သတင်းများ

BRICS ညီလာခံကို ဇူလိုင် ၆ ရက်မှ ၇ ရက်အထိ ဘရာဇီးတွင် ကျင်းပမည်

BRICS ညီလာခံကို လာမည့် ဇူလိုင် ၆ ရက်မှ ၇ ရက်အထိ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း BRICS အဖွဲ့၏ မီဒီယာဌာနက ဖေဖော်ဝါရီ ၁၆ ရက်တွင် ကြေညာလိုက်ပါသည်။

“၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် BRICS အစည်းအဝေးအတွက် ရက်နှင့် နေရာကို အတည်ပြုပြီးဖြစ်ပါကြောင်း၊ လာမည့် ဇူလိုင် ၆ ရက်နှင့် ၇ ရက်တွင် ရီယိုဒီဂျနေးရိုမြို့၌ ကျင်းပပါမည်” ဟု မီဒီယာဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

ဘရာဇီးနိုင်ငံသည် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါသည်။

ကိုးကား- TASS

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီးအတွင်း လေပြင်းဘေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၂၅) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်း ကျေးရွာအုပ်စု၊ ပင်တောကျေးရွာရှိ သက်ကြီးရွယ်အို၊ အမျိုးသမီး ဦးဆောင်သည့် အိမ်၊ မသန်စွမ်း၊ လူဦးရေများပြီး ဆင်းရဲနွမ်းပါးသည့် မိသားစုနေအိမ်များအား ဦးစားပေးရွေးချယ်ပြီး လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့မျာ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၂၅) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်း ကျေးရွာအုပ်စု၊ ပင်တောကျေးရွာရှိ သက်ကြီးရွယ်အို၊ အမျိုးသမီး ဦးဆောင်သည့် အိမ်၊ မသန်စွမ်း၊ လူဦးရေများပြီး ဆင်းရဲနွမ်းပါးသည့် မိသားစုနေအိမ်များအား ဦးစားပေးရွေးချယ်ပြီး လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ သစ္စာရှင် ပရဟိတအဖွဲ့နှင့် ပြည်သူလူထုများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။ 

Source:  DDM

အမေရိကန်လေယာဉ်တင်သင်္ဘောနှင့် ကုန်တင်သင်္ဘောတို့ မြေထဲပင်လယ်အတွင်း တိုက်မိ

ဖေဖော်ဝါရီလ ၁၃ ရက်နှောင်းပိုင်းတွင် အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Harry S. Truman သည် ကုန်တင်သင်္ဘော Besiktas-M နှင့် မြေထဲပင်လယ်အတွင်း တိုက်မိခဲ့ကြောင်း အမေရိကန်ရေတပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် ဖေဖော်ဝါရီလ ၁၃ ရက် ည ၁၁ နာရီ ၄၆ မိနစ်တွင် အီဂျစ် နိုင်ငံ Port Said မြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ရေတပ်အရာရှိက ပြောကြားခဲ့သည်။

သို့သော်လည်း အဆိုပါဖြစ်ရပ်အတွင်း လေယာဉ်တင်သင်္ဘော USS Harry S. Truman တွင် လူထိခိုက်ဒဏ်ရာရရှိခြင်းမျိုး သို့မဟုတ် ရေဝင်သွားခြင်းမျိုးမရှိခဲ့ကြောင်း အမေရိကန်ရေတပ်အရာရှိက ပြောကြားခဲ့သည်။ ထို့ပြင် လေယာဉ်တင်သင်္ဘော USS Harry S. Truman ၏ နျူကလီးယား တွန်းကန်စနစ်များသည် ဘေးကင်းလုံခြုံပြီး တည်ငြိမ်သော အခြေအနေတွင်ရှိကြောင်း ရေတပ်၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ တိုက်မိမှုဖြစ်ပွားရသည့် အကြောင်းအရင်းများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အလေးချိန်တန်ချိန်(၅၃၀ဝဝ)ကျော်ရှိပြီး အရှည်(၁၈၈)မီတာ ကျော်ရှိသော ကုန်တင်သင်္ဘော Besiktas-M သည် စူးအက်တူးမြောင်းကို ဖြတ်ကျော်ပြီး ရိုမေးနီးယားနိုင်ငံ Constanta မြို့ဆိပ်ကမ်းသို့ သွားနေ သည့်အချိန်တွင် ယခုကဲ့သို့တိုက်မိမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများမြင့်တက်လာခဲ့ပြီးနောက် အမေရိကန်အစိုးရသည် ၎င်း၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်အတွက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် USS Harry S. Truman လေယာဉ်တင်သင်္ဘောကို မြေထဲပင်လယ်အတွင်း စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း လည်းသိရသည်။ သင်္ဘောသား(၅၀ဝဝ) ခန့် ကို တင်ဆောင်ထားသော USS Harry S. Truman လေယာဉ်တင်သင်္ဘောသည် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ အပါအဝင် စစ်ဆင်ရေးအမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

