ဂျပန်မော်တော်ကား ဆူဇူကီး Suzuki ကော်ပိုရေးရှင်း အကြီးအကဲ Osamu Suzuki သည် ဒီဇင်ဘာ ၂၇ ရက်နေ့က အသက် ၉၄ အရွယ်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ပြောကြားလိုက် ပါသည်။

ဂျပန်ပြည်တွင်းကားထုတ်လုပ်မှုဈေးကွက်မှ ကမ္ဘာလုံး ဆိုင်ရာဈေးကွက်အထိ အပြိုင်အဆိုင်ထိုးဖောက်နိုင်ရေး ပြောင်းလဲနိုင်သူ Osamu Suzuki ကို ၁၉၃၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်တွင် မွေးဖွားခဲ့သည်။ သူသည် တိုကျိုရှိ Chuo University မှ ဥပဒေဖြင့် ဘွဲ့ရပြီးနောက် ဘဏ်လုပ်ငန်းလုပ်ကိုင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ဂျပန် နိုင်ငံအလယ်ပိုင်း Hamamatsu မြို့တွင် အခြေစိုက် သည့် Suzuki Motor တည်ထောင်သူ မိသားစုမှ Shunzo Suzuki ဥက္ကဋ္ဌ၏သမီးနှင့် လက်ထပ်ခဲ့ကာ Suzuki Motor ကားထုတ်လုပ်မှုလောကသို့ စတင် ဝင်ရောက် ခဲ့သည်။
ပြတ်သားသောအပြောအဆိုနှင့် ဖော်ရွေပျူငှာသော အမူအရာကြောင့် လူသိများလှသည်။ ၁၉၇၈ ခုနှစ်တွင် Suzuki ၏ CEO ဖြစ်လာခဲ့ပြီး၊ ၎င်း၏ကားများဖြင့် အိန္ဒိယနိုင်ငံအတွင်း ဂျပန်ကားထုတ်လုပ်မှုလုပ်ငန်းကို ပထမဆုံး စတင်နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။
ကိုးကား- တိုကျို၊ AP

တောင်ကိုးရီးယားတွင် Boeing 737-800 ပျက်ကျ၊ ကနဦးသတင်းများအရ ၁၇၉ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
PAL လေကြောင်းလိုင်းမှ ပြေးဆွဲနေသည့် Air Canada လေယာဉ်တစ်စင်းသည် Landing Gear ပျက်စီးမှုကြောင့်ကနေဒါနိုင်ငံ၊ Halifax လေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ကြောင်း သိရှိရပါသည်။ ယင်းသို့အရေးပေါ်ဆင်းသက်ခဲ့မှုကြောင့် လေယာဉ်အစိတ်အပိုင်း အချို့ မီးလောင်ကျွမ်းခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။

KLM လေကြောင်းလိုင်း၏ အော်စလိုလေဆိပ်မှ အမ်စတာဒမ်သို့ ပြေးဆွဲနေသည့် Boeing 737-800 လေယာဉ်သည် ပျံတက်ပြီး မကြာမီ ဟိုက်ဒရောလစ် ချို့ယွင်းမှုကြောင့်လမ်းကြောင်းပြောင်းခဲ့ရပြီး လေယာဉ်သည် အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်သော်လည်းပျံသန်းချိန်အတွင်း ထိန်းချုပ်မှုပျက်သွားခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။
ကိုးကား - RT
Photo- Newsweek

ပင်လယ်ရေအောက်ကေဘယ်လ်ကြိုးများ ပြတ်တောက် ပြီးနောက် ဘောလ်တစ်ပင်လယ်တွင် ၎င်း၏ စစ်ရေး လှုပ်ရှားမှုများကို တိုးမြှင့်သွားမည်ဟု မဟာမိတ်အဖွဲ့ အကြီးအကဲ Mark Rutte က ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ဖင်လန်သမ္မတ Alexander Stubb နှင့် ဖုန်းပြောဆိုပြီးနောက် အတွင်းရေးမှူးချုပ် သည် ၎င်း၏ ကြေညာချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ Helsinki သည် ယခုသီတင်းပတ်အစောပိုင်းတွင် Estlink 2 Power Cable ပျက်စီးသွားပြီးနောက် စုံစမ်းစစ်ဆေးမှုတစ်ခုကိုစတင်ခဲ့သည်။

