သတင်းများ

ကိုကင်းက ဝီစကီလောက်မဆိုးရွားကြောင်း ကိုလံဘီယာ သမ္မတ ပြော

ကိုကင်းသည် ဝီစကီလောက် အကျိုးသက်ရောက်မှု ဆိုးရွားမှုမရှိကြောင်း ကိုလံဘီယာသမ္မတ ဂူစတာဗိုပက်ထရိုက ထုတ်ဖော်ပြောဆိုခဲ့သည်။ ပြည်နှင်ဒဏ်ပေးရေးမူဝါဒများနှင့် ကုန်သွယ်မှုအခွန် စည်းကြပ်ရန် မကြာသေးမီက ခြိမ်းခြောက်မှုများနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစိုးရနှင့် တင်းမာမှုများရှိနေသည့်အချိန်တွင် ဂူစတာ ဗိုပက်ထရို၏ မှတ်ချက်ပြုပြောဆိုမှုများ ထွက်ပေါ် လာခြင်းဖြစ်သည်။

ကိုလံဘီယာနိုင်ငံသည် ကိုကင်းထုတ်လုပ်မှုနှင့် ဆက်စပ်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှု၏ အရေးပါသောအစိတ်အပိုင်းများသည် ကိုလံဘီယာနိုင်ငံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။ coca plant အပင်၏ သစ်ရွက်များဖြင့် ပြုလုပ်သော မူးယစ် ဆေးဝါး၏ ဇာတိမှာ ကိုလံဘီယာနိုင်ငံဖြစ်ကြောင်းလည်း သိရသည်။

ဂူစတာဗိုပက်ထရိုက “ကိုကင်းသည် ဝီစကီထက် ပိုဆိုးသဖြင့် တရားမဝင်ခြင်းမျိုး မဟုတ်ကြောင်း၊ ကိုကင်းကို မိမိတို့ နိုင်ငံကထုတ်လုပ်သည့်အတွက် တရားမဝင် ဖြစ်နေခြင်းဖြစ်ကြောင်း” ပြောဆိုခဲ့သည်။ အမေရိကန် သည် ဝီစကီထိပ်တန်း ထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သောကြောင့် ဂူစတာဗို ပက်ထရိုသည် နှိုင်းယှဉ်မှုလုပ်ဆောင်ရန်အတွက် ဝီစကီကို အသုံးပြုခဲ့ခြင်း ဖြစ်ပုံပေါ်ကြောင်းလည်း သိရသည်။

ထို့ပြင် ကမ္ဘာတစ်ဝန်းတွင် ကိုကင်းက တရားဝင် ဖြစ်ခဲ့မည်ဆိုပါက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်နေသည့် ရာဇဝတ်အဖွဲ့အစည်းများ၏ စီးပွားရေးကို အလွယ်တကူ ဖျက်သိမ်းနိုင်လိမ့်မည်ဖြစ်ကြောင်း ဂူစတာဗိုပက်ထရို က ထပ်မံပြောဆိုခဲ့သည်။ ဂူစတာဗိုပက်ထရိုက “ကိုကင်းကို ဝိုင်လိုမျိုး ရောင်းချလို့ရပါကြောင်း၊ ရရှိလာသည့် အမြတ်ငွေများကို အသက်မပြည့်သူများ ကိုကင်းသုံးစွဲမှုကို တားဆီးရာတွင် အသုံးပြု၍ရပါကြောင်း” ဟု ပြောဆိုခဲ့သည်။

ကိုးကား-NP News

မီဒီယာ ကန်ထရိုက်တာ အားလုံး ဖျက်သိမ်းရန် ထရမ့် အမိန့်ထုတ်ပြန်

မီဒီယာကန်ထရိုက်များအားလုံးကို ဖျက်သိမ်းရန် အမေရိကန် အစိုးရ၏ အထွေထွေဝန်ဆောင်မှုစီမံခန့်ခွဲရေး အေဂျင်စီဖြစ်သည့် General Services Administration (GSA) ကို သမ္မတဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်ခဲ့ကြောင်း New York Post သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရအေဂျင်စီများအနေဖြင့် မီဒီယာများကို အခငွေကြေးများပေးနေရကြောင်း ထရမ့်က ပြောကြားခဲ့ပြီးနောက် အမိန့်ထုတ်ပြန်ခြင်း ဖြစ်သည်။ GSA ထံ ညွှန်ကြားချက်အရ Politico၊ BBC၊ E&E (Politico sub)၊ Bloomberg တို့နှင့် ချုပ်ဆိုထားသည့်ကန်ထရိုက်များ ဖျက်သိမ်းပေးရန် ဖော်ပြထားပါသည်။

