လာပက်ဇ် ဇန်နဝါရီ ၉
ဘိုလီးဗီးယားနိုင်ငံ၌ ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ကာ မိုးရာသီတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူ ၁၆ ဦးအထိ တိုးလာပြီး မိသားစု ၁၆၀၀၀ ကျော် ထိခိုက်ခဲ့ရကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားသည်။

တောင်အမေရိကနိုင်ငံဖြစ်သည့် ဘိုလီးဗီးယားနိုင်ငံ၌ ပြီးခဲ့သည့် နိုဝင်ဘာလမှစကာ ဇန်နဝါရီပထမပတ်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူအသေအပျောက်များသည့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားပြီး အကြီးအကျယ်ပျက်စီးခဲ့ရကြောင်း အရပ်ဘက်ကာကွယ်ရေးဒုတိယဝန်ကြီး ဂျွန်ကာလော့စ် ကယ်ဗီမွန်တပ်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အနောက်ဘက် လာပက်ဇ်ဒေသအားလုံး အပိုလို၊ လာအက်ဆန်တာနှင့် လူရီဘေးတို့တွင် နောက်ဆက်တွဲအခြေအနေများနှင့်ပတ်သက်ပြီး ဘေးအန္တရာယ်အခြေအနေတစ်ခုအဖြစ် အာဏာပိုင်များက ကြေညာခဲ့ကြောင်း သိရသည်။
ဘိုလီးဗီးယားနိုင်ငံ၌ ဆီးနှင်းခဲများ ဖုံးလွှမ်းခြင်းနှင့် မိုးသီးမုန်တိုင်းများ တိုက်ခတ်ခြင်းအပါအဝင် နိုဝင်ဘာလကတည်းက အခြားရာသီဥတုဆိုင်ရာ ဖြစ်စဉ်များကြောင့် ဒေသငါးခုတွင် ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဘိုလီးဗီးယားနိုင်ငံ၏ မိုးရာသီကာလသည် ၂၀၂၅ ခုနှစ် မတ်လ သို့မဟုတ် ဧပြီလာအနှောင်းပိုင်းအထိ ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ဆင်ဟွာ
Source: မြန်မာ့အလင်းသတင်းစာ

ရာနှင့်ချီသောအစွန်းရောက်သြသဒေါက်စ် ဂျူးဆန္ဒပြသူများသည် Haredi အမျိုးသားများအား အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သို့ စစ်မှုထမ်းဆောင်စေခြင်းကို ဆန့်ကျင်သည့်အနေဖြင့် Tel Aviv အရှေ့ဘက် Bnei Brak အနီး အဝေးပြေးလမ်းမကြီးပေါ်တွင် ဇန်နဝါရီ ၉ ရက်နေ့က ပိတ်ဆို့ဆန္ဒပြခဲ့ကြသည်။
အစ္စရေးနိုင်ငံတွင် နိုင်ငံသားအများစုအတွက် စစ်မှု မထမ်းမနေရစနစ်ရှိပြီး အမျိုးသား၊အမျိုးသမီးများသည် ၂၄ လ မှ ၃၂ လ အထိ စစ်မှုထမ်းကြရသည်။