နေတိုးအဖွဲ့ဝင်များသည် ဒေသတွင်းတွင် ရေတပ်စစ်ရေး လေ့ကျင့်မှုများ ပုံမှန်ပြုလုပ်ကြပြီး ရုရှားနယ်စပ်အနီးတွင် တိုက်လေယာဉ်များ ပျံသန်းသည့်ကာလ အတွင်း လေကြောင်းရဲတပ်ဖွဲ့၏ မစ်ရှင်များတွင် ပါဝင် ကူညီကြပြီး ယူကရိန်းပဋိပက္ခစတင်ခဲ့သည့် ကာလမှ စတင်၍ ယူကရိန်းအရှေ့ဘက်ခြမ်းတွင် တပ်အင်အား တိုးမြှင့်ချထားခဲ့သည်။
ဖင်လန်နှင့် အက်စ်တိုးနီးယားအား ဆက်သွယ်ထားသည့် Estlink 2 Cable သည် ခရစ္စမတ်နေ့တွင် ပျက်စီးခဲ့ပြီး ထိုနေ့ညနေပိုင်းတွင် ဖင်လန်နယ်ခြားစောင့်တပ်က သံသယဖြင့် ရုရှားရေနံတင်သင်္ဘော Eagle S ကို ဖမ်းဆီး ခဲ့သည်။
ရုရှားက ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မှတ်ချက် မပေး သော်လည်း ပိတ်ဆို့အရေးယူမှုသည် တရားမျှတမှု မရှိဘဲ တရားမ၀င်ဟု ယခင်က ရှုတ်ချခဲ့သည်။
နိုဝင်ဘာလအတွင်း ဖင်လန်နှင့် ဂျာမနီကြား ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် Baltic Sea ကေဘယ်လ်ကြိုးနှစ်ခု၊ လစ်သူယေးနီးယားနှင့် ဆွီဒင် ကြားတွင် လည်ပတ်နေသည့် ကေဘယ်လ်ကြိုး တစ်ခုတို့သည် ဆက်တိုက် ပြတ်တောက်သွားခဲ့သည်။ အခင်း ဖြစ်ပွားချိန်ဝန်းကျင်က ကေဘယ်လ်ကြိုးဧရိယာအား ကျော်ဖြတ်လာသည့် တရုတ်သင်္ဘော Yi Peng 3 က မသင်္ကာစရာဖြစ်ခဲ့ကြောင်း ပြောဆိုထားပြီး စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက် သည်ဟု ဆွီဒင်၏စွပ်စွဲချက်ကို တရုတ်နိုင်ငံက ငြင်းဆိုထားသည်။
ကိုးကား-RT

ဝါရှင်တန် ဒီဇင်ဘာ ၂၆
နာဆာ(NASA)၏ အာကာသစူးစမ်းလေ့လာရေးယာဉ်တစ်ခုဖြစ်သည့် Parker Solar Probe သည် ဒီဇင်ဘာ ၃၁ ရက်တွင် နေနှင့်အနီးကပ်ဆုံး ချဉ်းကပ်ရောက်ရှိနိုင်သည့် စံချိန်သစ်တင်နိုင်ဖွယ်ရှိကြောင်း သိရသည်။
Parker Solar Probe အာကာသယာဉ်သည် ဒီဇင်ဘာ ၃၁ ရက်တွင် နေ၏ မျက်နှာပြင်မှ မိုင် ၃ ဒသမ ၈ သန်း(ကီလိုမီတာ ၆ ဒသမ ၁ သန်း) အတွင်းဖြတ်သန်းလှည့်ပတ်သွားလာနိုင်မည်ဟု မျှော်လင့်ရပြီး ယခင်လုပ်ဆောင်ခဲ့သည့် မစ်ရှင်များထက် ခုနစ်ဆပိုမိုနီးကပ်ကြောင်း နာဆာကဆိုသည်။

