သတင်းများ

Tik Tok ကို အီလွန်မတ်စ်ထံ တရုတ်ရောင်းချလို

Tik Tok ကို တရုတ်နိုင်ငံသားမဟုတ်သည့် ကုမ္ပဏီထံရောင်းချရမည်ဆိုပါက အီလွန်မတ်စ်ထံ ရောင်းချပေးလိုကြောင်း တရုတ်အရာရှိကြီးများက ပြောကြား လိုက်ပါသည်။

တရုတ်နိုင်ငံအနေဖြင့်မူ Tik Tok ကို တရုတ်ကုမ္ပဏီ ByteDance လက်အောက်တွင် ဆက်လက်ထားရှိလိုပြီး ကုမ္ပဏီအနေဖြင့်လည်း အမေရိကန်က TikTok ပိတ်သိမ်းရန်ထုတ်ပြန်ထားသည့် ဥပဒေအပေါ် အမေရိကန်တရားလွှတ်တော်ချုပ်သို့ အယူခံတင်သွင်းရန် ဆောင်ရွက်နေကြပါသည်။ သို့သော် ဇန်နဝါရီ လ ၁၀ ရက်နေ့တွင်ကြားနာမှုများအရ တရားလွှတ်တော်ချုပ်သည်အမေရိကန်တွင် Tik Tok ပိတ်ပင်မည့်ဥပဒေကို အတည်ပြုရန် အလားအလာများနေပါသည်။

Tik Tokကို ရောင်းချမည့်ကိစ္စအပေါ် တရုတ်၏ သဘောထားအား အီလွန်မတ်စ်နှင့် ၎င်း၏ ကိုယ်စားလှယ်များက ပြန်လည်ဖြေကြားထားခြင်းမရှိသေးပါ။ ကမ္ဘာကျော်အမေရိကန်သူဌေးကြီး အီလွန်မတ်စ်သည် ပြီးခဲ့သည့် အမေရိကန်ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော် သုံးစွဲပေးခဲ့ပါသည်။

 "အမေရိကန်တွင် Tik Tok ကို ပိတ်ပင်ခြင်းသည် အမေရိကန်တို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်ကြောင်း" အီလွန်မတ်စ်က ဧပြီလတွင် ၎င်း၏ X မီဒီယာပလက်ဖောင်းတွင် ရေးသားခဲ့ဖူးပါသည်။ သို့သော် Tik Tok ကို အီလွန်မတ်စ်ထံ ရောင်းချလိုကြောင်း တရုတ်၏ လိုလားချက်အပေါ် သက်ဆိုင်ရာ တရုတ်နိုင်ငံ ဆိုက်ဘာစီမံခန့်ခွဲရေးဌာနနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနတို့ကမူ မှတ်ချက်ပေးထားခြင်း မရှိသေးကြောင်း သိရှိရပါသည်။ အမေရိကန်၌ Tik Tok အက်ပလီကေးရှင်းမှတစ်ဆင့် လည်ပတ်နေသည့် ငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံမှ ၅၀ ဘီလီယံဝန်းကျင် ရှိနိုင်ကြောင်း လေ့လာသုံးသပ်သူများ၏ အဆိုအရ သိရှိရပါသည်။ 

ကိုးကား - The Straits Times

လေပြင်းတိုက်ခတ်မှု ပိုမိုပြင်းထန်လာ၍ လော့စ်အိန်ဂျလိစ်မီး အရေးပေါ်သတိပေးထားရ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ဝန်းကျင်တွင် လောင်ကျွမ်းလျက်ရှိသော တောမီးသည် လွန်ခဲ့သော သီတင်းပတ် ဇန်နဝါရီ ၇ ရက်နေ့ညနေမှ စတင်လောင်ကျွမ်းခဲ့ ပါသည်။ 