ကိုးကား-NP News

14 February 2025

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်သို့ အားဘ(ခ)အားဆာ မောင်းနှင်ပြီး မမိုးမိုးအေး လိုက်ပါလာသည့် MITSUBISHI PAJERO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်း ဖမ်းဆီးရမိခဲ့သည်။
     အလားတူ ဖေဖော်ဝါရီ ၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အဝေးပြေးကားကြီးဝင်းတွင် ထွန်းဇော်ဒေးဦးနှင့် မဖြူဖြူအောင်တို့ နှစ်ဦးအား TOYOTA NOAH VOXY မော်တော်ယာဉ် တစ်စီးနှင့်အတူ ငါးခြောက်အိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၉ သိန်း ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ စောအုန်းကြွယ်(ခ)အုန်းကျော်အား ဆိုင်ကယ် တစ်စီးနှင့်လည်းကောင်း၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် တိုးတက်ထွန်း(ခ)တိုးကြီးနှင့် ကောင်းဆက်ကျော်(ခ)ကိုဆက်တို့အား TOYOTA WISH မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့သည်။
     စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မြဝတီနယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm 

လူကုန်ကူးမှုနှင့် ကျားဖြန့်လိမ်လည်သူများအား တိုက်ဖျက်မှု မြန်ဆန်စေ‌ရေးလမ်းညွှန်ကူညီရန် ထိုင်းဒုဝန်ကြီးချုပ်ထံ BGF ခေါင်း‌ဆောင်စာပို့အကူညီတောင်း

လူ-ကုန်ကူးမှုနှင့် ကျားဖြန့်လိ-မ်လည်သူများအား တိုက်ဖျက်မှု မြန်ဆန်စေ‌ရေးလမ်းညွှန်ကူညီရန် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝဲချရာချိုင်ထံ ကရင်နယ်ခြားစောင့်တပ်(BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်စောချစ်သူက စာ‌ပေးပို့အကူညီ တောင်းခဲ့ကြောင်း သိရသည်။

ကရင်နယ်ခြားစောင့်တပ် ဗိုလ်ချုပ်စောချစ်သူကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့်စာကို ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝဲချရာချိုင်ထံ ဖေဖော်ဝါရီ (၁၃)ရက်က ပေးပို့လိုက်ခြင်းဖြစ်သည်။

ပေးပို့စာ၌ မိမိဒေသအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် တရားမဝင် လာရောက်လုပ်ကိုင်နေကြသည့် လူ-ကုန်ကူးမှုကျူးလွန်သူများနှင့် လိ-မ်လည်လှည့်ဖျားသူများ (ကျားဖြန့်) အား ဖော်ထုတ်ဖမ်းဆီးစစ်ဆေးလျက် ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာသံရုံးများသို့ ပို့ဆောင်ပေးလျက်ရှိပါသည်ဟု ဖော်ပြထားသည်။

ထို့သို့ ပြန်လည်ပို့ဆောင်ရာတွင် မြဝတီမြို့ရှိ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတဆင့် မြန်မာနိုင်ငံအစိုးရ၊ ထိုင်းနိုင်ငံအစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်းအတွက် ပိုမိုမြန်ဆန်ချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဒုတိယဝန်ကြီးချုပ်မှ လိုအပ်သလို လမ်းညွန်ကူညီမှုပြုနိုင်ရန် လေးစားစွာ တင်ပြအပ်သည်ဟု ပါရှိသည်။

