သတင်းများ

ဂျပန်နိုင်ငံမှ အသက် ၁၁၅ နှစ်အရွယ်  အိုဂါကီဟာယာရှိအမည်ရှိ အမျိုးသမီးကြီး နိုင်ငံ၏ အသက်အကြီး ဆုံးပုဂ္ဂိုလ်ဖြစ်လာ

ဂျပန်နိုင်ငံမှ  ကမ္ဘာ့အသက်အကြီးဆုံး အဖြစ်သတ်မှတ်ခံထားရသည့် အမျိုးသမီးကြီးသေဆုံးပြီးနောက် ဂီဖူစီရင်စုမှ အသက်  ၁၁၅ နှစ်အရွယ် အိုဂါကီဟာယာရှိအမည်ရှိ အမျိုးသမီးကြီးသည်  နိုင်ငံ၏ အသက်အကြီးဆုံးဖြစ်လာကြောင်း အာဏာပိုင်အဖွဲ့က ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်သည်။

ဟာယာရှိသည် ၁၉၀၉ ခုနှစ် စက်တင်ဘာလ ၂ ရက်တွင် မွေးဖွားခဲ့သူဖြစ်ပြီး တိုမီကို အီတူကာအမည်ရှိ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီးသည် အာရှီယာမြို့ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင်   ၂၀၂၄  ခုနှစ် ဒီဇင်ဘာလ  ၂၉ ရက်တွင်   သေဆုံးသွားပြီးနောက် ဂျပန်နိုင်ငံ၏အသက်အကြီးဆုံး အမျိုးသမီးကြီးဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလထုတ်ပြန်ချက်များအရ ဂျပန်နိုင်ငံတွင် အသက် ၁၀၀ ကျော်အရွယ်ရှိ သက်ကြီးရွယ်အိုဦးရေမှာ ၉၅၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် ၈၈ ရာခိုင်နှုန်းသည်  အမျိုးသမီးကြီးများဖြစ် သည်။

ဂျပန်နိုင်ငံ၏ လက်ရှိလူဦးရေ ၁၂၄ သန်း အနက် သုံးပုံတစ်ပုံမှာ အသက် ၆၅ နှစ်အရွယ် သက်ကြီးရွယ်အိုများဖြစ်ကြောင်း သိရသည်။

Ref: RNZ, KD

Source: Myawady Web Portal

အီဂျစ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ခရီးသွား ဝင်ရောက်မှု ပမာဏ သမိုင်းစံချိန်သစ်တင်

အီဂျစ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ခရီးသွားဝင်ရောက်မှုပမာဏသည် အကြိမ်ရေ ၁၅.၇ သန်း ကျော်ခဲ့ပြီး သမိုင်းစံချိန်သစ်တင်ခဲ့ကြောင်း အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် Mostafa Madbouly က ဇန်နဝါရီလ ၁ ရက်တွင် ပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါ ကိန်းဂဏန်းသည် စိတ်အားတက်ဖွယ်ဖြစ်စေကြောင်း ဝန်ကြီးချုပ် Mostafa Madbouly က ထိုနေ့ အီဂျစ်နိုင်ငံအုပ်ချုပ်ရေးမြို့တော်သစ်တွင် ကျင်းပသည့်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်၌ အီဂျစ်အမျိုးသားပြတိုက် (The Grand Egyptian Museum-GEM)ကို တရားဝင်စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါပြတိုက်ကို အကြောင်းပြု၍ ခရီးသွားဝင်ရောက်မှ