ယခုအချိန်အထိ လူပေါင်း ၂ ဒါဇင်ကျော်သေဆုံးခဲ့ကာ အမြောက်အမြားပျောက်ဆုံးနေပြီး လေပြင်းတိုက်ခတ်မှုကြောင့် မီးလောင်မှုသည် အလျင်အမြန် ကူးစက် လောင်ကျွမ်းနေပါသည်။ မီးလောင်မှု ဧရိယာအရွယ်အစားသည် ဝါရှင်တန်မြို့အရွယ်အစားခန့် လောင်ကျွမ်းထားပြီး ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းမှစတင်ကာလေပြင်းတိုက်ခတ်မှုများ ပိုမိုဆိုးလာသည့်အတွက် အရေးပေါ်အခြေအနေ ကြေညာထားရကြောင်း သိရ ပါသည်။ 

လေတိုက်နှုန်းသည် တစ်နာရီလျှင် ၇၅ မိုင်နှုန်း (တစ်နာရီ ၁၂၀ ကီလိုမီတာ) နှုန်းဖြင့် ဇန်နဝါရီ ၁၄ ရက်နေ့ အစောပိုင်းမှစ၍ ၁၅ ရက်နေ့ အထိ တိုက်ခတ်နိုင်ပြီး နောက်ပိုင်းတွင် တစ်နာရီ မိုင် ၅၀ မှ ၇၀ အထိ တိုက်ခတ်နိုင်ကြောင်း အမျိုးသားမိုးလေဝသဌာန၏ မိုးလေဝသခန့်မှန်းရေးစင်တာမှ မိုးလေဝသပညာရှင် David Roth ဒေဗစ်ရို့သ်က ပြောကြားခဲ့ပါသည်။

ခြောက်သွေ့ပြီး အန္တရာယ်ရှိသည့် ဟာရီကိန်း ဆန်တာအန်နာ၏ လေတိုက်နှုန်းအရှိန်တက်လာခြင်းကြောင့် ဇန်နဝါရီ ၁၃ ရက်နေ့ နှောင်းပိုင်းတွင် အနီရောင် သတိပေးချက် ထုတ်ပြန်ခဲ့ပါသည်။

လော့စ်အိန်ဂျလိစ်မြို့၏ အဆုံးတစ်ဖက်တစ်ချက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာနှင့် မြေပြင်မှ မီးလောင်ကျွမ်းမှုများအား မီးငြှိမ်းသတ်သူ ၈,၅၀၀ ကျော်က မပြန့်ပွားရန် ညတွင်းချင်း တားဆီးနိုင်ခဲ့ပါသည်။

မီးလောင်ကျွမ်းမှုသည် ပိုမိုဆိုးရွားလာနေပြီး မီးကူးစက်လောင်ကျွမ်းနေမှုအား ထိန်းချုပ်နိုင်ရန် ကြိုးစားလုပ်ဆောင်နေရကြောင်း လော့စ်အိန်ဂျလိစ်မြို့ မီးသတ်ဦးစီးချုပ် ခရစ်စတင်းခရိုးလေးမှ ဒေသခံများအား ပြောကြားခဲ့ပါသည်။ပြည်နယ်အာဏာပိုင်များကလည်း လော့စ်အိန်ဂျလိစ်နှင့် ကယ်လီဖိုးနီးယားတောင်ပိုင်းခရိုင်များတွင် မီးဘေးအန္တရာယ်မြင့်မားသည့်နေရာများ၌ မီးသတ်တပ်ဖွဲ့ဝင်များကို ကြိုတင်နေရာချထားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

ကိုးကား-Myanmar National Post

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၁၁ ဦးသေဆုံး

ရီယိုဒီဂျနေရိုး   ဇန်နဝါရီ ၁၃

ဘရာဇီးနိုင်ငံတောင်ပိုင်း၌ ဇန်နဝါရီ ၁၂ ရက်က မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် သေဆုံးသူ ၁၁ ဦးရှိပြီး ၎င်းတို့အနက် ကိုးဦးမှာ မီးနပ်ဂျီရေ့စ်ပြည်နယ် တောင်ကြားဒေသ၌ မြေပြိုမှုကြောင့် သေဆုံးသူများဖြစ်သည်ဟု ဒေသခံအာဏာပိုင်များက ပြောသည်။

