သတင်းများ

အမေရိကန် အာဇာနည်များ၏ အမျိုးသားပန်းခြံသစ် တည်ဆောက်မည့်အမိန့်အား သမ္မတ ထရမ့်   ပြန်လည် အသက်သွင်း

အမေရိကန် အာဇာနည်များ၏ အမျိုးသားပန်းခြံ (National Park of American Heroes) ကို ပြန်လည် အသက်သွင်းမည့် သမ္မတဒေါ်နယ်ထရမ့်၏ စီမံအုပ်ချုပ်မှု အမိန့်တစ်ရပ်ကို ဖေဖော်ဝါရီ ၆ ရက် နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါသည်။

သမိုင်းကြောင်းတစ်လျှောက် အကြီးမြတ်ဆုံး အမေရိကန် ခေါင်းဆောင်များ၏ ရုပ်တုများဖြင့် ပြည့်နက်နေသည့် အာဇာနည်ပန်းခြံသစ် တည်ဆောက်ရေးလုပ်ငန်းကို ပြန်လည်စတင်မည့် အုပ်ချုပ်ရေးအမိန့်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း” ထရမ့်က US Capitol အဆောက်အအုံတွင် ပြုလုပ်သည့် National Prayer Breakfast မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

မိမိတို့နိုင်ငံ၏ အာဇာနည်သူရဲကောင်းများကို တိုင်းပြည်၏ အကြီးမြတ်ဆုံးသူရဲကောင်းများအဖြစ် ဂုဏ်ပြုသည့်အနေဖြင့် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ အသက်သွေးနှင့် စတေးခဲ့ရသည့်တိုင်းပြည်ကို ဖျက်ဆီးမှု မရှိစေဘဲ ဆက်လက်တည်ဆောက်သွားရန် ထရမ့်က ပြောကြားခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ်တွင် သမ္မတထရမ့်က အလားတူ အုပ်ချုပ်ရေးအမိန့်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီးနောက် တစ်နှစ်တွင် သမ္မတဟောင်း ဂျိုးဘိုင်ဒင်က အဆိုပါ အမိန့်အား ရုတ်သိမ်းစေခဲ့ပါသည်။ ယခင် ထုတ်ပြန်ခဲ့သည့် အမိန့်တွင် အဆိုပါပန်းခြံအား အမေရိကန်နိုင်ငံ၏ နှစ် ၂၅၀ ပြည့်နှစ်ပတ်လည်နေ့မတိုင်မီ ၂၀၂၆ ခုနှစ်တွင် မူသတ်မှတ်ချက်ပါအတိုင်း အပြီးတည်ဆောက်သွားရန်   သတ်မှတ်ခဲ့သော်လည်း ယခု ပြန်လည်အသက်သွင်းလိုက်သည့်အမိန့်တွင် အာဇာနည်ပန်းခြံအား တတ်နိုင်သမျှ မြန်မြန်ပြီးစီး‌အောင် တည်ဆောက်သွားရန် ထရမ့်က တောင်းဆိုထားသည်။

ကိုးကား -MSN

Photo: Yahoo

DOGE က ပင်တဂွန်စစ်ဌာနချုပ်ကို စစ်ဆေးမည်

အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ၏ အကြီးအကဲအဖြစ် Elon Musk အား ဗဟိုအစိုးရ အသုံးစရိတ်ကို ပြန်လည်သုံးသပ်ရန် တာဝန်ပေးအပ် ထားပြီး ၎င်းအား ပင်တဂွန်နှင့် ပညာရေးဌာနအပေါ် စစ်ဆေး၍ တွေ့ရှိချက်များအပေါ် သုံးသပ်တင်ပြရန် ညွှန်ကြားခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အတည်ပြုပြောကြားခဲ့သည်။

အဆိုပါဌာနအသစ်တွင် တာဝန်ထမ်းဆောင်နေသူများအား ပြည်သူ့ဘဏ္ဍာအသုံးပြုမှုများကို စိစစ်လျှော့ချရန်အတွက် အထူးတာဝန်ပေးအပ်ထားကြောင်းဆိုသည်။

ပင်တဂွန်နှင့် ပညာရေးဌာနတို့အား စစ်ဆေးတွေ့ရှိချက် ရလဒ်များသည် အနှုတ်ဖက်သို့ဦးတည်နေမည်ဟု ယူဆရကြောင်း ထရမ့်ကဆိုသည်။

