သတင်းများ

နမီးဘီးယားလွတ်လပ်ရေးဖခင် ဆမ်နျုဂျိုမာ ကွယ်လွန်

တောင်အဖရိကကိုလိုနီအုပ်ချုပ်မှုမှ လွတ်လပ်ရေးရရှိအောင် ဦးဆောင် တိုက်ပွဲဝင်ခဲ့သူ၊ နမီးဘီးယားနိုင်ငံ၏ ပထမဆုံးသမ္မတအဖြစ် ၁၅ နှစ်တိုင် ထမ်းဆောင်ခဲ့သူ ဆမ်နျုဂျိုမာသည် ဖေဖော်ဝါရီ ၈ ရက် (စနေနေ့) ည အချိန်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း လက်ရှိသမ္မတ Nangolo Mbumba က ဖေဖော်ဝါရီ ၉ ရက် (တနင်္ဂနွေနေ့)တွင် ကြေညာလိုက်ပါသည်။ ဆမ်နျုဂျိုမာ ကွယ်လွန်ချိန်တွင် အသက် ၉၅ နှစ်အရွယ်ရှိပြီ ဖြစ်ပါသည်။ 

ဗြိတိန်ချားလ်စ်ဘုရင်က ဆမ်နျုဂျိုမာ ကွယ်လွန်မှုမှာ လွန်စွာဝမ်းနည်း ကြေကွဲရပါကြောင်း၊ နျုဂျိုမာ၏ ဘဝတစ်လျှောက်လုံး လွတ်လပ်ရေးနှင့် ဒီမိုကရေစီအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့မှုမှာ သမိုင်းတင်ရစ် ခဲ့ပါကြောင်း ပြောကြားလိုက်ပါသည်။ 

၁၉၉၀ ပြည့်နှစ်တွင် တောင်အဖရိကကိုလိုနီအုပ်ချုပ်ရေးမှ လွတ်လပ်ရေး တိုက်ပွဲဦးဆောင်ခဲ့သူနှင့် နိုင်ငံကို ဒီမိုကရေစီနှင့် တည်ငြိမ်အေးချမ်းစေရန် ထူထောင်ပေးခဲ့သူ နျုဂျိုမာသည် ၂၀ ရာစု တောင်အာဖရိက ကိုလိုနီနိုင်ငံများအဖြစ်မှ လွတ်မြောက်စေရန် ဦးဆောင်ခဲ့သော အာဖရိကခေါင်းဆောင်ကြီးများအနက် နောက်ဆုံးမျိုးဆက်လည်းဖြစ်ပါသည်။ 

ကိုးကား -The Guardian

တောင်ကိုရီးယားနိုင်ငံရှိ လေဆိပ်အားလုံးတွင် မီးလောင်မှုကြိုတင်စောင့်ကြည့်ရေး ကင်မရာနှင့် ငှက်စောင့်ကြည့်ရေး ရေဒါများတပ်ဆင်မည်

ဆိုးလ်   ဖေဖော်ဝါရီ ၉

တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်း ယမန်နှစ်က မတော်မဆမှုဖြစ်ပွားပြီးနောက် တောင်ကိုရီးယားနိုင်ငံရှိ လေဆိပ်အားလုံးတွင် မီးလောင်မှုကြိုတင်စောင့်ကြည့်ရေး ကင်မရာနှင့် ငှက်စောင့်ကြည့်ရေး ရေဒါများတပ်ဆင်ရန် တောင်ကိုရီးယားတာဝန်ရှိသူများက ညွှန်ကြားခဲ့ကြောင်း ယနေ့ ဗွီအင်န်အိတ်ပရက်သတင်းဌာနမှ သိရသည်။

ယမန်နှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ထိုင်းနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ မူအမ်လေဆိပ်သို့ ပျံသန်းလာသည့် ခရီးသည် ၁၈၁ ဦး လိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်သည် မူအမ်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ရန် ကြိုးပမ်းစဉ် အရှိန်ထိန်း ကွန်ကရစ်တုံးနှင့် တိုက်မိပြီး မီးလောင်ပေါက်ကွဲခဲ့ရာ ခရီးသည် ၁၇၉ ဦးသေဆုံးခဲ့သည်။

၎င်းလေယာဉ်အား လေယာဉ်မှူးက အရေးပေါ်ဆင်းသက်ရန် နှစ်ကြိမ်ကြိုးပမ်းခဲ့ရာတွင် ပထမအကြိမ်တွင် ငှက်အုပ်များလေယာဉ်အင်ဂျင်အတွင်း ဝင်ရောက်တိုက်မိခဲ့ကြောင်း လေယာဉ်မှူးက လေကြောင်းထိန်းမျှော်စင်သို့ အကြောင်းကြားခဲ့ပြီး ဒုတိယအကြိမ် ထပ်မံဆင်းသက်ရန် ကြိုးပမ်းစဉ်တွင် လေယာဉ်ဘီးချ၍မရဘဲ မတော်တဆမှုဖြစ်ပွားကာ မီးလောင်ပေါက်ကွဲခြင်းဖြစ်သည်။

လေကြောင်းမတော်တဆမှုများကို ကာကွယ်ရေးအတွက် လာမည့်နှစ်မှစတင်၍ နိုင်ငံအတွင်းရှိ လေဆိပ်တိုင်းတွင် မီးလောင်မှုကြိုတင်စောင့်ကြည့်ရေးကင်မရာတစ်ခုစီနှင့် ငှက်စောင့်ကြည့်ရေးရေဒါများကို တပ်ဆင်မည်ဟု မြေယာဝန်ကြီးဌာနက ပြောကြားသည်။