အိုင်ပက်တင်ဂါမြို့တွင် မြေပြိုမှုကြောင့် ကိုးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်။ အဆိုပါမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုနှင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် တာဝန်ရှိသူများက ရက်ပေါင်း ၁၈၀ ကြာ လူထုသဘာဝဘေးအန္တရာယ်အဖြစ် ကြေညာခဲ့သည်။

မီးနပ်ဂျီရေ့စ် အုပ်ချုပ်ရေးမှူးက ဇန်နဝါရီ ၁၃ ရက်တွင် အဆိုပါဒေသသို့ သွားရောက်ကာ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို အကဲဖြတ်ရန်နှင့် နေအိမ်ဆုံးရှုံးသွားသူများအတွက် လုံခြုံစိတ်ချရသည့် ယာယီအိမ်ရာများ ပြုလုပ်ပေးသွားမည်ဟု လူမှုကွန်ရက်မီဒီယာတွင် ပြောသည်။ ဆန်တာ ကက်တာရီနားဒေသတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးခဲ့သည်ဟု သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Photo: Reuters

ပြင်သစ်နိုင်ငံရေးပါတီ Ecologists ခေါင်းဆောင်က X Social Media Platform ကို EU နိုင်ငံများတွင် ပိတ်ပင်ရန် တောင်းဆို

ပြင်သစ်နိုင်ငံရေးပါတီ The Ecologists ခေါင်းဆောင် Marine Tondelier က Elon Musk ၏ X Social Media Platform ကို ဥရောပသမဂ္ဂနိုင်ငံများ၌ ပိတ်ပင်ရန် တောင်းဆိုလိုက်ပါသည်။ ၎င်း၏တောင်းဆိုမှုအကြောင်းပြချက်တစ်ခုမှာ ဒီမိုကရေစီဖော်ဆောင်မှုလမ်းစဉ်ကို အနှောင့်အယှက်ဖြစ်စေခြင်းကြောင့်ဟု ပြောဆိုထားပြီး အထူးသဖြင့် ရွေးကောက်ပွဲကာလများတွင် ပိတ်ပင်ရန် ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၂ ရက်နေ့တွင် RTL ၏ Le Grand Jury အစီအစဉ်၌ Tondelier က Elon Musk နှင့် EU တာဝန်ရှိသူများအကြား တင်းမာမှုမြင့်တက်နေချိန်တွင် X ၏ လွှမ်းမိုးနေမှုအပေါ် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြည်သူအများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် အရေးပါသော်လည်း အမြင်လွဲမှားစေမည့် အယူအဆအချက်အလက်များ ဖြန့်ဝေမှုသည် အန္တရာယ်များပြီး ပိုင်ဆိုင်မှုကြွယ်ဝလာခြင်းနှင့်အတူ အခွင့်အာဏာရရှိရေး လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ကိုးကား-RT

Samsung ကုမ္ပဏီက Galaxy Easy Compensation အစီအစဉ်ကို စတင်မည်

ကမ္ဘာကျော် တောင်ကိုရီးယားနည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Samsung ကုမ္ပဏီသည် ၎င်းတို့ ထုတ်လုပ်ထားသည့် Galaxy စမတ်ဖုန်းအဟောင်းများကို ပြန်လည်လက်ခံ ဝယ်ယူပေးမည့် အစီအစဉ် တစ်ရပ်ကို ဇန်နဝါရီလ ၁၄ ရက်တွင် တရားဝင်  ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

Galaxy Easy Compensation ဟုအမည်ပေးထားသည့် အဆိုပါအစီအစဉ်သည် အီလက်ထရွန်နစ်ပစ္စည်း အပျက်အစီးများ လျှော့ချရေးနှင့် ပြန်လည်ပြုပြင် အသုံးပြုရေးတို့ကို မြှင့်တင်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

