သတင်းများ

တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ရုရှားနှင့်ယူကရိန်းတာဝန်ရှိသူများ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေး

 မော်စကို ဇူလိုင် ၂၄ 

ရုရှားနှင့် ယူကရိန်းကိုယ်စား လှယ်များသည် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ဇူလိုင် ၂၃ ရက် တွင်တတိယအကြိမ်မြောက်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

အဆိုပါဆွေးနွေးပွဲတွင် ရုရှား နှင့်ယူကရိန်း ကိုယ်စားလှယ်များ အနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူနိုင်မှုမရှိခဲ့ သော်လည်း အကျဉ်းသားချင်း အပြန်အလှန်လဲလှယ်ရေး အစီအစဉ် များ ဆက်လက်ဆောင်ရွက်ရေး အတွက် ညှိနှိုင်းနိုင်ခဲ့ကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။

ဇူလိုင် ၂၃ ရက် ဆွေးနွေးပွဲတွင် ရုရှားသမ္မတပူတင်နှင့် ယူကရိန်း သမ္မတ ဇီလန်စကီးတို့ကြားယခုနှစ် ဩဂုတ်လကုန်ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးရေးအတွက် ယူကရိန်းနိုင်ငံက အဆိုပြုထားသော်လည်း ရုရှားကိုယ်စားလှယ်များက ငြင်းပယ်ခဲ့ကြောင်း သိရသည်။

 ရုရှားနှင့် ယူကရိန်းတို့၏ ဇူလိုင် ၂၃ ရက်ဆွေးနွေးပွဲမှာ မိနစ် ၄၀ ခန့်သာ ကြာမြင့်ခဲ့ကြောင်း တူကီယဲတာဝန်ရှိသူများက ထုတ် ဖော်ပြောကြားထားသည်။ ရုရှားနှင့်ယူကရိန်းတို့သည် သုံးနှစ် ကျော်ကြာ ပဋိပက္ခကို အဆုံးသတ် နိုင်ရေးအတွက် ယခုနှစ် မေ ၁၆ ရက်နှင့် ဇွန်၂ရက်တို့တွင် အစ္စတန် ဘူလ်မြို့ ၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ များကျင်းပခဲ့ပြီးဖြစ်သည်။

လက်ရှိအချိန်တွင် ယူကရိန်း ပဋိပက္ခမှာ အရှိန်ကျဆင်းမှုမရှိသေးဘဲ ရှေ့တန်းနယ်စပ်တစ် လျှောက် တိုက်ပွဲများပြင်းထန် နေဆဲဖြစ်ကြောင်း သိရသည်။

 Ref: RT 

Trs: KKO

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြားဖြစ်ပွားနေသည့် ပဋိပက္ခနှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီတွင် အရေးပေါ်ဆွေးနွေးပွဲကျင်းပပေးရန် ကမ္ဘောဒီးယားတောင်းဆို

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဒေသတစ်လျှောက်၌ ဖြစ်ပွားနေသည့် ပဋိပက္ခနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အရေးပေါ် ဆွေးနွေးပွဲတစ်ရပ်ကျင်းပပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဇူလိုင်လ ၂၄  ရက်တွင် တောင်းဆိုလိုက်သည်။

ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား အငြင်းပွားနေသည့် နယ်စပ်တစ်လျှောက်တွင် မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သည်တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် ဇူလိုင်လ ၂၄ ရက်အစောပိုင်းမှစ၍  အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားသည်။   

ယင်းနောက်တွင်  ကမ္ဘောဒီးယားအစိုးရက  ယခုနှစ်  ဇူလိုင်လအတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့်  ကုလသမဂ္ဂဆိုင်ရာ   ပါကစ္စတန်အမြဲတမ်း ကိုယ်စားလှယ်ဖြစ်သူ အာဆင်ဖစ်ခါအာမက်ထံသို့ စာရေးသားပေးပို့တောင်းဆိုခြင်း ဖြစ်သည်။

ကမ္ဘောဒီးယားအစိုးရ၏အဆိုအရ ထိုင်းနိုင်ငံ၏တိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေကို   ချိုးဖောက်ခြင်းဖြစ်သည်ဟု Xinhua  သတင်းဌာနတွင် ဖော်ပြထားသည်။

