အမေရိကန်အစိုးရအနေဖြင့် အီရန်နိုင်ငံ၏ နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ အီရန်အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးရန် အသင့်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ အကြီးအကဲဖြစ်သူ တမ်မီဘရုက ပြောကြားခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် လက်ရှိတွင် ငြိမ်းချမ်းပြီးကြွယ်ဝ ချမ်းသာသည့် လမ်းကြောင်းကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ အမေရိကန်အစိုးရက နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ အီရန်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တိုက်ရိုက်ဆွေးနွေးရန် အသင့်အနေအထားရှိနေကြောင်း တမ်မီဘရုက ဇူလိုင်လ ၂၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
အီရန်အစိုးရသည် ၎င်းတို့နိုင်ငံ၏ နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ အမေရိကန်နှင့် ဆွေးနွေးရန် လမ်းဖွင့်ထားသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ် အာရတ်ချီက အစောပိုင်းတွင် ပြောကြားထားသည်။ သို့သော် အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား တိုက်ရိုက်မဟုတ်ဘဲ တစ်ဆင့်ခံ ဆွေးနွေးမှုဖြင့် ဆွေးနွေးအဖြေရှာရန်အီရန်က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
အီရန်နိုင်ငံသည် အစောပိုင်းကလည်း ၎င်းတို့၏နျူကလီးယားအရေးနှင့် စပ်လျဉ်း၍ ဥရောပအင်အားကြီး နိုင်ငံများဖြစ်သည့် ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီတို့နှင့် ဆွေးနွေးရန် သဘောတူညီချက် ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
Ref: Iv

ဗဟိုထောက်လှမ်းရေးဌာန (ODNI) ညွှန်ကြားရေးမှူး တူလ်ဆီ ဂါဘာ့ဒ် သည် ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) တွင် ယခင်က အမိန့်ဖြင့် လျှို့ဝှက်ထား ခဲ့သော ကွန်ဂရက်အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ထိုအစီရင် ခံစာတွင် ၂၀၁၆ ရွေးကောက်ပွဲအား ရုရှားက ဩဇာလွှမ်းမိုးခဲ့သည် ဆိုသော အချက်အလက်များကို သမ္မတဟောင်း ဘာရက် အိုဘားမားနှင့် အဖွဲ့အစည်းများမှ တမင်လှည့်ဖြားခဲ့ကြောင်း ဖော်ပြထားသည်ဟု ဂါဘာ့ဒ်က ဆိုသည်။

ဤသည်မှာ ဂါဘာ့ဒ်၏ ဒုတိယမြောက် အဓိကလျှို့ဝှက်ချက် ဖော်ထုတ်မှု ဖြစ်ကာ ယခင်က ထရမ့်အစိုးရကို နှောင့်ယှက်ရန် "သစ္စာဖောက်မှု အကြံ" ဟု စွပ်စွဲခဲ့သည့် သူမ၏ လုပ်ရပ်များနှင့် ဆက်စပ်နေပါသည်။
၂၀၂၀ ပြည့်နှစ်က ရီပတ်ပလီကန်ဦးဆောင်သည့် အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီမှ ပြုစုခဲ့သော ယင်းစာတမ်းသည် "ဗလာဒီမာ ပူတင်သည် ထရမ့်အား ရွေးကောက်ပွဲတွင် အနိုင်ရရန် ကူညီရန် ရည်ရွယ် ခဲ့သည်" ဆိုသည့် ယခင်စွပ်စွဲချက်ကို တုံ့ပြန်ထားသည်။ အထူးသဖြင့် CIA ၏ သုံးသပ်မှုသည် ၎င်း၏ကိုယ်ပိုင်စံနှုန်းများနှင့်ပင် မကိုက်ညီဘဲ "မမှန် မကန် အစီရင်ခံစာများထဲမှ အားနည်းပြီး မရှင်းလင်းသော ဝါကျ တစ်ခုတည်း ကို အခြေခံကာ" ပူတင်သည် ထရမ့်အား အနိုင်ရစေလိုကြောင်း ကောက်ချက် ချခဲ့သည်ဟု ဝေဖန်ထားသည်။
ဂါဘာ့ဒ်က ဇူလိုင် ၂၃ ရက်နေ့က X (Twitter) တွင် အဆိုပါ အစီရင်ခံစာ သည် "အကြီးစား ထိပ်တိုက်ရင်ဆိုင်မှု" ဖြစ်ပြီး "အမေရိကန် သမိုင်း တစ်လျှောက် အဆိုးဝါးဆုံး ထောက်လှမ်းရေးကို နိုင်ငံရေးလက်နက် အဖြစ် အသုံးချမှု" ကို ဖော်ပြနေသည်ဟု အတည်ပြုပြောဆိုခဲ့သည်။ သူမက အိုဘားမား နှင့် အကြီးတန်းအရာရှိများသည် မဟာမိတ်မီဒီယာများနှင့် ပူးပေါင်းကာ ထရမ့်အား တမင်လှည့်ဖြားသည့် သတင်းမှားများဖြင့် တရားဝင်မှုကို ဖျက်သိမ်းရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခဲ့သည်။