အီဂျစ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ခရီးသွားဝင်ရောက်မှုပမာဏသည် အကြိမ်ရေ ၁၅.၇ သန်း ကျော်ခဲ့ပြီး သမိုင်းစံချိန်သစ်တင်ခဲ့ကြောင်း အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် Mostafa Madbouly က ဇန်နဝါရီလ ၁ ရက်တွင် ပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါ ကိန်းဂဏန်းသည် စိတ်အားတက်ဖွယ်ဖြစ်စေကြောင်း ဝန်ကြီးချုပ် Mostafa Madbouly က ထိုနေ့ အီဂျစ်နိုင်ငံအုပ်ချုပ်ရေးမြို့တော်သစ်တွင် ကျင်းပသည့်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်၌ အီဂျစ်အမျိုးသားပြတိုက် (The Grand Egyptian Museum-GEM)ကို တရားဝင်စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါပြတိုက်ကို အကြောင်းပြု၍ ခရီးသွားဝင်ရောက်မှုပမာဏ အကြိမ်ရေ ၁၈ သန်း ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ခရီးသွားလုပ်ငန်းဝင်ငွေသည် အီဂျစ်နိုင်ငံ၏ အဓိက နိုင်ငံခြားဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်ကြောင်း သိရသည်။ အီဂျစ်နိုင်ငံအစိုးရအချက်အလက်များအရ ၂၀၁၉ ခုနှစ် တွင် အီဂျစ်နိုင်ငံသို့ ခရီးသွားဝင်ရောက်မှုပမာဏ အကြိမ်ရေ ၁၃ သန်းကျော်ခဲ့ကာ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် တစ်ဟုန်ထိုးကျဆင်းသွားရာမှ တဖြည်းဖြည်းချင်း ပြန်လည်တိုးတက်လာခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် အီဂျစ်နိုင်ငံသို့ ခရီးသွားဝင်ရောက်မှုပမာဏ အကြိမ်ရေ ၁၄.၉ သန်းရှိခဲ့ သည်။ 

ကိုးကား - Xinhua

မီလန်မြို့က အများပြည်သူနှင့် ဆိုင်သောနေရာများတွင် ဆေးလိပ်မီးညှိလျှင်ပင် ဒဏ်ငွေရိုက်မည်

အီတလီနိုင်ငံ၏ စီးပွားရေးမြို့ဖြစ်သည့် မီလန်မြို့တွင် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် ဆေးလိပ်သောက်ရန် ဆေးလိပ်မီးညှိလျှင်ပင် လာရောက် ဖမ်းဆီးပြီး ဒဏ်ငွေအများအပြားရိုက်မည်ဟု အမိန့် ထုတ်လိုက်ပါသည်။ အဆိုပါအမိန့်သည် ဇန်နဝါရီလ ၁ ရက်နေ့မှစတင် အသက်ဝင်ကြောင်းသိရှိရပြီး ထုတ်ပြန် သည့်အမိန့်စာ၌ ဒေသတွင်းလေထုသန့်စင်စေရန်နှင့် ပြည်သူ့ကျန်းမာရေးအတွက် ရည်ရွယ်ပြီးထုတ်ပြန်ရကြောင်း ပါရှိပါသည်။ ချမျတ်ထားသောအမိန့်၌ ဖမ်းဆီးမှုတစ်ခု အတွက် ယူရို ၄၀ မှ ၂၄၀ အတွင်းချမှတ်မည်ဟု ဆိုပါသည်။ ၎င်းအမိန့်နှင့်ပတ်သက်ပြီး မြို့ခံများက ကြိုက်နှစ်သက်မှုမရှိကြသော်လည်း အချို့က လူမှုကွန်ယက်စာမျက်နှာပ