ယခုအသုံးပြုမည့် ရေဒါသည် ငှက်၏ အရွယ်အစားနှင့် ၎င်း၏ ရွေ့လျားမှုလမ်းကြောင်းများကို သိရှိနိုင်မည်ဖြစ်ပြီး အဆိုပါ အချက်အလက်များကို လေကြောင်းထိန်းမျှော်စင်မှတစ်ဆင့် လေယာဉ်မှူးထံ ပေးပို့မည်ဖြစ်သည်။

ပျက်ကျခဲ့သည့် ဂျယ်ဂျူလေကြောင်းလိုင်းလေယာဉ်၏ အင်ဂျင်များတွင် ငှက်အမွေးများ တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာများက ပြောကြားသည်။

Source: ကြေးမုံသတင်းစာ

လျှပ်စစ်ဓာတ်အားခွဲစက်ရုံအတွင်းသို့ မျောက်တစ်ကောင် ဝင်ရောက်လာမှုကြောင့် သီရိလင်္ကာနိုင်ငံ တစ်ဝန်းတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်

ကိုလံဘို၊ ပြည်တွင်းရေး

      သီရိလင်္ကာနိုင်ငံတွင် ဖေဖော်ဝါရီလ ၉ ရက်က လျှပ်စစ်ဓာတ်အားခွဲ စက်ရုံတစ်ခုအတွင်းသို့ မျောက်တစ်ကောင် ကျုးကျော်ဝင်ရောက်လာမှုကြောင့် နိုင်ငံတစ်ဝန်းတွင် လျှပ်စစ်မီးများပြတ်တောက်သွားခဲ့ရကြောင်း အစိုးရအဖွဲ့မှ တာဝန်ရှိသူများကပြောသည်။

အဆိုပါမျောက်သည် မြို့တော်ကိုလံဘိုတောင်ပိုင်း ဆင်ခြေဖုံးဒေသရှိ  စက်ရုံအတွင်းသို့ဝင်ရောက်လာပြီးနောက်   ဓာတ်အားပေးကွန်ရက်စနစ်ရှိ ထရန်စဖော်မာတစ်လုံးအား ထိတွေ့ကိုင်တွယ်ခဲ့ရာမှ ဓာတ်အားပေးစနစ်တွင် တစ်ဖက်စောင်းနင်းဖြစ်ပြီး ဒေသစံတော်ချိန် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခြင်းဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီး ကုမာရ ဂျာယာကိုဒီက    သတင်းထောက်များကို ပြောသည်။

ယင်းနောက်   လျှပ်စစ်အင်ဂျင်နီယာများက လျှပ်စစ်ဓာတ်အားပေးစနစ်ပြန်လည် ကောင်းမွန်လာစေရန် ကြိုးပမ်းခဲ့ပြီးနောက် တစ်နာရီခန့်အကြာတွင် ဆေးရုံနှင့် အခြားအရေးကြီး အဆောက်အအုံများသို့ လျှပ်စစ်ဓာတ်အား ပြန်လည်ပေးနိုင်ခဲ့ပြီး သုံးနာရီအကြာတွင် အပြည့်အဝ ပြန်လည်ပေးနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လျှပ်စစ်မီးကို နိုင်ငံအတွင်းရှိ အချို့ဒေသများသို့ ပြန်လည်ပေးနိုင်ခဲ့သော်လည်း အချို့နေရာများတွင် လျှပ်စစ်ဓာတ်အားသည်  အချိန်မည်မျှကြာ ပြတ်တောက်လျက်ရှိသည်ကို အတိအကျ မသိရသေးပေ။

Source: Myawady Webportal

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး ဖမ်းဆီးရမိ

       ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် နံနက် ၇ နာရီတွင်  စစ်ကိုင်းမြို့နယ်၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမှ စစ်ကိုင်းမြို့သို့ ပြည်ကြီးတံခွန်မြို့နယ်၊ ဈေးတန်းရပ်ကွက်နေ သန့်ဇင်မျိုး(၃၇)နှစ် မောင်းနှင်လာသည့် YGN-34 9Q/XXXX ISUZU D–MAX မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်းသိရှိရ၍ သန့်ဇင်မျိုးအား စစ်ကိုင်းမြို့မရဲစခန်း(ပ)၃၇/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် လည်းကောင်း။
     အလားတူ နံနက် ၈ နာရီတွင် စစ်ကိုင်းမြို့နယ်၊  ညောင်ပင်ဇင်ကျေးရွာ ကံတလူစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမှ ကလေးမြို့သို့ ကလေးမြို့၊ သဇင်ရပ်ကွက်နေ သန်းထိုက်အောင်(၂၉)နှစ် မောင်းနှင်လာသည့် MDY-14 7P/XXXX JEEP မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရ၍ သန်းထိုက်အောင်အား ရွာသစ်ကြီးနယ်မြေရဲစခန်း (ပ)၈/၂၀၂၅၊  ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

      ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်က မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ စိုက်/သိပ္ပံကျောင်းရှေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်၌ သထုံမြို့မရဲစခန်းတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သထုံမြို့မှ ဘီးလင်းမြို့သို့ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်နေ အောင်မျိုးသူ(၃၄)နှစ် မောင်းနှင်လာသည့် YGN-20 5H/XXXX HONDA FIT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် သက်သေခံအထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် အောင်မျိုးသူအား သထုံမြို့မရဲစခန်း(ပ)၁၅/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

အီတလီ ဂန္ထဝင်တယော ပညာရှင် စထရာဒီဗာရီ၏ ၃၁၁ နှစ်သက်တမ်းရှိ တယောအား   ဒေါ်လာ ၁၁ ဒသမ ၂၅ သန်းဖြင့်ရောင်းချ