Parker သည် ၂၀၁၈ ခုနှစ်မှစတင်ကာ နေရောင်ခြည်စွမ်းအင်သုံးပြီး အာကာသအတွင်း စူးစမ်းလေ့လာမှုများကို ဆောင်ရွက်လျက်ရှိသည်။ ၎င်း၏ မစ်ရှင် ၂၁ ခုအတွင် ယခုအကြိမ်သည် နေနှင့် ပိုမိုနီးကပ်မည်ဖြစ်ကြောင်း သိရသည်။
NASA နှင့် Johns Hopkins Applied Physics Laboratory တို့ ပူးပေါင်းလုပ်ဆောင်သည့် အာကာသစူးစမ်းလေ့လာရေးဆိုင်ရာ ယခုမစ်ရှင်သည် လူသားတို့၏ မူလအစနှင့် နေရောင်ခြည်၏ ဆင့်ကဲဖြစ်စဉ်များကို ပိုမိူသိရှိနိုင်ရန်အတွက် တိုင်းတာမှုများနှင့် ရုပ်ပုံများကို စုဆောင်းရန် ရည်ရွယ်သည်။
ထို့ပြင် ကမ္ဘာမြေပေါ်ရှိ သက်ရှိများနှင့် နည်းပညာအပေါ် သက်ရောက်မှုရှိသော အာကာသာပတ်ဝန်းကျင်၏ ပြောင်းလဲမှုများကို ခန့်မှန်းရာတွင်လည်း အရေးပါသော ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
Source: ကြေးမုံသတင်းစာ

တရုတ်အစိုးရက ကမ္ဘာကျော်ချောက်သုံးလုံးတမံထက် လျှပ်စစ်ဓာတ်အားပမာဏသုံးဆပိုမိုထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ်စက်ရုံကြီးတစ်ခုကိုတည်ဆောက်သွားရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါရေအားလျှပ်စစ်စက်ရုံကြီးကို တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ယာလန်းဆန်းပိုမြစ်ကြီးပေါ်၌ တည်ဆောက်သွားမည်ဖြစ်သည်။ အင်ဂျင်နီယာပညာပိုင်းအရစိန်ခေါ်မှုများစွာရှိမည့် ထိုရေအားလျှပ်စစ်စက်ရုံစီမံကိန်းကြီးကို ယွမ် ၁ ထရီ လီယံအထိရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သောကြောင့် ကမ္ဘာပေါ်တွင်ကုန်ကျစရိတ်အများဆုံးသော အခြေခံအဆောက်အအုံစီမံကိန်းတစ်ခုဖြစ်လာမည်ဖြစ်သည်။

တိဗက်ကုန်းပြင်မြင့်ကို ဖြတ်သန်းစီးဆင်းနေသည့် ယာလန်းဆန်းပိုမြစ်ကြီးက ကမ္ဘာပေါ်တွင်အနက်ဆုံးဖြစ်သောချောက်ကြီးတစ်ခုကိုဖြစ်ပေါ်စေပြီး အမြင့်အားဖြင့် မီတာ ၇၀၀၀ ကျော်ရှိကာ အိန္ဒိယနိုင်ငံသို့ ရောက်ရှိသည့်အခါ ဗြဟ္မပုတ္တရမြစ်အဖြစ် ပြောင်းလဲစီးဆင်းသွားခြင်းဖြစ်သည်။
ထိုရေအားလျှပ်စစ်စက်ရုံမှ နှစ်စဉ်လျှပ် စစ်ဓာတ်အားပမာဏ ကီလိုဝပ်နာရီပေါင်း ဘီလီယံ ၃၀၀ နီးပါးထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စက်ရုံဖြစ်သော ချောက် သုံးလုံးတမံမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ပမာဏ ကီလိုဝပ်နာရီပေါင်း ၈၈ ဒသမ ၂ ဘီလီယံသာထုတ်လုပ်ထားနိုင်သည်။
Ref: SCMP
Source: Myawady Web Portal

တိုကျို ဒီဇင်ဘာ ၂၆
ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရသည့်အတွက် ပြည်တွင်းနှင့် ပြည်ပခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာမှုများ ပေါ်ပေါက်ခဲ့ရသည်ဟု ဂျပန်လေကြောင်းလိုင်းက ပြောသည်။