အစီအစဉ် အရ Samsung အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ ဖုန်းအဟောင်းများကို ကုမ္ပဏီ၏ဝက်ဘ်ဆိုက်မှ တစ်ဆင့် ပြန်လည်ရောင်းချနိုင်မည်ဖြစ်သည်။

ထို့ပြင် စမတ်ဖုန်းအသုံးပြုသူများ အနေဖြင့်လည်း ၎င်းတို့၏ ဖုန်းအဟောင်းများကို ရောင်းချနိုင်မည့် ခန့်မှန်းဈေးနှုန်းကိုလည်း စုံစမ်းဖော်ထုတ်နိုင်မည်ဖြစ်ပြီး ဈေးနှုန်းအား ဆုံးဖြတ်ပြီးပါက ဖုန်းအဟောင်းများကို Samsung ကုမ္ပဏီသို့ ချောပို့စနစ်ဖြင့် ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။

အသုံးပြုသူများ  ပေးပို့လိုက်သည့် Samsung ဖုန်းအဟောင်းများကို ကုမ္ပဏီမှ Excellent၊ Good နှင့် Recycle ဟူ၍ အဆင့် သုံးဆင့်ခွဲခြားသတ်မှတ်ပြီး သတ်မှတ်တန်ဖိုးများကို အသုံးပြုသူများထံ  အသီးသီး ပြန်လည်ပို့ပေးမည်ဖြစ်သည်။

ကုမ္ပဏီအနေဖြင့် လာမည့်အနာဂတ်ကာလတွင် ၎င်းတို့ထုတ်လုပ်ထားသည့် လက်တော့များ၊   စမတ်နာရီများ၊ တက်ဘလက်ဖုန်းများကိုလည်း ယခုအစီအစဉ်အတိုင်း ပြန်လည်လက်ခံမည်ဟူသော မျှော်လင့်ချက်များလည်း ထွက်ပေါ်လျက်ရှိသည်။

Source: Myawady Web Portal

ဘန်ကောက်တွင် ကမ္ဘောဒီးယားအမတ်ဟောင်းတစ်ဦး အသတ်ခံရ

ကမ္ဘောဒီးယားအတိုက်အခံအမတ်ဟောင်းတစ်ဦးသည် အင်္ဂါနေ့ညနေပိုင်းက ဘန်ကောက်မြို့တော် Phra Nakhon ခရိုင်တွင် မော်တော်ဆိုင်ကယ်သမားတစ်ဦး၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း သိရသည်။

လင်မ်ကင်ယာ(၇၃ နှစ်) သည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး လုပ်ကြံသတ်ဖြတ်သူကို မြို့တော်ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိသည်။

အခင်းဖြစ်နေရာမှ ထောက်လှမ်းရေးကင်မရာဗီဒီယိုမှတ်တမ်းအရ Honda Wave 100 မော်တော်ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။

သေဆုံးသူသည် ကမ္ဘောဒီးယားနှင့် ပြင်သစ်နှစ်နိုင်ငံ၏ နိုင်ငံသားခံယူထားသူဖြစ်ပြီး သူ၏ ပြင်သစ်ဇနီးသည် ကမ္ဘောဒီးယားလူမျိုးဦးလေးတို့နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ယိမှ ဘတ်စ်ကားဖြင့် ဘန်ကောက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

အခင်းဖြစ်နေရာသို့ ရောက်ရှိပြီး မကြာမီမှာပင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။ ဆိုင်ကယ်စီးလာသော ပြစ်မှုကျူးလွန်သူသည် အခင်းဖြစ်နေရာတွင် ဆိုင်ကယ်ကိုရပ်ကာ ဆင်းလာပြီးနောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် သူသည် Phra Sumen လမ်းအတိုင်း ဆိုင်ကယ်ဖြင့် ပြန်မောင်းထွက်ပြေးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။