အီတလီနိုင်ငံမှ ဂန္ထဝင်တယောပညာရှင်နှင့် လက်မှုတူရိယာ ပညာရှင်တစ်ဦးဖြစ်သူ အန်တိုနီယို စထရာဒီဗာရီ၏ သက်တမ်း ၃၁၁ နှစ်ရှိ တယောအား အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့ရှိ Sotheby’s လေလံပွဲ၌ ဒေါ်လာ ၁၁ ဒသမ  ၂၅ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတယောအား စထရာဒီဗာရီ၏ ထင်ပေါ်ကျော်ကြားမှု အမြင့်ဆုံးကာလဖြစ်သည့် ၁၇၁၄ ခုနှစ်တွင် ဖန်တီးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၇ ရက်ကကျင်းပသည့် လေလံပွဲ၌ ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတယောအား ဟန်ဂေရီမှ ပြိုင်စံရှား တယောပါရဂူ  ဂျိုအာချင်နှင့် ထင်ရှားသည့် တရုတ်တယော ပညာရှင် ရှီဟုန်မာတို့အား ဂုဏ်ပြုသောအားဖြင့် ဂျိုအာချင်-မာ- စထရာဒီဗာရီတယောဟု Sotheby’s လေလံကုမ္ပဏီက အမည်ပေးထားသည်။

ဂျိုအာချင်နှင့် ရှီဟုန်မာတို့သည် စထရာဒီဗာရီ၏ အဆိုပါ တယောအား ပိုင်ဆိုင်ခဲ့ကြသည့် ပိုင်ရှင်ဟောင်းများဖြစ်သည်။ နောက်ဆုံးပိုင်ရှင်ဖြစ်သည့် ရှီဟုန်မာ သေဆုံးပြီးနောက် ၎င်း၏ မိသားစုက ၎င်းတယောအား ဘော့စတွန်မြို့ရှိ နယူးအင်္ဂလန် ဂီတသင်တန်းကျောင်းသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

နယူးအင်္ဂလန် ဂီတသင်တန်းကျောင်းအနေဖြင့် ယခုရောင်းချခဲ့သည့် ငွေကြေးများကို  ကျောင်းသားများအား ပညာသင်ဆုပေးရန် လိုအပ်သည့် ရန်ပုံငွေအတွက် အသုံးပြုသွားမည်ဟု ကျောင်းဥက္ကဋ္ဌ ဖြစ်သူ အန်ဒရေ ကာလင်က ပြောကြားခဲ့သည်။

Source: Myawady Web Portal

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်

နေပြည်တော် ဖေဖော်ဝါရီ ၉

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုစိစစ်အကဲဖြတ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ စာပေနှင့် သတင်းနယ်ပယ်များမှ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတနယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားကျင်းပမည့် ကျောက်စိမ်းခန်းမအဝင် လျှောက်လမ်း၌ ပြသထားသည့် ၁၉၅၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့ကြသူများနှင့် ရုပ်ရှင်ဇာတ်ကားများ၊ ထူးချွန်ဆုရအနုပညာရှင်များ၊ အတတ်ပညာရှင်များ၏ မှတ်တမ်းဓာတ်ပုံများ ပြသထားရှိမှုကို ကြည့်ရှုကြသည်။

အခမ်းအနားကို ဖွင့်လှစ်ပေး

ယင်းနောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒစ်ဂျစ်တယ်စက်ခလုတ်ခုံပေါ်တွင် အကယ်ဒမီကြယ်စင်ရုပ်ကို စိုက်ထူ၍ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “တိုးတက်အောင်မြင်မြန်မာ့ရုပ်ရှင်” တေးသီချင်းကို သရုပ်ဖော်ဖျော်ဖြေတင်ဆက်ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ဂုဏ်ပြုစီစဉ်တင်ဆက်သည့် “ကြည်လင်သန့်စင် စီးမျောသက်ဝင် မြန်မာ့ရုပ်ရှင်” မှတ်တမ်း Video Clip ကို ပြသသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ၁၉၅၂ ခုနှစ်မှ စတင်ချီးမြှင့်လာခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားများသည် ယနေ့ဆိုပါက (၆၆) ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်၊ ပြည်သူနှင့် အနုပညာရှင်များ၏ စုစည်းမှု၊ အေးချမ်းပျော်ရွှင်မှုများကို (၆၆) ကြိမ်မြောက် ဝေမျှဖော်ကျူးပေးနိုင်သည့် မင်္ဂလာအခမ်းအနားပင်ဖြစ်ကြောင်း၊ မြန်မာ့ရုပ်ရှင်ခေတ်ဦးကိုပြန်ကြည့်ပါက ကိုယ့်အား ကိုယ်ကိုး၊ ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်ပြီး အောင်မြင်တိုးတက်ခဲ့သည့် ဂုဏ်ယူဖွယ်သမိုင်းအထောက်အထားများနှင့် ဖြတ်သန်းလာခဲ့သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ ၁၉၂၀ ပြည့်နှစ် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလကတည်းက ပေါ်ပေါက်ခဲ့သည့် မြန်မာ့ရုပ်ရှင်သမိုင်းသည် ယခုဆိုပါက နှစ်ပေါင်း (၁၀၅) နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်း။