အစီရင်ခံစာတွင် သမ္မတဟောင်း အိုဘားမားသည် ထရမ့် သမ္မတတာဝန် စတင်မထမ်းဆောင်မီ အထောက်အထားအစီရင်ခံစာများ အမြန် ထုတ်ပြန် နိုင်ရန် ပုံမှန်မဟုတ်သော ညွှန်ကြားချက်များ ပေးခဲ့ကြောင်း ဖော်ပြ ထားသည်။ ထိုသို့ပြုလုပ်ရာတွင် ထောက်လှမ်းရေး အဖွဲ့အစည်းများ အကြား ပုံမှန်ညှိနှိုင်းမှုလုပ်ငန်းစဉ်များကို ကျော်ဖြတ်ခဲ့သည်ဟု ဆိုသည်။
ဂါဘာ့ဒ်က အဆိုပါလုပ်ရပ်များသည် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်သင့်သည်ဟု ဆိုကာ အိုဘားမားလက်ထက်က အရာရှိ များအား တာဝန်ရှိသမ္မတတစ်ဦး၏ ဂုဏ်သိက္ခာကိုဖျက်ရန် မှားယွင်းသော အချက်အလက်များ ဖန်တီးခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ထရမ့်က ဂါဘာ့ဒ်၏ တွေ့ရှိချက်များကို ထောက်ခံပြီး အိုဘားမားနှင့် ၎င်း၏အစိုးရအဖွဲ့ဝင် များအား တရားစွဲဆိုရန် တောင်းဆိုခဲ့သည်။
ထို့အပြင် ဂါဘာ့ဒ်က အမေရိကန်ထောက်လှမ်းရေး အကဲဖြတ်ချက် များတွင် ရုရှားသည် ၂၀၁၆ ရွေးကောက်ပွဲအား ဩဇာလွှမ်းမိုးရန် အရည် အချင်းနှင့် ရည်ရွယ်ချက် နှစ်ခုစလုံး ကင်းမဲ့ကြောင်း အဆက်မပြတ်ကောက်ချက်ချခဲ့သော်လည်း ထိုတွေ့ရှိချက်များကို တမင်ဖုံးကွယ်ခဲ့သည် ဟု ဆိုသည်။
ရုရှားဘက်မှ အမေရိကန်ရွေးကောက်ပွဲများတွင် မည်သည့်ပါဝင်မှုမျှ မရှိဟု ငြင်းဆိုထားပြီး သမ္မတပူတင်ကလည်း မော်စကိုမှ အမေရိကန် နိုင်ငံရေးပါတီတစ်ခုခုကို မည်သည့်အခါကမျှ နှစ်သက်ခြင်းမရှိဟု အထပ်ထပ်ပြောဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

လူမျိုးတုံးသတ်ဖြတ်သည်ဟု စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် အစ္စရေးနိုင်ငံအပေါ် တရားစွဲဆိုထားသော တောင်အာဖရိက နိုင်ငံဘက်မှ ဘရာဇီးနိုင်ငံက ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ဘရာဇီး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါသည်။

လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်ရန် တားဆီးကာကွယ်သည့် သဘော တူညီချက် (Genocide Convention) ကို အခြေခံကာ တောင်အာဖရိက နိုင်ငံက စတင်တင်သွင်းခဲ့သည့် တရားစွဲဆိုမှုနှင့်ပတ်သက်၍ အပြည်ပြည် ဆိုင်ရာ တရားရုံးသို့ တရားဝင် လျှောက်လွှာတင်သွင်းခြင်း လုပ်ငန်းစဉ် ကို ပြီးစီးခဲ့ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရသည် ကြေညာခဲ့ပါသည်။
စာတမ်းများအရ သိရှိရသော ဂါဇာကမ်းမြောင်ဒေသတွင် အမျိုးသမီး များနှင့် ကလေးသူငယ်များ အပါအဝင် အရပ်သားများအား စုပေါင်း သတ်ဖြတ်မှုများနှင့် အရပ်သားများအပေါ် ထပ်တလဲလဲ မတရားသဖြင့် ကျူးလွန်နေသည့် ရက်စက်မှုများကို ဘရာဇီးအာဏာပိုင်များက ပြင်းပြင်း ထန်ထန် ကန့်ကွက်ကြောင်း ဝန်ကြီးဌာနက ပြောကြားထားပါသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက် (Genocide Convention) ကို ကိုးကား၍ တောင်အာဖရိ ကနိုင်ငံက အစ္စရေးနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွဲချက်တင်ကာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် စတင် တရား စွဲဆိုခဲ့ပါသည်။ ICJ ကလည်း ၂၀၂၄ ခုနှစ်အတွင်း ပါလက်စတိုင်း နယ်မြေတွင် လူမျိုးတုံးသတ်ဖြတ်မှုများ မပြုလုပ်နိုင်ရေး လိုအပ်သည့် အစီအမံများ လုပ်ဆောင်ရန် အမိန့်ထုတ်ပြန်ခဲ့ပါသည်။ ထိုအချိန်မှစ၍ တောင်အဖရိကသည် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ICJ တရားရုံး သို့ အရေးပေါ်တောင်းဆိုချက်များစွာ တင်သွင်းကာ ဂါဇာဒေသတွင် စစ်ဆင်ရေးအဆုံးသတ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ချဲ့ထွင်ရန် ဖိအားပေးခဲ့သည်။