လင်မ်ကင်ယာသည် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကအတိုက်အခံပါတီဖြစ်သော CNRP ပါတီဝင်တစ်ဦးဖြစ်ပြီး ပါတီသည် ၂၀၁၇ ခုနှစ်နိုဝင်ဘာလတွင် တရားရုံးချုပ်၏ ဖျက်သိမ်းမိန့်ဖြင့် အဖျက်ခံခဲ့ရသည်။

ယခင်ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်လက်ထက်က ညှင်းပန်းနှိပ်စက်မခံရရေးအတွက် သူ့လုပ်ဖော်ကိုင်ဖက် ပါတီဝင်များစွာသည် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ပြင်သစ်ပတ်စ်ပို့ကိုင်ဆောင်ထားသော လင်မ်ကင်ယာသည် နေရာသစ်တွင် အလွယ်တကူအခြေချခွင့်ရှိသည့်တိုင် ကမ္ဘောဒီးယားတွင် ဆက်ရှိနေခဲ့သည့် လက်တစ်ဆုပ်စာ ပါတီအမတ်များတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

“နိုင်ငံရေးကို ဘယ်တော့မှ အရှုံးမပေးပါဘူး” ဟု ထိုအချိန်က သတင်းထောက်များကို သူ ပြောဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Source: Popular Myanmar

ကမ္ဘာ့ပထမဆုံးသော ကာဗွန်ဖိုင်ဘာမီးရထားကို တရုတ်စတင်အသုံးပြု

မော်စကို၊ နည်းပညာ

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုန်းပြည်နယ်တွင် ကမ္ဘာ့ပထမဆုံးသော ကာဗွန်ဖိုင်ဘာမီးရထားကို ချင်းတောင် Metro က စတင်အသုံးပြုလိုက်ပြီဖြစ်ကြောင်း CCTV ရုပ်သံက ထုတ်ပြန်သည်။

အဆိုပါမီးရထားသည် သမားရိုးကျမီးရထားများနှင့် နှိုင်းယှဉ်ပါက အလေးချိန်အားဖြင့် ၁၁ ရာခိုင်နှုန်းပေါ့ပါးကြောင်း သိရသည်။ မြေအောက်မီးရထားများကို သာမန်အားဖြင့် အလူမီနီယံ၊ သံမဏိတို့ဖြင့် တည်ဆောက်လေ့ရှိသော်လည်း ကာဗွန်ဖိုင်ဘာသည် သံမဏိထက် ၅ ဆ ပိုမိုကြံ့ခိုင်ပြီး ၄ ဆ ပိုမိုပေါ့ပါးမှုရှိကြောင်း ရုပ်သံက ဆက်လက်ဖော်ပြသည်။ အဆိုပါ မီးရထားအား ချင်းတောင် Metro က ဇန်နဝါရီလ ၁၀ ရက်တွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကာဗွန်ဖိုင်ဘာမီးရထားကို အသုံးပြုခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လုပ်မှုကို နှစ်စဉ် ၁၃၀ တန်ခန့်အထိ လျှော့ချနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် လာမည့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုကို သိသိသာသာလျှော့ချရန် ဆုံးဖြတ်ထားကြောင်း သမ္မတရှီကျင့်ဖျင်က ၂၀၂၁ ခုနှစ်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

Ref: Sputnik

Source: မြဝတီသတင်းစာ

Face Unlock ပါဝင်လာမည့် မော်တော်ကားများ

ကားအနီးရောက်သည်နှင့် ကားတံခါးကို အလိုအလျောက်ဖွင့်နိုင်မည့် စမတ်ဖုန်းများတွင်ပါဝင်သည့် Face Unlock နည်းပညာသည် ကားများတွင် ပါဝင်လာတော့မည် ဖြစ်ပါသည်။ 