နိုင်ငံနှင့်ပြည်သူအပေါ် တာဝန်ကျေခဲ့

ထိုကဲ့သို့ နှစ်(၁၀၀)ကျော်ကာလ သမိုင်းမှတ်တမ်းများနှင့် လှုပ်ရှားသက်ဝင်နေသည့် မြန်မာ့ရုပ်ရှင်သည် ခေတ်စနစ်အမျိုးမျိုးကြား၌ ပြည်သူများကို အပန်းဖြေပျော်ရွှင်စေပြီး ရသမျိုးစုံကို မျှဝေပေးနိုင်ခဲ့ရုံသာမက နိုင်ငံတော်၏အရေးပါသည့် အခန်းကဏ္ဍများ၊ နိုင်ငံ၏ ပကတိအခြေအနေများကို အနုပညာဖြင့် ထင်ဟပ်ဖော်ပြအကျိုးပြုနိုင်ခဲ့သည့်အတွက် နိုင်ငံနှင့်ပြည်သူအပေါ် တာဝန်ကျေခဲ့သည်ဟု ပြောရမည်ဖြစ်ကြောင်း။

အနုပညာစွမ်းအားဖြင့် ဆက်လက်ကြိုးပမ်း

ရုပ်ရှင်အပါအဝင် အနုပညာရှင်များသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် တိုင်းရင်းသား ပြည်သူများ၏ စိတ်ဓာတ်ကို တိုင်းချစ်ပြည်ချစ်စိတ် ထက်သန်ရေး၊ ဝံသာနုရက္ခိတတရား ထွန်းကားရေး၊ ဇာတိသွေးဇာတိမာန်တက်ကြွရေးနှင့် စည်းလုံးညီညွတ်ရေးတို့အတွက် မိမိတို့တတ်စွမ်းထားသည့် အနုပညာနှင့် စည်းရုံးလှုံ့ဆော်ပေးခဲ့ကြကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ကာလတွင်လည်း ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အနုပညာစွမ်းအားဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း။

ယင်းတို့သည် နိုင်ငံအတွက် အကျိုးပြုခဲ့သည့် သမိုင်းအစဉ်အလာကောင်း မှတ်တမ်းမော်ကွန်းများပင်ဖြစ်ကြောင်း၊ ယနေ့အခြေအနေတွင် ထိုကဲ့သို့အကျိုးပြုခဲ့သည့် အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်စေမည့် အကြောင်းတရားများအနက် ယဉ်ကျေးမှုကဏ္ဍသည် အရေးကြီးသည့်ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၀၀)ကျော် မှီတင်းနေထိုင်ကြပြီး မတူကွဲပြားသည့် ယဉ်ကျေးမှုအမွေအနှစ်စုံစုံ လင်လင်ရှင်သန်တည်ရှိနေကြကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နှင့် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်ဟူသည့် နယ်ပယ်နှစ်ခုနှင့် ခွဲခြားသိမြင်ထားကြကြောင်း၊ ခြုံ၍အဓိပ္ပာယ်ဖွင့်ရမည်ဆိုပါက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဟူသည်မှာ လူမျိုးတစ်မျိုး၏ ပြောဆိုသည့်ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ကိုးကွယ်ယုံကြည်မှုနှင့် ရိုးရာဓလေ့ထုံးစံများ၊ လက်မှုအနုပညာနှင့် အနုသုခုမပညာများကို ပေါင်းခြုံထားသည့် ယဉ်ကျေးမှုပင်ဖြစ်ပြီး ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်သည် လူမျိုးတစ်မျိုး၏ ပြုလုပ်သုံးစွဲခဲ့သည့် ကိုင်တွယ်ထိတွေ့၍ရသည့် ပစ္စည်းအားလုံးဟု မှတ်ယူရမည်ဖြစ်ကြောင်း။

စဉ်ဆက်မပြတ်ကြိုးပမ်းလုပ်ဆောင်ရမည်

(၁၉)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် မိမိတို့နိုင်ငံ၏ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း၊ ဆက်လက်၍လည်း မြန်မာ့သနပ်ခါးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံရနိုင်ရေးအတွက် ယူနက်စကိုကိုတင်ပြရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မိမိတို့၏ တန်ဖိုးရှိသည့် ရှိပြီးသားအမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို လူသားအားလုံးနှင့် သက်ဆိုင်သည့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် သမိုင်းမှတ်တမ်းထားရှိနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်သကဲ့သို့ အောင်မြင်မှုရရှိစေရေးအတွက်လည်း မြန်မာနိုင်ငံသူ/ နိုင်ငံသားအားလုံးက ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်ပေးကြရန် အလေးအနက်တိုက်တွန်း ပြောကြားလိုကြောင်း။

မီဒီယာ Soft Power တစ်ခုဖြစ်

တစ်ဆက်တည်းပြောကြားလိုသည်မှာ အနုပညာတစ်ရပ်က ဆင့်ပွားပေးလိုက်သည့် အကြောင်းတရားများသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုတန်ဖိုးကို ပြသရာရောက်သည့်အတွက် ရုပ်ရှင်အနုပညာသည် အင်မတန်အရေးပါ အရာရောက်ကြောင်း၊ အနုပညာ၊ အတတ်ပညာနှင့် နည်းပညာများပေါင်းစပ်ပါဝင်နေသည့် ရုပ်ရှင်သည် ပြည်သူလူထု၏ ရင်ထဲနှလုံးသားထဲကို ညင်ညင်သာသာနှင့် ထိထိရောက်ရောက် ဩဇာလွှမ်းမိုးနိုင်သည့် သက်ရောက်မှုကြီးမားသည့် မီဒီယာ Soft Power တစ်ခုဖြစ်ကြောင်း။