အမေရိကန်အစိုးရအေဂျင်စီများသည် Politico Pro မီဒီယာ၏သတင်းများကို အခကြေးငွေပေးပြီး ဖတ်ရှုရန် ဒေါ်လာသန်းချီ အသုံးပြုခဲ့ရကြောင်း အီလွန်မက် ဦးဆောင်သည့် အစိုးရလုပ်ငန်းစဉ်များ ထိန်းချုပ်ရေးဌာနတို့က ပြောကြားခဲ့ပြီးနောက် အိမ်ဖြူတော်၏ ညွှန်ကြားချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်အစိုးရသည် သတင်းများကို အခကြေးငွေပေးပြီး ဖတ်ရှုမှုကို ရပ်တန့်သွားရန် ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်သတင်းပြန်ကြားရေး အရာရှိ ကယ်ရိုလိုင်းလက်ဗစ်က ပြောကြားထားပါသည်။

ကိုးကား (New York Post)

ဗြိတိန်မင်းသား ဟယ်ရီကို အမေရိကန်မှ ပြန်ပို့ရန် အစီအစဉ်မရှိဟု ထရမ့်ပြောကြား

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဗြိတိန်မင်းသား ဟယ်ရီကို အမေရိကန်နိုင်ငံမှ ပြန်ပို့ရန် အစီအစဉ်မရှိကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။ 

“မိမိအနေဖြင့် ၎င်းကို အေးအေးဆေးဆေး တစ်ယောက် တည်းထားလိုကြောင်း၊ ဟယ်ရီအနေဖြင့် ၎င်း၏ဇနီးနှင့် ပတ်သက်ပြီး ပြဿနာအတော်များများရှိနေကြောင်း” ထရမ့်က ပြောကြားထားပါသည်။

မင်းသားဟယ်ရီသည် ၎င်းရေးသားခဲ့သည့် အတ္ထုပတိ စာအုပ်တွင် မူးယစ်ဆေးဝါး သုံးစွဲခဲ့ခြင်းကို ဝန်ခံပြီးနောက် အမေရိကန်ဗီဇာကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ထရမ့်က သတင်းဌာနတစ်ခုသို့ ပြောကြားစဉ် မင်းသားဟယ်ရီသည် အမေရိကန် ဗီဇာ ရရှိရန် မသမာမှု ပြုလုပ်ပါက သင့်တော်သည့် အရေးယူမှု ပြုလုပ်မည်ဟု ပြောကြားဖူးပါသည်။ 

အမေရိကန် တည်ဆဲဉပဒေအရ ဗီဇာလျှောက်ထား သူများသည် မူးယစ်ဆေးဝါးအသုံးပြုမှု သမိုင်းကို ဖော်ပြရပါမည်။ 

ကိုးကား -TASS

AI ဉာဏ်ရည်တုနည်းပညာ ထိပ်သီးအစည်းအဝေး ပြင်သစ်တွင် ကျင်းပမည်

ပြင်သစ်နိုင်ငံ၌ ဖေဖော်ဝါရီလ၊ ၁၀ ရက်နေ့တွင် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပထဝီနိုင်ငံရေး ထိပ်သီးအစည်းအဝေး ကျင်းပပြုလုပ်မည် ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ၊ အစိုးရအရာရှိကြီးများနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးမည် ဖြစ်ပါသည်။ 

တရုတ်နိုင်ငံထုတ် Deepseek AI Chatbot နည်းပညာ လောကတွင် နေရာယူလာပြီးနောက် ကမ္ဘာ့‌ခေါင်းဆောင်များ အကြား AI နည်းပညာအုပ်ချုပ်ရေးအကြောင်း ဆွေးနွေးကြမည့် အစည်းအဝေးဖြစ်ပါသည်။ 