ဒီမိုကရက်များ၏ မီဒီယာလွှမ်းမိုးနိုင်ရေးအတွက် USAID မှ ဘဏ္ဍာငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို စည်းလွတ် ဘောင်လွတ်အသုံးပြုခဲ့သည်ဟု ထရမ့်က လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ပြောဆိုခဲ့သည်။

DOGE သည် DEI (Diversity, Equity and Inclusion) နှင့်ပတ်သက်သော စာချုပ်များကို ဖျက်သိမ်းလိုက်နိုင်ကြောင်းနှင့် ဒေါ်လာ ၁ ဘီလီယံကျော် ခြိုးခြံချွေတာနိုင်ခဲ့သည်ဟုလည်း သိရှိရပါသည်။

ကိုးကား-RT

Trump အစိုးရက ဗီယက်နမ်နှင့် ပူးပေါင်း ဆောင်ရွက်မှုကို တန်ဖိုးထားသည်ဟု အမေရိကန်ကာကွယ်ရေးဦးစီးချုပ် ပြောဆို

အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က သမ္မတ Donald Trump ၏ အစိုးရအဖွဲ့သည် ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုး ထားကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့က ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းဖြင့်ဆွေးနွေးစဉ် ပြောကြား ခဲ့သည်။

အထူးသဖြင့် နှစ်ဖက်စလုံးမှ သဘောတူထားသည့်အတိုင်း စစ်ပွဲအမွေအနှစ်ပြန်လည်ကုစားရေးတွင် Trump အစိုးရသည် ဗီယက်နမ်နှင့် ကာကွယ်ရေး၊ ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန် မျှော်လင့်ကြောင်း Hegseth မှ အတည်ပြုပြောကြားခဲ့သည်။

ဆွေးနွေးပွဲအတွင်း ဗီယက်နမ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် Phan Van Giang က ၂၉ ဦးမြောက် အမေရိကန် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် Hegseth အား ချီးကျုးဂုဏ်ပြုကာ လွတ်လပ်ရေး၊ ကိုယ်ပိုင်အားကိုးမှု၊ ကွဲပြားမှု၊ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာ ပေါင်းစည်းရေး၊ မိတ်ဆွေကောင်း၊ ယုံကြည်စိတ်ချရသော မိတ်ဖက်အဖြစ်နှင့် နိုင်ငံတကာ အသိုက်အဝန်း၏ တာဝန်ရှိသော အဖွဲ့ဝင်အဖြစ် ဗီယက်နမ်၏ ကတိကဝတ်များကို ထပ်မံ အတည်ပြုခဲ့သည်။

ကိုးကား-VN Express

ထရန့်က ဇီလန်စကီးနှင့် လာမည့်အပတ် တွေ့ဆုံမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်း သမ္မတ ဇီလန်စကီးနှင့် လာမည့်အပတ်တွင် အမေရိကန် နိုင်ငံ ဝါရှင်တန်မြို့တော်၌ တွေ့ဆုံရန် စီစဉ်ထားကြောင်း ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားလိုက်ပါသည်။ 

ထို့အပြင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်လည်း ဆွေးနွေးရန် စီစဉ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဒေါ်နယ်ထရမ့်သည် ယခင်က “သမ္မတဖြစ်လျှင် ရုရှား ယူကရိန်း စစ်ပွဲကို တစ်ရက်အတွင်း ပြီးဆုံးသွားစေ ရမည်” ဟု ပြောဆိုဖူးပါသည်။

ကိုးကား -TASS

ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်နှင့် USAID အလားအလာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေး အေဂျင်စီ (USAID) ကို အဂတိလိုက်စားမှု လွန်စွာ များပြားနေသည့်အဖွဲ့အစည်းဖြစ်သည့်အတွက် ပိတ်သိမ်းသွားရန် ဖေဖော်ဝါရီ ၃ ရက်တွင် ညွှန်ကြားခဲ့ပါသည်။ 

ထိုညွှန်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် USAID ၏ လုပ်ငန်းများသည် အချိန်ကာလ တစ်ခုအထိ ရပ်ဆိုင်းခဲ့ပါသည်။

ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်အရ နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကို USAID ၏ ခေတ္တအကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။ ထိုလုပ်ငန်းစဉ်ကို ဦးဆောင်ရန် အမေရိကန် အစိုးရလုပ်ငန်းစဉ်များ ထိန်းချုပ်ရေးဌာန (DOGE) အကြီးအကဲအဖြစ် ဘီလီယံနာသူဌေးကြီး Elon Musk ကို တာဝန်ပေးအပ်ခဲ့သည်။