အနုပညာစွမ်းပကားဖြင့် ဆောင်ရွက်

ထို့ကြောင့် ရုပ်ရှင်အနုပညာနှင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ရုပ်ရှင်ထုတ်လုပ်သူများ၊ အတတ်ပညာရှင်များ၊ သရုပ်ဆောင်များအားလုံး၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးပါသည်ဟု ပြောကြားလိုကြောင်း၊ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခု ဖြစ်ပေါ်လာရေးသည် တစ်ဦးတစ်ယောက်တည်း၏ လုပ်ဆောင်မှုဖြင့်မရကြောင်း၊ ဇာတ်ပို့၊ ဇာတ်ဆောင်၊ သရုပ်ဆောင်အမျိုးမျိုး၊ ဝတ္ထု၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ အသံ၊ ဓာတ်ပုံ၊ တေးဂီတ၊ မီးအလင်းအမှောင်၊ အထူးပြုလုပ်သူ၊ မိတ်ကပ်ကအစ နောက်ဆုံးဒါရိုက်တာ၏ အဓိကဦးဆောင်မှုဖြင့် စုပေါင်းညီညာမှသာ ဖြစ်လာခြင်းဖြစ်ပြီး စုပေါင်းအားကို ပေါ်လွင်နေကြောင်း၊ တစ်ဦးချင်းမည်မျှကောင်းသည်ဖြစ်စေ စုပေါင်းအားမပါပါက ဇာတ်ကားကောင်းတစ်ခဖြစ်မလာနိုင်ကြောင်း၊ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုသည် ကြည့်ရှုသူကို ရင်ထဲစွဲကျန်စေသည်၊ ရိုက်ခတ်စေသည်၊ တသသဖြစ်စေသည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် မိမိတို့ခေတ်ကာလတွင် ပြသခဲ့သည့် ဘယ်သူပြိုင်လို့ လှပါတော့နိုင်၊ မှုံရွှေရည်၊ သင်္ကြန်မိုးတို့ကဲ့သို့ ဇာတ်ကားမျိုးသည် မည်သည့်အချိန်ပြန်ကြည့်ရသည်ဖြစ်စေ မရိုးနိုင်အောင် စွဲမြဲနေသည့် ဇာတ်ကားမျိုး၊ အတုယူဖွယ်ရာ ဇာတ်ကားမျိုး၊ တသသဖြစ်နေရသည့် ဇာတ်ကားမျိုးများဖြစ်ကြောင်း၊ အခြားဇာတ်ကားကောင်းများစွာလည်းရှိကြကြောင်း၊ ထိုကဲ့သို့ ပြည်သူ့ရင်ထဲစွဲမြဲပြီး အကျိုးပြုစေမည့် ဇာတ်ကားမျိုးဖန်တီးပေးကြစေလိုကြောင်း၊ မိမိတို့နိုင်ငံနှင့် လူမျိုးကို နိုင်ငံတကာက ပိုမိုသိရှိလာအောင်၊ ရင်းနှီးခင်မင်လာအောင်၊ အနုပညာနည်းလမ်းနှင့် ဖြန့်ဝေပေးနိုင်အောင်၊ နိုင်ငံတော်တည်ဆောက်ရေးတွင်လည်း ပြည်သူလူထု၏ အတွေးအခေါ်၊ အယူအဆများ မှန်ကန်လာစေရေးနှင့် နိုင်ငံအကျိုးအတွက် ပြည်သူတစ်ရပ်လုံးပါဝင်လာအောင် နှိုးဆော်တိုက်တွန်းရာတွင် ထိရောက်သည့် အနုပညာစွမ်းပကားဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း။

ကြိုးပမ်းတည်ဆောက်ပေးလျက်ရှိ

အားလုံးသိကြသည့်အတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးကိုရှေးရှုပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းတည်ဆောက်ပေးလျက်ရှိကြောင်း။

ကမ္ဘာကြီး၏ မျက်မှောက်အခြေအနေအရဖြစ်စေ၊ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေအရဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံးအမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးတာဝန်ဖြစ်သည်ကို နိုင်ငံသားအားလုံးက နားလည်လက်ခံကြရန် အထူးပင်လိုအပ်ကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသည် ဒို့တာဝန်အရေးသုံးပါးကို အရင်းမူလထားပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံသားအားလုံးက မြန်မာစိတ်မွေးပြီး “ငါတို့အားလုံးက မြန်မာ (We are Myanmar)” ဟူသည့် စိတ်၊ တစ်သွေးတစ်သားတည်းဟူသည့် စည်းလုံးညီညွတ်သည့် အမျိုးသားရေးစိတ်ဓာတ်များဖြင့် နိုင်ငံတော်ကြီးအေးချမ်းသာယာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ လက်တွဲအကောင်အထည်ဖော်ပေးကြရန် လိုအပ်ကြောင်း။