Haredi ဂျူးလူမျိုးများသည် အစ္စရေးနိုင်ငံ စတင်တည်ထောင်ချိန် ၁၉၄၈ ခုနှစ်ကတည်းက ကင်းလွတ်ခွင့် ရခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် တရားရုံးချုပ်က အဆိုပါကင်းလွတ်ခွင့်ကို ရုတ်သိမ်းခဲ့သည်။
ဂါဇာရှိ ဟားမတ်စ်များအပေါ် စစ်ဆင်ရေးဆင်နွှဲချိန်အတွင်း အင်အားဖြည့်တင်းရန်လိုအပ်သည့် IDF ၏ ကြိုးပမ်းမှုနှင့်တိုက်ဆိုင်နေပြီး Haredi အမျိုးသားများ သည် ဩဂုတ်လတွင် စစ်မှုထမ်းရန် အကြောင်းကြားစာများ စတင်လက်ခံရရှိခဲ့သော်လည်း အနည်းငယ်သာဆန္ဒအလျောက် စာရင်းသွင်းခဲ့ကြသည်။
အစွန်းရောက် ဩသဒေါက်စ် အကြမ်းဖက်အဖွဲ့ Jerusalem Faction နှင့်ဆက်နွယ်နေသော ဆန္ဒပြသူများသည် ဇန်နဝါရီ ၉ ရက်နေ့က Bnei Brak အဝေးပြေး လမ်းမကြီးပေါ်တွင် လမ်းနှစ်ဘက်စလုံး ပိတ်ဆို့ဆန္ဒပြခဲ့ကြပြီး လူစုခွဲရန်ကြိုးစားသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ခဲ့ကြသည်။ အစ္စရေးတွင် Haredim တစ်သန်းကျော်နေထိုင်လျက်ရှိပြီး ၎င်းတို့သည် အစ္စရေး၏ အခြားသောဓလေ့ထုံးတမ်းယုံကြည်ကိုးကွယ်သူ ဂျူးအများစုနှင့် ထိတွေ့ဆက်ဆံမှုနည်းပါးစွာ နေထိုင်လေ့ရှိကြသည်။ စစ်မှုထမ်းဆောင်ခြင်းသည် ၎င်းတို့၏ Torah လေ့လာမှုများ၊ ဆုတောင်းခြင်းလုပ်ရိုးလုပ်စဉ်များနှင့် ဘာသာရေးဓလေ့ထုံးစံများကို အနှောင့်အယှက်ဖြစ်စေသည်ဟု ယုံကြည်ကြသည်။ IDF က ၎င်းတို့၏ လူနေမှုဘဝပုံစံနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် မူဝါဒများနှင့် လေ့ကျင့်ရေးအခြေခံများကို လိုက်လျောညီထွေဖြစ်စေရေး လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။
ကိုးကား-RT
Photo: Anadolu Ajansi

ဆိုးလ် ဇန်နဝါရီ ၉
ကိုးရီးယားနိုင်ငံ၏ ဒေသအများအပြားတွင် ဇန်နဝါရီ ၁၀ ရက်တွင် အပူချိန် အနုတ် ၂၁ ဒီဂရီ ဆဲလ်စီးယပ်အထိ ကျဆင်းနိုင်ခြေရှိသည့်အတွက် အအေးဆုံးရာသီဥတုကို ကြုံတွေ့ခံစားရရနိုင်ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကိုရီးယားမိုးလေဝသ စီမံခန့်ခွဲမှုဌာနက ဇန်နဝါရီ ၁၀ ရက်နံနက်ပိုင်းတွင် အပူချိန်သည် အနုတ် ၂၁ ဒီဂရီဆဲလ်စီးယပ်မှ ၅ ဒီဂရီဆဲလ်စီးယပ်ကြားရှိနိုင်ပြီး ဇန်နဝါရီ ၉ ရက် အပူချိန်ထက် ပိုမိုကျဆင်းမည်ဟု ခန့်မှန်းထားသည်။

မြို့တော် ဆိုးလ်တွင် ဇန်နဝါရီ ၉ ရက် နံနက် ၈ နာရီအပူချိန်သည် အနုတ် ၁၀ ဒသမ ၂ ဒီဂရီအထိရှိသည်။ အအေးလှိုင်းအကြံပေးချက်ကို ဇန်နဝါရီ ၈ ရက် ည ၉ နာရီအချိန်တွင် စတင်ထုတ်ပြန်ခဲ့ပြီး နောက်ထပ် နှစ်ရက် သို့မဟုတ် နှစ်ရက်ကျော်ကာလအထိ နံနက်ပိုင်း အပူချိန်သည် အနုတ် ၁၂ သို့မဟုတ် ထိုထက်ပိုမိုကျဆင်းနိုင်ကြောင်း ဖော်ပြထားသည်။
အခြားဒေသများ၌ ဇန်နဝါရီ ၈ ရက် အနိမ့်ဆုံးအပူချိန်သည် ၁၆ ဒသမ ၉ မှ ၁၃ ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့သည်။
ကိုရီးယားနိုင်ငံဒေသအများအပြားတွင် ဆောင်းရာသီ၏ မှတ်တမ်းတင် အနိမ့်ဆုံးအပူချိန်ကို ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း ကိုရီးယားမိုးလေဝသစီမံခန့်ခွဲရေးဌာနက ဖော်ပြထားသည်။

