တိဗက်ဒေသ၌ ငလျင်လှုပ်သဖြင့် အနည်းဆုံး လူ ၅၃ ဦး သေဆုံး

News Image

  • တိဗက်ဒေသ၌ ငလျင်လှုပ်သဖြင့် အနည်းဆုံး လူ ၅၃ ဦး သေဆုံး

ဟိမဝန္တာ တောင်ခြေမြောက်ဘက် တိဗက်ဒေသ အမြင့်ဆုံး မြို့တစ်မြို့အနီးတွင် ဇန်နဝါရီ ၇ ရက်နေ့က ပြင်းအား ၆.၈ မဂ္ဂနီကျူအဆင့်ရှိ ငလျင်တစ်ခု လှုပ်ခါခဲ့ရာ အနည်းဆုံး လူ ၉၅ ဦးသေဆုံးပြီး ၁၃၀ ဦး ဒဏ်ရာ ရသွားကြောင်း တရုတ်အာဏာပိုင်များက ပြောကြား ထားပါသည်။

အဆိုပါငလျင်မှာ ဒေသစံတော်ချိန် နံနက် ၀၉၀၅ အချိန်တွင် ဧဝရတ်တောင် မြောက်ဘက်ဝင်ပေါက်ဟု လူသိများသော တရုတ်ကျေးလက်ဒေသ Tingri ကို အခြေပြု၍ လှုပ်ခါခဲ့ခြင်းဖြစ်ပြီး အိမ်နီးချင်း နီပေါ၊ ဘူတန်နှင့် အိန္ဒိယနိုင်ငံတို့တွင်ပါ လှုပ်ခါခဲ့ကြောင်း သိရပါသည်။ အမေရိကန်ဘူမိဗေဒဌာနက အဆိုပါ ငလျင်မှာ ၇.၁ မဂ္ဂနီကျူ ပြင်းထန်ကြောင်း ဆိုထားပါသည်။ 

ကိုးကား - CNA