ယင်းနေရာတွင် သတိပြုရမည့်အချက်အနေဖြင့် ဘာသာရေး၊ အမျိုးသားယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှုပျက်ပြားစေပြီး လူငယ်လူရွယ်များကို အတွေးအခေါ်အယူအဆမှားယွင်းအောင်၊ စိတ်ဓာတ်များ ဆုတ်ယုတ်ပျက်ပြားလာအောင် လူမှုကွန်ရက်များနှင့် ကျင့်ဝတ်မဲ့မီဒီယာများကတစ်ဆင့် လုပ်ဆောင်နေမှုများပင်ဖြစ်ကြောင်း၊ ယင်းတို့သည် နိုင်ငံအကျိုးပျက်စီးစေမည့် ကြံဆောင်မှုများဖြစ်သဖြင့် လျော့နည်းပပျောက်အောင် ကာကွယ်စောင့်ရှောက်ကြရန်လိုအပ်ကြောင်း၊ ရုပ်ရှင်သည် ပြည်သူ့အတွက်ဆိုသည့်အတိုင်း ရုပ်ရှင်အနုပညာရှင်များကလည်း နိုင်ငံနှင့်လူမျိုး ကောင်းရာကောင်းကျိုးဖော်ဆောင်နိုင်မည့် နိုင်ငံ့အကျိုးပြု အနုပညာဖန်တီးမှုများကို ဖော်ဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသည် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်အတွက် အရေးကြီးသောကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်သည့် MSME ကဏ္ဍတိုးတက်အောင် တိုက်တွန်းအားပေးအကောင်အထည်ဖော်လျက်ရှိကြောင်း၊ တိုင်းပြည်သာယာဝပြောစေရေး မြေကြီးကရွှေသီးအောင်လုပ်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုလည်း အားပေးကြရမည်ဖြစ်ကြောင်း၊ မိမိတို့အလုပ်လုပ်မှ မြေကြီးက ရွှေသီးမည်ဖြစ်ကြောင်း၊ လတ်တလော၌ပင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို နေပြည်တော်၊ တပေါင်းကွင်းတွင် ယခုလ ၁၀ ရက်မှ ၁၄ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း။

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရည်မှန်းချက်များအောင်မြင်စေရေး အနုပညာရှင်များ၏ ပူးပေါင်းပါဝင်မှုအခန်းကဏ္ဍက ပိုမိုထိရောက်စေနိုင်သည်ဖြစ်သဖြင့် အနုပညာနယ်ပယ်အသီးသီးက တစ်ဖက်တစ်လမ်းက ပေါင်းစပ်ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ထူးချွန်သည့် အနုပညာရှင်လူငယ်များ ပေါ်ထွန်းလာခြင်းကိုလည်း ကြိုဆိုကြောင်း၊ လူငယ်များသည် အနာဂတ်အတွက် ဖြစ်ကြောင်း။

မိမိအနေဖြင့် နှစ်စဉ်တိုက်တွန်းပြောကြားခဲ့သည့် စကားတစ်ခွန်းကို ယခုနှစ်တွင်လည်း ပြန်လည်တိုက်တွန်းပြောကြားလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်စသည့် နယ်ပယ်ကဏ္ဍအသီးသီး၌ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကူညီပံ့ပိုးမှုများကို တတ်နိုင်သမျှပံ့ပိုးကူညီပေးလျက်ရှိကြောင်း၊ ဆက်လက်၍လည်း အားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ယခုနှစ်အတွက် ထူးချွန်ဆုရရှိသည့် အနုပညာရှင်များအနေဖြင့် အနုပညာလုပ်ငန်းများကို ဆက်လက်အောင်မြင်တိုးတက်စေရေးအတွက် အင်အားများ ပိုမိုရရှိစေပြီး မိမိတို့၏အနုပညာအလုပ်များကို ပိုမိုအားထုတ်ကြိုးပမ်းသွားကြမည်ဟု ယုံကြည်မျှော်လင့်ကြောင်း။

အလားတူ ထူးချွန်ဆုမရရှိသေးသည့် အနုပညာရှင်များအနေဖြင့်လည်း လာမည့်နှစ်ကာလများတွင် မိမိတို့၏ အနုပညာစွမ်းပကားများကို မြှင့်တင်ပြီး ထူးချွန်ဆုများရရှိအောင် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း၊ အထူးမေတ္တာရပ်ခံလိုသည်မှာ မြန်မာ့ဓလေ့စရိုက်များ မမှေးမှိန်၊ မပျောက်ပျက်စေရေး၊ တိုင်းတစ်ပါးယဉ်ကျေးမှုဓလေ့စရိုက် လွှမ်းမိုးလာမှုကို ကာကွယ်တားဆီးပေးကြရန်၊ မိမိတို့ယဉ်ကျေးမှုများကို အရိုးပေါ်အရွက်မဖုံးစေရန်နှင့် ပြောင်းလဲလာနေသည့် ခေတ်ရေစီးကြောင်းပေါ်တွင် လိုက်လျောညီထွေစွာလိုက်ပါပြီး နိုင်ငံနှင့် လူမျိုးအကျိုးအတွက် မိမိတို့တတ်ကျွမ်းသည့် အနုပညာကိုအခြေတည်ပြီး အမျိုးသားရေးစိတ်ဓာတ်ဖြင့် အကျိုးရှိအောင် ဖော်ဆောင်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီများရှင် ဦးကြည်စိုးထွန်းက ဝမ်းမြောက်စကားပြောကြားသည်။

ထို့နောက် အခမ်းအနားမှူးက ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီပေးကြသည့် ရွှေကြိုမောင်/မယ်များကို တစ်ဦးချင်းမိတ်ဆက်ပေးပြီး အနုပညာရှင်များက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဂုဏ်ပြုသည့်အနေဖြင့် “သင်္ကြန်ပွဲဆင်တို့ရုပ်ရှင်” အစီအစဉ်ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်တစ်သက်တာဆုရရှိကြသူများကို ဖွင့်ဖောက်ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်၊ အတတ်ပညာရှင်များအပါအဝင် ရုပ်ရှင်လောကသားအားလုံးက လှိုက်လှဲဂုဏ်ယူစွာ ချီးမြှင့်သည့် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရရှိကြသော မင်းသားကြီး ဦးကြည်စိုး၊ အကယ်ဒမီဒါရိုက်တာ မောင်နှင်းမိုး၊ ထပ်ဆင့်အကယ်ဒမီ ဝါဝါဝင်းရွှေ၊ ထပ်ဆင့်အကယ်ဒမီ ခင်သန်းနုတို့ကို ဆုများပေးအပ်ချီးမြှင့်ကြပြီး မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိကြသည့် အနုပညာရှင်များက ဝမ်းမြောက်ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆုများကို ဖွင့်ဖောက်ကြေညာရာ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုကို “ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်”ဇာတ်ကားဖြင့် ကောင်းဇံ၊ အကောင်းဆုံးရုပ်ရှင်တေးဂီတဆုကို “အိပ်မက်ကာရန်” ဇာတ်ကားဖြင့် အကယ်ဒမီဓိရာမိုရ်၊ အကောင်းဆုံးရုပ်ရှင်အသံဆုကို “မီး” ဇာတ်ကားဖြင့် အောင်မျိုးမြတ်နှင့်ရဲဝင်း၊ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုကို “နှောင်” ဇာတ်ကားဖြင့် အာကာကျော်၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုကို “တိမ်ပန်းချီ” ဇာတ်ကားဖြင့် အေးသီရိကို၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို “ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်” ဇာတ်ကားဖြင့် Taurus V production၊ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အထူးဆုအဖြစ် “နှောင်” ဇာတ်ကားဖြင့် မိတ်ကပ်ပညာရှင် လုံလုံ (လင်္ကာဒီပ)တို့က ရရှိကြသည်။