USAID ကို ၁၉၆၁ ခုနှစ်တွင် အမေရိကန်သမ္မတ John F. Kennedy က တည်ထောင်ခဲ့ပြီး အမေရိကန်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာအကူအညီ၏ ၆၀% ခန့်ကို စီမံခန့်ခွဲ နေသည့် အဖွဲ့အစည်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၃.၇၉ ဘီလီယံခန့်ကို အဆိုပါ အေဂျင်စီသို့ ထောက်ပံ့ပေးခဲ့ပါသည်။ 

ယခုအခါ ဒေါ်နယ်ထရမ့် ၏ USAID အပေါ် ဆုံးဖြတ်ချက် နှင့် နောင်လာမည့် ရန်ပုံငွေ အစီအစဉ် အလားအလာကို စိတ်ဝင်စားနေကြသည်။ 

အိမ်ခြေယာမဲ့များအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ပူတင်ညွှန်ကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရုရှားနိုင်ငံ တစ်ဝှမ်းရှိ အိုးမဲ့အိမ်မဲ့များအား အခမဲ့ဆေးဘက်ဆိုင်ရာ အကူအညီများပေးရန် အစိုးရကို တာဝန်ပေးအပ်ထားပြီး ၎င်းတို့၏ အထောက်အထား သို့မဟုတ် မှတ်ပုံတင်/လိပ်စာကို အတည်ပြုသည့် စာရွက်စာတမ်းများ မပါရှိစေကာမူ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးရန် ညွှန်ကြားထားကြောင်းသိရှိရပါသည်။

ညွှန်ကြားချက်အတွက် နောက်ဆုံးသတ်မှတ်ရက်မှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ဖြစ်ပြီး ရုရှား ဝန်ကြီးချုပ် Mikhail Mishustin အား အဆိုပါတာဝန်ကို အကောင်အထည်ဖော်ရန်အတွက် တာဝန်ပေးအပ်ထား ကြောင်းသိရှိရသည်။

ကရင်မလင်၏ ဖေဖော်ဝါရီလ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ အိမ်ခြေယာမဲ့ ရုရှားနိုင်ငံသားများအား အထောက်အထားများ မပြည့်စုံစေကာမူ ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင် အိမ်ခြေယာမဲ့များနှင့် အထောက်အထားပျောက်ဆုံးခဲ့သူများအား ရုရှား ကျန်းမာရေးဌာနက လိုအပ်သောစောင့်ရှောက်မှုများပေးအပ်မည်ဟု ပူတင်က ကတိပေးခဲ့ပြီးနောက် ယခု ကဲ့သို့သော ညွှန်ကြားချက်ထွက်ရှိလာခြင်းဖြစ်သည်။

နေစရာနေရာမရှိသူများသည် အထောက်အပံ့ လိုအပ်နေသူများထဲတွင် အထိခိုက်အလွယ်ဆုံး ငဲ့ညှာရမည့်သူများဖြစ်သည်ဟု သမ္မတပူတင်က ဆိုသည်။

အနောက်နိုင်ငံများအပေါ် နည်းပညာမှီခိုမှုကို လျှော့ချရန် အတွက် အိန္ဒိယက ကိုယ်ပိုင် AI chip ထုတ်လုပ်မည်

အနောက်နိုင်ငံမှ နည်းပညာများအပေါ် အမှီသဟဲပြုနေရခြင်းကို  လျှော့ချနိုင်ရန်အတွက် အိန္ဒိယနိုင်ငံက ၎င်းတို့၏ကိုယ်ပိုင် AI chip များကို ထုတ်လုပ်မည်ဟု တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ Mint သတင်းစာတွင် ဖော်ပြထားသည်။

ကိုယ်ပိုင် AI chip များ ထုတ်လုပ်နိုင်ရန်အတွက်   အိန္ဒိယအီလက်ထရွန်နစ်နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးဌာန (Meity) က နိုင်ငံပိုင်အိုင်တီနှင့် ကွန်ပျူတာစင်တာများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါစင်တာများတွင် အဆင့်မြင့်ကွန်ပျူတာနည်းပညာ ဖွံ့ဖြိုးရေးစင်တာ (C-DAC) လည်း ပါဝင်လျက်ရှိသည်။