အီတလီနိုင်ငံ၏ စီးပွားရေးမြို့ဖြစ်သည့် မီလန်မြို့တွင် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် ဆေးလိပ်သောက်ရန် ဆေးလိပ်မီးညှိလျှင်ပင် လာရောက် ဖမ်းဆီးပြီး ဒဏ်ငွေအများအပြားရိုက်မည်ဟု အမိန့် ထုတ်လိုက်ပါသည်။ အဆိုပါအမိန့်သည် ဇန်နဝါရီလ ၁ ရက်နေ့မှစတင် အသက်ဝင်ကြောင်းသိရှိရပြီး ထုတ်ပြန် သည့်အမိန့်စာ၌ ဒေသတွင်းလေထုသန့်စင်စေရန်နှင့် ပြည်သူ့ကျန်းမာရေးအတွက် ရည်ရွယ်ပြီးထုတ်ပြန်ရကြောင်း ပါရှိပါသည်။ ချမျတ်ထားသောအမိန့်၌ ဖမ်းဆီးမှုတစ်ခု အတွက် ယူရို ၄၀ မှ ၂၄၀ အတွင်းချမှတ်မည်ဟု ဆိုပါသည်။ ၎င်းအမိန့်နှင့်ပတ်သက်ပြီး မြို့ခံများက ကြိုက်နှစ်သက်မှုမရှိကြသော်လည်း အချို့က လူမှုကွန်ယက်စာမျက်နှာပေါ်၌ လူတစ်ဦးချင်းဆိုင်ရာ လွတ်လပ်မှုကို ထိခိုက်နေကြောင်း ရေးသားထားမှု များရှိပါသည်။

အချို့က ဆေးလိပ်သောက်သူများအနေဖြင့် ဆေးလိပ်မသောက်သည့်သူများအပေါ် ကိုယ်ချင်းစာတရားထား ရှိသင့်ကြောင်းနှင့် မိမိ၏လုပ်ဆောင်မှုသည် အခြားသူ များအား ထိခိုက်စေခြင်းကို နားလည်သင့်သည်ဟု ဆိုကြပါသည်။ 

ဆေးလိပ်ကြိုက်သူအချို့ကလည်း နိုင်ငံတော်စီမံကိန်းများ၊ လေယာဉ်များ၊ ကားများနှင့် စက်ရုံများမှ ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုက်များနှင့် နှိုင်းယှဉ်ပါက ဆေးလိပ် သောက်ခြင်းကြောင့် ထွက်ရှိသည့် လေထုညစ်ညမ်းမှု သည် ပြောပဖွယ်ရာမရှိကြောင်း အခြေတင် ပြောဆိုမှု များလည်းရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ မီလန်မြို့မှ အများပြည်သူအနေဖြင့် အဆိုပါတင်းကျပ်သည့်အမိန့် ကို မလွဲမသွေလိုက်နာကြရမည်ဖြစ်ကြောင်း ဖော်ပြထားရှိပါသည်။ 

ကိုးကား-Myanmar National Post

အမေရိကန်သမ္မတ Biden က သမ္မတ၏ဂုဏ်ထူးဆောင်ဆု(Presidential Medal of Freedom)ကို ရရှိသူများအား ကြေညာ

သမ္မတ Biden သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အိမ်ဖြူတော်၌ ပေးအပ်ချီးမြှင့်မည့် Presidential Medal of Freedom ရရှိသူများ၏ အမည်စာရင်းများကို ကြေညာခဲ့သည်။

အဆိုပါဆုသည် အမေရိကန်ပြည်ထောင်စု၊ ကမ္ဘာ့ငြိမ်းချမ်းရေး သို့မဟုတ် အခြားအရေးကြီးသော လူမှုအဖွဲ့အစည်း၊ အစိုးရ သို့မဟုတ် ပုဂ္ဂလိက ကြိုးပမ်းအားထုတ်မှုများတွင် စံနမူနာပြ ပံ့ပိုးပေးခဲ့ကြသော ပုဂ္ဂိုလ်များအား ပေးအပ်သည့်ဆုဖြစ်ပါသည်။ အမေရိကန်နိုင်ငံ၌ အရပ်သားများကို ပေးအပ်သည့် ဂုဏ်ပြုဆုများတွင် အမြင့်ဆုံး ဆုတံဆိပ်ဖြစ်ပြီး နယ်ပယ်အသီးသီးမှ ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ရော့ဟမ် ကလင်တန်၊  Open Society Foundations တည်ထောင်သူ ဂျော့ဆိုးရော့စ် ၊ အင်တာမိုင်ယာမီ CF ဘောလုံး အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီ အပါအဝင် စုစုပေါင်း ၁၉ ဦးကို ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်ပါသည်။ 