ထူးချွန်ဆုရရှိကြသူများကို ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများက ကျေးဇူးတင်စကားပြောကြားကြသည်။

ယင်းနောက် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များထဲမှ ရွေးချယ်ပေးအပ်သော အကောင်းဆုံးဝတ်စားဆင်ယင်မှုဆုများ( Myanmar Academy Fashion Awards)ကို ပေးအပ်ချီးမြှင့်ရာ အကောင်းဆုံးအမျိုးသားဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီများရှင် ရန်အောင်၊ အကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ စိုးမိုးကြည်၊ အကောင်းဆုံးအမျိုးသားဝတ်စားဆင်ယင်မှုဆုကို ထက်အောင်ရှိုင်း၊ အကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ယင်မှုဆုကို နန်းစုရတီစိုးတို့ကရရှိကြပြီး အကယ်ဒမီများရှင် ဆွေဇင်ထိုက်က ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆုများကို ဖွင့်ဖောက်ကြေညာရာအကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို “ အိပ်မက်ကာရန်” ဇာတ်ကားဖြင့် အကယ်ဒမီ ဝင်းလွင်ထက်၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို “ဘိုးတော်ကင်း” ဇာတ်ကားဖြင့် ခြူးလေး၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို “မီး” ဇာတ်ကားဖြင့် အေးချမ်းမောင်၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို “တိမ်ပန်းချီ” ဇာတ်ကားဖြင့် အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို  “နှောင်”ဇာတ်ကားဖြင့် အကယ်ဒမီ နေတိုးတို့က ရရှိကြသည်။

ထူးချွန်ဆုရရှိကြသူများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများက ကျေးဇူးတင်စကားပြောကြားကြသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပစဉ်အတွင်း အနုပညာရှင်များက တေးသီချင်းများ၊ အကအလှများဖြင့် အလှည့်ကျဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းတို့သည် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတနယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

၁၉၂၀ ပြည့်နှစ်မှစတင်ခဲ့သည့် မြန်မာ့ရုပ်ရှင်သည် အခုဆိုလျှင် နှစ်ပေါင်း (၁၀၅) နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြင့်မားရေးကိုရှေးရှု၍ ၁၉၅၂ ခုနှစ်ကစတင်ပြီး မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြှင့်တင်ရေး အကဲဖြတ်အဖွဲ့သည် မြန်မာ့ရုပ်ရှင်လောကသား ထူးချွန်ထက်မြက်သည့် အနုပညာရှင်၊ အတတ်ပညာရှင်များကို ရွေးချယ်ကာ ထူးချွန်ဆုချီးမြှင့်ခဲ့သည်မှာ ယနေ့ကျင်းပသည့် ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးမြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲသည် (၇၃) နှစ်အတွင်းတွင် (၆၆) ကြိမ်မြောက် ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

Source: www.moi.gov.mm

တောင်အာဖရိကလူဖြူများကို ပြန်လည်နေရာချထားပေးရန် Trump ကမ်းလှမ်း

အမေရိကန်သမ္မတ Donald Trump သည် ပြန်လည် နေရာချထားရေးအစီအစဉ်များအပါအဝင် လူဖြူ တောင်အာဖရိကဒုက္ခသည်များအတွက် ဦးစားပေးအကူအညီပေးရန် အစိုးရအေဂျင်စီများအား ညွှန်ကြားသည့် အမှုဆောင် အမိန့်ကိုထုတ်ပြန်ခဲ့သည်။

အာဖရိကနိုင်ငံသည် မြေယာပိုင်ဆိုင်ခွင့်တွင် လူမျိုးရေးမတူညီမှုများကို ကိုင်တွယ်ဖြေရှင်းရန် မြေယာသိမ်းယူခြင်းဥပဒေကို အတည်ပြုပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၇ ရက်နေ့က ထုတ်ပြန်သည့် ၎င်း၏ အမိန့်တွင် Trump သည် ပရီတိုးရီးယားတွင် “နိုင်ငံသား များ၏ အခွင့်အရေးများကို တုန်လှုပ်စရာဖြစ်စေရန် လျစ်လျူရှုမှု” ဖြစ်သည်ဟု စွပ်စွဲကာ အသစ်ပြဋ္ဌာန်း လိုက်သော ဥပဒေတွင် အစိုးရကလျော်ကြေးမပေးဘဲ လူနည်းစုအာဖရိကန်များ၏ လယ်ယာမြေပိုင်ဆိုင်မှုများကို သိမ်းယူနိုင်သည်ဟု အခိုင်အမာဆိုခဲ့သည်။

