မကြာမီ ရာထူးမှထွက်ခွာတော့မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် သမ္မတသစ်အဖြစ် တက်ရောက်လာမည့် ဒေါ်နယ်ထရမ့်အတွက် ရင်ဆိုင်ဖြေရှင်းစေရန် ပြဿနာများ ဖန်တီးလျက်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ပြောသည်။

အမေရိကန်အစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ရုရှားစွမ်းအင်ကဏ္ဍ အပေါ်ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများနှင့် စပ်လျဉ်း၍ ဇန်နဝါရီလ ၁၄ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များက မေးမြန်းရာတွင် လက်ရော့က အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။ အမေရိကန်၏အဆိုပါပိတ်ဆို့မှုများသည် ရုရှားနိုင်ငံ၏ အဓိကရေနံကုမ္ပဏီကြီးများဖြစ်သည့် Gazprom Neft နှင့် Surgutneftegaz တို့အပါအဝင် ၎င်းတို့၏ လက်အောက်ခံကုမ္ပဏီများ အပေါ် အဓိကပစ်မှတ်ထား လုပ်ဆောင်ခြင်းဖြစ်သည်။
၎င်းကုမ္ပဏီများအနက် Naftna industrija Srbijeသည် ဆားဘီးယားနှင့် အိမ်နီးချင်းဥရောပနိုင်ငံများသို့ ရုရှားရေနံအား တင်ပို့ခြင်းကို ကိုင်တွယ်လုပ်ဆောင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
ထို့ကြောင့် ဂျိုးဘိုင်ဒင်အစိုးရ၏ အဆိုပါလုပ်ဆောင်ချက်သည် ရုရှား၊ ဆားဘီးယားတို့အပြင်မကြာမီတက်ရောက်လာပြီး ရုရှားနှင့်တွေ့ဆုံဆွေးနွေးရန် အသင့်ရှိသည်ဟုဖော်ပြခဲ့သည့် ဒေါ်နယ်ထရမ့်အစိုးရကိုပါ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း လက်ရော့က ဆက်ပြောသည်။
အမေရိကန်ပြည်သူများသည် တစ်မျိုးတစ်ဖုံကွဲပြားသည့် မူဝါဒတစ်ရပ်ကို အလိုရှိနေကြောင်းကို ဂျိုးဘိုင်ဒင်အစိုးရအနေဖြင့် နားလည်သင့်ကြောင်း၊ သို့သော် ဂျိုးဘိုင်ဒင် အစိုးရသည် အရာအားလုံးကို ပျက်စီးစေရန်သာ အလိုရှိကြောင်း လက်ရော့က ထပ်လောင်း ပြောကြားသည်။
Source: Myawady Web Portal

ထိုင်းတက်ကြွလှုပ်ရှားသူတစ်ဦးက ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝါထရာကို ရှေ့နေချုပ်ရုံး၌ တိုင်ကြားတရားစွဲလိုက်ကြောင်းသိရပါသည်။ ထိုင်းဝန်ကြီးချုပ်သည်ထောင်ဒဏ်ကျခံရဖူးသည့် တက်ကြွလှုပ်ရှားသူတစ်ဦးကို သူမ၏ အကြံပေးအဖြစ်ခန့်အပ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး တိုင်ကြားခံရခြင်းဖြစ်ပါသည်။ ရှေ့နေချုပ်ရုံးသည် ထိုင်း ဝန်ကြီးချုပ်၏ အမှုကိစ္စအား ထိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးထံ ဆက်လက်တိုင်ကြားဖွယ်ရှိနေပါသည်။