ဖနောင်ပင် ဇန်နဝါရီ ၈
ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း မိုးကြိုးပစ်မှုကြောင့် လူပေါင်း ၆၈ ဦး သေဆုံးမှုဖြစ်ပွားကြောင်း ဘေးအန္တရာယ်ထိန်းချုပ်ရေး ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၈ ရက်တွင် ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ ၅၅ ဦးရှိ

သို့သော်လည်း ၂၀၂၃ ခုနှစ်ကထက် ၁၉ ရာခိုင်နှုန်း ကျဆင်းလာသည်ဟု ဆိုသည်။ ယမန်နှစ်က မိုးကြိုးပစ်မှုကြောင့် သေဆုံးသူများအပြင် ထိခိုက်ဒဏ်ရာရရှိသူ ၅၅ ဦးရှိကြောင်း အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဆော့သ်ကင်ကိုးလ်မိုနီက ပြောသည်။
မကြာခဏ မိုးကြိုးပစ်လေ့ရှိ
မိုးကြိုးပစ်ခြင်းမှရှောင်ရှားနိုင်ရန် အထူးသဖြင့် ကျေးလက်နေပြည်သူများသည် မုန်တိုင်း သို့မဟုတ် မိုးရွာသွန်းချိန်တွင် နေအိမ်များအတွင်း နေထိုင်သင့်သည်ဟု ကိုးလ်မိုနီက ဆင်ဟွာသို့ ပြောသည်။ ကမ္ဘောဒီးယားနိုင်ငံ၌ မေလမှ အောက်တိုဘာလအထိ မိုးရာသီကာလအတွင်း မကြာခဏ မိုးကြိုးပစ်လေ့ရှိကြောင်း သိရသည်။
မီးလောင်မှုကြောင့် ၂၀ သေဆုံး
ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း မိုးကြိုးပစ်မှုကြောင့် သေဆုံးမှုများအပြင် မီးလောင်မှုကြောင့် လူ ၂၀ သေဆုံးပြီး မုန်တိုင်းကြောင့် ခုနစ်ဦး သေဆုံးကြောင်း ကိုးလ်မိုနီက ပြောသည်။

အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း Andhra Pradesh ပြည်နယ်ရှိ Tirumala Venkateswara ဘုရားကျောင်းတွင် ဘာသာရေးဝတ်ပြုသူများသည် ဘာသာရေး ပွဲတော်လက်မှတ်များရရှိရေး တိုးဝှေ့လုယက်ကြရာမှ အနည်းဆုံး လူ ၆ ဦး သေဆုံး၍ လူပေါင်း ၄၀ ခန့် ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရကြောင်း တာဝန်ရှိသူ များက သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါဘာသာရေး ဝတ်ပြုပွဲကို ဇန်နဝါရီ ၁၀ ရက်တွင် စတင်ကျင်းပမည် ဖြစ်ပြီး ပွဲတော်ကာလမှာ ၉ ရက် ကြာမြင့်မည်ပါကြောင်းဘာသာရေးကိုးကွယ်သူ အများအပြား ရောက်ရှိနေကြပြီ ဖြစ်ကြောင်း သိရပါသည်။

ဝန်ကြီးချုပ်မိုဒီက သေဆုံးသူများ၏ မိသားစုများအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားထားပြီး တာဝန်ရှိသူများက ဖြစ်စဉ်အသေးစိတ်ကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါသည်။
ကိုးကား- TASS
Photo- Straight Arrow News