ယမန်နေ့ ဖေဖော်ဝါရီ (၁၄)ရက် နံနက်ပိုင်းတွင်လည်း ကရင် ပြည်နယ်၊ မြဝတီခရိုင် ၊ ‌ရွှေက္ကိုလ်မြို့သစ်အတွင်း ဖွင့်လှစ်ထားရှိသည့် ဟိုတယ်နှင့် ဖျော်ဖြေရေးလုပ်ငန်းအမည်ခံကာ လုပ်ကိုင်နေသည့် ကျားဖြန့်လုပ်ငန်းများအား ဝင်ရောက်စီးနင်းကာ စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) က မြဝတီခရိုင်အတွင်း ကျားဖြန့်နှင့် လူမှောင်ခိုရေးနှိမ်နင်းရန် ဖေဖော် ဝါရီ (၁၂)ရက်တွင် အထူးအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းလိုက်ပြီး (၂)ရက်အကြာ စတင်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က ဝင်ရောက်စီးနင်းမှုတွင် တရုတ်အပါအဝင် နိုင်ငံခြားသား (၁၀၀၀) ကျော်ကို ယာယီထိန်းသိမ်းခဲ့ပြီး (၅၀၀) စီ နှစ်ခေါက်ခွဲ၍ ထိုင်းအာဏာပိုင်များထံပြန်လည် အပ်နှံသွားမည်ဖြစ်ကြောင်း BGF နှင့် နီးစပ်သူများထံမှ သိရသည်။

Source: Popular Myanmar

အိန္ဒိယမှ ၁၄ နှစ်အရွယ် လူသားဂဏန်းပေါင်းစက်ဟုအမည်ပေးခံထားရသူသင်္ချာပါရမီရှင်က တစ်ရက်တည်းတွင် ဂင်းနစ်စံချိန် ၆ ခု ချိုးဖျက်နိုင်ခဲ့

ဒူဘိုင်း၊ ထူးခြားဆန်းပြား

အိန္ဒိယနိုင်ငံမှ အသက် ၁၄ နှစ်အရွယ် အာယန်ရှုခလာအမည်ရှိ သင်္ချာပါရမီရှင်တစ်ဦးသည် သင်္ချာဂဏန်းများကို စိတ်တွက်ဖြင့် အမြန်ဆုံးတွက်ပြနိုင်ပြီး တစ်ရက်တည်းမှာပင် ဂင်းနစ်စံချိန် ၆ ခု ချိုးဖျက်နိုင်ခဲ့ကြောင်း    အဆိုပါစံချိန်အဖွဲ့ကြီးက ဖေဖော်ဝါရီလ ၁၂ ရက်တွင်ဖော်ပြသည်။

လူသားဂဏန်းပေါင်းစက်ဟု အမည်ပေးခံထားရသည့် ရှုခလာသည် မဟာရက်ရှ်ထရာပြည်နယ်မှဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်က အီတလီရုပ်သံပြပွဲတစ်ခုဖြစ်သည့်  Lo Sho DeiRecord တွင် ဂဏန်း ၅ လုံးပါ ဂဏန်းပေါင်းအလုံး ၅၀ ကို ၂၅ ဒသမ ၁၉ စက္ကန့်အတွင်းမှာပင် စိတ်တွက်ဖြင့်  တွက်ပြနိုင်ခဲ့ပြီးဂင်းနစ်စံချိန်တင်နိုင်ခဲ့သူဖြစ်သည်။

ထို့ကြောင့် ဂင်းနစ်စံချိန်အဖွဲ့ကရှုခလာအား ဒူဘိုင်းသို့ဖိတ်ခေါ်၍ ၎င်း၏သင်္ချာစွမ်းရည်ကို   ထပ်မံစမ်းသပ်ခဲ့ရာ ၎င်းက ဂဏန်း ၄ လုံးပါ ဂဏန်းပေါင်းအလုံး၁၀၀ ကို  ၃၀ ဒသမ ၉ စက္ကန့်၊ ဂဏန်း ၄ လုံးပါ ဂဏန်းအလုံးရေ ၂၀၀ ကို ၁ မိနစ်နှင့်၉ ဒသမ ၆၈ စက္ကန့်၊ ဂဏန်း ၅ လုံးပါ ဂဏန်း အလုံးပေါင်း ၅၀ ကို ၁၈ ဒသမ ၇၁ စက္ကန့်အတွင်း စိတ်တွက်ဖြင့်တွက်ပြနိုင်ခဲ့သည်။