ထိုင်းတက်ကြွလှုပ်ရှားသူ ဆွန်သီရက်က ဝန်ကြီးချုပ်သည် ရာဇဝတ်မှုမှတ်တမ်းရှိဖူးသူများကို အစိုးရအဖွဲ့အတွင်း ခန့်အပ်ခြင်းမလုပ်ဆောင်ရသည့်စည်းကမ်း သတ်မှတ်ချက်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၆၀) ကို ချိုးဖောက်ခဲ့ကြောင်း ဆိုပါသည်။ ထိုင်းဝန်ကြီးချုပ်က အကြံပေးအဖြစ်ခန့်အပ်ခဲ့သည့် နက်တာဝက်သည် နိုင်ငံရေးလုပ်ဆောင်ခွင့် (၁၀) နှစ် ပိတ်ပင်ခံထားရသူ ဖြစ်သကဲ့သို့ ထောင်ဒဏ် ၂ နှစ်ကျဖူးသူဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူ ဆွန်သီရက်ကဆိုပါသည်။
ထိုင်းဝန်ကြီးချုပ်၏ အကြံပေးရာထူးသည် နိုင်ငံရေး လုပ်ဆောင်မှုများအား အကြံပေးရသည့် ရာထူးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။ ထိုင်းနိုင်ငံ၌ ရှင်နာဝါထရာ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် တက်ကြွလှုပ်ရှားသူများက ဖြူထိုင်းပါတီနှင့် ဝန်ကြီးချုပ်တို့အား တိုင်တန်းခြင်း၊တရားစွဲခြင်းများ လုပ်ဆောင် လျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ကလည်း တက်ကြွလှုပ်ရှားသူနှစ်ဦးက ဖြူထိုင်းပါတီအားတိုင်ကြားခြင်းများ လုပ်ဆောင်ခဲ့သည်။ ထိုင်းဝန်ကြီးချုပ်အနေဖြင့် လက်ရှိအချိန်တွင် အကြံပေးဖြစ်သူကို ထုတ်ပယ်ခြင်းကိစ္စ ဆောင်ရွက်ရန်အတွက် ဆုံးဖြတ်ရဖွယ် ရှိနေပါသည်။
ကိုးကား-NP News
Photo: Thai Examiner

ဗြိတိန်ဝန်ကြီးချုပ် Keir Starmer သည် ရာထူးတာဝန်စတင်ရယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နှစ် ၁၀၀ ပြည့် မိတ်ဖက်သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း သိရှိရသည်။
Starmer ယူကရိန်းသို့ မရောက်ရှိမီက ကြိုတင် ပြင်ဆင်ထားသော သဘောတူညီချက်ကို ဗြိတိန်အစိုးရက ကြိုတင်ကြေညာထားခဲ့သည်။

နှစ် ၁၀၀ မိတ်ဖက်သဘောတူညီချက်ဟု အမွှမ်းတင်ထားသော သဘောတူညီချက်တွင် နှစ်နိုင်ငံအကြား မပျက်စီးနိုင်သောဆက်ဆံရေးကို တရားဝင်စေမည်ဖြစ်ပြီး ကာကွယ်ရေးကဏ္ဍ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို ချဲ့ထွင်ရန်နှင့် အခြားကဏ္ဍများတွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်မည့် အချက်များ ပါဝင်ပါသည်။
အဆိုပါ သဘောတူညီချက်သည် ယူကရိန်းနိုင်ငံအပေါ် ဆက်လက်တည်ရှိနေသည့် ရုရှား၏ ရန်လိုမှုကို ဟန့်တားမည်ဖြစ်ပြီး ဘောလ်တစ်ပင်လယ်၊ ပင်လယ်နက်နှင့် အဇော့ဗ်ပင်လယ်တို့တွင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် လန်ဒန်နှင့် ကိယက်ဗ်တို့က ကတိပြုမည်ဖြစ်ကြောင်း Starmer က ဆိုသည်။
Donetsk နှင့် Lugansk ပြည်သူ့သမ္မတနိုင်ငံ၊ Kherson နှင့် Zaporozhye ဒေသများသည် ၂၀၂၂ ခုနှစ် ဆောင်းဦးရာသီတွင် ဆန္ဒခံယူပွဲများ ပြုလုပ်ပြီးနောက် ရုရှားဖက်ဒရေးရှင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် တရားဝင်ဖြစ်လာပြီးနောက်ပိုင်း Azov ပင်လယ်ကို ရုရှားက ဝန်းရံထားသည်။
ကိုးကား-RT

