်စွာရွာသွန်းစဉ်အတွင်း ချော်ရည်ပူများလွှမ်းမိုးမှုဖြစ်ပေါ်နိုင်သဖြင့် အန္တရာယ်များသောဒေသများအတွင်း ရှောင်ရှားသွားလာကြရန် ဒေသခံများအား အကြံပြုပြောကြားထားသည်။
မီရာပီမီးတောင်သည် အင်ဒိုနီးရှားနိုင်ငံ၏ သက်ဝင်လှုပ်ရှားမီးတောင် ၁၂၇ ခုအနက် တစ်ခုဖြစ်ပြီး ၂၉၆၈ မီတာ အမြင့်ရှိသည်ဟု သိရသည်။

ပြီးခဲ့တဲ့အင်္ဂါနေ့က အမေရိကန်နိုင်ငံမြို့တော် လော့စ်အိန်ဂျလိစ် (LA) နားမှာ တောမီးအကြီးအကျယ် လောင်သွားတယ်။ ဆုံးရှုံးမှုကတော့ LAသမိုင်းမှာ အကြီးမားဆုံးပါပဲ။ ဟောလီဝုဒ်စတားတွေနဲ့ နိုင်ငံတကာက ဆယ်လီတွေ နေတဲ့ နေရာ၊ ကမ္ဘာ့ဇိမ်ခံ ပစ္စည်းတွေကို ဝယ်သုံးတဲ့နေရာဆိုတော့ မီးထဲပါသွားတဲ့ ပစ္စည်းပစ္စယတွေရဲ့ တန်ဖိုးက မနည်းမနောပဲပေါ့။

LA တောမီးစတဲ့ညနေမှာပဲ ဘောလီးဝုဒ် နာမည်ကြီး မစ္စအင်တာနေရှင်နယ် သရဖူရခဲ့တဲ့ ပရိယန်ကာ ချော်ပရာက သူမရဲ့အိမ်ကနေ တောမီးကို ဗီဒီယိုရိုက်ပြီး လိုင်းပေါ်တင်ခဲ့ပါတယ်။ ဘောလီဝုဒ်က နာမည်ကြီး အကဘုရင်မ နိုရာဖာတီဟီရဲ့ အိမ်လည်း မီးထဲပါသွားလို့ အသည်းအသန်ထွက်ပြေးခဲ့ရတယ်တဲ့။
“ကျမက LA ကိုရောက်နေတာပါ။ အိမ်ကနေမြင်ရတဲ့ တောမီးတွေက ရူးသွားလောက်အောင်ကို ကြောက်စရာ ကောင်းတာပါ။ ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ တကယ့်ကို ကြောက်စရာကြီးပါ။ မီးမရောက်ခင် ၅ မိနစ် အလိုလောက်မှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်တစ်ခု ရရှိခဲ့ပါတယ်။ ဒါကြောင့် ပစ္စည်းတွေအားလုံးကို အမြန်ထုပ်ပိုးပြီး ဒီနေရာကနေ ထွက်ခွာခဲ့ရတာပါ” လို့ နိုရာက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။
“ နောက်ဆိုရင် လေယာဉ်ကွင်းနားကို ပြောင်းနေတော့မယ်။ အရေဟဲ့ အကြောင်းဟဲ့ ဆိုရင် လေယာဉ်နဲ့ထွက်ပြေး လို့ရအောင်၊ ကျမ မီးထဲတော့ အပါမခံနိုင်ဘူး။ ဒီလိုမျိုးတွေ တစ်ခါမှ မတွေ့ဘူးတော့ ကျမ ကြောက်လို့မဆုံးဘူး ဖြစ်နေတယ် ။ တကယ့်ကို ကပ်သီးမူးလဲလေးကို လွတ်သွားတာပါ။ LA ကလူတွေ ဘေးကင်းပါစေလို့ပဲ ကျမဆုတောင်းပါတယ်” လို့ ပြောသွားပါတယ်။
ပရီယန်ကာချော်ပရာကတော့ မီးနဲ့ သူမရဲ့ အိမ်က မိုင်အနည်းငယ်ဝေးပါတယ်။ ဗီဒီယိုဖိုင်တွေကို ရိုက်တင်ပြီး အားလုံးဘေးကင်းကြပါစေလို့ ဆုတောင်းပေးနေခဲ့ပါတယ်။ ဟောလီးဝုဒ်စတား တော်တော်များများရဲ့ အိမ်တွေ မီးထဲပါသွားပါတယ်။ လင်းနို့လူသား ဘန်အဖလစ် တစ်ယောက် မီးတောက်ကြီးတွေက သူ့အိမ်နားရောက်လာလို့ သူရဲ့ ဒေါ်လာသန်း ၂၀ တန်အိမ်ကြီးကို စွန့်ပစ်ခဲ့ရပါတယ်။ ပြီးမှ ကယ်ဆယ်ရေးစခန်းမှာ ဇနီးဟောင်းနဲ့ အမျိုးသမီးသူငယ်ချင်းကို လိုက်ရှာခဲ့ရပါတယ်။ အော်စကာဆုများပိုင်ရှင် နာမည်ကြီး တွမ်ဟင့်ရဲ့ အိမ်မီးထဲ မပါသွားပေမဲ့ ဘေးလွှတ်ရာ ပြောင်းရွှေ့ဖို့ အမိန့်ပေးခံလိုက်ရပါတယ်။
Source: Myanmar National Post