လက်ရှိတွင် AI နည်းပညာကဏ္ဍ၌ အမေရိကန်ပြည်ထောင်စုသည် ထိပ်တန်းမှ ရပ်တည်နေသည့်    နိုင်ငံတစ်နိုင်ငံဖြစ်ပြီး Nvidia ကုမ္ပဏီမှ ထုတ်လုပ်သည့် chip များကို ChatGPT ကဲ့သို့သော AI model တွင် အသုံးပြုလျက်ရှိသည်။

ထို့ပြင် အမေရိကန်တို့သည် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးတွင် လွှမ်းမိုးထားနိုင်သည့် အပြင် ကမ္ဘာပေါ်တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တင်ပို့ရောင်းချရာမှ ရရှိသည့်   ငွေကြေး စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို   လက်ခံရရှိနေသည်ဟု သုတေသန အဖွဲ့ကြီးတစ်ခုဖြစ်သည့် Gartner ကဖော်ပြခဲ့သည်။

သို့သော် အမေရိကန်အစိုးရသည် မကြာသေးမီကပင် တရုတ်နိုင်ငံ၏ နည်းပညာ တိုးတက်မှုများကို   ထိန်းချုပ်နိုင်ရန်အတွက် AI chip များ တင်ပို့ရောင်းချခြင်းအပေါ် ကန့်သတ်လိုက်သည့်အပြင် Nvidia ကဲ့သို့သော နည်းပညာကုမ္ပဏီများအပေါ်တွင်လည်း စည်းမျဉ်းစည်းကမ်းများ တင်းကျပ်ခဲ့သည်။

ထို့ကြောင့်   အိန္ဒိယနိုင်ငံ၏ ယခုလုပ်ဆောင်မည့် ကနဦးဆောင်ရွက်ချက်သည် ကိုယ်ပိုင် AI chip များကို ထုတ်လုပ်၍ အခြားနိုင်ငံများအပေါ် အမှီသဟဲပြုနေရသည့်အခြေအနေကို ပြောင်းလဲပစ်ရန် ကြိုးပမ်းခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံအနေဖြင့်   ၎င်းတို့၏ ကိုယ်ပိုင် AI chip များကို လာမည့် ၂၀၂၇ ခုနှစ်တွင်   ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားပြီး ထိုသို့လုပ်ဆောင်နိုင်ရန်အတွက်လည်း    အမေရိကန်နည်းပညာကုမ္ပဏီကြီးများနှင့် တရုတ် (တိုင်ပေ)မှ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးကော်မတီ (TSMC) တို့က အကြံဉာဏ်များ ပေးအပ်လျက် ရှိသည်။        

Source: Myawady Web Portal

အမေရိကန်က USAID အဖွဲ့အတွက် ၉ နှစ်ကျော်အတွင်း ဒေါ်လာ ၃၃၀ ဘီလီယံကျော် အသုံးပြုခဲ့

အမေရိကန်ပြည်ထောင်စုသည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (USAID) အဖွဲ့အတွက် ၉ နှစ်ကျော်အတွင်း ဒေါ်လာ ၃၃၀ ဘီလီယံကျော် အသုံးပြုခဲ့ကြောင်း မီဒီယာတစ်ခုက ဖေဖော်ဝါရီလ ၆ ရက်တွင် ဖော်ပြသည်။

အမေရိကန်အစိုးရသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အဆိုပါငွေကြေးများကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယင်းပမာဏသည် ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတော် အသုံးစရိတ်၏ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အမေရိကန်သမ္မတများအနက်   ဒီမိုကရက်များသည် ရီပတ်ဘလစ်ကန်များနှင့် နှိုင်းယှဉ်ပါက USAID အဖွဲ့အား ငွေကြေးထောက်ပံ့မှု ပိုမိုလုပ်ဆောင်ခဲ့ပြီး ယခင်သမ္မတဟောင်း    ဘားရက်အိုဘားမား လက်ထက်၂၀၁၆ ခုနှစ်တွင် USAID အတွက်အသုံးစရိတ်အဖြစ် ဒေါ်လာ ၅၀ ဒသမ ၃ ဘီလီယံ၊  ဂျိုးဘိုင်ဒင်လက်ထက်တွင်မူ တစ်နှစ်လျှင် ဒေါ်လာ ၃၇ ဒသမ ၄ ဘီလီယံမှ ၅၀ ဘီလီယံအထိ အသုံးပြုခဲ့သော်လည်း ဒေါ်နယ်ထရမ့် လက်ထက်တွင် ဒေါ်လာ ၂၅ဒသမ ၅ ဘီလီယံမှ ၂၆ ဒသမ ၇ ဘီလီယံ အထိသာ အသုံးပြုခဲ့ကြောင်း သိရသည်။