ကိုးကား - TASS
Photo: Al Jazeera
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဇူလိုင် ၂၄ နံနက်ပိုင်းတွင် နှစ်နိုင်ငံ အငြင်းပွားနယ်မြေ၌ ပစ်ခတ်မှုများကြောင့် အခြေအနေ ပိုမိုတင်းမာလာသဖြင့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ထိုင်းသံရုံးက အိမ်နီးချင်းဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံတွင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသား ပြန်လည်ထွက်ခွာရန် သံရုံး၏ Facebook စာမျက်နှာမှတစ်ဆင့် သတိပေး ပြောကြားထားပါသည်။
လက်ရှိအခြေအနေအရ ကမ္ဘောဒီးယားရောက် ထိုင်းနိုင်ငံသားများအနေဖြင့် ဆက်နေထိုင်ရန် အရေးတကြီးကိစ္စမရှိလျှင် ကမ္ဘောဒီးယား နိုင်ငံကနေ အမြန်ဆုံး ထွက်ခွာသင့်ကြောင်း သတိပေးပြောကြားထားပါသည်။

ကြာသပတေးနေ့ (ဇူလိုင် ၂၄) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှာ ထိုင်းတပ်ဖွဲ့များ၏ ရန်လိုမှုဖြစ်သည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က အခိုင်အမာပြောကြားထားပါသည်။
ထိုင်းစစ်တပ်သည် ၎င်းတို့၏ ပိုင်နယ်ကို ကျော်လွန်ကာ ကမ္ဘောဒီးယား စစ်ဘက်ဆိုင်ရာ စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ကမ္ဘောဒီးယား က ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းလိုသည့် ရပ်တည်ချက်ကို အမြဲထိန်းသိမ်းထားခဲ့သော်လည်း လက်ရှိအခြေအနေမှာ ယခုကဲ့သို့ လက်နက်ကြီး ပစ်ခတ်၍ ကျူးကျော်မှုကို လက်နက်ကိုင်အင်အားဖြင့် တုံ့ပြန်ရုံကလွဲ၍ ရွေးချယ်စရာလမ်းမရှိတော့ကြောင်း ဝန်ကြီးချုပ် ဟွန်မာနက်က ၎င်း၏ Facebook တွင် ဖော်ပြထားပါသည်။
ကိုးကား- Bangkok post

အာမေးနီးယားနိုင်ငံသည် ၎င်း၏ နယ်မြေအစိတ်အပိုင်းတစ်ခုကို အမေရိကန် ထိန်းချုပ်မှုအောက်သို့ တိတ်တဆိတ် လွှဲအပ်ရန် သဘောတူထားကြောင်း စပိန်သတင်းမီဒီယာ Periodista Digital က ဖော်ပြခဲ့သည်။
ကော့ကေးဆပ်တောင်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံငယ်ဖြစ်သော အာမေးနီးယား သည် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရေနံကြွယ်ဝသည့် အဇာဘိုင်ဂျန် နိုင်ငံနှင့် ရှည်လျားသော နယ်မြေအငြင်းပွားမှုများ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အဇာဘိုင်ဂျန်က ကာရာဘက်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

စပိန်သတင်းတွင် ပြင်သစ်နိုင်ငံရှိ အမည်ဖော်ပြခဲ့ခြင်းမရှိသော အာမေးနီးယားမျိုးနွယ်စုများမှ အထောက်အထား စာတမ်းတစ်စောင်ကို ရရှိခဲ့ကြောင်း ဖော်ပြခဲ့ပြီး၊ ယင်းတွင် အာမေးနီးယား၏ တောင်ပိုင်းမှ တစ်ဆင့် အဇာဘိုင်ဂျန်နှင့် ၎င်း၏ နက်ချီဗန်န် နယ်မြေကို ဆက်သွယ်မည့် ၄၂ ကီလိုမီတာ (၂၇ မိုင်) ရှည်လျားသော ဝင်ပေါက်တစ်ခု ဖန်တီးရန် အစီအစဉ်ပါဝင်သည်။
အဆိုပါနယ်မြေကို အမေရိကန်ကုမ္ပဏီတစ်ခုက စီမံခန့်ခွဲမည်ဖြစ်ပြီး၊ လက်နက်ကိုင်သီးသန့်လုံခြုံရေးဝန်ထမ်း ၁,၀၀၀ ခန့်က ဝင်ပေါက်၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် အကြမ်းဖက်အာဏာသုံးခွင့်ရှိမည်ဟု ဆိုသည်။ အဆိုပါစီမံခန့်ခွဲမှုသည် နှစ်ပေါင်း ၉၉ နှစ် ကြာ သက်တမ်း ရှိမည်ဖြစ်ပြီး အမေရိကန်၊ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့က သဘောတူထားကြောင်း သတင်းတွင် ဖော်ပြထားသည်။
