သတင်းများ

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း မစောတံတားတွင် ခရီးသွားယာဉ် ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွား

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီးမစောတံတား၌ ယနေ့ ဖေဖော်ဝါရီ (၁၄)ရက်တွင် ခရီးသွားယာဉ်နှင့် ကုန်တင်ယာဉ်များ ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ထိုသို့ ပိတ်ဆို့ရခြင်းမှာ ယာယီသံဘေလီတံတားအစားကွန်ကရစ်တံတားအသစ်ဆောက်လုပ်ရန် ဘေလီတံတားကို ဖြုတ်ချထားသည့်အတွက် လမ်းလွှဲမှတဆင့် ဖြတ်သန်းသွားလာနေရခြင်းကြောင့် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဖြတ်သန်းနေကြရကြောင်း ဆိုသည်။

“ဟုတ်ပါတယ်။ လမ်းပိတ်ဆို့နေတာက တံတားအသစ်ဆောက်ဖို့ ပြင်ဆင်နေတာတွေ့ရတယ်။ လမ်းလွှဲမြေသားလမ်းကနေ ဟိုဘက်ဒီဘက် မျှပြီးဖြတ်ခိုင်းနေတော့ နှစ်ဖက်ယာဉ်တွေစောင့်နေတာ ရာချီလောက်ရှိမယ်။ အနည်းဆုံး နှစ်နာရီလောက်ကြာမယ်ထင်တယ် ဖြတ်ရဖို့က။ ညအိပ်စောင့်ရတဲ့ကားတွေလည်းရှိတယ်” ဟု ဘီးလင်းမြို့ဒေသခံတစ်ဦးက ဆိုသည်။

ယင်းသို့ ပိတ်ဆို့မှုဖြစ်ပွားခြင်းသည် ဖေဖော်ဝါရီလ (၁၂)ရ က်မှ စတင်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းနှင့် တံတားအသစ်တည်ဆောက်မှုအတွက် ရွှေသံလွင်ကုမ္ပဏီက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် မေလအတွင်းက ဒေသတွင်းလက်နက်ကိုင်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းကြောင့် တံတားပြိုကျပျက်စီးခဲ့ရကာ ယင်းဖြစ်စဉ်အတွင်း ခရီးသွားပြည်သူ (၁) ဦး အသက်ဆုံးရှုံးခဲ့ရကာ (၃) ဦး ထိခိုက်ဒဏ်ရသည်။

Source: Popular Myanmar

TikTok ကို အမေရိကန်မှာ ပြန်ဒေါင်းလို့ရပြီ

အမေရိကန် Apple နဲ့ Google ရဲ့ app store တွေမှာ TikTok ကို ကြာသပတေးနေ့က စပြီး ပြန်ဒေါင်းလို့ရပြီလို့ သိရပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က TikTok ပိတ်ပင်တားမြစ်မှုအကောင်အထည်ဖော်ခြင်းကို ရက်ရွှေ့ဆိုင်းလိုက်တဲ့နောက်ပိုင်းမှာ ခုလို ပြန်လည်ရရှိလာတာပါ။

Bloomberg နဲ့ CNBC သတင်းဌာနတွေကလည်း TikTok ကို ကြာသပတေးနေ့ညနေပိုင်းမှာ app store တွေကနေ ပြန်ဒေါင်းလို့ရလာကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ CNN က ဖုန်းအမျိုးမျိုးမှာ app ကို ဒေါင်းလုဒ်လုပ်ဖို့ ကြိုးစားကြည့်တဲ့အခါ app store တွေမှာ ကြာသပတေးနေ့ညနေပိုင်းမှာ ဒေါင်းလို့ရလာတယ်လို့ ဆိုပါတယ်။

TikTok ရဲ့ မသေချာတဲ့ အနာဂတ်က ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်း သမ္မတ ဂျိုးဘိုင်ဒင် က လက်မှတ်ရေးထိုးခဲ့တဲ့ ဥပဒေကြောင့် ဖြစ်ပါတယ်။ အဲဒီဥပဒေက TikTok ကို အမေရိကန် ဒါမှမဟုတ် ၎င်းရဲ့မဟာမိတ်တစ်ဦးဦးဆီကို ရောင်းချဖို့ ဒါမှမဟုတ် အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး စိုးရိမ်မှုတွေအပေါ် အခြေခံပြီး ပိတ်ပင်တားမြစ်မှုကို ရင်ဆိုင်ရဖို့ စီစဉ်ချမှတ်ခဲ့တာပါ။