ရုရှားနိုင်ငံမှ ဒေသတစ်ခုသည် အသက် ၂၅ နှစ်အောက် အမျိုးသမီးကျောင်းသူများကို ကျန်းမာသော ကလေး တစ်ဦး မွေးဖွားလျှင် ဆုငွေ ရူဘယ် ၁သိန်း ချီးမြှင့်မည် ဖြစ်ကြောင်း The Moscow Times သတင်းတွင် ဖော်ပြ ထားပါသည်။ ၎င်းမူဝါဒသည် နိုင်ငံ၏ကျဆင်းနေသော ကလေးမွေးဖွားနှုန်းကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ လျှောက်ထားနိုင်ပြီး မိခင် ဖြစ်လိုသူသည် ဒေသန္တရတက္ကသိုလ် သို့မဟုတ် ကောလိပ် တွင် အချိန်ပြည့်ကျောင်းသူ ဖြစ်ရမည်ဖြစ်သည့်အပြင် ကာရီလီယားတွင်နေထိုင်သည့် အသက် ၂၅ အောက် အမျိုးသမီးဖြစ်ရမည်ဟု ပါရှိပါသည်။

ဒေသဆိုင်ရာဥပဒေတွင် အဆိုပါမူဝါဒသည် မွေးကင်းစ ကလေးငယ်များကို မွေးဖွားသောမိခင်များနှင့် သက်ဆိုင်မည် မဟုတ်ကြောင်း ရှင်းလင်းစွာ ဖော်ပြ ထားသော်လည်း မတော်တဆမှုကြောင့် ကလေး သေဆုံးပါက ငွေပေးချေခြင်းအား ရုတ်သိမ်းခြင်း ရှိ၊ မရှိ အတိအကျဖော်ပြထားခြင်းမရှိပေ။ မသန်စွမ်းကလေးမွေးဖွားသော အမျိုးသမီးများသည်ငွေကြေးအတွက် အရည်အချင်းပြည့်မီခြင်း ရှိ၊ မရှိ သို့မဟုတ် ကလေးစောင့်ရှောက်မှုနှင့် မီးဖွားပြီးနောက် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကုန်ကျစရိတ်များအတွက် အာဏာပိုင်များက ထပ်လောင်းပေးချေမှုများဖြင့် ကူညီမည်ဆိုသည်ကို ဖော်ပြထားခြင်းမရှိကြောင်း အဆိုပါစာစောင်တွင် ဖော်ပြထားပါသည်။
ထိုကဲ့သို့ ကလေးမွေးဖွားပေးလျှင် ဆုချမည်ဆိုသည်မှာ ကာရီလီယားဒေသတစ်ခုတည်းမဟုတ်ဘဲ ရုရှားနိုင်ငံရှိ ပြည်နယ် ၁၁ ခုထက်မနည်းသော အစိုးရများက ကလေး မွေးဖွားမှုအတွက် ကျောင်းသူများကို ပေးဆောင်နေကြောင်း သိရပါသည်။ သင့်လျော်သော အစီအမံ မပါဝင်ကြောင်းနှင့် မိခင်အသစ်များအတွက် စံပြစီးပွားရေးအခြေအနေများ မပါရှိခြင်းကြောင့် အဆိုပါလှုပ်ရှားမှုကို ထိရောက်သော နည်းလမ်းတစ်ခုမဟုတ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပါသည်။
ရုရှားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ကလေး ၅၉၉,၆၀၀ ဦးသာ မွေးဖွားခဲ့ပြီး ၂၅နှစ်အတွင်း အနိမ့်ဆုံးကလေးမွေးဖွားနှုန်းအဖြစ် မှတ်တမ်းတင်ခဲ့ ပါသည်။ ၂၀၂၃ ခုနှစ်က အလားတူကာလထက် ၁၆,၀၀၀ ဦး လျော့နည်းခဲ့ပြီး ဇွန်လအတွင်းကလည်း ပထမဆုံးအကြိမ်အဖြစ် ကလေးမွေးဖွားမှု ဦးရေ ၁ သိန်း အောက်သို့ ကျဆင်းသွားသည့်အတွက် သမိုင်းကြောင်းအရ မွေးဖွားနှုန်းနိမ့်ကျမှုကိုလည်း တွေ့မြင်ခဲ့ရကြောင်း ဖော်ပြထားပါသည်။
ကိုးကား-Myanmar National Post