ထို့ပြင် ရှုခလာသည် ဂဏန်းပေါင်းခြင်းအပြင် ဂဏန်းအလုံးပေါင်း  ၂၀ ပါသည့် ဂဏန်းတစ်လုံးအား ဂဏန်း ၁၀ လုံးပါဂဏန်းဖြင့်စားခြင်းကိုလည်း ၅ မိနစ်နှင့် ၄၂ စက္ကန့်အတွင်း  တွက်ချက်ပြနိုင်ခဲ့ပြီး အလုံးရေအများအပြားပါဝင်သည့် ဂဏန်းများမြှောက်ခြင်းကိုလည်း ပွဲကြည့်သူများ အံ့အားသင့်သွားစေသည်အထိ စိတ်တွက်ဖြင့်တွက်ချက်ပြ၍ ဂင်းနစ်စံချိန်  ၆ ခုကိုတစ်ရက်တည်းချိုးဖျက်နိုင်ခြင်းဖြစ်ကြောင်းသိရသည်။

ရှုခလာသည် ယခုကဲ့သို့ တွက်ရန်ခက်ခဲသည့် ဂဏန်းများပေါင်းခြင်း၊ မြှောက်ခြင်းနှင့် စားခြင်းတို့ကို   စိတ်တွက်ဖြင့် အချိန်တိုအတွင်း  တွက်နိုင်ရန်အတွက် တစ်နေ့လျှင် အချိန် ၅ နာရီမှ ၆ နာရီအထိ သင်္ချာတွက်၍ လေ့ကျင့်ခဲ့ရကြောင်း သိရသည်။

Ref: GWR

Source: Myawady Web Portal

ထရမ့်နှင့် မတ်စ်က အစိုးရဝန်ထမ်း ၁၀,၀၀၀ နီးပါးကို အလုပ်ထုတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သူ၏ အကြံပေး အီလွန်မတ်စ်တို့၏ အမေရိကန်ဗျူရိုကရေစီစနစ်၏‌ ဖေါင်းပွမှုကို သိသိသာသာ ဖြတ်တောက်လျှော့ချခြင်းစီမံချက်အရ သောကြာနေ့တွင် ပြည်ထောင်စုမြေယာ စီမံခန့်ခွဲခြင်းမှသည် စစ်မှုထမ်းဟောင်း ပြုစုစောင့်ရှောက်ရေးအထိပါဝင်သော ဝန်ထမ်း ၉,၅၀၀ ကျော်ကို အလုပ်ထုတ်ပစ်ခဲ့ကြောင်း သိရသည်။

အလုပ်အကိုင်တည်မြဲမှုအတွက် တရားဝင်အကာအကွယ်ရမှုနည်းပါးသေးသော အစမ်းခန့် ပထမနှစ်ဝန်ထမ်းများကို သီးသန့်ပစ်မှတ်ထားခြင်းမျိုးမဟုတ်သော်လည်း ပြည်ထဲရေး၊ စွမ်းအင်၊ စစ်မှုထမ်းဟောင်းရေးရာ၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်းဌာနများရှိ ယင်းကဲ့သို့သော အလုပ်သမားများသည် စီမံချက်၌ အလုပ်ရပ်စဲခံရမှုတွင် အများစုဖြစ်လျက်ရှိသည်။

အိမ်ဖြူတော်၏ အဆိုအရ ထရမ့်နှင့် မတ်စ်တို့က ဆန္ဒအလျောက်နုတ်ထွက်ရန် ကမ်းလှမ်းခဲ့သည့် အကြမ်းအားဖြင့် ဝန်ထမ်း ၇၅,၀၀၀ အပြင် ယခုဝန်ထမ်းများကို ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာနှင့် အခြားအမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။ ယင်းအရေအတွက်သည် အရပ်ဖက်ဝန်ထမ်းအင်အား ၂ ဒဿမ ၃ သန်း၏ ၃ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရသည် အလွန်ဖောင်းပွနေပြီး ဖြူန်းတီးမှုများနှင့် အလိမ်အညာများကြောင့် ငွေကြေးများစွာ ဆုံးရှုံးလျက်ရှိသည်ဟု ထရမ့်က ပြောဆိုသည်။ အစိုးရသည် အကြွေးဒေါ်လာ ၃၆ ထရီလျံခန့်ရှိပြီး ယမန်နှစ်က လိုငွေ ၈ ထရီလျံအထိ ရှိခဲ့ကာ ပြုပြင်ပြောင်းလဲမှုလုပ်ရန်လိုအပ်ကြောင်းကို နှစ်ဖက်သဘောတူညီချက်ရှိထားသည်။