နာမည်ကြီး ကားတာယာကုမ္ပဏီ Continental က Face Unlock နည်းပညာ ပါဝင်သည့်ကားများ လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း ထွက်ပေါ်လာတော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကုမ္ပဏီက ၎င်းနည်းပညာကို“Intelligent Vehicle Experience Car With IQ” ဟု အမည်ပေးထားပါသည်။ 

အဆိုပါနည်းပညာတွင် အခြားအားသာချက်များလည်းပါဝင်ပြီး ကားကို ပိုင်ရှင်မဟုတ်သောသူ၊ ခိုးယူရန် ကြိုးစားသူက လာရောက်ဖွင့်လျှင် ပိုင်ရှင်ကို အသိပေးမည်ဖြစ်ပါသည်။ 

စမတ်ဖုန်းမှ ကားတံခါးဖွင့်နိုင်သည့် နည်းပညာကို အချို့ ကားများတွင် အသုံးပြုနိုင်ပြီဖြစ်ပါသည်။ အဆိုပါနည်းပညာတွင် စမတ်ဖုန်း၏ NFC Chip ကို အသုံးပြုထားခြင်းဖြစ်ပြီး စမတ်ဖုန်းများ၏ Face Unlock ကို ကားများတွင်အသုံးပြုနိုင်ရန် နှစ်အနည်းငယ် ကြာမြင့်ဦးမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ 

ကိုးကား-The Verge

ကယ်လီဖိုးနီးယားတောမီးကြောင့် ပျောက်ဆုံးသွားသူများကို ရှာဖွေကယ်ဆယ်ရန် အထူးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တစ်ခု ဖွဲ့စည်း

ဝါရှင်တန်     ဇန်နဝါရီ ၁၂

ကယ်လီဖိုးနီးယားတောမီးကြောင့် ပျောက်ဆုံးသွားသူများကို ရှာဖွေကယ်ဆယ်ရန် အထူးအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တစ်ခုဖွဲ့စည်းခဲ့ကြောင်း လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့က ယမန်နေ့တွင် ပြောကြားသည်။

ရဲတပ်ဖွဲ့က ပြည်သူ ၃၀၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့် သို့မဟုတ် သတိပေးချက်များ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ပစိဖိတ် Palisades ရပ်ကွက်တွင် ဇန်နဝါရီ ၇ ရက်က စတင်ခဲ့သော တောမီးလောင်ကျွမ်းမှုမှာ လေပြင်းတိုက်ခတ်မှုကြောင့် လော့စ်အိန်ဂျလိစ် အရှေ့မြောက်ပိုင်းအပါအဝင် အခြားနေရာများအထိ လျင်မြန်စွာကူးစက်ပျံ့နှံ့ခဲ့သည်။

ကမ္ဘာ့နာမည်ကြီး ပြတိုက်များထဲမှ တစ်ခုဖြစ်သည့် Getty Center အပါအဝင် အခြားအခြေချနေထိုင်သူများကို မဖြစ်မနေရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ လူအများအပြားကို ကားဖြင့် ဘေးလွတ်ရာသို့ ‌ရွှေ့ပြောင်းခဲ့ရပြီး လမ်းမများပေါ်တွင် ပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်စေခဲ့သည်။

တောမီးသည် စတုရန်းကီလိုမီတာ ၁၆၀ ကျော် လောင်ကျွမ်းခဲ့သည်။ လက်ရှိအချိန်ထိ ၁၆ ဦးသေဆုံးပြီး အဆောက်အအုံ ၁၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုများကြောင့် အန္တရာယ်ရှိသော မီးခိုးငွေ့များနှင့် အမှုန်အမွှားများကြောင့် လေထုအရည်အသွေးကို ကျဆင်းစေသည့်အတွက် ဒေသဆိုင်ရာအာဏာပိုင်များက ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့သည်။