အာဖရိကန်များသည် ၁၇ ရာစုတွင် ခေတ်သစ် တောင်အာဖရိကနယ်မြေသို့ ရောက်ရှိခဲ့သော နယ်သာလန်မှ အများစုဖြစ်ပြီး ဥရောပကိုလိုနီလက်အောက်ခံများ၏ မျိုးဆက်များဖြစ်သည်။ အသားရောင်ခွဲခြားဆက်ဆံမှုကိုကျင့်သုံးပြီး ၁၉၉၀ ပြည့်လွန် နှစ်များတွင် အာဖရိက၏ အတိုးတက်ဆုံးသော စီးပွားရေးကို ဖျက်သိမ်းကာ ဆယ်စုနှစ်များစွာ ကြာပြီး သည်အထိ လူဖြူလယ်သမားများက တိုင်းပြည်၏ လယ်ယာမြေအများစုကို ပိုင်ဆိုင်ထားခဲ့သည်။

ပရီတိုးရီးယားသည် ဤမညီမျှမှုကို ဖြေရှင်းရန်အတွက် လယ်မြေများ၏ ၃၀% ကို ၂၀၃၀ ခုနှစ်တွင် လူမည်း လယ်သမားများထံ လွှဲပြောင်းရန် ရည်မှန်းထားသည်။ 

တောင်အာဖရိကတွင် တရားမမျှတမှုများနှင့် အကျင့်ပျက်ခြစားမှုများ ရှိနေသမျှကာလပတ်လုံး အစိုးရအား ကူညီထောက်ပံ့မှုများရပ်ဆိုင်းထားရန်နှင့် နိုင်ငံခြားရေးဝန်ကြီး နှင့် ပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှူးတို့သည် ခွဲခြားခံရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ

အကူအညီများကို ဦးစားပေးလုပ်ဆောင်ကြရမည်ဟု သမ္မတ Trump ၏ ညွှန်ကြားချက်တွင် ပါရှိကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Bubio သည် ယခုလနှောင်းပိုင်းတွင် တောင်အာဖရိက၌ကျင်းပမည့် G-20 အစည်းအဝေးသို့ အမေရိကန်မှ တက်ရောက်ခြင်းမပြုဟု ပြောကြားထားပြီး တောင်အာဖရိကနွယ်ဖွား Elon Musk ကလည်းအဆိုပါဥပဒေကို လူမျိုးရေးခွဲခြားမှု ဟု ပြောဆိုထားသည်။

ကိုးကား-RT

ယူကရိန်းအရေးနှင့်ပတ်သက်၍ Trump က Putin နှင့် တယ်လီဖုန်းမှဆွေးနွေးခဲ့ဟုဆို

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ယူကရိန်းအရေးကိစ္စ နှင့်ပတ်သက်၍ ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တယ်လီဖုန်းဖြင့်ဆွေးနွေးခဲ့ကြောင်း New York Post သတင်းအရသိရသည်။ အဆိုပါ သတင်းနှင့်ပတ်သက်၍ ကရင်မလင်က မှတ်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပေ။

ယူကရိန်းပဋိပက္ခကို အမြန်အဆုံးသတ်စေမည်ဟု အကြိမ်ကြိမ်ကတိပြုထားသည့် Trump သည် ဖေဖော်ဝါရီလ ၇ ရက်နေ့က Air Force One ပေါ်၌ အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့မှုကို ကိုးကား၍ NY Post ကဖော်ပြခဲ့ခြင်းဖြစ်သည်။

ပူတင်နှင့် အကြိမ်မည်မျှ ဆက်သွယ်မှုပြုခဲ့သနည်း ဆိုသည့် မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းမပြုပဲ ၎င်း၏ မိတ်ဆွေသည် ပဋိပက္ခများကို ရပ်တန့်စေလိုသည်ဟု ယုံကြည်ကြောင်းနှင့် ပဋိပက္ခအတွင်း သေဆုံးခဲ့မှုများအတွက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံ တောင်ပိုင်း၌ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ (၃၀) ကျော် ပျောက်ဆုံး

တရုတ်နိုင်ငံတောင်ပိုင်း စီချွမ်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၈ ရက်က မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် လူ (၃၀) ဦးကျော် ပျောက်ဆုံးနေကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က ရေးသားဖော်ပြခဲ့ပါသည်။ ဖေဖော်ဝါရီလ ၈ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ် အချိန်၌ ယီဘင်းမြို့ ဂျင်းပင်ရွာတွင် မြေပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

CCTV က မြေပြိုကျမှုနှင့်အတူ နေအိမ် (၁၀) လုံး မြေအောက်မြုပ်သွားပြီး လူ(၃၀)ကျော် ပျောက်ဆုံးနေကြောင်းနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပျောက်ဆုံး နေသူများကို ရှာဖွေကယ်ဆယ်ရန်၊ အသေအပျောက် နည်းစေရန်နှင့် နောက်ဆက်တွဲ အကျိုးဆက်များကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ရေး ဖြစ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်ရန် အာဏာပိုင်များကို အမိန့်ပေးထားကြောင်း ရေးသားဖော်ပြခဲ့ပါသည်။ မြေပြိုကျမှုဖြစ်ပွားပြီးနောက် လူ (၂) ဦးကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့သည်ဟု တရုတ်အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပြီး အရေးပေါ် တုံ့ပြန်ရေးအဖွဲ့များသည် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန်နှင့် ကယ်ဆယ်မှုများ လုပ်ဆောင်ရန် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါ သည်။

ကိုးကား-NP News