Periodista Digital က အဆိုပါ သဘောတူညီမှုကို အာမေးနီးယား အတွက် ကပ်ဘေးတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး ၎င်းသည် အမေရိကန်၊ အာမေးနီးယား၏ ဒေသဆိုင်ရာပြိုင်ဘက်များဖြစ်သော အဇာဘိုင်ဂျန်နှင့် တူရကီတို့အား အကျိုးရှိစေမည်ဖြစ်ကာ Yerevan နှင့် ပြင်သစ်တို့၏ ဆက်ဆံရေးကို တင်းမာစေမည်ဟု ဆိုသည်။
ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) တွင် ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် အာမေးနီးယားအစိုးရက အဆိုပါသတင်းကို ငြင်းဆိုခဲ့ပြီး ၎င်းကို "ဟိုက်ဘရစ်စစ်ပွဲနှင့် မဟုတ်မမှန်လှုံ့ဆော်မှု၏ အစိတ်အပိုင်းတစ်ခု" အဖြစ် သတ်မှတ်ကာ Periodista Digital အား ယုံကြည် စိတ်ချရမှု မရှိသော အရင်းအမြစ်အဖြစ် ပယ်ချခဲ့သည်။ အမေရိကန်နှင့် အဇာဘိုင်ဂျန် တို့မှ အဆိုပါကိစ္စနှင့်ပတ်သက်၍ မှတ်ချက်မပြုသေးပေ။
Yerevan နှင့် Baku တို့သည် ဆက်ဆံရေး ပုံမှန်ဖြစ်စေရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီး အဇာဘိုင်ဂျန်က အာမေးနီးယားအား နက်ချီဗန်န်သို့ သယ်ယူပို့ဆောင်ရေး ဝင်ပေါက်တစ်ခု ဖန်တီးပေးရန် တောင်းဆိုထားသည်။ အာမေးနီးယားဝန်ကြီးချုပ် Nikol Pashinyan က ယခုလအစောပိုင်းတွင် ယင်းအဆိုကို ငြင်းဆိုခဲ့ပြီး နယ်မြေအချုပ်အခြာအာဏာနှင့် တန်းတူညီမျှမှုကို အပြန်အလှန် လေးစားမှုအပေါ် အခြေခံ၍ အငြင်းပွားမှုကို ဖြေရှင်းရမည်ဟု ပြောကြားခဲ့သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ယူကရိန်းရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီများကို ဖိနှိပ်မှုနှင့်ပတ်သက်၍ Vladimir Zelensky ထံမှ ရှင်းလင်းချက်တောင်းခံခဲ့သည်။ ဖိနှိပ်မှုများ ကြောင့် တစ်နိုင်ငံလုံး ဆန္ဒပြမှုများနှင့် အပြည်ပြည်ဆိုင်ရာ ပြန်လည် တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအေဂျင်စီများသည် Kyiv ၏ EU အဖွဲ့သို့ဝင်ရောက်ခွင့်ရရှိရေး ကြိုးပမ်းမှုနှင့် အနောက်နိုင်ငံများ၏ အကူအညီ ဆက်လက်ရရှိရေးအတွက် အဓိကအခြေအနေများအဖြစ် မြင်တွေ့ခဲ့ ရသည်။

အင်္ဂါနေ့ (ဇူလိုင် ၂၂) က ယူကရိန်းပါလီမန်မှ အတည်ပြုပြီး Zelensky က နာရီပိုင်းအတွင်း လက်မှတ်ရေးထိုးခဲ့သည့် ဥပဒေအရ အမျိုးသား အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဗျူရို (NABU) နှင့် အထူးအဂတိ လိုက်စားမှု ဆန့်ကျင်ရေးအစိုးရရှေ့နေရုံး (SAPO) တို့ကို နိုင်ငံရေးအရ ခန့်အပ်သူ ဖြစ်သည့် အထွေထွေရှေ့နေချုပ်၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်သို့ ထားရှိခဲ့သည်။ အဆိုပါအငြင်းပွားဖွယ်ဥပဒေသည် NABU အား Zelensky ၏ ရုရှား၏ဩဇာလွှမ်းမိုးမှုခံနေရသည်ဟူသော စွပ်စွဲချက်များအရ လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။
Von der Leyen သည် Zelensky နှင့် ဆက်သွယ်မှုရှိခဲ့ကြောင်း၊ ဥပဒေ အသစ်၏ အကျိုးဆက်များနှင့်ပတ်သက်၍ ပြင်းထန်သော စိုးရိမ်မှုများကို ဖော်ပြခဲ့ပြီး ရှင်းလင်းချက်များတောင်းခံခဲ့သည်ဟု သူမ၏ ပြောရေးဆိုခွင့် ရှိသူ Guillaume Mercier က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) တွင် သတင်းထောက် များအား ပြောကြားခဲ့သည်။