ထိုအစည်းအဝေးသို့ အမေရိကန်ဒုတိယသမ္မတ JD Vance နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အထူးသံတမန်တို့ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုးကား -AP news

အမေရိကန်ပြည်သူများ၏ ငွေကြေးအချက်အလက်များကို စစ်ဆေးခြင်း DOGE ပိတ်ပင်ခံရ

တရားလွှတ်တော်ချုပ်၏ ထုတ်ပြန်ချက်အရ အမေရိကန် ပြည်ထောင်စုတရားသူကြီးတစ်ဦးက  ဘဏ္ဍာရေးဌာနရှိ သန်းနှင့်ချီသော အမေရိကန်ပြည်သူများ၏ ငွေကြေးအချက်အလက်များကို Elon Musk ဦးဆောင်သော အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) က ကြည့်ရှုခွင့်မရစေရန် ပိတ်ပင်ခဲ့ပါသည်။

ထို့အပြင်   လက်ခံရရှိထားသော မိတ္တူများကို အီလွန်မတ်စ်နှင့် အဖွဲ့က ဖျက်ဆီးရန် ယာယီတားမြစ်သောအမိန့်ကို ဖေဖော်ဝါရီ ၈ ရက်နေ့က အမေရိကန်ပြည်နယ် တရားသူကြီး Paul က ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

အီလွန်မတ်စ်အကြီးအကဲအဖြစ် ဦးဆောင်သည့် အစိုးရ စွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) သည် သမ္မတ ထရမ့်က သီးခြားတာဝန်ပေးထားခြင်းဖြစ်ပြီး တရားဝင် အစိုးရဌာနမဟုတ်သည့်အတွက် ထိုကဲ့သို့ ဘဏ္ဍာရေးဌာန၏ငွေကြေးအချက်အလက်များကို အသုံးပြုခြင်းသည် ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း အမေရိကန် ပြည်ထောင်စုတရားသူကြီးက စွပ်စွဲပြောဆိုထားပါသည်။ 

ကိုးကား -BBC

လူ ၁၀ ဦး လိုက်ပါလာသည့် လေယာဉ်အပျက် အလက်စကာရေခဲပြင်တွင် တွေ့ရှိ

အလက်စကာ   ဖေဖော်ဝါရီ ၈

လူ ၁၀ ဦး လိုက်ပါလာသည့် လေယာဉ်သည် အမေရိကန်ပြည်ထောင်စု အလက်စကာပြည်နယ်ရှိ ရေခဲပြင်ပင်လယ်ထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အာဏာပိုင်များက ပြောသည်။

ဖေဖော်ဝါရီ ၆ ရက်က အဆိုပါ လေယာဉ်နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။ အဆိုပါလေယာဉ်သည် အလက်စကာအနောက်ပိုင်း ဘဲရင်းအဲ လေကြောင်းလိုင်းမှဖြစ်ပြီး ယူနာလာကလီးသ်မှ နုမ်းသို့ ဦးတည်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နုမ်းမြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၅၀ အကွာတွင် လေယာဉ်အပျက်အစီးများကို ကယ်ဆယ်ရေးအဖွဲ့မှ ဖေဖော်ဝါရီ ၇ ရက်က တွေ့ရှိခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

လေယာဉ်ပေါ် လိုက်ပါလာသူ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ခြင်းမရှိဟု ယူဆရကြောင်း ကမ်းခြေစောင့်တပ်မှ တာဝန်ရှိသူများက ပြောသည်။