ဥရောပသမဂ္ဂအဖွဲ့သည် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုတွင် ယုံကြည်အားထားနိုင်သည့် လုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်း တစ်ရပ်ဖြစ်မည်ဟု မျှော်လင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇန်နဝါရီလ၁၄ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့တို့ အနေဖြင့် တစ်ဦးအပေါ်တစ်ဦး လေးစားပြီး တန်းတူညီမျှဆက်ဆံ၍ စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေသရွေ့ နှစ်နိုင်ငံစလုံးကြားတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်မည်ဖြစ်ပြီး အပြန်အလှန် အကျိုးကျေးဇူးများကိုပါ ဖြစ်ထွန်း စေမည်ဖြစ်ကြောင်း သမ္မတရှီက ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကော့စတာနှင့် တယ်လီဖုန်းမှတစ်ဆင့် ပြောကြားစဉ် ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့အနေဖြင့် မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် အပြန်အလှန် ယုံကြည်မှုတို့ကို တိုးမြှင့်ရန်လုပ်ဆောင်သင့်ကြောင်း သမ္မတရှီက ဆက်လက်ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် CCTV သတင်းအေဂျင်စီက ထုတ်ပြန်သည်။
ဥရောပသမဂ္ဂအဖွဲ့က တရုတ်နိုင်ငံမှတင်သွင်းလာမည့် လျှပ်စစ်ကားများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် စီစဉ်မှုကြောင့် နှစ်ဦးနှစ်ဖက်ကြား တင်းမာနေစဉ် ခေါင်းဆောင် နှစ်ဦးကြား အဆိုပါဖုန်းပြောဆိုမှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း၌ တင်းမာမှုများမြင့်တက်နေခိုက် ရုရှား-တရုတ်ဆက်ဆံရေးသည် ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုကို ထိန်းသိမ်းရာ၌ ပဓာနကျသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က ဇန်နဝါရီ ၁၄ ရက် နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရုရှား-တရုတ် မိတ်ဖက်ဆက်ဆံရေးမှာ ခေတ်သစ်နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တည်ငြိမ်မှုကို ထိန်းမတ်ပေးသော အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်သည်ဟုလည်း၎င်းကဆိုသည်။

အမေရိကန်နှင့် မြောက်အတ္တလန္တိတ် မဟာမိတ်အုပ်စု (နေတိုး)မှ ၎င်း၏မဟာမိတ်များက ကမ္ဘာတစ်ဝန်းထိပ်တိုက်တွေ့မှုများ၊ ရန်လိုမှုများ အရှိန်မြင့်တက်စေရန် ကြိုးပမ်းနေကာ ဥရောပနှင့် အခြားနေရာဒေသများ၌ ပဋိပက္ခများ၊ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ဖန်တီးနေကြောင်း လက်ဗ်ရော့က ထည့်သွင်း ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ

ဥရောပကော်မရှင်သည် ရုရှားနိုင်ငံအပေါ် ၁၆ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှု အစီအစဉ်ချမှတ်ရန် အဆိုတင်သွင်းထားကြောင်း ထိုအစီအစဉ်တွင် ရုရှား၏ အဓိက အလူမီနီယမ်တင်သွင်းမှုများကို တားမြစ်ပိတ်ပင်ရန် ရည်ရွယ်ထားကြောင်း ဥရောပသတင်းအရင်းအမြစ်များကို ကိုးကား၍ ရိုက်တာသတင်းဌာနက ပြောပြထားပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီတွင် စတင်ခဲ့သည့် ရုရှား-ယူကရိန်းစစ်ပွဲ သုံးနှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် လာမည့် ဖေဖော်ဝါရီတွင် အဆိုပါ ၁၆ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှုအစီအစဉ်ချမှတ်ရန် အီးယူနိုင်ငံများက မျှော်လင့်ထားကြကြောင်း ဖော်ပြထားပါသည်။