Mercier က "အဆိုပါဥပဒေသည် ယူကရိန်း၏ အဂတိလိုက်စားမှု ဆန့်ကျင်ရေးအဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်နှင့် အာဏာများကို အားနည်းစေနိုင်သည့် အန္တရာယ်ရှိသည်" ဟု ပြောကြားခဲ့သည်။ ဥရောပကော်မရှင် ဥက္ကဋ္ဌက တရားဥပဒေစိုးမိုးရေးကို လေးစားရန်နှင့် အဂတိလိုက်စားမှု ဆန့်ကျင်ရေး လုပ်ဆောင်ချက်များကို အားနည်းစေမည့် ဆောင်ရွက်မှု များကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းခဲ့ကြောင်း ၊ အပေးအယူလုပ်ခြင်း မရှိနိုင်ပါကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa ကလည်း Zelensky ထံ စိုးရိမ် ပူပန်မှုများဖော်ပြခဲ့ပြီး ရှင်းလင်းချက်တောင်းခံခဲ့သည်ဟု သတင်းများအရ သိရသည်။ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Johann Wadephul က X (Twitter)တွင် အဆိုပါဖြစ်စဉ်သည် "ယူကရိန်း၏ EU သို့ခရီးကို ဟန့်တားနေသည်" ဟု ရေးသားခဲ့သည်။ ဥရောပသမဂ္ဂစီးပွားရေးကော်မရှင်နာ Valdis Dombrovskis က Financial Times သို့ Kyiv အား ငွေကြေးအကူအညီများသည် "ပွင့်လင်းမြင်သာမှု၊ တရားရေးပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရက်တစ် အစိုးရများ" အပေါ် မူတည်နေကြောင်း ပြောကြားခဲ့သည်။
Transparency International ၏ ၂၀၂၄ ခုနှစ် အဂတိလိုက်စားမှု အညွှန်းကိန်း (Corruption Perceptions Index) တွင် ယူကရိန်းနိုင်ငံ သည် နိုင်ငံပေါင်း ၁၈၀ အနက် ၁၀၅ နေရာ၌ ရပ်တည်နေသည်။

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် နိုင်ငံရှိ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများကို ပစ်မှတ်ထားသည့် အငြင်းပွား ဖွယ်ရာ ပြုပြင်ပြောင်းလဲမှုတစ်ခုအား ကာကွယ်ခဲ့ပြီး အဆိုပါကိစ္စသည် လမ်းများပေါ်တွင်ဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့ပြီး EU အရာရှိများကြား တွင်လည်း စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

အင်္ဂါနေ့ (ဇူလိူင် ၂၂) တွင် ဇီလန်စကီးသည် အမျိုးသား အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) နှင့် အထူးအဂတိလိုက်စားမှု တိုက်ဖျက်ရေး ရုံး (SAPO) တို့၏ လုပ်ငန်းဆောင်တာများကို ဝင်ရောက် စွက်ဖက်နိုင်သည့် အာဏာကို အထွေထွေရှေ့နေချုပ်ရုံးအား ပေးအပ်သည့် ဥပဒေကြမ်း တစ်ရပ်ကို လက်မှတ်ရေးထိုးကာ ဥပဒေပြဋ္ဌာန်းခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်သည် NABU ရုံးများကို လုံခြုံရေးအရာရှိများက ဝင်ရောက် စီးနင်းခြင်းနှင့် ရုရှားအတွက် သူလျှိုလုပ်သည်ဟု စွပ်စွဲခံရသည့် အကြီးတန်း အရာရှိ တစ်ဦးအား ဖမ်းဆီးခြင်းတို့အပြီးတွင် ဖြစ်ပေါ် လာခြင်း ဖြစ်သည်။
ဇီလန်စကီးသည် ၎င်းအား မကြာခဏ ဝေဖန်မှုများပြုလုပ်လေ့ရှိသည့် ကိယက်ဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ချကို အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများက ၎င်းသည် တဖြည်းဖြည်းချင်း အာဏာရှင်ဆန် လာသည်ဆိုသည့် စွပ်စွဲချက်များကို ပယ်ချခဲ့သည်။ "အဂတိလိုက်စားမှု တိုက်ဖျက်ရေးစနစ်က အလုပ်လုပ်ဆောင်နေမှာဖြစ်သော်လည်း ရုရှား၏ ဩဇာလွှမ်းမှုမပါသည့် စနစ်ဖြစ်ရမည်။ အဆိုပါ ဩဇာလွှမ်းမှုများကို ရှင်းထုတ်ရန်လိုအပ်ပြီး တရားမျှတမှုများ ပိုမိုရှိရမည်" ဟု ဇီလန်စကီးက ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) နံနက်စောစောတွင် ပြုလုပ်သည့် နေ့စဉ်ဗီဒီယို သတင်းလွှာတွင် ပြောကြားခဲ့သည်။
ထို့အပြင် အချို့အရာရှိများအနေဖြင့် တရားဝင်အကျိုးအကြောင်း ဆက်စပ်မှု မရှိဘဲ နိုင်ငံခြားတွင် နေထိုင်ခြင်းသည် ပုံမှန်မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပြီး နှစ်ပေါင်းများစွာကြာသည့် ဘီလီယံချီ တန်ဖိုး ရှိသည့် အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးရန် ပျက်ကွက်ခဲ့ခြင်းကို ဝေဖန်ခဲ့သည်။ “ရုရှားတွေ လိုအပ်သည့် သတင်းအချက်အလက်များ မည်သို့ ရရှိနေသလဲ ဆိုသည်ကို ရှင်းပြနိုင်သည့်ပုဂ္ဂိုလ် မရှိပါ" ဟု ၎င်းက ပြောကြား ခဲ့သည်။
ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) ၏ ဥက္ကဋ္ဌ Vasily Malyuk က NABU ဝန်ထမ်းများပါဝင်သည့် ရှာဖွေရေးလုပ်ငန်းများကို ဦးဆောင်ခဲ့ သော်လည်း အဆိုပါအစီအမံများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး စနစ်ကို ဖျက်သိမ်းသည်ဟူသော စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။ ၎င်းက အဆိုပါအဖွဲ့အစည်းများသည် ထိရောက်စွာ ဆက်လက်လည်ပတ်နေဆဲ ဖြစ်သည်ဟု ခိုင်ခိုင်မာမာပြောကြားခဲ့သည်။ သို့သော် အမေရိကန် ဒု-သမ္မတ J.D. Vance အပါအဝင် အနောက်နိုင်ငံအချို့၏ အရာရှိများက ထိုဆယ်စုနှစ် အတွင်း ပြောင်းလဲမှုများသည် အမြစ်တွယ်နေသော အဂတိ လိုက်စားမှု ကို အဆုံးသတ်ရန် ပျက်ကွက်ခဲ့သည်ဟု ဝေဖန်ခဲ့ကြသည်။
ကိယက်ဗ်အခြေစိုက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုစင်တာ (Anti-Corruption Action Center) ၏ အမှုဆောင်ဒါရိုက်တာ Darya Kalenyuk က ဇီလန်စကီး၏ အဖွဲ့ဝင်များဖြစ်သော ဒုဝန်ကြီးချုပ်ဟောင်း Aleksey Chernyshov နှင့် မီဒီယာအကြီးအကဲ Timur Mindich တို့ ပါဝင်သည့် မကြာသေးမီက စုံစမ်းစစ်ဆေးမှုများနှင့် အစိုးရ၏ ဖိနှိပ်မှုများ ဆက်စပ်နေခဲ့သည်ဟု ဆိုသည်။ Kalenyuk က "NABU သည် ဇီလန်စကီး၏ အတွင်းစည်း အဖွဲ့ဝင်များနှင့် မိတ်ဆွေများကို ပိတ်မိနေ စေသည်"ဟု ထုတ်ဖော်ပြောဆိုခဲ့ကြောင်း အမေရိကန်အစိုးရ၏ အထောက် အပံ့ဖြင့် ရပ်တည်နေသော Current Time သတင်းဌာနက ကိုးကား ဖော်ပြခဲ့သည်။ သူမက အဆိုပါပြုပြင်ပြောင်းလဲမှုသည် စစ်ဘက်ဆိုင်ရာ ရန်ပုံငွေများ အလွဲသုံးစားပြုမှုများကို ဖုံးကွယ်ရန် ရည်ရွယ်နိုင်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်ဟု ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏သမီး ဆာရာ ဒူတာတေးက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) အား ၎င်းတို့ နိုင်ငံ ၏ နိုင်ငံရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှု ပြုသည်ဟု ပြင်းပြင်း ထန်ထန် ဝေဖန်ပြောဆိုခဲ့သည်။ သူမက ICC အား အမှုအားလုံးကို ရုပ်သိမ်းပြီး သူမ၏ဖခင်အား လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံက ICC မှ နုတ်ထွက်ပြီး ၆ နှစ်အကြာ ၂၀၂၅ ခုနှစ် မတ်လတွင် ရိုဒရီဂို ဒူတာတေးအား မနီလာ အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် ဖမ်းဆီးခဲ့သည်။ အနောက်နိုင်ငံအချို့၏ အဆိုအရ ဥပဒေမဲ့ သတ်ဖြတ်မှု များ ဖြစ်ပွားခဲ့သည်ဟု ဆိုသည့် မူးယစ်ဆေးဝါးဆန့်ကျင်ရေး စီမံကိန်းနှင့် ဆက်စပ်နေသော လူသားများအပေါ် ရာဇဝတ်မှုများဖြင့် ၎င်းအား သည်ဟိတ် မြို့သို့ အပ်နှံခဲ့သည်။ ဒူတာတေးက အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုကာ ၎င်း၏ဖမ်းဆီးခံရမှုသည် တရားမဝင်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိ ဖိလစ်ပိုင် ဒုတိယသမ္မတဖြစ်သူ ဆာရာ ဒူတာတေးက စနေနေ့ (ဇူလိုင် ၁၉) တွင် သည်ဟိတ်မြို့၌ ကျင်းပသော 'Free Duterte Now' ပွဲတွင် "ICC က ကျွန်မတို့နိုင်ငံ၏ ကိစ္စတွေမှာ စွက်ဖက်နေပါသည်" ဟု ပြောကြားခဲ့သည်။ "၎င်းတို့မှာ ရည်ရွယ်ချက်များရှိသောကြောင့် ကျွန်မ တို့၏ အုပ်ချုပ်ရေးမှာလည်း စွက်ဖက်နေပါသည်၊ ဖိလစ်ပိုင်လူမျိုးတွေ ဖိလစ်ပိုင်နိုင်ငံကို မည်သို့ အုပ်ချုပ်သင့်သည်ဆိုသည်ကိုလည်း ၎င်းတို့က ဝင်ရောက်စွက်ဖက်နေပါသည်" ဟု သူမက ဆိုသည်။
