ရုရှားနှင့်အမေရိကန်တို့ကြား ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်တွင် ကျင်းပမည်

News Image

  • ရုရှားနှင့်အမေရိကန်တို့ကြား ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်တွင် ကျင်းပမည်

ရုရှားနှင့် အမေရိကန်တို့ကြား ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထပ်မံကျင်းပမည်ဖြစ်ကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရီယက်ကော့က ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောသည်။

ဒုတိယအကြိမ်ဆွေးနွေးပွဲကို   ဆော်ဒီအာရေဗျနိုင်ငံ ရီယက်မြို့တော်၌ပင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နှစ်နိုင်ငံစလုံးမှ အဆင့်မြင့်အရာရှိကြီးများကြား ပထမဆုံးအကြိမ်အဖြစ် အဆိုပါမြို့၌ကျင်းပပြီးနောက် ရက်သတ္တပတ်အကြာတွင် ထပ်မံကျင်းပရန်စီစဉ်ခြင်းဖြစ်သည်။

ရုရှားနှင့်  အမေရိကန်အရာရှိကြီးများကြား ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် စီစဉ်နိုင်ခဲ့သည့်အပြင် ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် နှစ်နိုင်ငံစလုံးမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များ    ဖွဲ့စည်းရန်အတွက်လည်း စီစဉ်နိုင်ခဲ့ကြောင်း   သိရသည်။

ထို့ပြင် ရုရှားနှင့် အမေရိကန်အရာရှိကြီးများသည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကြား မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက်လည်း     ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း     ဆာဂျီရီယက်ကော့က    ဆက်လက်ပြောကြားသည်။                

Ref: Tass, Euronews

Source: Myawady Web Portal