TikTok က ဒီနှစ် ဇန်နဝါရီလအတွင်း အမေရိကန်မှာ ၁၄ နာရီလောက် ပိတ်သွားခဲ့ပေမယ့် ဆက်ပြီးရှိနေစေရမယ်လို့ ဒေါ်နယ်ထရမ့်က သမ္မတရွေးကောက်ပွဲမှာ ကတိပေးခဲ့တာကြောင့် မြန်မြန်ပြန်ရခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် app store တွေမှာ TikTok ကို ဒေါင်းလို့တော့ မရကြတော့ပါဘူး။ အဲဒီကတည်းက ဒေါင်းလို့မရတော့တဲ့ TikTok ဟာ မနေ့ ကြာသပတေးနေ့ ညနေပိုင်းမှ ပြန်ဒေါင်းလို့ရလာတာပဲဖြစ်ပါတယ်။

အမေရိကန်တွင် TikTok အသုံးပြုခွင့်ကို ဧပြီ ၅ ရက်နေ့အထိ တိုးမြှင့်

အမေရိကန်ပြည်သူ သန်း ၁၇၀ ကျော် အသုံးပြုနေသော TikTok အသုံးပြုမှုကို ပိတ်ပင်တားမြစ်သည့် ဥပဒေအား ၇၅ ရက်ကြာ ရွှေ့ဆိုင်းလိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာပြီးနောက် အမေရိကန် App store များတွင် TikTok App ကို ပြန်လည် ရရှိ နေပြီဖြစ်သည်။ 

ယခုအခါ TikTok app ကို ဥပဒေပါအတိုင်း ရောင်းချသွားရန်ကိစ္စနှင့် စပ်လျဉ်း၍ တရုတ်ကုမ္ပဏီနှင့် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် Elon Musk အပါအဝင် အမေရိကန်ကုမ္ပဏီများက ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း ထရမ့်က ပြောကြားထားပါသည်။ သို့သော် TikTok ၏ အနာဂတ်သည် သေချာရေရာမှုမရှိဘဲ ထရမ့်က တိုးမြှင့်ခွင့်ပြုပေးထားသည့်၂၀၂၅ ခုနှစ်၊ ဧပြီလ ၅ ရက်အထိ TikTok ရောင်းချခြင်းနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို စောင့်ကြည့်ရမည်ဖြစ်ပါသည်။ 

ကိုးကား-BBC

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘာတစ်ဝှမ်းရှိ သံရုံးများအား ဝန်ထမ်းအင်အား လျှော့ချနိုင်ရေး ပြင်ဆင်ရန်ညွှန်ကြား

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘာတစ်ဝှမ်းရှိ သံရုံးများအား ဝန်ထမ်းအင်အား လျှော့ချနိုင်ရေး ပြင်ဆင်ရန် ညွှန်ကြားထားကြောင်း ABC News နှင့် Reuters သတင်းဌာနများက ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင်ဖော်ပြခဲ့သည်။ Reuters သတင်းဌာန၏ ထုတ်ပြန်ချက်အရ အချို့သံတမန်ရေးရာကိုယ်စားလှယ်များအား အမေရိကန်နှင့် ဒေသတွင်း ခန့်ထားသော ဝန်ထမ်းများကို ၁၀% အထိ လျှော့ချရန် ညွှန်ကြားထားကြောင်း သိရသည်။

ABC News သတင်းဌာနက ရင်းမြစ်များအား ကိုးကား၍ ဖော်ပြချက်အရ သံရုံးအကြီးအကဲများအား အမြဲတမ်းဝန်ထမ်း၊ ယာယီနှင့် အချိန်ပိုင်း ဝန်ထမ်းများ အပါအဝင် ဝန်ထမ်းအားလုံး၏ စာရင်းများကိုပြုစုရန် ညွှန်ကြားထားကြောင်း သိရသည်။