ကိုးကား - The White House

ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် တိုမီကို အီတူကာသည် အသက် ၁၁၆ နှစ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ လက်ရှိ ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် အီတူကာထက် ၁၆ ရက် ငယ်သော ဘရာဇီးလ်သီလရှင် အင်နာ့ချ်ကာနာဘာရိုလူကပ်စ်က မှတ်တမ်းဝင်ခဲ့သည်။

Itoka သည် မေလ ၂၃ ရက်၊ ၁၉၀၈ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ အိုဆာကာတွင် မွေးဖွားခဲ့ပြီး ကမ္ဘာစစ်နှစ်ခုကို ဖြတ်သန်း နေထိုင်ခဲ့ကာ ရာစုနှစ်တစ်ခုကျော် အသက်ရှင်နေထိုင် နိုင်ခဲ့သည်။ ငယ်စဉ်ကတည်းက အထက်တန်းကျောင်း ဘော်လီဘောကစားသမားတစ်ဦးဖြစ်ပြီး အွန်တာကီ တောင်ကို နှစ်ကြိမ်တက်ရောက်နိုင်ခဲ့သည်။

အသက် ၁၁၇ နှစ်အရွယ် Maria Branyas သေဆုံး ပြီးနောက် အီတူကာသည် ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှားပုဂ္ဂိုလ်အဖြစ် ၂၀၂၄ ခုနှစ် သြဂုတ်လတွင် တရားဝင်အသိအမှတ်ပြုခံခဲ့ရသည်။

အီတူကာ သည် ငှက်ပျောသီးနှင့် Calpis ကြွယ်ဝသည့် ဂျပန်ရိုးရာဒိန်ချဉ်ဖျော်ရည်ကို နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြောင်းသိရသည်။ 

သူမသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ ဟိုဂိုစီရင်စု အီရှီယာရှိ ပြုစုစောင့်ရှောက်ရေးဂေဟာတွင် ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သားတစ်ဦး၊ သမီးတစ်ဦးနှင့် မြေးငါးဦး ကျန်ရစ်ခဲ့သည်

ကိုးကား-RT

ပြိုင်ဘက်များကိုစိန်ခေါ်မယ့် ဆမ်ဆောင်းရဲ့လူတူစက်ရုပ်

လူတူစက်ရုပ်နယ်ပယ်မှာ Tesla တို့၊  OpenAI တို့၊ BYD တို့က ဦးဆောင်နေပါတယ်။ သူတို့ရဲ့စက်ရုပ်တွေက စက်မှုကုန်ထုတ်လုပ်ငန်းမှာ လူသားတွေနေရာကို အစားထိုးနိုင်လောက်တဲ့အထိ အဆင့်မြင့်မားလှပါတယ်။

ဆမ်ဆောင်းကလည်း ပြိုင်ဘက်များကို စိန်ခေါ်ပြီး အဲဒီလိုစက်ရုပ်မျိုးကိုထုတ်လုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုကိုပုံအောပြီးအသုံးပြုနေပါတယ်။ တောင်ကိုရီးယားရဲ့ ဦးဆောင်စက်ရုပ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Rainbow Robotics မှာပါ။ အဲဒီကုမ္ပဏီမှာ ဆမ်ဆောင်းရဲ့ ရှယ်ယာအများဆုံးဖြစ်စေတဲ့ အထိကို ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်လာနေတာဖြစ်ပါတယ်။