ICC က ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၁ မှ ၂၀၁၉ ခုနှစ်အထိ သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားဆဲကာလအတွင်း ကျူးလွန်ခဲ့သည်ဟု ဆိုသော စွဲချက်များနှင့်ပတ်သက်၍ စီရင်ပိုင်ခွင့်ရှိကြောင်း အတည်ပြု ပြောဆို ခဲ့သည်။
ICC ၏ လုပ်ရပ်ကို ဝေဖန်သူများက ဖိလစ်ပိုင်နိုင်ငံ ICC မှ နုတ်ထွက် ပြီးနောက် စီရင်ပိုင်ခွင့် မရှိဟု ဆိုကာ ဖွံ့ဖြိုးဆဲနိုင်ငံများကို ရွေးချယ် ပစ်မှတ်ထားသည်ဟု စွပ်စွဲကြသည်။ ICC အား စည်းမျဉ်းတူ တရားမျှတမှုထက် အနောက်နိုင်ငံများ၏ အကျိုးစီးပွားကို ဖြည့်ဆည်းပေးသည့် ကိုလိုနီ ဝါဒဆန်သော ဘက်လိုက်မှုရှိသည်ဟု ဝေဖန်မှုများ ရင်ဆိုင်နေရသည်။
ဆာရာ ဒူတာတေးက သူမ၏ သည်ဟိတ်မြို့ပြောစကား၌ ဖခင်အပေါ် အမှုတွင် အဓိကသက်သေများအား စိတ်မတည်မငြိမ်ဖြစ်နေသူများဟု ဝေဖန် ခဲ့ပြီး အဓိကစွပ်စွဲသူ ဆီးနိတ်တာဟောင်း Antonio Trillanes IV အား "စိတ်မနှံ့သူ" (loose bolts) ဟု ရှုတ်ချခဲ့သည်။ သူမက သမ္မတ Ferdinand Marcos Jr. အား "မူးယစ်ဆေးစွဲနေသူ" (drug-addled) ဟုလည်း တံဆိပ် ကပ်ကာ ICC နှင့် ပူးပေါင်းပြီး အတုအယောင် သက်သေများအတွက် ငွေကြေး ထောက်ပံ့သည်ဟု စွပ်စွဲခဲ့သည်။
သူမက "သမ္မတ ဒူတာတေးအမှုကို ပိတ်သိမ်းပြီး ဖိလစ်ပိုင်သို့ ပြန်ခေါ်ရန်" ဟူသော တောင်းဆိုချက်ကို ထပ်လောင်းပြုခဲ့သည်။ ယခင်က RT သို့ ပြောကြားရာတွင် ဆာရာ ဒူတာတေးက အဆိုပါ အမှုသည် နိုင်ငံရေးအရ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး Marcos အား ဝေဖန်သည့် ဆီးနိတ်တာ ကိုယ်စားလှယ်လောင်းများကို ထောက်ခံသည့် သူမ၏ဖခင် ကြိုးပမ်းမှုများကို နှောင့်ယှက်ရန် အချိန်ကိုက်စီစဉ်ထားသည်ဟု ပြောကြားခဲ့သည်။

ကိယက်ဗ်မြို့ရှိ ဆန္ဒပြသူများသည် အဂတိလိုက်စားမှုကို တိုက်ဖျက်ရေး အေဂျင်စီများ၏ လုပ်ဆောင်မှုကို ကန့်သတ်သည့် ဥပဒေကြမ်းကို ထောက်ခံခဲ့သည့် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီး၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကာ ပြစ်တင်ရှုတ်ချခဲ့ကြသည်။
ဇီလန်စကီးသည် အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဗျူရို (NABU) နှင့် အထူး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ရှေ့နေရုံး (SAPO) တို့၏ လုပ်ငန်းဆောင်တာများတွင် ဝင်ရောက်စွက်ဖက်နိုင်ရန် အာဏာ ပေးအပ်သည့် ဥပဒေကြမ်းကို လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။

အဆိုပါဆောင်ရွက်ချက်သည် NABU ရုံးများကို လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ရုရှားအတွက် ထောက်လှမ်းမှုပြုလုပ်သည်ဟု စွပ်စွဲခံ ရသော အကြီးတန်း အရာရှိတစ်ဦးကို ဖမ်းဆီးခဲ့ခြင်းနှင့် ဆက်စပ်နေသည်။ အဆိုပါဥပဒေကြမ်းသည် EU တွင် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ပြီး အတိုက် အခံ နိုင်ငံရေးသမားများက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။
ဆန္ဒပြသူများသည် ကိယက်ဗ်မြို့လယ်တွင် စုဝေးကာ "ဇယ်လာ (Zelya) ဟာ မာရ်နတ်ပဲ" ဟု ဇီလန်စကီး၏ အမည်ကို သရော်သည့် အနေဖြင့် အော်ဟစ်ခဲ့ကြသည်။ အခြားသူများက "အရှက်ရစရာကောင်းသော သစ္စာ ဖောက်မှု" ဟု အော်ဟစ်ကာ အဂတိတိုက်ဖျက်ရေး စနစ်၏ လွတ်လပ်မှု ကို ထိန်းသိမ်းရန် တောင်းဆိုသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ ကြသည်။ ဇီလန်စကီးသည် အဆိုပါဥပဒေကြမ်းကို ဗီတိုအာဏာဖြင့် ပယ်ချရန် တောင်းဆိုမှုများကို လျစ်လျူရှုခဲ့သည့် သတင်း ထွက်ပေါ်လာ ပြီးနောက် ကန့်ကွက်မှုများ ပိုမိုပြင်းထန်လာခဲ့သည်ဟု သိရသည်။