ထိုညွှန်ကြားချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က "One Voice for America’s Foreign Relations" အမိန့်ညွှန်ကြားချက်ကို လက်မှတ်ရေးထိုးချိန်မတိုင်မီ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုအမိန့်ညွှန်ကြားချက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းများအား သမ္မတအစိုးရ၏ နိုင်ငံခြားရေးမူဝါဒ ပန်းတိုင်များနှင့် ကိုက်ညီစေရန်လိုအပ်ကြောင်း ဖော်ပြထားပြီး၊ နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် "အမေရိကန်ပြည်ထောင်စုအတွက် စိတ်အားထက်သန်သော ဝန်ထမ်းအင်အား" ကို ထိန်းသိမ်းရန် လိုအပ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။ ထို့အပြင် နိုင်ငံခြားရေးဝန်ထမ်းများအား ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံခြားရေးဆိုင်ရာ လက်စွဲစာအုပ်များကို ပြင်ဆင်ခြင်းများ ပါဝင်သည်။ အဆိုပါ လုပ်ဆောင်ချက်သည် ထရမ့် အုပ်ချုပ်ရေး၏ ဦးစားပေးမူဝါဒများနှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်တာများကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲရန် ကြိုးပမ်းမှုတစ်ခုအဖြစ် မြင်တွေ့ရသော်လည်း၊ သံတမန်ရေးရာ လုပ်ငန်းများနှင့် အမေရိကန်သံရုံးများ၏ စွမ်းဆောင်ရည်အပေါ် မည်သို့သက်ရောက်မှု ရှိမည်ကို စိုးရိမ်မှုများ ရှိနေသည်။

NBC News ၏ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ဖော်ပြခဲ့သော သတင်းအရ ကုန်ကျစရိတ်များ လျှော့ချရန် ကြိုးပမ်းမှုများနှင့်အညီ ထရမ့် အုပ်ချုပ်ရေးသည် အမေရိကန်ကောင်စစ်ဝန်ရုံးများနှင့် ကမ္ဘာတစ်ဝှမ်းရှိ သံတမန်ရေးရာ ရာထူးများကို ဖျက်သိမ်းရန် စဉ်းစားနေကြောင်း သိရသည်။ တာဝန်ရှိသူများအား ထိုရုံးများ၏ လုပ်ငန်းဆောင်တာများသည် ထရမ့်၏ "America First" မူဝါဒနှင့် မည်မျှကိုက်ညီမှု ရှိ/မရှိ ကို အကဲဖြတ်ရန် တာဝန်ပေးထားကြောင်းသိရသည်။

ဤဆောင်ရွက်ချက်သည် အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာဖိအားများကို ဖြေလျှော့ရန်နှင့် သံတမန်ရေးရာလုပ်ငန်းများကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သော်လည်း နိုင်ငံတကာဆက်ဆံရေးနှင့် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ရပ်တည်မှုအပေါ် သက်ရောက်မှုရှိမည်ကို စိုးရိမ်မှုများ ရှိနေသည်။

ကိုးကား-RT

ယူကရိန်းက ရုရှား ဂတ်စ်ကို ဆလိုဗက်ကီးယားမှတစ်ဆင့် ဝယ်သုံးနေရ

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှစ၍ ယူကရိန်းနိုင်ငံကိုဖြတ်ကာ ဥရောပသို့တင်ပို့နေသော ရုရှား ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကိုယူကရိန်း ခွင့်မပြုတော့သည့်အတွက် ဥရောပတွင် လောင်စာဈေးနှုန်းများ မြင့်တက်သွားခဲ့သည်။ ယခုအခြေအနေတွင် ယူကရိန်း ကိုယ်တိုင် အီးယူစွမ်းအင်ကုမ္ပဏီများမှတစ်ဆင့် ရုရှားဓာတ်ငွေ့ကို ဝယ်ယူနေရကြောင်း ဆလိုဗက်ကီးယား နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီး ဂျူရက် ဘလာနာက ပြောကြားခဲ့ပြီး ဆလိုဗက်ကီးယားမှ တစ်ဆင့် ရုရှားဂတ်စ်ကို ဈေးကြီးပေးဝယ်နေရသည်ဟု ဆလိုဗက် ရုပ်သံ STVR နှင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။ 