ဆမ်ဆောင်းက သူတို့ရဲ့လူတူစက်ရုပ်ကို ဘယ်မှာမှမမြင်တွေ့ဖူးတဲ့ပုံစံမျိုး၊ စွမ်းဆောင်ရည်မျိုးနဲ့ ထုတ်လုပ်လာနိုင်ဖို့ကို ဦးစားပေးပြီး စီမံကိန်းရေးဆွဲနေတာပါ။ အဲဒီစက်ရုပ်တွေက သမားရိုးကျလုပ်ရိုးလုပ်စဉ်တွေကနေ ကွဲထွက်လာစေမယ်လို့ လည်းဆိုထားပါတယ်။     

Ref: IE K.H

၂၀၂၄ ခုနှစ်အတွင် အီဂျစ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသည် ၁၅ ဒသမ ၇ သန်းစံချိန်တင်

ကိုင်ရို   ဇန်နဝါရီ ၂

၂၀၂၄ ခုနှစ်အတွင်း အီဂျစ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသည် ၁၅ ဒသမ ၇ သန်း စံချိန်တင်ခဲ့ကြောင်း အီဂျစ်ဝန်ကြီးချုပ် မိုစတာဖာမတ်ဘောင်လီက ယမန်နေ့ကပြောကြားသည်။

အဆိုပါ အရေအတွက်သည် အီဂျစ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် ကောင်းမွန်သည့်ရလဒ်များကို ပိုင်ဆိုင်ရရှိခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် မတ်ဘောင်လီက အုပ်ချုပ်ရေးမြို့တော်သစ်ကိုင်ရို၌ အပတ်စဉ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ အထူးသဖြင့် Grand Egyptian ပြတိုက်ကို တရားဝင်ဖွင့်လှစ်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားသားခရီးသည် ၁၈ သန်းလာရောက်ရန် ရည်မှန်းထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အီဂျစ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးသွားဦးရေသည် ၂၀၁၉ ခုနှစ်တွင် ၁၃ သန်းကျော်မှ ၂၀၂၀ ပြည့်နှစ်တွင် ၃ ဒသမ ၇ သန်းဝန်းကျင်သို့ သိသိသာသာ လျော့ကျသွားခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ရှစ်သန်းခန့် ၂၀၂၂ ခုနှစ်တွင် ၁၁ ဒသမ ၇ သန်းနှင့် ၂၀၂၃ ခုနှစ်တွင် ၁၄ ဒသမ ၉ သန်းလာရောက်ခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အောင်ကျော်ကျော်

Source: ကြေးမုံသတင်းစာ

စတားလင့်ကိုကျော်လွန်မယ့် တရုတ်ရဲ့အာကာသမှမြေပြင်သို့6G အမြန်နှုန်းဖြင့် အချက်အလက်ပေးပို့မှု

တရုတ်နိုင်ငံမှ Chang Guang ဂြိုဟ်တု နည်းပညာကုမ္ပဏီက အာကာသကနေ မြေပြင်ကို အချက်အလက်ပေးပို့မှုကဏ္ဍမှာ သမိုင်းမှတ်တိုင်အသစ်စိုက်ထူလိုက်နိုင်ပါပြီ။ ဒါ့အပြင် စတားလင့်ရဲ့စံချိန်ကိုလည်းကျော်လွန်သွားပါပြီ။

အကြောင်းရင်းကတော့ အာကာသမှ မြေပြင်သို့ လေဆာထုတ်လွှင့်မှုစနစ်သုံး အချက်အလက်ပေးပို့မှုအတွက်အမြန်နှုန်းက 6G အမြန်နှုန်းအထိရှိလို့ဖြစ်ပါတယ်။ လက်ရှိကမ္ဘာပေါ်မှာ ဆက်သွယ်ရေးနည်းပညာက အမြင့်ဆုံးအနေနဲ့ 5G ကိုသာသုံးနေကြတာပါ။