USAID အဖွဲ့သည် အမေရိကန်ပြည်သူများ၏  အခွန်ဘဏ္ဍာများကို   အသုံးပြု၍ ဇီဝလက်နက်များ ထုတ်လုပ်ရန် သုတေသန လုပ်ဆောင်လျက်ရှိသည်ဟု ပြောဆိုမှုများ ထွက်ပေါ်လာပြီးနောက်ပိုင်း အငြင်းပွားဖွယ် အကြောင်းရင်းများကြောင့် USAID အဖွဲ့၏လုပ်ဆောင်ချက်များကို ထရမ့် အစိုးရက ဖေဖော်ဝါရီလ ၃ရက်မှစ၍ ရပ်ဆိုင်းခဲ့ပြီး ဝါရှင်တန်မြို့ရှိ ရုံးချုပ်ကိုလည်း ပိတ်ပစ်ခဲ့သည်။ ထို့ပြင် USAID အဖွဲ့က လုပ်ဆောင်နေသည့် အစီအစဉ်များကိုလည်း သမ္မတထရမ့်က ရက်ပေါင်း ၉၀ ကြာရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံရောက် နေထိုင်ခွင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို အပြန်ခရီးအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် လျှောက်ထားနိုင်ဟုဆို

အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသည့် နေထိုင်ခွင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို အပြန်ခရီးအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်လျှောက်ထားနိုင်ကြောင်း အမေရိကန်နိုင်ငံ၊ ဝါရှင်တန် မြို့ ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် နေထိုင်ခွင့် ဗီဇာစသည့် တရားဝင်အထောက်အထားများ သက်တမ်းကုန်ဆုံးခြင်းများ ကြုံတွေ့နေရပါက အထောက်အထားမဲ့ နိုင်ငံခြားသား နေရပ်ရွှေ့ပြောင်းသူအဖြစ် သတ်မှတ်ခံရကာ ပြည်နှင်မည့်အနေအထားများ ဖြစ်ပေါ်လာနိုင်သဖြင့် ကာယကံရှင်များ၏ ပုဂ္ဂလိကအစီအစဉ်ဖြင့် နေထိုင်ခွင့်ရရှိရေး ကြိုတင်ဆောင်ရွက်နိုင်ရန် မြန်မာသံရုံးက အသိပေးထားသည်။

ထို့အပြင် နေထိုင်ခွင့် အထောက်အထားမဲ့ (သို့မဟုတ်) တရားမဝင်ရောက်ရှိနေသူဖြစ်ပါက အိမ်ရှင်အစိုးရ၏ တာဝန်ရှိသူများက ပြည်နှင်ချိန်မှထွက်ခွာခြင်းထက်ကြိုတင်ထွက်ခွာသင့်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအပြန်ခရီးအတွက် မည်သည့် ခရီးသွားလက်မှတ်အမျိုးအစားမျှ မရှိပါက (သို့မဟုတ်)နိုင်ငံကူးလက်မှတ်သည် ကာလကြာမြင့်စွာ သက်တမ်းလွန်နေပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်လျှောက်ထားနိုင်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

လျှောက်ထားရန်ပုံစံနှင့် လိုအပ်ချက်များအား မြန်မာသံရုံး၏ ဝက်ဘ်ဆိုက်မှရယူဖြည့်စွက်၍ အီးမေးလ်/ ဖုန်းတို့ဖြင့် ဆောလျင်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးက အသိပေးထားသည်။

ကိုးကား-NP News

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့မှ ပါဆယ် ပစ္စည်းများလက်ခံခြင်းကို အမေရိကန် စာတိုက်ဝန်ဆောင်မှု (USPS) ရပ်နား

အမေရိကန်စာတိုက်ဝန်ဆောင်မှု (USPS) က တရုတ် ပြည်မကြီးနှင့် ဟောင်ကောင်တို့မှ ပါဆယ်ပစ္စည်းများ လက်ခံခြင်းကို နောက်ထပ်အမိန့်‌စာမထုတ်ပြန်မချင်း ရပ်တန့်ထားသည်ဟု ဆိုသည်။