ဆလိုဗက်မီဒီယာများ၏ အဆိုအရ ရုရှားဂတ်စ် ကုဗမီတာ ၁၇ သန်းခန့် ယူကရိန်းသို့ နေ့စဉ် ပြောင်းပြန်စီးဆင်းမှုကို ဖေဖော်ဝါရီ ၆ ရက်နေ့မှ စတင်ခဲ့ကြောင်း သိရပါသည်။ တင်သွင်းမှု အများစုမှာ ဟန်ဂေရီ၊ ဆလိုဗက်နှင့် ပိုလန် ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံများမှတစ်ဆင့် ဖြစ်သည်ဟု သိရပါသည်။ 

     တံတားဦးမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

တံတားဦး ၊ ဖေဖော်ဝါရီ - ၁၂

၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင် အခမ်းအနားကို  တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမရှေ့၌ ယင်းနေ့ နံနက်(၅)နာရီခွဲ အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား လွှင့်တင်ရာတံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ ဌာန ဆိုင်ရာများစုစုပေါင်း(၉၅)ဦးတို့ တက်ရောက်ပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။

ထို့နောက် နံနက်(၇)နာရီတွင် တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမ၌ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကိုကျင်းပရာ ရှေးဦးစွာ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော  ရဲဘော်အပေါင်း အား တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အလေးပြုကြသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊  နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား တံတားဦးခရိုင် စီမံချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ဖတ်ကြား သည်။ ထို့နောက် တံတားဦးခရိုင် စီမံချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ၊ ကဗျာပြိုင်ပွဲ ၊ ပန်းချီပြိုင်ပွဲ ၊ ဆောင်းပါးပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/ သူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည် ။

အဆိုပါအခမ်းအနားသို့ တံတားဦးခရိုင် စီမံချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည် ။

      ဦးရဲတင့်( ပြန်/ဆက်)

တံတားဦးမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းဆောင်ရွက်

တံတားဦး ၊ ဖေဖော်ဝါရီ - ၁၂

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေ စာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်သည် ဖေဖော်ဝါရီလ ၁၁ ရက်၊ နံနက်ပိုင်းက တံတားဦးမြို့နယ် အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့တွင် မြေပြင်ကွင်းဆင်း စိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ကြောင်းသိရသည်။

အဆိုပါမြေပြင်စာရင်းကောက်ယူရာတွင် ခရိုင်မြေပြင်ကွင်းဆင်းကောက်ယူရေး တွဲဖက်အတွင်းရေးမှူး ဦးသန်းနိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အတွင်းရေးမှူး ဦးတင်စိုးတို့၏ ဦးဆောင်မှုဖြင့် အိမ်ထောင်စုအမှတ်စဉ်နှင့် မိသားစုအမှတ်စဉ်များကို နေရပ်လိပ်စာအတိုင်း ဖြည့်သွင်းခြင်း ၊ သေဆုံးစာရင်းအတည်ပြုခြင်း၊ မြေပြင်တွင်အမှန်တကယ် နေထိုင်မှုမရှိသူများအား စိစစ်ခြင်း ၊ စာရင်းတွင်မပါဝင်သည့်လက်မှတ်ကိုင်ဆောင်ခြင်း မရှိသူများအား ပန်းခင်းစီမံချက် အဆင့် - ၃ အရ အိမ်ထောင်စု နှင့်ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးရန်အတွက် စာရင်းကောက်ယူခြင်းလုပ်ငန်းများကို  မြို့နယ်လဝက ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက် ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများနှင့်အတူ မြို့နယ်အတွင်း ရပ်ကွက် ၊ ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်း ကောက်ယူ နေခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီလ  ၅ ရက်နေ့မှစတင်၍ ကောက်ယူလျက်ရှိကြောင်းသိရသည်။                 

      ဦးရဲတင့်(ပြန်/ဆက်)