လွှတ်တော်နှစ်ရပ်စလုံးတွင် အမတ်အများစုကို ပိုင်ဆိုင်ထားသည့် ၎င်း၏ ရီပတ်ဘလီကန်အမတ်များက အဆိုပါလုပ်ဆောင်ချက်များကို ကြီးမားစွာ ထောက်ခံထားကြသည့်တိုင် ထရမ့်သည် အသုံးစရိတ်များနှင့်ပတ်သက်၍ လွှတ်တော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် အခွင့်အာဏာကို ထိပါးနေသည်ဟု ကွန်ဂရက်လွှတ်တော်၏ ဒီမိုကရက်အမတ်များက ပြောဆိုခဲ့သည်။

မတ်စ်၏ ဆောင်ရွက်ချက်များသည် ညှိနှိုင်းဆောင်ရွက်မှုအားနည်းခြင်းကြောင့် အိမ်ဖြူတော်ဦးစီး အရာရှိချုပ် အပါအဝင် ထရမ့်၏ လက်ထောက်အချို့ကြားတွင် စိတ်ပျက်မှုများ ကြီးထွားလာသည်ဟု သတင်းရင်းမြစ်များက ရိုက်တာကို ပြောကြားခဲ့သည်။

အလုပ်အကိုင် လျှော့ချခြင်းများအပြင် ထရမ့်နှင့် မတ်စ်တို့သည် ဝန်ထမ်းများအတွက် အစိုးရဝန်ထမ်းဆိုင်ရာအကာအကွယ်များကို ပယ်ဖျက်ရန် ကြိုးစားခဲ့ပြီး အမေရိကန်နိုင်ငံရပ်ခြားအကူအညီများကို ရပ်ဆိုင်းခြင်း၊ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးရေးအေဂျင်စီနှင့် စားသုံးသူ ဘဏ္ဍာရေးအကာအကွယ်ပေးရေးဗျူရိုကဲ့သို့သော အစိုးရအေဂျင်စီအချို့ကို ပိတ်ပစ်ရန် လုပ်ဆောင်ခဲ့သည်။

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာကသိရှိစေရန် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် သနပ်ခါးနှင့်ပတ်သက်၍ အများပြည်သူ၏ သဘောထားစစ်တမ်း ကောက်ခံခြင်းကို ဆောင်ရွက်လျက်ရှိပြီး မတ်လမတိုင်မီ ယူနက်စကိုသို့ တင်ပြသွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ သိရသည်။

အဆိုပါ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ယူနက်စကိုမှ အသိအမှတ်ပြုရေးကို ၂၀၂၀ ပြည့်နှစ်က ဆောင်ရွက်ခဲ့ရာ လိုအပ်ချက်များနှင့် အများပြည်သူပါဝင်သည့် အထောက်အထားများ ထပ်မံဖြည့်ဆည်း၍ ယခုနှစ်တွင် ဆက်လက် ဆောင်ရွက်ခြင်းဖြစ်ပြီး တပိုတွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားသည်ဟု ဆိုသည်။

