နျူကလီးယားဖျက်သိမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်ရေးအတွက် အမေရိကန်က မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိဟုဆို

News Image

  • နျူကလီးယားဖျက်သိမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်ရေးအတွက် အမေရိကန်က မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိဟုဆို

မြောက်ကိုရီးယားနိုင်ငံ၏နျူကလီးယားဖျက်သိမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားအစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်ဟု အမေရိကန်အစိုးရအဖွဲ့မှ အရာရှိများ၏ ပြောကြားချက်ကိုကိုးကား၍    တောင်ကိုရီးယားနိုင်ငံမှ ယွန်ဟပ်သတင်းအေဂျင်စီက ဇူလိုင်လ ၂၆ ရက်တွင်ဖော်ပြသည်။

သမ္မတထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရသည်  မြောက်ကိုရီးယားနိုင်ငံ၏    နျူကလီးယားဖျက်သိမ်းရေးနှင့် စပ်လျဉ်း၍ ခေါင်းဆောင်ကင်ဂျုံအွန်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်ကျင်းပနိုင်ရန်     မျှော်လင့်လျက်ရှိသည်။

ထရမ့်နှင့်ခေါင်းဆောင်ကင်တို့နှစ်ဦးသည် ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် တစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်။

အမေရိကန်အစိုးရအနေဖြင့် မြောက်ကိုရီးယားအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးကို ပြန်လည်စတင်ရန်အတွက် ခေါင်းဆောင်ကင်နှင့် ထိတွေ့ဆက်ဆံမှုများကို လုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု ထရမ့်က ယခုနှစ် မတ်လအတွင်းကလည်း ပြောကြားထားသည်။

ယင်းနောက်ပိုင်းတွင် အမေရိကန်အစိုးရသည် မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲများပြန်လည် စတင်ရန်အတွက် အသုံးပြုနိုင်သည့် နည်းလမ်းများကို ရှာဖွေလာခဲ့ကြောင်း Axios သတင်းဌာနက ဖော်ပြခဲ့ကြောင်းသိရသည်။                                                                 

 Ref: Iv

MWD Web Portal