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ်အခြေအနေ တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ရကြောင်း သိရသည်။
တောမီးလောင်ကျွမ်းမှုကြောင့် ပြည်သူ ၃၀၀၀၀ ခန့်မှာ နေအိမ်များကိုစွန့်ခွာ၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပြီး ရာသီဥတုခြောက်သွေ့မှုကြောင့် မီးလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပွားမည့် အန္တရာယ်ကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂက်ဗင်နယူးဆန်က ဇန်နဝါရီလ ၇ ရက်တွင် အရေးပေါ် အခြေအနေကို ထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါ တောမီးလောင်ကျွမ်းမှုသည် ကနဦးတွင် လော့အိန်ဂျလိမြို့ရှိ Pacific Palisades ရပ်ကွက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၇ ရက် မွန်းလွဲအချိန်မှာပင် သစ်တောဧက ၁၂၆၀ ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
တောမီးလောင်ကျွမ်းမှုအတွင်း နေအိမ်အများအပြား ပျက်စီးသွားခဲ့ပြီး အခြားနေအိမ် ၁၀၀၀၀ ခန့်မှာ မီးလောင်ကျွမ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း မြို့တော်မီးသတ်တပ်ဖွဲ့ အကြီးအကဲ ခရစ်စတင်းအမ်ခရောင်လီက မီဒီယာများသို့ ပြောကြားသည်။
Source: Myawady Webportal

နယူးဒေလီ ဇန်နဝါရီ ၈
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်ရှိ ရေလွှမ်းလျက်ရှိသည့် ကျောက်မီးသွေးတွင်းတစ်ခုအတွင်း မိုင်းလုပ်သားကိုးဦး ပိတ်မိလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အလောင်းတစ်လောင်းကို ဆယ်ယူရရှိထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ဇန်နဝါရှိ ၆ ရက်က အလုပ်သမားများသည် ကျောက်မီးသွေးတွင်းဟောင်းတစ်ခုအတွင်း မိုင်းလုပ်ငန်းများ ဆောင်ရွက်စဉ် ရေအရင်းအမြစ်တစ်ခုကို ထိမိခဲ့ခြင်းကြောင့် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသအာဏာပိုင်များက ပြောကြားသည်။
တာဝန်ရှိသူများက ရေငုပ်သမားများ၊ ကရိန်းများနှင့် ရဟတ်ယာဉ်များအသုံးပြုကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော်လည်း ကယ်ဆယ်ရေးသမားများသည် ရေလွှမ်းမိုးမှုများကြောင့် ခက်ခဲသောအခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ တရားမဝင်မိုင်းတွင်း မတော်တဆမှုများသည် မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
၂၀၁၉ ခုနှစ်တွင် မီဂါလာယာပြည်နယ်၌ ကျောက်မီးသွေးတွင်း ပြိုကျခဲ့သည့်အတွက် မိုင်းတွင်းလုပ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ၊ ဘာသာပြန်- အောင်ကျော်ကျော်
Source: ကြေးမုံသတင်းစာ

Nikolay Goltsev သည် ရုရှားစစ်ဘက်ဆိုင်ရာ ကုမ္ပဏီများအပါအဝင် ဒဏ်ခတ်ပိတ်ဆို့ခံထားရသော ရုရှား ကုမ္ပဏီများကိုယ်စား ရုရှားနိုင်ငံသို့ ပစ္စည်းများ ဝယ်ယူ တင်သွင်းခဲ့ကြောင်း အေဂျင်စီ၏ပြောကြားချက်အရ သိရှိရသည်။
နယူးယောက်ပြည်နယ် အရှေ့ပိုင်းခရိုင်ရှိ တရားရုံး တစ်ခုက ကနေဒါနိုင်ငံသား Nikolay Goltsev ကို ရုရှားနိုင်ငံသို့ အီလက်ထရောနစ်ပစ္စည်းများ တရားမဝင် တင်ပို့မှုဖြင့် ထောင်ဒဏ် သုံးနှစ်နှင့် လေးလ ချမှတ်ခဲ့ကြောင်း အမေရိကန် တရားရေးဌာနက သတင်းထုတ်ပြန် ခဲ့သည်။