သို့ရာတွင်  နှစ်နိုင်ငံအကြားစစ်ရေးအရ တင်းမာမှုဖြစ်ပွားရခြင်းမှာ   နယ်စပ်ဒေသတွင် မိုင်းပေါက်ကွဲမှုအတွင်း ထိုင်းတပ်မတော်မှ   စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခြင်းသည်   ကမ္ဘောဒီးယား နိုင်ငံကြောင့်ဖြစ်သည်ဟု  ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာနက   စွပ်စွဲထားသည်။

ထို့ပြင် ကမ္ဘောဒီးယားတပ်မတော်သည် ဇူလိုင်လ ၂၄ ရက်တွင် ထိုင်းစစ်အခြေစိုက်စခန်းတစ်ခုအား  အမြောက်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု   ဝန်ကြီးဌာနက ဆက်လက်စွပ်စွဲထားကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံအတွင်း၌ အရပ်သား ၁၁ ဦးသေဆုံးသွားကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံအကြား တင်းမာမှုမြင့်တက်လာပြီးနောက် ထိုင်းအစိုးရက ကမ္ဘောဒီးယားတပ်မတော်၏ ပစ်မှတ်များအပေါ် လေကြောင်းမှတိုက်ခိုက်ခဲ့သည်ဟု    ထိုင်းတပ်မတော်မှ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ရီချာဆွတ်ဆူဝါနွန်ကပြောကြားခဲ့ကြောင်း    RTသတင်းဌာနတွင်ဖော်ပြထားကြောင်း သိရသည်။                    

 (Ref: RT, Xinhua)

MWD Web Portal

အမေရိကန်က ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြုရန် မက်ခရွန်၏ အစီအစဉ်ကို "ပြင်းပြင်းထန်ထန် ပယ်ချ"

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြင်သစ်သမ္မတ အီမန် နျူရယ်လ် မက်ခရွန်၏ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြုရန် အစီအစဉ်ကို "ပြင်းပြင်းထန်ထန် ပယ်ချကြောင်း" ကြာသပတေးနေ့ (ဇူလိုင် ၂၄) တွင် ပြောကြားခဲ့သည်။

"အဆိုပါ မဆင်မခြင်ဆုံးဖြတ်ချက်သည် ဟားမက်တို့၏ ဝါဒဖြန့်ချိရေး ကိုသာ အထောက်အကူဖြစ်စေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နောက်ပြန် ဆုတ်သွားစေသည်" ဟု ရူဘီယိုက X တွင် ရေးသားခဲ့သည်။ "အဆိုပါ ဆုံးဖြတ်ချက်သည် အောက်တိုဘာ ၇ ရက်နေ့တွင် သေဆုံးခဲ့ရသူများကို ထပ်ဆင့် လုပ်ကြံလိုက်ခြင်းနှင့် တူသည်"ဟု ဖြည့်စွက်ခဲ့သည်။

အစ္စရေးအစိုးရ အရာရှိများကလည်း မက်ခရွန်၏ ကြေညာချက်ကို အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

US နှင့် Israel တို့က ကာတာမှ Gaza အပစ်ခတ်ရပ်စဲရေး ညှိနှိုင်း ဆွေးနွေးမှုအဖွဲ့များကို ပြန်လည်ခေါ်ယူ

အမေရိကန်နိုင်ငံသည် ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲများ ကျင်းပခဲ့သော ကာတာနိုင်ငံ ဒိုဟာမြို့မှ ၎င်း၏ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ ကို ပြန်လည်ခေါ်ယူလိုက်ပြီး အထူးကိုယ်စားလှယ် Steve Witkoff က ဟားမက်၏ နောက်ဆုံးတုံ့ပြန်ချက်သည် "အပစ်ခတ်ရပ်စဲရေးရရှိရန် ဆန္ဒ မရှိဟု ထင်ရှားစွာပြသနေသည်" ဟု ပြောကြားခဲ့သည်။

Witkoff က အမေရိကန်သည် "ယခုအခါ ဓားစာခံများအား အိမ်ပြန် ရောက်ရှိစေရန်နှင့် ဂါဇာပြည်သူများအတွက် ပိုမိုတည်ငြိမ်သော အခြေအနေ ဖန်တီးပေးရန် အခြားရွေးချယ်စရာများကို စဉ်းစားသွားမည်" ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