ဒီဇင်ဘာ ၂၆ ရက် နံနက် ၇ နာရီ ၂၄ မိနစ်ခန့်က ပြင်ပစနစ်များဖြင့် ဒေတာဆက်သွယ်ရေးအတွက် အသုံးပြုသည့် ၎င်း၏ ကွန်ရက်စနစ်တွင် ရှုပ်ထွေးမှုများ ရုတ်တရက်မြင့်မားလာကြောင်း လေကြောင်းလိုင်းကပြောသည်။ ခရီးသည်အိတ်များ တင်ဆောင်ခြင်း စီမံခန့်ခွဲမှုအပါအဝင် ၎င်း၏ စနစ်များတွင် ချွတ်ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဂျပန်လေကြောင်းလိုင်းက ပြောသည်။
ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းအထိ ပြည်တွင်းလေကြောင်းခရီးစဉ် ၂၄ ခုမှာ မိနစ် ၃၀ မှ ၈၅ မိနစ်အထိ အချိန်နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်။ အချို့သော ပြည်ပခရီးစဉ်များတွင်လည်း နှောင့်နှေးမှုများ ပေါ်ပေါက်ခဲ့သည်။ ဒီဇင်ဘာ ၂၆ ရက်တွင် လေယာဉ်လက်မှတ်ရောင်းချမှုများကို ဆိုင်းငံ့ခဲ့သည်။
လေယာဉ်ခရီးစဉ်များကိ ဖျက်သိမ်းခဲ့ခြင်းမရှိဟု ဂျပန်လေကြောင်းလိုင်းက ပြောသည်။ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်အတွက် ထိခိုက်ထားသည့် စက်ကိရိယာများကို ပိတ်ထားခဲ့ပြီး စနစ်ပြန်လည်စတင်ရန် လုပ်ဆောင်နေကြာင်း လေကြောင်းလိုင်းကပြောသည်။
အဆိုပါပြဿနာသည် လေကြောင်းပျံသန်းမှုဆိုင်ရာ လုံခြုံရေးကို ထိခိုက်ခြင်းမရှိကြောင်း လေကြောင်းလိုင်းကပြောသည်။ ယင်းပြဿနာကြောင့် ခရီးသွားအချို့ အဆင်မပြေဖြစ်ရသည့်အတွက် တောင်းပန်ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။
အန်န်အိတ်ချ်ကေ
Source: မြန်မာ့အလင်းသတင်းစာ

လေကြောင်းနည်းပညာမှာ သန့်ရှင်းစွမ်းအင်ကို အသုံးပြုမှုက တဖြည်းဖြည်းနဲ့မြင့်မားလာတာနဲ့အမျှ လေကြောင်း ကုမ္ပဏီတွေကလည်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို တိုးမြှင့်အသုံးပြုလာနိုင်ဖို့ကြိုးစားလာကြပါတယ်။
ဒီအချိန်မှာ ဂျိုဘီလေကြောင်းကုမ္ပဏီက ဟိုက်ဒရိုဂျင်နဲ့ လျှပ်စစ်စွမ်းအင်အသုံးပြုတဲ့ ဝေဟင်တက္ကစီတစ်မျိုးကို ထုတ်ဖော်မိတ်ဆက်ထားတာရှိပါတယ်။ သူ့ရဲ့ အောင်မြင်မှုကလည်း တကယ့်ကိုအံ့မခန်းပါပဲ။

သူတို့ကုမ္ပဏီရဲ့လက်တွေ့စမ်းသပ်မှုတစ်ခုမှာ အဲဒီဝေဟင်တက္ကစီက မရပ်မနားပျံသန်းမှုကို အောင်မြင်စွာလုပ်နိုင်တယ်လို့ဆိုပါတယ်။ အဲဒီလိုစမ်းသပ်ပျံသန်းမှုမှာ ဝေဟင်တက္ကစီက မိုင်ပေါင်း ၅၂၃ မိုင်အထိ အောင်မြင်စွာပျံသန်းလိုက်နိုင်တာကိုတွေ့ရပါတယ်။
ဒီလိုပျံသန်းစဉ်မှာလည်း ဝေဟင်တက္ကစီကနေ ထုတ်ပေးလိုက်တဲ့အရာက ရေသာဖြစ်တာကြောင့် ပတ်ဝန်းကျင်ကို လွန်စွာအကျိုးဖြစ်ထွန်းစေပါတယ်။
သမားရိုးကျအားဖြင့် လောင်စာဆီကိုသာအသုံးပြုနေရတဲ့ လေယာဉ်တွေမှာ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးနည်းပညာကို ပြောင်းလဲအသုံးပြုခြင်းအားဖြင့် သဘာဝ ပတ်ဝန်းကျင်နဲ့လည်း လိုက်လျောညီထွေမှုရှိစေနိုင်တဲ့အတွက် နိုင်ငံဖြတ်ကျော်လေယာဉ်ကြီးများအထိ အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။

