မီဒီယာ ကန်ထရိုက်တာ အားလုံး ဖျက်သိမ်းရန် ထရမ့် အမိန့်ထုတ်ပြန်
မီဒီယာကန်ထရိုက်များအားလုံးကို ဖျက်သိမ်းရန် အမေရိကန် အစိုးရ၏ အထွေထွေဝန်ဆောင်မှုစီမံခန့်ခွဲရေး အေဂျင်စီဖြစ်သည့် General Services Administration (GSA) ကို သမ္မတဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်ခဲ့ကြောင်း New York Post သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်အစိုးရအေဂျင်စီများအနေဖြင့် မီဒီယာများကို အခငွေကြေးများပေးနေရကြောင်း ထရမ့်က ပြောကြားခဲ့ပြီးနောက် အမိန့်ထုတ်ပြန်ခြင်း ဖြစ်သည်။ GSA ထံ ညွှန်ကြားချက်အရ Politico၊ BBC၊ E&E (Politico sub)၊ Bloomberg တို့နှင့် ချုပ်ဆိုထားသည့်ကန်ထရိုက်များ ဖျက်သိမ်းပေးရန် ဖော်ပြထားပါသည်။
အမေရိကန်အစိုးရအေဂျင်စီများသည် Politico Pro မီဒီယာ၏သတင်းများကို အခကြေးငွေပေးပြီး ဖတ်ရှုရန် ဒေါ်လာသန်းချီ အသုံးပြုခဲ့ရကြောင်း အီလွန်မက် ဦးဆောင်သည့် အစိုးရလုပ်ငန်းစဉ်များ ထိန်းချုပ်ရေးဌာနတို့က ပြောကြားခဲ့ပြီးနောက် အိမ်ဖြူတော်၏ ညွှန်ကြားချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်အစိုးရသည် သတင်းများကို အခကြေးငွေပေးပြီး ဖတ်ရှုမှုကို ရပ်တန့်သွားရန် ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်သတင်းပြန်ကြားရေး အရာရှိ ကယ်ရိုလိုင်းလက်ဗစ်က ပြောကြားထားပါသည်။
ကိုးကား (New York Post)