6G အမြန်နှုန်းဆိုတာက တစ်စက္ကန့်ကို အချက်အလက်ပေးပို့နိုင်မှုပမာဏ ၁၀၀ ဂစ်ဂါဘစ်အထိရှိပါတယ်။ ဒီလိုမျိုးအမြန်နှုန်းကိုရရှိတာဟာ သူတို့အနေနဲ့ ယခင်တင်ထားတဲ့စံချိန်ထက်ကို ၁၀ ဆပိုများနေတာကြောင့် စတားလင့်ရဲ့အမြန်နှုန်း ကိုကျော်လွန်သွားတာပါ။  

အစ္စရေးနိုင်ငံ၏ လူဦးရေ ၁၀ သန်းကျော်ရှိလာ

ဂျေရုဆလင်   ဇန်နဝါရီ ၂

အစ္စရေးနိုင်ငံ၏ လူဦးရေသည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် ၁၀ ဒသမ ၀၂၇ သန်းရောက်ရှိလာသဖြင့် ၂၀၂၃ ခုနှစ်ကုန်က ၉ ဒသမ ၉၁၅ သန်းရှိရာမှ ၁ ဒသမ ၁ ရာခိုင်နှုန်းတိုးလာကြောင်း နိုင်ငံ၏ စာရင်းအင်းဗျူရိုက ဇန်နဝါရီ ၂ ရက်တွင် နှစ်စဉ်ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

လူဦးရေး ၁၂ ဆကျော်တိုးလာ

၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံကို ထူထောင်ချိန်က လူဦးရေ ၈၀၆၀၀၀ သာရှိခဲ့ပြီး နောက်ပိုင်းတွင် ၁၂ ဆကျော်တိုးလာကြောင်း သိရသည်။ နိုင်ငံလူဦးရေ၏ လူ ၇ ဒသမ ၇၁ သန်းခန့်မှာ ဂျူးလူမျိုးများဖြစ်ပြီး ၂ ဒသမ ၁၀၄ သန်းမှာ အာရပ်လူမျိုးများဖြစ်ကြကြောင်း အချက်အလက်များအရ သိရသည်။

ပြည်ပသို့ ပြောင်းရွှေ့

၂၀၂၄ ခုနှစ်တွင် အစ္စရေးလူမျိုး ၈၂၇၀၀ မှာ ပြည်ပသို့ ပြောင်းရွှေ့ နေထိုင်ကြောင်း သိရသည်။

သေဆုံးသူ ၅၁၄၀၀ ရှိ

အစ္စရေးနိုင်ငံ၌ ၂၀၂၄ ခုနှစ်တွင် မွေးကင်းစကလေးငယ် ၁၈၁၀၀၀ ရှိပြီး သေဆုံးသူ ၅၁၄၀၀ ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆင်ဟွာ

Source: မြန်မာ့အလင်းသတင်းစာ

တစ်ရက်လျှင် လောင်စာဆီတန်ချိန် (၂၅၀) ခန့် အသုံးပြုရသည့် ကမ္ဘာ့အကြီးဆုံးဒီဇယ်အင်ဂျင်

ကြီးမားသောကွန်တိန်နာသင်္ဘောကြီးများကို စွမ်းအင်ပေးရန်အတွက် ဒီဇိုင်းထုတ်ထားသော 14-cylinder Wartsila-Sulzer RTA96-C two-stroke turbocharged ဒီဇယ်အင်ဂျင်ကြီးသည် ကမ္ဘာ့အကြီးဆုံး လောင်စာဆီလောင်ကျွမ်းမှုရှိသည့် အင်ဂျင်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။ အမြင့်(၁၃)မီတာ၊ အရှည်(၂၆)မီတာနှင့် အလေးချိန်တန်ချိန် (၂၃၀ဝ)ထိ ရှိသော 14-cylinder Wartsila-Sulzer RTA96-C ဒီဇင်အင်ဂျင်ကြီးသည် တည်ဆောက်ဖူးသမျှ အင်ဂျင်များထဲတွင် လောင်စာဆီ လောင်ကျွမ်းမှုအများဆုံးရှိသည့် အင်ဂျင်ဆိုသည့်ခေါင်းစဉ်နှင့်အတူ သတ္တုရိုင်းများဖြင့် တည်ဆောက်ထားကြောင်း သိရသည်။ အဆိုပါအင်ဂျင်ကြီးတွင်ကရိုင်းရှပ်တစ်ခုတည်းပင်လျှင်