Goltsev သည် ရုရှား-ယူကရိန်းစစ်ပွဲတွင် အသုံးပြု သည့် ရုရှားဒုံးကျည်များနှင့် ဒရုန်းများထုတ်လုပ်ရာတွင် အသုံးပြုသည့် နည်းပညာဆိုင်ရာပစ္စည်းများကို အိန္ဒိယ၊ တူရကီ၊ တရုတ်နှင့် အာရပ်စော်ဘွားများနိုင်ငံရှိ ကုမ္ပဏီ များမှတစ်ဆင့် တင်ပို့ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
အစောပိုင်းတွင် Goltsev ၏ ဇနီး Kristina Puzyreva နှင့် ရုရှား-Tajik နိုင်ငံသားဖြစ်သူ Salimdzhon Nasriddinov တို့လည်း စွဲချက်တင်ခံထားရသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် Goltsev ၏ ဇနီး Puzyreva သည် အရေးယူဒဏ်ခတ်ပိတ်ဆို့ခံထားရသော ရုရှားကုမ္ပဏီ များထံ ဒရုန်းနှင့်ပတ်သက်သည့်ပစ္စည်းများ တရားမဝင် ပေးပို့ခြင်းဖြင့် ရရှိသောငွေကြေးအတွက် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရသည်။ Nasriddinov ကိုမူ ယနေ့ အထိ ပြစ်ဒဏ်ချမှတ်ခြင်းမရှိသေးပေ။
ကိုးကား - TASS
Photo: Global News

ဇန်နဝါရီ ၈ ရက်နေ့က လောင်ကျွမ်းခဲ့သည့် အမေရိကန်နိုင်ငံ၊ Los Angeles တောမီးကြောင့် လူ ၅ ဦး သေဆုံးခဲ့ပြီး ခန့်မှန်တွက်ချက်မှုအရ ကန်ဒေါ်လာ ဘီလီယံ ၅၀ကျော် ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။ အိမ်ခြေရာနှင့်ချီကာ မီးလောင်သွားပြီး လူပေါင်း၁သိန်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ရကာ သမိုင်းတွင် တန်ဖိုးအများဆုံး ဆုံးရှုံးခဲ့ရသည့် တောမီးလောင်ကျွမ်းမှု ဖြစ်ခဲ့သည်။

မီးငြှိမ်းသတ်ရေးအရင်းအမြစ်များနှင့် ရေပေးဝေမှုလည်း ထိခိုက်ခဲ့ရပြီး ဇန်နဝါရီ ၇ ရက်နေ့ ညနေမှ စတင်ပြီး လောင်ကျွမ်းခဲ့စဉ် မီးသတ်သမားများက မီးငြှိမ်းသက် နေစဉ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မည်သို့မျှထိန်းချုပ်နိုင်ခြင်းမရှိဘဲ ပျံ့နှံ့မှု မြန်ဆန်သွားခဲ့ခြင်းပင် ဖြစ်ပါသည်။ Los Angeles ရှိ Holly Wood တောင်တန်း တွင်လည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း နှင့် Los Angeles တွင် တောမီးလောင်ကျွမ်းမှု အရေအတွက် ခြောက်ကြိမ်အထိ မြင့်တက်လာခဲ့ကြောင်း မီးသတ် ဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Santa Monica နှင့် Malibu ကြားတွင်ရှိသော Pacific Palisades တွင် ၅၀% မှ ၇၅% ထိ ကူးစက် လောင်ကျွမ်း ခဲ့ပြီး အမေရိကန်၏ စျေးအကြီးဆုံး အိမ်ခြံမြေများ တည်ရှိရာ နေရာဖြစ်ကာ Ben Affleck၊ Tom Hanks နှင့် Michael Keaton စသည့်ဟောလီးဝုဒ် သရုပ်ဆောင်များ ပိုင်ဆိုင်သည့် အိမ်ခြံမြေများ မီးလောင်ဆုံးရှုံးသွားသည့် အထဲတွင် ပါဝင်သွားကြောင်းသိရှိရသည်။
ကိုးကား - RT