အများပြည်သူတို့၏ သဘောထားစစ်တမ်းကောက်ခံချက်များကို ယူနက်စကိုအဖွဲ့အစည်းသို့ တင်ပြသွားမည်ဖြစ်ပြီး သနပ်ခါးနှင့် ပတ်သက်သည့် သဘောထားစစ်တမ်းကောက်ယူမှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာ ဌာနခွဲများအလိုက် ဆောင်ရွက်လျက်ရှိရာ တပို့တွဲလပြည့်နေ့က မန္တလေး နန်းမြို့အတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်နှင့် အောင်မြေသာစံမြို့နယ်ရှိ ရွှေနန်းတော်ကျောင်းတို့တွင် အများပြည်သူ ပိုမိုသိရှိပြီး ပူးပေါင်းပါဝင်လာစေရန်အတွက် မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ်အဖြစ် သနပ်ခါးလိမ်းခြယ်ခြင်းနှင့် သဘောထားစစ်တမ်းကောက်ယူခြင်း လှုပ်ရှားမှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုမှ အသိအမှတ်ပြုရေး ဆောင်ရွက်ရန် အများပြည်သူ ပူးပေါင်းပါဝင်မှုရှိကြောင်းနှင့် သနပ်ခါးသုံး စွဲမှုနှင့်ပတ်သက်၍ မိမိတို့၏သဘောထားများ ဖြည့်စွက်ရာ၌ သနပ်ခါး သုံးစွဲသည့်အကြောင်းအရင်းနှင့် ယူနက်စကိုအသိအမှတ်ပြုရေးတွင် ပူးပေါင်း ပါဝင်သဘောတူကြောင်းတို့ကို ဖြည့်စွက်ပေးရမည်ဖြစ်ကြောင်း၊ မြန်မာ့ သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားသည့် တပိုတွဲလပြည့်နေ့တွင် မန္တလေး မြို့၊ နန်းမြို့အတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်နှင့် ရွှေနန်းတော် ကျောင်းတို့တွင် သနပ်ခါးများ၊ ကျောက်ပျဉ်များနှင့် မှန်များထားရှိပြီး လာရောက်သူများအား သနပ်ခါးလိမ်းခြယ်စေခြင်းနှင့် QR Scan ဖတ်၍ ၎င်းတို့၏ သဘောထားစစ်တမ်းများ ကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုးကား- ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

Deepseek အပလီကေးရှင်းက အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို စုဆောင်းပြီး သိုလှောင်ထားသည့် အချက်အလက်များကိုလည်း အစိုးရသို့ ထုတ်ပြန်ပေးနိုင်ဟု NIS ပြော

တရုတ်နိုင်ငံမှထုတ်လုပ်သည့် Deep- seek အပလီကေးရှင်းသည် အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို စုဆောင်းပြီး ကီးဘုတ်မှရိုက်သွင်းလိုက်သည့်  အချက်အလက်များကိုလည်း အသုံးပြုလျက်ရှိသည်ဟု တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေး အေဂျင်စီ (NIS) ကပြောသည်။

ထို့ကြောင့် အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိသူများအနေဖြင့် Deepseek AI အပလီကေးရှင်းကို အသုံးပြုရာတွင် သတိထားကြရန် NIS က အာဏာပိုင်အဖွဲ့ထံသို့ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌ တရားဝင်အသိပေးခဲ့သည်။

Deepseek AI အပလီကေးရှင်းသည် အခြား AI ဝန်ဆောင်မှုများနှင့် မတူဘဲအသုံးပြုသူများက ၎င်းတို့၏ ကီးဘုတ်မှတစ်ဆင့် ရိုက်ထည့်လိုက်သည့် အချက်အလက်များကို စုဆောင်းနိုင်သည့် function ကိုထည့်သွင်းထားခြင်းကြောင့် အပလီကေးရှင်းတွင် ရေးသားထားသည့်အချက်အလက်အားလုံးကို မှတ်တမ်းတင်နိုင်ကြောင်း NIS က ယခုလအစောပိုင်းတွင် ထုတ်ပြန်သည့်  ကြေညာချက်အတွင်း ဖော်ပြထားသည်။

ထို့ပြင်   အဆိုပါမှတ်တမ်းများအား အခြားအဖွဲ့အစည်းများထံသို့ လွှဲပြောင်းပေးနိုင်ကြောင်းကို  အတည်ပြုနိုင်ခဲ့ကြောင်း NIS ကအတည်ပြုထားသည်။ထို့ပြင် volceapplog.com ကဲ့သို့သောတရုတ်ကုမ္ပဏီများ၏ ဆာဗာများနှင့်ဆက်သွယ်နိုင်သည့်အပြင် အချက်အလက်များကို ရိုက်သွင်းသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကိုပါ ရှာဖွေဖော်ထုတ်နိုင်သည်။