ကြီးမားသောကွန်တိန်နာသင်္ဘောကြီးများကို စွမ်းအင်ပေးရန်အတွက် ဒီဇိုင်းထုတ်ထားသော 14-cylinder Wartsila-Sulzer RTA96-C two-stroke turbocharged ဒီဇယ်အင်ဂျင်ကြီးသည် ကမ္ဘာ့အကြီးဆုံး လောင်စာဆီလောင်ကျွမ်းမှုရှိသည့် အင်ဂျင်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။ အမြင့်(၁၃)မီတာ၊ အရှည်(၂၆)မီတာနှင့် အလေးချိန်တန်ချိန် (၂၃၀ဝ)ထိ ရှိသော 14-cylinder Wartsila-Sulzer RTA96-C ဒီဇင်အင်ဂျင်ကြီးသည် တည်ဆောက်ဖူးသမျှ အင်ဂျင်များထဲတွင် လောင်စာဆီ လောင်ကျွမ်းမှုအများဆုံးရှိသည့် အင်ဂျင်ဆိုသည့်ခေါင်းစဉ်နှင့်အတူ သတ္တုရိုင်းများဖြင့် တည်ဆောက်ထားကြောင်း သိရသည်။ အဆိုပါအင်ဂျင်ကြီးတွင်ကရိုင်းရှပ်တစ်ခုတည်းပင်လျှင် တန်ချိန် (၃၀ဝ) အထိရှိပြီး ပစ္စတင်(၁၄)လုံးတွင် တစ်လုံးချင်းစီ၏ အလေးချိန်သည် (၅)တန်ရှိကြောင်း သိရသည်။

ထို့ပြင် (၁၀၂) RPM အတွက် စွမ်းအင်ထွက်ရှိမှု (၁၀၈,၉၂၀) bhp ရှိပြီး တစ်ရက်လျှင် လောင်စာဆီတန်ချိန် (၂၅၀) ခန့်ကို လောင်ကျွမ်းစေကြောင်းလည်း သိရသည်။ အမြင့်ဆုံးအခြေအနေများတွင် 14-cylinder Wartsila-Sulzer RTA96-C အင်ဂျင်ကြီးသည် တစ်နာရီလျှင် လောင်စာဆီ(၁၆၆၀)ဂါလန်ခန့်ကို အသုံးပြုကြောင်း သိရသည်။

ဖင်လန်အင်ဂျင်ထုတ်လုပ်သည့် ကုမ္ပဏီ Wartsila က ၎င်း၏ 12-cylinder RTA96C အင်ဂျင်သည် Emma Maersk ကဲ့သို့သော ကြီးမားသော ကွန်တိန်နာသင်္ဘော များကို စွမ်းအင်ပေးနိုင်မည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံး လောင်စာဆီလောင်ကျွမ်းမှုအင်ဂျင်ကြီးကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံး 14-cylinder Wartsila -Sulzer RTA96-C two-stroke turbocharged ဒီဇယ် အင်ဂျင်ကို (၂၀ဝ၆)ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး အဆိုပါ နှစ်တွင်ပင် ကမ္ဘာ့အကြီးဆုံးကွန်တိန်သင်္ဘော Emma Maersk တွင် တပ်ဆင်ကာ စတင်အသုံးပြုခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ကြီးမားပြီး ရှုပ်ထွေးသော အင်ဂျင်ကြီးကိုတည်ဆောက်ခြင်းသည် အလွန်ခက်ခဲပြီး အရင်းအမြစ်များစွာအသုံးပြုရသည့်အပြင် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ (၂၅) သန်းကျော်ရှိကြောင်းလည်း သိရသည်။

ကိုးကား- NP News