ပါဆယ်ပစ္စည်းလက်ခံခြင်းကို ရပ်ဆိုင်းထားသော်လည်း စာပေးပို့ခြင်းလုပ်ငန်းကို ထိခိုက်စေလိမ့်မည်မဟုတ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပြီး ထိုသို့ဆုံးဖြတ်ရခြင်း၏ အကြောင်းအရင်းကို မေးမြန်းရာတွင် ကုမ္ပဏီက ဖြေကြားရန် ငြင်းဆိုခဲ့သည်။

အမေရိကန်ဒေါ်လာ ၈၀၀ (ပေါင် ၆၄၁) တန်ဖိုးရှိသည့် သို့မဟုတ် အဆိုပါငွေပမာဏထက်နည်းသော ပါဆယ်အထုပ်ငယ်များကို အခွန် သို့မဟုတ် အခကြေးငွေ ပေးဆောင်ရန်မလိုဘဲ အမေရိကန်သို့ ပေးပို့နိုင်သည့် အခွင့်အရေးကို ပိတ်ပင်လိုက်သည့် စည်းမျဥ်းအသစ်များ အသက်ဝင်လာပြီးနောက်ပိုင်း အဆိုပါစည်းကမ်းချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

တရုတ်အွန်လိုင်းကုမ္ပဏီကြီးများဖြစ်သည့် Shein နှင့် Temu ကဲ့သို့ လက်လီ ရောင်းချသူများသည် အခွန် ကင်းလွတ်ခွင့်ရရှိသည့် တန်ဖိုးနည်းပါဆယ်ထုပ်များကို အမေရိကန်သို့တင်ပို့၍ အခွန်ကင်းလွတ်ခွင့်ရရှိစေရန် အသုံးချလျက်ရှိသည်။ ထို့ပြင် အဆိုပါကုမ္ပဏီများသည် သန်းနှင့်ချီသော သုံးစွဲသူများထံသို့ ၎င်းတို့၏ ပစ္စည်းများရောက်ရှိနိုင်ရန် UK အပါအဝင် ဥရောပနိုင်ငံများတွင် အလားတူနည်းလမ်းများ အသုံးပြု၍ အကျိုးအမြတ်များ ရရှိခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်သို့ တင်သွင်းသည့် တရုတ်ကုန်ပစ္စည်းများအားလုံးအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ရန် အမေရိကန်သမ္မတ Donald Trump က ကြေညာခဲ့သည်။

ထို့ကြောင့် အမေရိကန်၏ သွင်းခွန်နှုန်းထားအသစ်များအပေါ် အလားတူနည်းလမ်းများဖြင့် ပြန်လည်တုံ့ပြန်ရန် စီစဉ်နေသည့် EU ကလည်း ၎င်းတို့၏ Platforms များတွင် ရောင်းချနေသော အန္တရာယ်ရှိသည့် ထုတ်ကုန်များအတွက် Temu နှင့် Shein တို့တွင် တာဝန်ရှိကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။

အခွန်အခကင်းလွတ်ခွင့်ပြုသည့် အနိမ့်ဆုံးတန်ဖိုး သတ်မှတ်ချက်အရ အခွန်ပေးဆောင်ရန်မလိုသော တန်ဖိုးနည်းထုတ်ကုန်များ တင်ပို့ခြင်းကို ရပ်တန့်မည့် အစီအစဉ်သည် သီတင်းပတ်ကုန်တွင် သမ္မတ ဒေါ်နယ် ထရမ့်ကိုယ်တိုင် ချမှတ်ထားသော ကုန်သွယ်မှုဆိုင်ရာ အပြောင်းအလဲများအနက် တစ်ခုအပါအဝင်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ၂၂ ယူရို အောက်ရှိသော တန်ဖိုးနည်း ပစ္စည်းတန်ဖိုး ၄.၆ ဘီလီယံကို အီးယူသို့ တင်သွင်းခဲ့ပြီး ယင်းပစ္စည်းများ၏ ၉၁ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ တင်သွင်းခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်ထက် နှစ်ဆပိုများ လာခြင်းဖြစ်ကြောင်း ဥရောပကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အွန်လိုင်းဈေးရောင်းသူများက တိုက်ရိုက်တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်ဆိုင်ရာ စစ်ဆေးမှုများ တိုးမြှင့်မည်ဟု ဖေဖော်ဝါရီ ၅ ရက် (ဗုဒ္ဓဟူးနေ့)တွင် အီးယူက ကြေညာခဲ့သည်။

ကိုးကား (BBC)