အမေရိကန် အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းရေးဘုတ်အဖွဲ့မှ စုံစမ်းစစ်ဆေးသူများသည် လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar အား လက်ခံတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသန်းဆွေနှင့် ဦးတင်ဦးလွင်တို့ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာတွင် ငြိမ်းချမ်းရေးရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေသည့် ပုဂ္ဂိုလ်ကြီးအနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ကိုယ်တိုင်လာရောက်ခဲ့မှုအတွက် ဝမ်းမြောက်ကြိုဆိုပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားပြီး အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးက မြန်မာနိုင်ငံသို့လာရောက်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးချိန်မှ စတင်၍ ယနေ့အချိန်အထိ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများ၊ လွတ်လပ်ရေးရရှိပြီးချိန်မှစတင်၍ ပြည်ပမှသွေးခွဲမှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်ခဲ့မှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများကို ခေတ်အဆက်ဆက်ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ၂၀၁၁ ခုနှစ်မှစတင်၍ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့မှုနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရမှုအခြေအနေများ၊ နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ဆူပူမှုများမှတစ်ဆင့် အကြမ်းဖက်လုပ်ရပ်များ ပေါ်ပေါက်လာမှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးအနေဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံများ၌ ငြိမ်းချမ်းရေးရရှိရန်အတွက် ကြားဝင်စေ့စပ်ကူညီဆောင်ရွက်ပေး လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်မှု အခြေအနေများနှင့် မြန်မာနိုင်ငံအတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဂုဏ်ထူးဆောင်ခန်းမအတွင်းရှိ သရုပ်ဖော်ပန်းချီများအား လိုက်လံပြသခဲ့ကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် မြေပြိုမှုဖြစ်ပွား၊ လူ ၃၀ ကျော် ပျောက်ဆုံးလျက်ရှိပြီး ၂၀၀ ခန့်အား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရ

 တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားခြင်းကြောင့် လူ ၃၀ ကျော် ပျောက်ဆုံးလျက်ရှိပြီး ဒေသခံပြည်သူ ၂၀၀ ခန့်အား ဘေးကင်းရာသို့  ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

မြေပြိုမှုသည်   ယီပင်းမြို့  ကျွမ်လျန်ခရိုင်ရှိ ကျင်းပင်းကျေးရွာ၌   ဒေသစံတော်ချိန်  နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြေပြိုမှုအတွင်း လူနေအိမ် ၁၀ လုံးပြိုကျသွားခဲ့ပြီးနောက်  အာဏာပိုင်များက သဘာဝကပ်ဘေးဆိုင်ရာ အမြင့်ဆုံးသတိပေးချက် တစ်ရပ်ကို ပြည်နယ်အတွင်း ထုတ်ပြန်ခဲ့ရသည်။

ကယ်ဆယ်ရေးအဖွဲ့များက လူနှစ်ဦးအား မွန်းလွဲပိုင်းတွင်ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်လုပ်ဆောင်လျက်ရှိသည်။

မြေပြိုမှုဖြစ်ပွားရာဒေသသို့ အာဏာပိုင်အဖွဲ့က ပြည်သူ့လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆေးဝါးကုသရေးနှင့် အခြားအဖွဲ့အစည်းများကို စေလွှတ်ထားကြောင်း သိရသည်။

Source: Myawady Web Portal

မန္တလေးနန်းမြို့ရိုးအနောက်ဘက် စည်ရှည်တံခါးအနီး ရှေးမူမပျက် အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် စည်ရှည်တံတားဖွင့်ပွဲအခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်