ထို့အတူ တရုတ်နိုင်ငံ၏ဥပဒေအရ တရုတ်ကုမ္ပဏီများ၏ ဆာဗာများတွင် သိုလှောင်ထားသည့် အချက်အလက်များကို တရုတ်အစိုးရက ဖော်ပြပေးရန်တောင်းဆိုလာပါက   အဆိုပါကုမ္ပဏီများအနေဖြင့် ထုတ်ပြန်ပေးရမည်ဖြစ်ကြောင်း NIS ကဆက်လက်ပြောကြားသည်။

Deepseek AI အပလီကေးရှင်းသည် တူညီသောမေးခွန်းတစ်ခုအား   မတူကွဲပြားသော ဘာသာစကားများကို အသုံးပြု၍မေးမြန်းရာတွင် အမျိုးမျိုးဖြေကြားလေ့ရှိ ကြောင်းသိရသည်။   ဥပမာအားဖြင့် တောင်ကိုရီးယားနိုင်ငံတွင်    အဓိကစားသုံးသည့် ကင်ချိ ဟူသောစကားလုံးကို ကိုရီးယားဘာသာစကားဖြင့်အသုံးပြု၍ မေးမြန်းရာတွင် တောင်ကိုရီးယားဟင်းလျာဟုဖြေကြားသော်လည်း တရုတ်ဘာသာဖြင့် မေးမြန်းရာတွင် ကင်ချိမှာ တရုတ်နိုင်ငံတွင် စတင်ပေါ်ပေါက်သော ဟင်းလျာဖြစ်သည်ဟု ဖော်ပြကြောင်း NIS ကပြောကြားသည်။                                  

Ref: ST

Source:Myawady Web Portal

အစ္စရေး သို့မဟုတ် အမေရိကန်က တိုက်ခိုက်ခဲ့မည်ဆိုပါက နျူကလီးယား စက်ရုံအမြောက်အမြား တည်ထောင်မည်ဟု အီရန်ကြေညာ

တီဟီရန်၊ နျူကလီးယားနည်းပညာ

အီရန်နိုင်ငံအား အစ္စရေး သို့မဟုတ်အမေရိကန်က တိုက်ခိုက်ခဲ့မည်ဆိုပါက နိုင်ငံအတွင်း၌   နျူကလီးယားစက်ရုံအမြောက်အမြားကို တည်ထောင်မည်ဖြစ်ကြောင်း အီရန်အစိုးရက ဖေဖော်ဝါရီလ ၁၃  ရက်တွင် ကြေညာသည်။

အစ္စရေးနိုင်ငံသည် နိုင်ငံအတွင်းရှိ နျူကလီးယားစက်ရုံများအား တိုက်ခိုက်ရန် ခြိမ်းခြောက်လျက်ရှိပြီး ၎င်းတို့အနေဖြင့် စက်ရုံများကို တိုက်ခိုက်နိုင်သော်လည်း စက်ရုံတည်ဆောက်သည့် အသိဉာဏ်ကို ဖျက်ဆီးနိုင်မည်မဟုတ်ကြောင်း အီရန်သမ္မတ    မာဆွတ်ပယ်ဇက်ခီးယမ်းက  ပြောကြားသည်။

အစ္စရေးနိုင်ငံသည် အီရန်နိုင်ငံရှိ  နျူကလီးယားစက်ရုံများအပေါ် အကြီစားတိုက်ခိုက်မှုများ လုပ်ဆောင်နိုင်မည့် အလားအလာကို ရှာဖွေဖော်ထုတ်လျက်ရှိသည်ဟူသော အမေရိကန်၏ ကောက်ချက်ချမှုကို ကိုးကား၍ Wall Street Journal က ဖေဖော်ဝါရီလ  ၁၂   ရက်တွင် ဖော်ပြခဲ့ပြီးနောက် အီရန်၏ ပြောဆိုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့တိုက်ခိုက်ရာတွင် အစ္စရေးနိုင်ငံက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံမှထောက်ခံမှုကို မျှော်လင့်လျက်ရှိကြောင်းWall Street Journal ကဆက်လက်ဖော်ပြထားကြောင်းသိရသည်။  

Ref: Ivt