မီးငြှိမ်းသတ်မှုများ ဆောင်ရွက်လျက်ရှိစဉ် လေပြင်းများ ထပ်မံတိုက်ခတ်လာနိုင်သည့်အတွက် အာဏာပိုင်များက ပြည်သူများအား နိုးကြားစွာဖြင့် နေထိုင်ကြရန် တိုက်တွန်းပြောကြားသည်။

Source: ကြေးမုံသတင်းစာ

လော့စ်အိန်ဂျလိစ် တောမီးကြောင့် သေဆုံးသူဦးရေ ၂၄ ဦးအထိ မြင့်တက်လာပြီး အများအပြား ပျောက်ဆုံး နေဆဲဖြစ်ကာ လေပြင်းများကြောင့် မီးတောက်များ ပိုမို ပြင်းထန်လာဖွယ်ရှိနေ

လော့စ်အိန်ဂျလိစ်တွင် ကြီးမားသော တောမီးလောင်ကျွမ်းမှုအတွင်း  ယခုအချိန်အထိ လူ ၂၄ ဦး သေဆုံးခဲ့ပြီး မီးလောင်ကျွမ်းမှု ပိုမိုပြင်းထန်လာနိုင်သည့် အန္တရာယ်ရှိ သောလေပြင်းများ ဝင်ရောက်လာနိုင်ကြောင်း သတိပေးထားသည်။

ခြောက်ရက်မြောက်နေ့တွင် အမေရိကန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့၌ မီးလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပွားခဲ့ပြီး ဧရိယာတစ်ခုလုံးနီးပါး လောင်ကျွမ်းပျက်စီးသွားကာ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom က တောမီးသည် အမေရိကန်သမိုင်းတွင်အဆိုးရွားဆုံးသဘာဝဘေးဖြစ်ပြီး အိမ်ခြေ ထောင်ပေါင်းများစွာ ပျက်စီးကာ လူပေါင်း ၁,၀၀၀,၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ပြောကြားခဲ့သည်။

မီးငြှိမ်းသတ်ရေးကြိုးပမ်းမှုများသည် ပါလီဆိတ်ဒေသ တောမီးပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း တောမီးသည် ဘရန့်ဝုဒ်နှင့်လူဦးရေ ထူထပ်သော ဆန်ဖာနန်ဒို တောင်ကြားဆီသို့ ဦးတည်သွားခဲ့သည်။

လာမည့်ရက်များအတွင်း ပြင်းထန်သော မီးလောင်ကျွမ်းမှုများနှင့်အတူ အသက်အန္တရာယ်ရှိသော အခြေအနေများ ဆိုးရွားစွာကြုံတွေ့လာနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။

လေပြင်းတိုက်ခတ်မှုနှုန်း တစ်နာရီလျှင် မိုင် ၇၀ (၁၁၀ ကီလိုမီတာ) အထိ တိုက်ခတ်နိုင်ပြီး အန္တရာယ်ရှိသောအခြေအနေ (PDS) ကို ဇန်နဝါရီ ၁၄ ရက်နေ့ အစောပိုင်းတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း အမျိုးသားမိုးလေဝသဌာနမှ မိုးလေဝသပညာရှင် ရို့စ်ဆန်ချိုရန်ဖဲ က ပြောကြားခဲ့သည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် မီးတောက်များကိုဖြစ်ပေါ်စေပြီး လက်ရှိလောင်ကျွမ်းလျက်ရှိသော ဇုန်များမှ မီးတောက်များကို နေရာသစ်များသို့ တွန်းပို့သကဲ့သို့ဖြစ်နိုင်ကြောင်း မီးသတ်သမားများက သတိပေးထားသည်။

လော့စ်အိန်ဂျလိစ် မီးသတ်ဌာနက ၎င်းတို့သည် အခြားဒေသများမှ ရေထရပ်ကားများနှင့် မီးသတ်သမား ဒါဇင်ပေါင်းများစွာအပါအဝင် ထောက်ပံ့မှုများကို လက်ခံရရှိခဲ့ပြီး ထပ်မံဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များကိုရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။