အမေရိကန်ညှိနှိုင်းရေးမှူး၏ အဆိုပါထုတ်ဖော်ပြောဆိုချက်သည် နိုင်ငံတကာ သံတမန်ရေးရာ ကြိုးပမ်းမှုများ၏ အနာဂတ်ကို မရေရာမှုဖြစ်စေသည်။ ၎င်းသည် ဟားမက် ၏နောက်ဆုံးအဆိုပြုချက် ပြီးနောက်ပိုင်းတွင်အရင်းအမြစ်များက ဖော်ပြခဲ့သည့် သဘောတူညီမှုရရှိမည့် အလားအလာ နှင့်ပတ်သက်၍ အကောင်းမြင်ဝါဒနှင့် ထင်ရှားစွာကွဲလွဲနေသည်။

ယာယီအပစ်ခတ်ရပ်စဲရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများအတွက် အီတလီ သို့သွားရောက်ခဲ့သည့် Witkoff က "ကြားနေများက ကြီးမားသော အားထုတ်မှုပြုခဲ့သော်လည်း ဟားမက်သည် ညှိနှိုင်းလိုမှုမရှိဘဲ ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည့်ပုံစံမရှိပါ" ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက "မိမိတို့အနေဖြင့် အဆိုပါ ပဋိပက္ခအဆုံးသတ်ရန်နှင့် ဂါဇာတွင် အမြဲတမ်းငြိမ်းချမ်းရေးရရှိရန် ခိုင်မာစွာရည်ရွယ်ထားသည်" ဟု ကြာသပတေးနေ့ (ဇူလိုင် ၂၄) တွင် ပြောကြားခဲ့သည်။

ဟားမက်၏ တုံ့ပြန်ချက်အပြီးတွင် အစ္စရေးနိုင်ငံသည်လည်း ၎င်း၏ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ကို ကာတာမြို့တော်မှ ပြန်ခေါ်လိုက်သော်လည်း အစ္စရေးအရင်းအမြစ်တစ်ဦးက ယင်းသည် ဆွေးနွေးပွဲ အကျပ်အတည်း ကို ညွှန်းဆိုခြင်းမဟုတ်ဟု ဆိုသည်။

တာဝန်ရှိသူ တစ်ဦးက CNN သို့ ပြောကြားရာတွင် ညှိနှိုင်းရေးအဖွဲ့အား ပြန်ခေါ်ရခြင်းမှာ ညှိနှိုင်းဆွေးနွေးမှုအခြေအနေနှင့်ပတ်သက်၍ အနီးကပ် မဆုံးဖြတ်နိုင်သော ဆုံးဖြတ်ချက်များကို ချမှတ်ရန် လိုအပ်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဆွေးနွေးပွဲများနှင့်ပတ်သက်၍ နီးစပ်သူ နောက်ထပ်အရာရှိတစ်ဦးက ဟားမက် ၏တုံ့ပြန်မှုကို "အပြုသဘောဆောင်သည်" ဟု ဖော်ပြခဲ့သည်။ နှစ်ဖက်ကြား ကွာဟချက်များရှိနေသေးသော်လည်း "ကွာဟချက်များ ကျဉ်းမြောင်းလာပြီး သဘောတူညီမှုရရှိနိုင်ကာ အကောင်းမြင်ဝါဒ တိုးပွား လာသည်" ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတော် အချုပ်အခြာအာဏာကို အစွမ်းကုန် ကာကွယ်လျက်ရှိဟု ထိုင်းနိုင်ငံ ယာယီဝန်ကြီးချုပ် ဆို

ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပျက်နေသည့်ကိစ္စရပ်သည် ကမ္ဘောဒီးယား နိုင်ငံဘက်က လာရောက် ထိပါးခြင်းဖြစ်ပြီး ပြည်သူများ သေဆုံး၊ ဒဏ်ရာ ရမှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတော် အချုပ်အခြာအာဏာကို အစွမ်းကုန် ကာကွယ်လျက်ရှိကြောင်း၊ ကိစ္စရပ်အခြေအနေသည် စစ်ပွဲအဖြစ် အဆင့်မြင့်တက်သွားနိုင်ကြောင်း ထိုင်းနိုင်ငံ ယာယီဝန်ကြီးချုပ် Phumtham Wechayachai က ဇူလိုင် ၂၅ ရက်တွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ အခြေအနေနှင့်စပ်လျဉ်း၍ မီဒီယာတွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။

ကိုးကား- Xinhua

ပြင်သစ်နိုင်ငံက ပါလက်စတိုင်းကို အသိအမှတ်ပြုမည်ဟု မက်ခရွန်ဆို

ပြင်သစ်နိုင်ငံအနေဖြင့် ဒေသတွင်း တရားမျှတ၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်ကတိကဝတ်ကို ဖော်ဆောင်ရန်အတွက် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည်ဟု သမ္မတ အီမန်နျူရယ်လ် မက်ခရွန်က ကြေညာခဲ့သည်။

ကြာသပတေးနေ့ (ဇူလိုင် ၂၄) က X တွင် မျှော်လင့်မထားသော ထုတ်ပြန်ချက်တစ်ရပ်၌ မက်ခရွန်က စက်တင်ဘာလတွင် နယူးယောက် မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အဆိုပါ အချက် နှင့်ပတ်သက်၍ တရားဝင် ကြေညာချက်ထုတ်ပြန်မည်ဟု ပြောကြား ခဲ့သည်။ "ယနေ့ အရေးတကြီးလိုအပ်နေသည်မှာ ဂါဇာစစ်ပွဲကို အဆုံး သတ်ရန်နှင့် အရပ်သားများကို ကယ်တင်ရန်ဖြစ်သည်" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာ့နိုင်ငံအများစုက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုထား သော်လည်း အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများစွာက အသိအမှတ် မပြုသေးပေ။ သမ္မတ မက်ခရွန်၏ ဆုံးဖြတ်ချက်ဖြင့် ပြင်သစ်သည် G7 အုပ်စုဝင် (အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ၊ ဂျပန်နှင့် အီတလီ) အနက် ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုသည့် ပထမဆုံး အဓိကနိုင်ငံ ဖြစ်လာမည်ဖြစ်သည်။

ထိုဆောင်ရွက်ချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက အစ္စရေးနှင့် ဟားမက်အကြား ပဋိပက္ခရပ်စဲရန် ကြိုးပမ်းနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကြာသပတေးနေ့ (ဇူလိုင် ၂၄) အစောပိုင်း က အမေရိကန် အရှေ့အလယ်ပိုင်းအထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် က ဟားမက်၏ နောက်ဆုံးတုံ့ပြန်ချက်သည် ဂါဇာတွင် စစ်ပြေငြိမ်းရေး ရယူလိုစိတ်ကင်းမဲ့ကြောင်း ထင်ရှားစွာပြသခဲ့ပြီး ဝါရှင်တန်က ၎င်း၏ ညှိနှိုင်းရေးအဖွဲ့ကို တိုင်ပင်ဆွေးနွေးနိုင်ရေး ပြန်ခေါ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ဆွေးနွေးနေသည့် သဘောတူညီချက်အရ ၆၀ ရက်ကြာ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုမည်ဖြစ်ပြီး ထိုကာလအတွင်း ဟားမက် အဖွဲ့ က အသက်ရှင်နေသော ဓားစာခံ ၁၀ ဦးနှင့် သေဆုံးပြီးအလောင်း ၁၈ လောင်း ကို အဆင့်လိုက် လွှတ်ပေးရန်နှင့် ယင်းအစား အစ္စရေးက ချုပ်နှောင်ထားသည့် ပါလက်စတိုင်းအကျဉ်းသားများကို လွှတ်ပေးရန် သဘောတူထားသည်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလည်း တိုးမြှင့် ဖြန့်ဖြူးသွားမည် ဖြစ်ပြီး နှစ်ဖက်စလုံးက ရေရှည်စစ်ပြေငြိမ်းရေးအတွက် ဆက်လက်ညှိနှိုင်းမည်ဖြစ်သည်။

သို့ရာတွင် စစ်ပွဲအဆုံးသတ်ရန် နှစ်ဖက်၏ တင်းမာမှုများကြောင့် ညှိနှိုင်းမှုများ ရပ်တန့်နေသည်။ ဟားမက်က အစ္စရေးတပ်များ လုံးဝဆုတ်ခွာပြီး စစ်ရေးပဋိပက္ခရပ်စဲမှသာ ဓားစာခံအားလုံးကို လွှတ်ပေးမည်ဟု တင်းခံနေသည်။ ထိုတောင်းဆိုမှုကို အစ္စရေးက လက်မခံဘဲ ဟားမက်တို့ အာဏာစွန့်လွှတ်ပြီး လက်နက်ချမှသာ ၎င်း၏တိုက်ခိုက်ရေးလုပ်ငန်းကို ရပ်တန့်မည်ဟု ပြတ်သားစွာ ပြန်လည်တုံ့ပြန်ထားသည်။

ကိုးကား- RT

ဂါဇာတစ်ခုလုံး ဂျူးတို့၏ နေရာဖြစ်လာမည်ဟု အစ္စရေးဝန်ကြီးပြောဆို

အစ္စရေး ယဉ်ကျေးမှုအမွေအနှစ်ဝန်ကြီး (Heritage Minister) Amichai Eliyahu သည် ပိတ်ဆို့ခံထားရသည့် ဂါဇာတွင် ငတ်မွတ်ခေါင်းပါးမှုနှင့် ပတ်သက်၍ အစ္စရေးအနေဖြင့် စိုးရိမ်စရာမလိုဟု ပြောဆိုခဲ့ပြီး ၎င်း၏ ထုတ်ဖော်ပြောဆိုမှုများအား နိုင်ငံရေးအစုအဖွဲ့အားလုံးက ပြင်းထန်စွာ ရှုတ်ချခဲ့သည်။

Otzma Yehudit အစွန်းရောက်ပါတီမှ အဆိုပါဝန်ကြီးသည် ကုလသမဂ္ဂ ၏ "လူသားဖန်တီးသည့် အငတ်ဘေးဆိုက်ရောက်နိုင်ကြောင်း" သတိပေးချက်များကို ပယ်ချကာ အစ္စရေးအစိုးရသည် "ဂါဇာကမ်းမြောင်ကို သိမ်းပိုက်ရန် အလျင်အမြန်လုပ်ဆောင်နေသည်" ဟု ပြောဆိုခဲ့သည်။

Eliyahu သည် ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) က Radio Kol Barama နှင့် ပြုလုပ်သောတွေ့ဆုံမေးမြန်းမှုတွင် "မိမိတို့အနေဖြင့် ပါလက်စတိုင်း လူမျိုးများ ဤနေရာတွင် မရှိစေရန် လုပ်ဆောင်နေပါသည် ၊ ဂါဇာတစ်ခုလုံး ဂျူးလူမျိုးများ၏ နေရာဖြစ်လိမ့်မည်"ဟု ပြောကြားခဲ့ကြောင်း Ynet က ဖော်ပြခဲ့သည်။ 

ထို့အပြင် ၎င်းက "မိမိတို့အနေဖြင့် ဂါဇာမှာ ငတ်မွတ်မှုကို စိတ်ပူနေစရာမလိုပါ ၊ ကမ္ဘာကြီးက ၎င်းတို့ကို(ပါလက်စတိုင်း) ဂရုစိုက်ခွင့်ပြုလိုက်ပါ ၊ မည်သည့်နိုင်ငံကမျှ ရန်သူများကို အစာကျွေးလေ့မရှိပါ ၊ မိမိတို့အနေဖြင့် ၎င်းတို့အစားအသောက်ရရှိရန် ဂရုစိုက်သင့်ပါသလား" ဟု ထပ်လောင်း ပြောဆိုခဲ့သည်။

စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆုံးဖြတ်သော အစ္စရေးလုံခြုံရေး ကောင်စီအဖွဲ့ဝင်မဟုတ်သည့် Eliyahu ၏ ပြောဆိုချက်များနှင့်ပတ်သက်၍ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အရေးတယူမပြုခဲ့ဘဲ အဆိုပါ ဝန်ကြီး၏ ပြောဆိုမှုများသည် အစိုးရ၏သဘောထားကို ကိုယ်စားမပြုကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်ရှိ အစ္စရေးသံအမတ်ကြီး Yechiel Leiter ကလည်း Eliyahu ၏ ထုတ်ဖော်ပြောဆိုချက်များကို "မှားယွင်းပြီး မိုက်မဲသည့်အပြင် အစ္စရေး အစိုးရနှင့် ပြည်သူတို့၏ သဘောထားကို လုံးဝကိုယ်စားမပြု" ဟု ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ ၎င်းက အစ္စရေးသည် ဂါဇာရှိ အရပ်သားများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပို့ဆောင်နိုင်ရေး ယန္တရားတစ်ခုဖန်တီးရန် ကတိပြုထားကြောင်း ပြောကြားကာ ထိုပို့ဆောင်မှုများသည် ဟားမက်တို့ထံမှတစ်ဆင့် မဟုတ်ဟု X တွင် အတိအလင်း ဖော်ပြခဲ့သည်။

ကုလသမဂ္ဂ၏ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNRWA) မှ Philippe Lazzarini က အစ္စရေးအား အီဂျစ်နှင့် ဂျော်ဒန်တွင် ရပ်နားထားရသည့် ကုန်တင်ကား ၆,၀၀၀ ကျော် ဝင်ရောက်ခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ထိုသို့တောင်းဆိုချိန်တွင် အစ္စရေးအရာရှိများက ဟားမက်နှင့် အခြားလက်နက်ကိုင်အဖွဲ့များသည် အကူအညီ ပစ္စည်းများကို ကြားဖြတ်စုဆောင်းထားပြီး ဖြန့်ဖြူးရေးနေရာများတွင် အရပ်သား များကို တိုက်ခိုက်နေသည်ဟု စွပ်စွဲခဲ့သည်။

တတိယနိုင်ငံမှ ကြားဝင်ဖျန်ဖြေရေး ထိုင်းပယ်ချ

ကမ္ဘောဒီးယားနှင့် ဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်ရန် တတိယ နိုင်ငံမှ ကြားဝင်ဖျန်ဖြေရေး ကြိုးပမ်းမှုကို ထိုင်းနိုင်ငံက ပယ်ချလိုက်ပါသည်။ တိုက်ခိုက်မှုများ ရပ်တန့်ကာ နှစ်နိုင်ငံ ဆွေးနွေးပွဲပြုလုပ်၍အခြေအနေကို ဖြေရှင်းရန် တောင်းဆိုခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားထားပါသည်။ 

ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်နိမိတ် တင်းမာမှုများ အရှိန်အဟုန် မြင့်တက်လာပြီး အမြောက်များဖြင့် ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွား နေကာ ရှေ့တန်းတစ်လျှောက် နေရာအများအပြားတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိနေပါသည်။ အရှေ့တောင်အာရှရှိအိမ်နီးချင်းနိုင်ငံများအကြား ဆယ်စုနှစ်တစ်ခုကျော်အတွင်း အပြင်းထန်ဆုံး တိုက်ပွဲ ဖြစ်လာသည့် ယခုပစ်ခတ်မှုကြောင့် ထိုင်းအရပ်သား အများစု အပါအဝင် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပါသည်။

အမေရိကန်၊ တရုတ်နှင့် အာဆီယံဒေသ လက်ရှိဥက္ကဋ္ဌဖြစ်သည့် မလေးရှားတို့က တွေ့ဆုံဆွေးနွေးရေး လွယ်ကူချောမွေ့စေရန် ကမ်းလှမ်း ထားသော်လည်း ထိုင်းနိုင်ငံဖက်ကမူ ပဋိပက္ခအတွက် နှစ်နိုင်ငံ အဖြေ ရှာရန် ကြိုးစားနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Nikorndej Balankura က ရိုက်တာသတင်းဌာနသို့ ပြောကြားထား ပါသည်။ 

"တတိယနိုင်ငံကနေ ကြားဝင်ဖျန်ဖြေပေးစရာ မလို ဟုထင်ပါသည်" ဟု Nikorndej က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား နှင့် ထိုင်းတို့သည် ရာစုနှစ်တစ်ခုကျော် အချုပ်အခြာအာဏာ အငြင်းပွား နေသည့် နယ်စပ်တစ်လျှောက် လက်နက်ငယ်ပစ်ခတ်မှုမှသည် ပြီးခဲ့သည့်ကြာသပတေးနေ့ (ဇူလိုင် ၂၄) တွင် လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် အပြန်အလှန် ပစ်ခတ်သည်အထိ ဖြစ်ပွားခဲ့ပြီးနောက် မည်သည့်ဘက်က စတင်တိုက်ခိုက်သည်ကို အပြန်အလှန် ငြင်းဆိုထားပါသည်။

ကိုးကား- Reuters

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ အီရန်နှင့် တိုက်ရိုက်ဆွေးနွေးရန်အသင့်ရှိဟု အမေရိကန်ပြော

အမေရိကန်အစိုးရအနေဖြင့် အီရန်နိုင်ငံ၏ နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ အီရန်အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးရန် အသင့်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ အကြီးအကဲဖြစ်သူ တမ်မီဘရုက ပြောကြားခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် လက်ရှိတွင် ငြိမ်းချမ်းပြီးကြွယ်ဝ ချမ်းသာသည့် လမ်းကြောင်းကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ အမေရိကန်အစိုးရက နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ အီရန်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တိုက်ရိုက်ဆွေးနွေးရန် အသင့်အနေအထားရှိနေကြောင်း တမ်မီဘရုက ဇူလိုင်လ   ၂၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

အီရန်အစိုးရသည်    ၎င်းတို့နိုင်ငံ၏ နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ အမေရိကန်နှင့် ဆွေးနွေးရန် လမ်းဖွင့်ထားသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ် အာရတ်ချီက အစောပိုင်းတွင် ပြောကြားထားသည်။ သို့သော် အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား တိုက်ရိုက်မဟုတ်ဘဲ တစ်ဆင့်ခံ ဆွေးနွေးမှုဖြင့်   ဆွေးနွေးအဖြေရှာရန်အီရန်က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

အီရန်နိုင်ငံသည် အစောပိုင်းကလည်း ၎င်းတို့၏နျူကလီးယားအရေးနှင့် စပ်လျဉ်း၍ ဥရောပအင်အားကြီး နိုင်ငံများဖြစ်သည့် ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီတို့နှင့် ဆွေးနွေးရန် သဘောတူညီချက် ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။                        

 Ref: Iv

အမေရိကန် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး တူလ်ဆီ ဂါဘာ့ဒ် မှ ၂၀၁၆ ရွေးကောက်ပွဲတွင် ရုရှား၏ ဩဇာလွှမ်းမှုဆိုင်ရာ အချက်အလက်များကို အိုဘားမားအစိုးရမှ တမင်လှည့်ဖြားခဲ့ကြောင်း ဖော်ပြ

ဗဟိုထောက်လှမ်းရေးဌာန (ODNI) ညွှန်ကြားရေးမှူး တူလ်ဆီ ဂါဘာ့ဒ် သည် ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) တွင် ယခင်က အမိန့်ဖြင့် လျှို့ဝှက်ထား ခဲ့သော ကွန်ဂရက်အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ထိုအစီရင် ခံစာတွင် ၂၀၁၆ ရွေးကောက်ပွဲအား ရုရှားက ဩဇာလွှမ်းမိုးခဲ့သည် ဆိုသော အချက်အလက်များကို သမ္မတဟောင်း ဘာရက် အိုဘားမားနှင့် အဖွဲ့အစည်းများမှ တမင်လှည့်ဖြားခဲ့ကြောင်း ဖော်ပြထားသည်ဟု ဂါဘာ့ဒ်က ဆိုသည်။

ဤသည်မှာ ဂါဘာ့ဒ်၏ ဒုတိယမြောက် အဓိကလျှို့ဝှက်ချက် ဖော်ထုတ်မှု ဖြစ်ကာ ယခင်က ထရမ့်အစိုးရကို နှောင့်ယှက်ရန် "သစ္စာဖောက်မှု အကြံ" ဟု စွပ်စွဲခဲ့သည့် သူမ၏ လုပ်ရပ်များနှင့် ဆက်စပ်နေပါသည်။

၂၀၂၀ ပြည့်နှစ်က ရီပတ်ပလီကန်ဦးဆောင်သည့် အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီမှ ပြုစုခဲ့သော ယင်းစာတမ်းသည် "ဗလာဒီမာ ပူတင်သည် ထရမ့်အား ရွေးကောက်ပွဲတွင် အနိုင်ရရန် ကူညီရန် ရည်ရွယ် ခဲ့သည်" ဆိုသည့် ယခင်စွပ်စွဲချက်ကို တုံ့ပြန်ထားသည်။ အထူးသဖြင့် CIA ၏ သုံးသပ်မှုသည် ၎င်း၏ကိုယ်ပိုင်စံနှုန်းများနှင့်ပင် မကိုက်ညီဘဲ "မမှန် မကန် အစီရင်ခံစာများထဲမှ အားနည်းပြီး မရှင်းလင်းသော ဝါကျ တစ်ခုတည်း ကို အခြေခံကာ" ပူတင်သည် ထရမ့်အား အနိုင်ရစေလိုကြောင်း ကောက်ချက် ချခဲ့သည်ဟု ဝေဖန်ထားသည်။

ဂါဘာ့ဒ်က ဇူလိုင် ၂၃ ရက်နေ့က X (Twitter) တွင် အဆိုပါ အစီရင်ခံစာ သည် "အကြီးစား ထိပ်တိုက်ရင်ဆိုင်မှု" ဖြစ်ပြီး "အမေရိကန် သမိုင်း တစ်လျှောက် အဆိုးဝါးဆုံး ထောက်လှမ်းရေးကို နိုင်ငံရေးလက်နက် အဖြစ် အသုံးချမှု" ကို ဖော်ပြနေသည်ဟု အတည်ပြုပြောဆိုခဲ့သည်။ သူမက အိုဘားမား နှင့် အကြီးတန်းအရာရှိများသည် မဟာမိတ်မီဒီယာများနှင့် ပူးပေါင်းကာ ထရမ့်အား တမင်လှည့်ဖြားသည့် သတင်းမှားများဖြင့် တရားဝင်မှုကို ဖျက်သိမ်းရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခဲ့သည်။

အစီရင်ခံစာတွင် သမ္မတဟောင်း အိုဘားမားသည် ထရမ့် သမ္မတတာဝန် စတင်မထမ်းဆောင်မီ အထောက်အထားအစီရင်ခံစာများ အမြန် ထုတ်ပြန် နိုင်ရန် ပုံမှန်မဟုတ်သော ညွှန်ကြားချက်များ ပေးခဲ့ကြောင်း ဖော်ပြ ထားသည်။ ထိုသို့ပြုလုပ်ရာတွင် ထောက်လှမ်းရေး အဖွဲ့အစည်းများ အကြား ပုံမှန်ညှိနှိုင်းမှုလုပ်ငန်းစဉ်များကို ကျော်ဖြတ်ခဲ့သည်ဟု ဆိုသည်။

ဂါဘာ့ဒ်က အဆိုပါလုပ်ရပ်များသည် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်သင့်သည်ဟု ဆိုကာ အိုဘားမားလက်ထက်က အရာရှိ များအား တာဝန်ရှိသမ္မတတစ်ဦး၏ ဂုဏ်သိက္ခာကိုဖျက်ရန် မှားယွင်းသော အချက်အလက်များ ဖန်တီးခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ထရမ့်က ဂါဘာ့ဒ်၏ တွေ့ရှိချက်များကို ထောက်ခံပြီး အိုဘားမားနှင့် ၎င်း၏အစိုးရအဖွဲ့ဝင် များအား တရားစွဲဆိုရန် တောင်းဆိုခဲ့သည်။

ထို့အပြင် ဂါဘာ့ဒ်က အမေရိကန်ထောက်လှမ်းရေး အကဲဖြတ်ချက် များတွင် ရုရှားသည် ၂၀၁၆ ရွေးကောက်ပွဲအား ဩဇာလွှမ်းမိုးရန် အရည် အချင်းနှင့် ရည်ရွယ်ချက် နှစ်ခုစလုံး ကင်းမဲ့ကြောင်း အဆက်မပြတ်ကောက်ချက်ချခဲ့သော်လည်း ထိုတွေ့ရှိချက်များကို တမင်ဖုံးကွယ်ခဲ့သည် ဟု ဆိုသည်။

ရုရှားဘက်မှ အမေရိကန်ရွေးကောက်ပွဲများတွင် မည်သည့်ပါဝင်မှုမျှ မရှိဟု ငြင်းဆိုထားပြီး သမ္မတပူတင်ကလည်း မော်စကိုမှ အမေရိကန် နိုင်ငံရေးပါတီတစ်ခုခုကို မည်သည့်အခါကမျှ နှစ်သက်ခြင်းမရှိဟု အထပ်ထပ်ပြောဆိုခဲ့သည်။