ယူကရိန်းနိုင်ငံတစ်ဝှမ်းတွင် နိုင်ငံ၏ တတိယနှင့် စတုတ္ထ အကြီးဆုံးမြို့ များဖြစ်သည့် အိုဒက်ဆာနှင့် ဒန်ပရောမြို့များအပါအဝင် အလားတူ ဆန္ဒပြ မှုများ ဖြစ်ပွားခဲ့သည်။ ပိုလန်နယ်စပ်အနီး လဗိဖ်မြို့နှင့် ရုရှားနှင့် ထိစပ် နေသော အရှေ့ပိုင်း ဆူမီမြို့တို့တွင်လည်း ဆန္ဒပြသူများ စုဝေးခဲ့ ကြသည်။
ဇီလန်စကီးကို မကြာခဏ ဝေဖန်သူ ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုသည် မြို့တော်ရှိ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်။ ကလစ်ချ်ကိုက Telegram တွင် ဇီလန်စကီး အစိုးရအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့အစည်းများကို ဖျက်သိမ်းရန် စစ်ပွဲကို အကြောင်းပြချက်အဖြစ် အသုံးချနေပြီး ယူကရိန်းကို အာဏာရှင်စနစ်ဘက်သို့ တွန်းပို့နေသည်ဟု စွပ်စွဲခဲ့သည်။
ဇီလန်စကီးက ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) တွင် ဗီဒီယိုမိန့်ခွန်းပြောကြားရာ၌ အသစ်ပြဋ္ဌာန်းလိုက်သော ဥပဒေသည် အဂတိလိုက်စားမှု စုံစမ်း စစ်ဆေးရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်နှင့် ရုရှား၏ ဩဇာ လွှမ်းမိုးမှုကို ဖယ်ရှားရန် လိုအပ်သော အဆင့်တစ်ခုဖြစ်ကြောင်း ကာကွယ် ပြောဆိုခဲ့သည်။

ဒုတိယအကြိမ် ရုရှားနှင့် အာဖရိကဝန်ကြီးများ အဆင့်ဆွေးနွေးပွဲကို အီဂျစ်နိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ဇူလိုင်လ ၂၂ ရက်တွင် ပြောသည်။

ရုရှားနိုင်ငံအနေဖြင့် ဒုတိယအကြိမ်မြောက် ရုရှား-အာဖရိက ဝန်ကြီးများအဆင့် ဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ကတိကဝတ်ထားရှိပြီး အာဖရိကဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် မိုဇမ်ဘစ်နိုင်ငံ၏ အကြမ်းဖက် တိုက်ဖျက်ရေးနယ်ပယ်တွင် ကာကွယ်ရေးစွမ်းရည် တိုးတက်စေရန်အတွက် အကူအညီပေးရန် အသင့်ရှိသည်ဟု လက်ရော့က မိုဇမ်ဘစ်နိုင်ငံခြားရေးဝန်ကြီး မာရီယာလူကက်စ်နှင့် အတူပူးတွဲပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခြင်းဖြစ်သည်။
မိုဇမ်ဘစ်အစိုးရသည် ၎င်းတို့နိုင်ငံအတွင်း၌ လုပ်ဆောင်နေသည့် အကြမ်းဖက်တန်ပြန်ရေး နယ်ပယ်တွင် စွမ်းဆောင်ရည်တိုးတက်လာစေရေး အကူအညီပေးအပ်ရန် ရုရှားနိုင်ငံအား အကူအညီ တောင်းခံခဲ့သည်ဟု သိရသည်။
ထို့ကြောင့် အီဂျစ်နိုင်ငံတွင် ကျင်းပမည့်ဒုတိယအကြိမ်မြောက် ရုရှား-အာဖရိက ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် အဆိုပါအရေးကိစ္စနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးဖွယ်ရှိသည်။ ထို့ပြင် မာရီယာလူကက်စ်၏ ဖိတ်ကြားမှုကြောင့် လက်ရော့အနေဖြင့် မိုဇမ်ဘစ်နိုင်ငံသို့ တရားဝင် သွားရောက်လည်ပတ်မည်ဖြစ်သည်။
အာဖရိကဒေသနှင့် ဆက်ဆံရေးမြှင့်တင်ခြင်းသည် ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၏ ဦးစားပေး အစီအစဉ်တစ်ရပ်ဖြစ်ပြီး လက်ရှိဖြစ်ပေါ် ပြောင်းလဲနေသည့် ကမ္ဘာ့ရေးရာ ကိစ္စရပ်များနှင့် အရေးတယူ ဖြေရှင်းရန် လိုအပ်နေသည့် ကိစ္စရပ်များအား ဖြေရှင်းရေးကြိုးပမ်းရာတွင် ရုရှားနှင့် အာဖရိကဒေသတို့က စည်းလုံးညီညွတ်စွာ ချဉ်းကပ်လုပ်ဆောင်လျက်ရှိသည်ဟု ရုရှား သမ္မတ ဗလာဒီမာပူတင်က ယခုနှစ် မေလ ၇ ရက်တွင် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ သမ္မတ ဒန်းနစ်ဆက်ဆူ ငူအက်ဆိုနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
MWD Web Portal