ဂျပန်လမ်းမပေါ်တွင် မြေတွင်းပြိုပြီး ကားတစ်စီးကျွံဝင်မှုမှ ဒရိုင်ဘာ ပျောက်ဆုံးနေဆဲ

ဆိုင်တာမာစီရင်စုရှိ ယိုရှိရွာရှိ ကားလမ်းပေါ်၌ ရုတ်တရက် မြေတွင်း ပေါက်ကြီးဖြစ်ကာ ကားတစ်စင်းထိုးကျသွားသည်မှာ သတင်းပတ်၂ ပတ် ကျော်ရှိသွားသော်လည်း အသက် ၇၄ နှစ်အရွယ် ယာဉ်မောင်း အဖိုးအိုကို ယနေ့အထိရှာမတွေ့သေးကြောင်းနှင့် အဆိုပါတွင်းသည် တဖြည်းဖြည်း ပိုမိုကျယ်လာကာ အနီးအနားရှိအိမ်များကို ရွှေ့ပြောင်းပေးနေရကြောင်း သိရှိရပါသည်။ 

စီရင်စုအနီးနားရှိ အိမ်ထောင်စုများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန် တောင်းဆိုထားပြီး ခရိုင်အတွင်းရှိ မြူနီစပယ် ၁၂ ခုတွင် နေထိုင်သူ ၁.၂ သန်းခန့်ကိုလည်း ၎င်းတို့၏ ရေသုံးစွဲမှုကို ဆက်လက်လျှော့ချရန် သက်ဆိုင်ရာ အာဏာပိုင်များက တောင်းဆိုထားပါသည်။

အဆိုပါဖြစ်စဉ်သည် ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် လမ်းဆုံတစ်ခု အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစပိုင်းတွင် အချင်း ၁၀ မီတာခန့်သာ ရှိသော်လည်း နောက်ပိုင်း တဖြည်းဖြည်းကျယ်လာကာ မီတာ ၄၀ ခန့် ဖြစ်လာပြီး လူနေအိမ်များအနီး အထိရောက်လာခဲ့သည်။ 

ပြိုကျမှု ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် အိမ်ခြေငါးလုံးမှ လူ ၁၁ ဦးကို ကယ်ဆယ်ရေးစခန်းများသို ရွှေ့ပြောင်းပေးထားကြောင်း သိရပါသည်။ ဂူတွင်းပေါက်များကြောင့် မြေအောက်ကေဘယ်ကြိုးများ ပြတ်တောက် ခဲ့ပြီး ဖုန်းလိုင်း ၄၀၀ ခန့် ချိတ်ဆက်မှု အပါအဝင် ရပ်ကွက်အတွင်း ဆက်သွယ်ရေးဆိုင်ရာပြဿနာများ ဖြစ်ပေါ်ခဲ့ပါသည်။ ရေပိုက်များမှ တစ်ဆင့် ရေများဝင်ရောက်လာခြင်းကြောင့် ရှာဖွေရေးလုပ်ငန်းများ အဟန့်အတားဖြစ်စေသဖြင့် ခရိုင်အာဏာပိုင်များက ဒေသခံများနှင့်စီးပွားရေးလုပ်ငန်းများ၏ ရေသုံးစွဲမှုကို လျှော့ချရန် တောင်းဆိုထားကြောင်း သိရှိရပါသည်။

ကိုးကား-Myanmar National Post

အာဂျင်တီးနားနိုင်ငံ ပါတာဂိုနီးယားနယ်မြေတွင် လောင်ကျွမ်းနေသည့်တောမီးက အရှေ့မြောက်ဘက်ပိုင်းသို့ ကူးစက်လောင်ကျွမ်းမှုဖြစ်ပွား