Koenigsegg ဆိုတဲ့ မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီက သူတို့ရဲ့နောက်ဆုံးထုတ် ပြိုင်ကားအမျိုးအစားနဲ့အတူ ကမ္ဘာ့စံချိန်အသစ်ကို တင်လိုက်နိုင်တာ တွေ့ရပါတယ်။
အဲဒီပြိုင်ကားအမျိုးအစားက Jesko Absolut ပါ။ ဒီပြိုင်ကားက အရှိန်နှုန်း သုည ကနေ မိုင် ၂၅၀ အထိကို ၁၉ ဒသမ ၂ စက္ကန့် အတွင်း အရှိန်တင်နိုင်တာဖြစ်ပါတယ်။
သုညကနေ မိုင် ၂၅၀၊ မိုင် ၂၅၀ ကနေ သုည အထိ အရှိန်တင်၊ အရှိန်လျှော့ခြင်းကို ၂၈ ဒသမ ၂၇ စက္ကန့်အတွင်း လုပ်ဆောင်နိုင်တာပါ။

ဒီနှုန်းထားဟာ Regera ကားကတင်ထားတဲ့စံချိန်ထက် ၁ ဒသမ ၃၃ စက္ကန့် ပိုမြန်နေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် Jesko Absolut ဟာ တစ်နာရီ မိုင် ၄၀၀ အထိကို အရှိန်တင်၊ အရှိန်လျှော့ခြင်းမှာလည်း ၂၇ ဒသမ ၈၃ စက္ကန့်သာ ရှိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ၏ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်ဖြစ်သည့် (White Emperor) သည် ၎င်း၏ ပထမဆုံးပျံသန်းမှုကို ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။၂၀၂၄ခုနှစ် Zhuhai Airshow တွင် ပထမဆုံး ထုတ်ဖော်ပြသခဲ့သည့် ကိုယ်ပျောက်ဂျက်လေယာဉ်သည် အသံထက်မြန်သော အမြန်နှုန်း၊ လက်နက်စနစ်သစ်များနှင့်အတူ ရေဒါလျှော့ချနိုင်သော မျက်နှာပြင်များပါရှိကြောင်း သိရှိရပါသည်။
ကိုးကား - RT News
Photo- The National Interest

အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဒီဇင် ဘာလ ၂၅ ရက် အစောပိုင်းတွင် ကာဇက်စတန်နိုင်ငံ၌ ပျက်ကျမှုဖြစ်ပွားကြောင်း သိရသည်။
လေယာဉ်အမှုထမ်းငါးဦးနှင့် ခရီးသည် ၆၂ ဦးကိုတင်ဆောင်ပြီး ဘာကူမြို့မှ ရုရှားနိုင်ငံ ဂရော့ဇနီမြို့သို့ ပျံသန်းလာသည့် ထိုလေယာဉ်သည် ကာဇက်စတန်နိုင်ငံ အက်တာအူလေဆိပ်မှ သုံးကီလိုမီတာအကွာ၌ ပျက်ကျခြင်းဖြစ်သည်။

လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းမှာ လေယာဉ်သည် ငှက်အုပ်တစ်အုပ်နှင့် ဝင်တိုက်မိခြင်းကြောင့် ဖြစ်သည်ဟု ကနဦး စုံစမ်းစစ်ဆေးမှုတွင် ဖော်ပြထားသည်။ ထို့ပြင် လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်ကျန်ရစ်သူ ၃၂ ဦးကိုသာ တွေ့ရှိရသေးကြောင်းနှင့် ကျန်သူများမှာ သေဆုံးနိုင်ခြေရှိကြောင်း တာဝန်ရှိသူများက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အဇာဘိုင်ဂျန်ရှေ့နေချုပ်ရုံးက ပြစ်မှုဆိုင်ရာဥပဒေအရ အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။