နေပြည်တော် ဖေဖော်ဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးနန်းမြို့ရိုးအနောက်ဘက်၊ စည်ရှည်တံခါးအနီး၌ ရှေးမူမပျက် အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် စည်ရှည်တံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားလူငယ် မောင်မယ်များနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးကျော်ဆန်းက စည်ရှည်တံတား တည်ဆောက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က စည်ရှည်တံတားဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်အား ဂါရဝပြုပေးအပ်သည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်နိုင်ဦးနှင့် မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းတို့က စည်ရှည်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တံတားကမ္ပည်းမော်ကွန်းကျောက်စာအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး အခမ်းအနားတက်ရောက်လာကြသူများသည် စည်ရှည်တံတားအား လှည့်လည်ကြည့်ရှုကြပြီး တိုင်းရင်းသားမောင်မယ်များနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါ မန္တလေးနန်းမြို့ရိုးအနောက်ဘက်ရှိ စည်ရှည်တံတားသည် မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးလက်ထက်၌ မြနန်းစံကျော်ရွှေနန်းတော်နှင့်အတူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်း စစ်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရကြောင်း၊ စည်ရှည်တံတားသည် မန္တလေးနန်းမြို့ရိုး၏ အနောက်ဘက်ထွက်ပေါက် ပင်မတံတားတစ်စင်းဖြစ်ကြောင်း၊ တံတားအား မူလပုံစံအတိုင်း ရှေးမူမပျက် တည်ဆောက်နိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မန္တလေးနန်းတော်ကြီး၏ လေးပြင်လေးရပ်တို့တွင် တစ်ဖက်လျှင်တံခါးပေါက်ကြီး ၃ ပေါက်စီဖြင့် တံခါးပေါက် ၁၂ ပေါက် တည်ဆောက်ထားပြီး ထို ၃ ပေါက်၏ အလည်တံခါးကို ဓာတ်နာမ်များဖြင့် မှည့်ခေါ်ထားခဲ့ကြောင်းနှင့် ယခုကဲ့သို့အနောက်ဘက်အရပ်ရှိ စည်ရှည်တံတားကြီးကို ပြန်လည်တည်ဆောက်ခြင်းအားဖြင့် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မြနန်းစံကျော် ရွှေနန်းတော်ကြီး၏အင်္ဂါရပ်ကို ပြန်လည်၍ပိုမိုပြည့်စုံစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီး ပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရန်အစီအစဉ် မရှိသေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်မှုနှင့် အခြား ဒုစရိုက်လုပ်ငန်းများကို နှိမ်နင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ မေးမြန်းမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီး ပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရန်အစီအစဉ် မရှိသေးကြောင်း ပြောကြားထားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က “ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့် နည်းဥပဒေတို့တွင် အကျုံးဝင်သည့် အမျိုးသမီး အသက်၊ အမျိုးသားအသက်များကို ပြောကြားပြီး ဖြစ်ကြောင်း၊ အဆိုပါအချက်ကို မူတည်ကာ အမျိုးသမီး များကို ခြိမ်းခြောက်နေခြင်းမျိုး တွေ့ရှိရပါကြောင်း၊ ထိုအချက်ကို အတိအလင်း ပြောကြားလိုသည်မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေတို့တွင် အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်းအမျိုးသမီးပြည်သူ့ စစ်မှုထမ်းများကို ဆင့်ခေါ်ရန် အစီအစဉ် မရှိသေးကြောင်း ကျွန်တော့်အနေဖြင့် ပြောကြားလိုပါကြောင်း” သိရှိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ထွက်ပေါ်လာပြီးနောက်ပိုင်း ပြည်ဖျက် မီဒီယာများ၊ အကြမ်းဖက်လှုံ့ဆော်သူများအနေဖြင့် ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်စေရန်၊ ကြောက်လန့်အောင် လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာနိုင်စေရေး ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏ Website၊ Webportal၊ ဥပဒေရေးရာဝန်ကြီးဌာန၏ Website၊ Webportal နှင့် ပြန်ကြားရေးဝန်ကြီးဌာန၏ Website၊ Webportal၊ မြဝတီ Webportal ၊ Myanmar National Portal တို့တွင် ဖတ်ရှုလေ့လာနိုင်ကြောင်း၊ ထို့အပြင် ပြည်သူ့စစ်မှုထမ်းကိစ္စများနှင့်ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စများ စပ်လျဉ်း၍ စုံစမ်း မေးမြန်းခြင်း၊ မသမာမှုများနှင့်ပတ်သက်ပြီး တိုင်ကြားခြင်းများကို တိကျစွာဆက်သွယ် သတင်းပေးပို့ နိုင်ကြောင်းနှင့် မမှန်မကန်သတင်းပိုခြင်း၊ တိုင်ကြားခြင်း များပြုလုပ်ပါက ဖော်ထုတ်ပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားခြင်းကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ Update ပြုလုပ်ပေးထားသည့် ဖုန်းနံပါတ်များကို ဖော်ပြထားပြီးဖြစ်ကြောင်း၊ သတင်းပေးတိုင်ကြားခဲ့သဖြင့် မသမာမှုများနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ရှင်းလင်းပြောဆိုထားသည်။