ဗျူနို့စ်အေရိစ်   ဖေဖော်ဝါရီ ၁၂

အာဂျင်တီးနားနိုင်ငံ ပါတာဂိုနီးယားနယ်မြေတွင် ဇန်နဝါရီလ နောက်ဆုံးပတ်မှစ၍ တောမီးလောင်ကျွမ်းမှုဖြစ်ပွားနေပြီး တောမီးကို ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေသော်လည်း လေတိုက်နှုန်းမြင့်မားမှုကြောင့် တောမီးလောင်ကျွမ်းမှုသည် ဖေဖော်ဝါရီ ၁၁ ရက်မှစ၍ အာဂျင်တီးနားနိုင်ငံ အရှေ့မြောက်ဘက်ပိုင်းသို့ ကူးစက်လောင်ကျွမ်းမှုဖြစ်ပွားနေကြောင်း Asociación de Sociedades Rurales de Corrientes ကထုတ်ပြန်ခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။

တောမီးလောင်ကျွမ်းမှုကြောင့် ပါတာဂိုနီးယားနယ်မြေတွင် သစ်တောမြေ ဟက်တာ ၂၅၀၀၀၀ ကျော်ထိ ပျက်စီးခဲ့ကြောင်း၊ အပူချိန်မှာလည်း ၄၀ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်နေခြင်းကြောင့် တောမီးလောင်ကျွမ်းမှုသည် ထိန်းချုပ်ရခက်သည့်အခြေအနေသို့ ရောက်ရှိနေပြီး တစ်နေရာမှ တစ်နေရာသို့ ကူးစက်လောင်ကျွမ်းမှုလည်း မြန်ဆန်နေခြင်း ဖြစ်ကြောင်းသိရသည်။

“ပါတာဂိုနီးယားနယ်မြေမှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ အရှေ့မြောက်ဘက်ပိုင်းကို ကူးစက်လောင်ကျွမ်းနေပါတယ်။ တောမီးကို အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပေမဲ့ အပူချိန်မြင့်မားမှုနဲ့ လေတိုက်နှုန်းအားကောင်းမှုကြောင့် တောမီးဟာ တစ်နေရာကနေတစ်နေရာကို ကူးစက်တာမြန်ဆန်နေပါတယ်။ တောမီးကြောင့် ပြည်သူတွေဘေးကင်းဖို့အတွက် ဦးစားပေးဆောင်ရွက်နေပါတယ်” ဟု Asociación de Soci edades Rurales de Corrientes မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

တောမီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်သော Greenpeace Argentina က သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုလွန်ကဲလာ၍ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်ဖြင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

Source: ရတနာပုံသတင်းစာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

နေပြည်တော် ဖေဖော်ဝါရီ ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမဥပစာရင်ပြင်၌ ကျင်းပသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ညနေ ၆ နာရီတွင် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပမည့်မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ရောက်ရှိကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့်ကိုယ်စားလှယ်များ၊ NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီးတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်အတူ ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကိုဂုဏ်ပြုသောအားဖြင့် မီးရှူးမီးပန်းများပစ်ဖောက်ဂုဏ်ပြုမှုကို ကြည့်ရှုအားပေးကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့မှ တေးသံရှင်များက တေးသံသာများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေတင်ဆက်ကြသည်။

ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ညစာစားပွဲသို့တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ မြို့တော်ခန်းမလေဟာပြင်ဇာတ်ရုံ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၏ တိုင်းရင်းသားရိုးရာအကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။

ထိုသို့ဖျော်ဖြေတင်ဆက်ရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ငြိမ်းချမ်းတမန် ဖိတ်ခေါ်သံ” ဂုဏ်ပြုတေးဂီတ ကဇာတ်ဖြင့်လည်းကောင်း၊ ကချင်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ကယားတိုင်းရင်းသားရိုးရာအကအဖွဲ့၊ ကရင်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ချင်းတိုင်းရင်းသားရိုးရာအကအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ဗမာတိုင်းရင်းသားရိုးရာအကအဖွဲ့၊ မွန်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ရခိုင်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ရှမ်းတိုင်းရင်းသားရိုးရာအကအဖွဲ့တို့က တိုင်းရင်းသားရိုးရာ တေးသီချင်းများဖြင့်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက “ပြည်ထောင်စုတိုင်းရင်းသားတို့မြေ” ယိမ်းအကဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ကြသည်။

ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ကပြဖျော်ဖြေခဲ့ကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဗဟိုအကြံပေးအဖွဲ့ဝင်များ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များနှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm