Slovakia သည် Turkstream ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့တင်သွင်းမှု ပြန်လည်စတင်နိုင်ခဲ့ပြီး Kiev ၏ Gazprom နှင့် စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ခဲ့ပြီးနောက် အကျပ်အတည်းကြုံတွေ့ခဲ့ရသော ဓာတ်ငွေ့ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် Robert Fico က ပြောကြားခဲ့သည်။

Kiev ၏ သက်တမ်းတိုးရန်ငြင်းဆန်ခဲ့ခြင်းကြောင့် Slovakia နှင့် EU နိုင်ငံ အချို့အတွက် အစားထိုးထောက်ပံ့ရေးလမ်းကြောင်းရှာဖွေရန် တွန်းအားဖြစ်ပေါ်ခဲ့ရပြီး ပင်လယ်နက်အောက်ရှိ Turkstream ပိုက်လိုင်းသည် မော်စကိုမှ ဥရောပတောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းသို့ ဓာတ်ငွေ့တင်ပို့သည့် အဓိကလမ်းကြောင်းဖြစ်လာခဲ့သည်။
Slovakia နိုင်ငံပိုင် ဓာတ်ငွေ့တင်သွင်းသည့် ကုမ္ပဏီ SPP က ဖေဖော်ဝါရီ ၁ ရက်တွင် TurkStream မှတစ်ဆင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုကို စတင်ခဲ့ပြီး ဧပြီလတွင်တင်သွင်းမှုပမာဏ နှစ်ဆတိုးရန် စီစဉ်ထားကြောင်း လွန်ခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့သည်။
ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom နှင့် စာချုပ်ချုပ်ဆိုထားသည့် Slovakia သည် ၎င်း၏စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် နှစ်စဉ် ဓာတ်ငွေ့ ကုဗမီတာ ၄ ဘီလီယံမှ ၅ ဘီလီယံ (bcm) ကြား လိုအပ်ကြောင်း သိရှိရပါသည်။
ကိုးကား-RT

ရန်ကုန် ဖေဖော်ဝါရီ ၁၁
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) မှ မန္တလေး-ချင်းမိုင် တိုက်ရိုက်ခရီးစဉ်ကို ဖေဖော်ဝါရီ ၁၀ ရက်မှ စတင်၍ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင်နှစ်ကြိမ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်သစ် စတင်ပြေးဆွဲသည့် အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပသည်။

MAI လေကြောင်းလိုင်းက ယမန်နေ့တွင် မန္တလေးမြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့အကြား တိုက်ရိုက်ခရီးစဉ်သစ်ကို စတင်ပြေးဆွဲကြောင်း ကြေညာခဲ့ပြီး မန္တလေး-ချင်းမိုင်ခရီးစဉ်သစ် MAI ပြေးဆွဲနေသည့် နိုင်ငံတကာခရီးစဉ်ကွန်ရက်တွင် ၂၀၂၅ ခုနှစ်အတွင်း အသစ်တိုးချဲ့ပြေးဆွဲသည့် ပထမဆုံးခရီးစဉ်ဖြစ်ကာ MAI ၏ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပျံသန်းပြေးဆွဲနေသည့် ဗန်ကောက်-သုဝဏ္ဏဘူမိလေဆိပ်၊ ဗန်ကောက်-ဒွန်မောင်းလေဆိပ်နှင့် နိုဗိုစီဗစ်ခရီးစဉ်များအပြီး ထပ်မံပြေးဆွဲသည့် စတုတ္ထမြောက်ခရီးစဉ်အသစ်ဖြစ်သည်။
ခရီးစဉ်အသစ် စတင်ပြေးဆွဲသည့် အထိမ်းအမှတ်အဖြစ် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ချင်းမိုင်လေဆိပ်သို့ ဆိုက်ရောက်လာသည့် လေယာဉ်ကို ရေပက်ဖျန်းကြိုဆိုခဲ့ပြီး ခရီးစဉ်အတွင်း လိုက်ပါစီးနင်းလာကြသည့် ခရီးသည်များအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ကာ ခရီးဦးကြိုဆိုခဲ့ကြောင်း သိရသည်။
Source: ကြေးမုံသတင်းစာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသတွင် တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား(၂၁)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များက ဖေဖော်ဝါရီ ၅ ရက်မှစတင်ကာ မိုင်းဟဒေသအတွင်း တရားမဝင်အွန်လိုင်းလေ-ာင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများဆောင်ရွက်နေသည့် တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသားများအား ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးခဲ့ကြသဖြင့် ဖေဖော်ဝါရီ ၉ ရက်တွင် တရားမဝင်အွန်လိုင်းလေ-ာင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား အမျိုးသား(၂၁)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့၍ ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
မိုင်းဟဒေသအတွင်း ဖေဖော်ဝါရီ ၅ ရက်မှ ၉ ရက်အထိ တရားမဝင်အွန်လိုင်းလေ-ာင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများဆောင်ရွက်နေသည့် လုံခြုံရေးဆောင်ရွက်ပေးနေသူ (၅)ဦး၊ တရုတ်နိုင်ငံသားအမျိုးသား(၄၈)ဦး၊ အမျိုးသမီး(၂)ဦး၊ ဗီယက်နမ်နိုင်ငံသားအမျိုးသမီး (၁၈)ဦး၊ မြန်မာနိုင်ငံသားအမျိုးသား(၅)ဦး၊ အမျိုးသမီး(၂၉)ဦး(စုစုပေါင်း ၁၀၂ ဦး)တို့ကို ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့နှင့်အတူ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်ရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံအလုံး(၂၆၀)၊ Laptop (၂၅)လုံး၊ Destop (၂၁)လုံး၊ Keyboard (၂၈)လုံး၊ Wifi စက်(၂)လုံး၊ Starlink (၇)လုံး၊ လက်နက်မျိုးစုံ(၇) လက်၊ ကွန်ပျူတာ(၇၂)လုံး၊ ငါးဂိမ်းစက်(၅)လုံး၊ ကား(၃)စီး၊ ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်မှ ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးနှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Source: Popular Myanmar

11 February 2025
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီ ၅ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းတုံမြို့နယ်၊ ဂေါ်တောကျေးရွာ၏မြောက်ဘက်နှင့် အနောက်မြောက်ဘက်တို့မှ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း သုံးဧကခန့်အား ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

အစ္စတန်ဘူလ် ဖေဖော်ဝါရီ ၁၀
ပါလက်စတိုင်းများကို ၎င်းတို့၏ မွေးရပ်မြေမှ ဖယ်ရှားပိုင်ခွင့်ဩဇာ မည်သူမှာမျှမရှိကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ် အာဒိုဂန်က ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားလိုက်သည်။
ဂါဇာဒေသခံများကို ၎င်းတို့၏ မူလဇာတိမြေကနေ နှင်ထုတ်ပိုင်ခွင့်ဩဇာ မည်သူ့မှာမျှမရှိကြောင်း၊ ဂါဇာကမ်းမြောင်၊ အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုဆလင်ဒေသအားလုံးမှာ ပါလက်စတိုင်းလူမျိုးများပိုင်ဆိုင်သော ဒေသများဖြစ်ကြောင်း သုံးနိုင်ငံအာရှခရီးစဉ်မထွက်ခွာမီ အတာတက်ခ်လေဆိပ်၌ အာဒိုဂန်က ပြောသည်။

အစ္စရေးနှင့် ဟားမားစ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ရရှိနေသော်လည်း အစ္စရေးအစိုးရတွင် ပိုမိုဆိုးရွားပြီး လူသားမဆန်သည့် အစီအစဉ်များရှိနေသည်ကို တွေ့မြင်ရသည်ဟု ၎င်းက ဆက်ပြောသည်။
ဖေဖော်ဝါရီ ၄ ရက်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ဝါရှင်တန်တွင်ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပါလက်စတိုင်းများကို အိမ်နီးချင်းနိုင်ငံများသို့ ပြောင်းရွှေ့ကာ ဂါဇာကမ်းမြောင်ကိုထိန်းချုပ်ရန် အစီအစဉ်ရှိကြောင်း ပြောကြားထားသည်။
Source: မြန်မာ့အလင်းသတင်းစာ

ဆိုးလ် ဖေဖော်ဝါရီ ၁၀
တောင်ကိုရီးယားနိုင်ငံ၌ ရေနံသိုလှောင်ကန် ပေါက်ကွဲမှုကြောင့် အလုပ်သမားတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ယနေ့ ဆင်ဟွာသတင်းအရ သိရသည်။
ဆိုးလ်မြို့တော် အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ ခန့်အကွာ အူဆန်ရှိ စက်ရုံတွင် ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်နေရာတွင် အသက် ၃၀ အရွယ် အလုပ်သမားနှစ်ဦးအနက် တစ်ဦးမှာ သတိလစ်မေ့မြောနေသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။
ကျန်တစ်ဦးမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။ ကနဦး စုံစမ်းစစ်ဆေးမှုများအရ အလုပ်သမားများသည် ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ရေနံသိုလှောင်ကန်အတွင်းပိုင်းရှိ ရေနံဓာတုပစ္စည်းအဆင့်ကိုအကဲဖြတ်ရန် ရေနံသိုလှောင်ကန်၏ အပေါ်ဘက်ရှိ အပေါက်တစ်ခုကို ဖွင့်လှစ်ဆောင်ရွက်နေကြောင်းသိရသည်။

ကမ္ဘာ့ထိပ်တန်း AI (ဉာဏ်ရည်တု) ကုမ္ပဏီဖြစ်သည် Open AI ကို အီလွန်မက်စ်က အမေရိကန်ဒေါ်လာ ၉၇.၅ ဘီလီယံဖြင့်ဝယ်ယူမည်ဟု ကမ်းလှမ်းလိုက်ကြောင်း သိရပါသည်။ ၎င်းက လူသားများ၏ အကျိုးစီးပွားကို နည်းပညာနှင့် အထောက်အကူဖြစ်စေရန် Open AI ကို ဝယ်ယူကာ အဆင့်မြှင့်တင်ကာ တိုးတက်စေရန် လုပ်ဆောင်သွားမည် ဟု ဆိုပါသည်။

Musk က Open AI ဘုတ်အဖွဲ့အား ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကမ်းလှမ်းလိုက်ခြင်းဖြစ်ပြီး Open AI ကို အကောင်းဆုံး လည်ပတ်နိုင်ရန်အတွက် အမြတ်အစွန်းရရန် လုပ်ဆောင်သွားမည်ဟုလည်း ပြောသည်။ Open AI အမှုဆောင်အရာရှိချုပ် ဆမ်အော်တမန်က မက်စ်၏ ကမ်းလှမ်းချက်ကို ပယ်ချလိုက်ပြီး မက်စ်ပိုင်ဆိုင်သည့် X ဆိုရှယ်မီဒီယာကို အမေရိကန် ဒေါ်လာ ၉၇ ဘီလီယံဖြင့် ပြန်ဝယ်မည်ဟု ပြန်လည် တုန့်ပြန်လိုက်ပါသည်။
Open AI ကိုတည်ထောင်ရန်အတွက် ၂၀၁၅ ခုနှစ်ဝန်းကျင်တွင် အီလွန်မက်စ်က အော်တမန်နှင့်တွဲ၍ သုတေသနလုပ်ရန် ကန်ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံခဲ့သည်။ လုပ်ငန်းပိုင်းဆိုင်ရာ သဘောထားကွဲလွဲမှုများ ဖြစ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် မက်စ်က အဆိုပါအဖွဲ့မှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အမေရိကန်ထုတ် Open AI ကို တရုတ်AI ကုမ္ပဏီများက ယှဉ်ပြိုင်လျက်ရှိပြီး Deep Seek ကဲ့သို့သော AI ကုမ္ပဏီများက ထုတ်လုပ်လိုက်သည့် နည်းပညာများသည် Open AI ထက် များစွာသာလွန်မှု ရှိသည်ဆိုသည်ကို လူအများက လက်ခံလျက်ရှိကြသည်။ သင်္ချာပိုင်းဆိုင်ရာနှင့် ကုဒ်ထုတ်လုပ်မှုပိုင်းဆိုင်ရာများတွင် Open AI က တရုတ် AI များကို လိုက်မမီကြောင်း သိရှိရပါသည်။
ကိုးကား-Myanmar National Post

နိုင်ငံခြားကုမ္ပဏီများထံမှ ရင်းနှီးမြှုပ်နှံမှုများဖြင့် ပြင်သစ်တွင် ကြီးမားသော ဉာဏ်ရည်တုဒေတာစင်တာကြီးတစ်ခုကို တည်ဆောက်မည် ဖြစ်ကြောင်း ပြင်သစ်သမ္မတ Macron က ပြောကြားခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပါရီ၌ ကျင်းပသည့် AI Action Summit တွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါထိပ်သီးအစည်းအဝေးတွင် အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi၊ အမေရိကန် ဒုတိယသမ္မတ JD Vance နှင့် တရုတ် ဒုဝန်ကြီးချုပ် Zhang Guoqing တို့အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ အစိုးရအဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ ဝန်ထမ်း ၁,၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

လာမည့်နှစ်များအတွင်း အဆိုပါဒေတာစင်တာပရောဂျက်အတွက် ယူရို ၁၀၉ ဘီလီယံ သို့မဟုတ် ဒေါ်လာ ၁၁၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း Macron က ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်၏ ဧရာမ နည်းပညာကုမ္ပဏီကြီး Amazon နှင့် ကနေဒါ၊ ဗြိတိန်နှင့် ဂျပန်နိုင်ငံတို့မှ ကုမ္ပဏီများက အဆိုပါပရောဂျက်တွင် ရင်းနှီးမြှုပ်နှံကြမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတရုံးက ပြောကြားခဲ့သည်။
ပြင်သစ်တွင် AI ဒေတာစင်တာတစ်ခုလည်ပတ်ရန် လိုအပ်သော လျှပ်စစ်ဓာတ်အားပမာဏ အမြောက်အမြားဖြန့်ဖြူးပေးနိုင်သည့် နျူကလီးယား ဓာတ်အားပေးစက်ရုံများရှိကြောင်း Macron က ပြောကြားခဲ့သည်။
ရုပ်ကြွင်းလောင်စာတူးဖော်ထုတ်လုပ်မှုအား တိုးမြှင့်လုပ်ကိုင်သွားမည့် အစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မကြာခဏ ပြောလေ့ရှိသည့် “drill, baby, drill” ဆောင်ပုဒ်ကို ရည်ညွှန်း၍ Macron က ပြင်သစ်တွင် ရုပ်ကြွင်းလောင်စာတူးဖော်ရန် မလိုအပ်ကြောင်း ပြောကြား ခဲ့သည်။
လက်ရှိ အမေရိကန်နှင့် တရုတ်နိုင်ငံတို့က ဦးဆောင်နေသည့် AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြင်သစ်သမ္မတသည် လက်ရှိအနေအထားကို ပြောင်းလဲရန် အဆိုပါ AI ဒေတာစင်တာအား တည်ဆောက်လိုပုံရသည်။
ကိုးကား-NHK News
Photo- France 24

အမေရိကန်အစိုးရ၏ ဝါဒဖြန့်ချိရေး ယန္တရားများဖြစ်သည့် VOA (အမေရိက အသံ) ၊ RFE (ဥရောပအခမဲ့ ရေဒီယို) တို့ကို ဖျက်သိမ်းရန်အတွက် အမေရိကန်အစိုးရ စွမ်းဆောင်ရည်ဌာန (DOGE)၏ အကြီးအကဲ ဖြစ်သူ အီလွန်မက်စ်က ဖေဖော်ဝါရီ ၉ ရက်နေ့က တောင်းဆိုလိုက်ကြောင်း သိရပါသည်။ မက်စ်က ၎င်းဌာနများသည် အမေရိကန် ပြည်သူများ၏ အခွန်ဘဏ္ဍာငွေများကို ဖြုန်းတီးနေကြသည့် ဌာနများ ဖြစ်သည်ဟု ဆိုသည်။

RFE/ RL ဌာနကို ဥရောပတွင် အမေရိကန်လိုလားသောအုပ်စုများ တည်ထောင်ရန်နှင့် ဆိုဗီယက်ဆန့်ကျင်ရေးဝါဒဖြန့်ရန် ၁၉၅၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး CIA ကဦးစီးကာ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ Voice of America (VOA) အား နာဇီဝါဒကို တန်ပြန်ရန် ၁၉၄၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် ဆိုဗီယက်ယူနီယံကို တန်ပြန်ရန်အတွက် ရည်ရွယ်ချက်ပြောင်းခဲ့ပါသည်။ ၎င်းကို အမေရိကန် ကွန်ဂရက်၏ ရန်ပုံငွေအောက်တွင် ဆက်လက်ရရှိထားပြီး စီမံခန့်ခွဲမှုကို အမေရိကန်အစိုးရမှ တိုက်ရိုက်ထိန်းချုပ်ထားပါသည်။ VOA နှင့် RFE/RL နှစ်ခုလုံးကို ကြီးကြပ်သည့် ကမ္ဘာလုံးဆိုင်ရာ အမေရိကန်မီဒီယာ (USAGM) သည် အမေရိကတွင် ပြည်ထောင်စုအဆင့်ရှိသည့် အေဂျင်စီတစ်ခုဖြစ်ပါသည်။

အမေရိကန်အစိုးရ စွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ၏ ခေါင်းဆောင်စီးပွားရေးလုပ်ငန်းရှင် Elon Musk က အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန (US Department of the Treasury) သည် မည်သူမည်ဝါ အတိအကျ မသိရှိရသည့် လူပုဂ္ဂိုလ်များထံသို့ နှစ်စဉ် ၁၀၀ ဘီလီယံ ဒေါ်လာအား ပေးချေနေသည်ဟု ပြောကြားခဲ့သည်။

တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော်သော အစိုးရ ထောက်ပံ့ငွေများ (entitlement payments) ကို လူမှုလုံခြုံမှုနံပါတ် (SSN) သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံသည့် ယာယီ ID တစ်ခုမျှ မရှိသောသူများထံသို့ ပေးချေထားကြောင်း၊ အလွန်အမင်း သံသယဖြစ်စရာကောင်းကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် ၎င်း၏ X စာမျက်နှာတွင် ရေးသားထားသည်။
ထို့နောက် DOGE အဖွဲ့နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် အစိုးရ၏ ငွေပေးချေမှုတိုင်းတွင် ငွေပေးချေမှု အမျိုးအစားကုဒ် (payment categorization code) ထည့်သွင်းရန် သဘောတူခဲ့ကြပြီး ဘဏ္ဍာရေး ဆိုင်ရာ စာရင်းစစ်ဆေးမှုများ (financial audits) ခံယူရန် ဆုံးဖြတ်ခဲ့ ကြကြောင်း ၎င်း၏ X စာမျက်နှာတွင် ထည့်သွင်း ပြောကြားထားသည်။
ထို့အပြင် ငွေပေးချေမှုတိုင်းတွင် အကြောင်းပြချက်၊ လိမ်လည်မှု ကျူးလွန် ထားသူ ဟုတ်၊ မဟုတ်၊ ကွယ်လွန်ပြီးသူ ဟုတ်၊ မဟုတ်၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေကြောင်း သံသယဖြစ်ဖွယ် ရှိ၊ မရှိ၊ ကွန်ဂရက်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ စသည့် အချက်များ ထည့်သွင်းဖော်ပြရန် ဆုံးဖြတ်ခဲ့ကြသည်။
ကိုးကား- TASS