ဇန်နဝါရီ ၁၄ ရက်နေ့က ဥရောပကော်မရှင်သည် အီးယူနိုင်ငံများနှင့် လာမည့်ပိတ်ဆို့မှုအစီအစဉ်အတွက် အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သတင်းအရင်းအမြစ်များက ပြောကြားထားကြပြီး သတင်းအရင်းအမြစ်တစ်ခုကမူ ထိုပိတ်ဆို့မှုမှာ ရပ်ဆိုင်းသွားဖွယ်ရှိနေကြောင်း ရိုက်တာက ထပ်လောင်းပြောကြားထားပါသည်။
ကိုးကား- Reuters
Photo: Anadolu Ajansi

UAE ၏ ကြားဝင်စေ့စပ်မှုဖြင့် ရုရှားစစ်သည် ၂၅ ဦးအား ယူကရိန်းကလွှတ်ပေးခဲ့ပြီး ရုရှားကလည်း ယူကရိန်းစစ်သည် ၂၅ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ယူကရိန်းမှ ဖမ်းဆီးထိန်းသိမ်းခဲ့သော ရုရှားစစ်သည်များကို ဘယ်လာရုစ်နိုင်ငံမှတစ်ဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ကျန်းမာရေးစစ်ဆေးပေးခြင်း၊စိတ်ဓာတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများအပြင် မိသားစု၊ ချစ်ခင်ရသူများနှင့် ဆက်သွယ်နိုင်စေရန်ဆောင်ရွက်ပေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။

ဒီဇင်ဘာနှောင်းပိုင်းကလည်း UAE ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် နှစ်ဖက်အကျဉ်းသားလဲလှယ်မှုတွင် ရုရှားစစ်သည် ၁၅၀ နှင့် ယူကရိန်းနိုင်ငံသား ၂၀၀ နီးပါးကို အပြန်အလှန် လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အပြန်အလှန် အကျဉ်းသားလွှဲပြောင်းပေးမှုအပြီး ယခုအကြိမ်သည် ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးလွှဲပြောင်းပေးမှုဖြစ်သည်။

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေလက်ထက်တွင် အစိုးရကလုပ်ဆောင်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်မှုများအား စုံစမ်းစစ်ဆေးရန် နိုင်ငံတကာရာဇဝတ်မှု ဆိုင်ရာတရားရုံး (ICC)တွင် လုပ်ပိုင်ခွင့် အာဏာမရှိကြောင်း ဖိလစ်ပိုင်သမ္မတရုံးက ထုတ်ပြန်သည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့စ်ဂျူနီယာသည် ဂျာမနီနိုင်ငံသို့ မတ်လ ၁၂ ရက်၌အလုပ် သဘောအရ အလည်အပတ်သွားရောက်စဉ် ယင်းနိုင်ငံဝန်ကြီးချုပ် အိုလက်ဖ်ရှို့နှင့် ဖိလစ်ပိုင်တွင် ယခင်အစိုးရကလုပ်ဆောင်ခဲ့ သည့် မူးယစ်ဆေးဝါးတိုက်ဖျက်မှုများအပေါ် ICC က စုံစမ်းစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးစဉ် မာကို့စ်ဂျူနီယာက ဂျာမနီ ဝန်ကြီးချုပ်အား ပြောကြားခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရုံးက မတ်လ ၁၃ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်သည့်ကြေညာချက်၌ ဖော်ပြထားသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်မှုအတွင်း ဖြစ်ပွားသည့် လူသေဆုံးမှုများနှင့်စပ်လျဉ်း၍ ဖိလစ်ပိုင်တရားရုံးများနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့များက ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိရာ နိုင်ငံပြင်ပမှ တရားရုံးတစ်ခုက နိုင်ငံ အတွင်းရှိ မည်သူ့ကိုစစ်ဆေးမည်၊ မည်သူ့ကို ဖမ်းဆီးမည်ဟု ဖိလစ်ပိုင်ရဲတပ်ဖွဲ့ဝင်များအား အမိန့်ပေး ညွှန်ကြားခြင်းကို ဖိလစ်ပိုင်အစိုးရက လက်ခံမည်မဟုတ်ကြောင်း မာကို့စ်ဂျူနီယာက ဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေသည် ၎င်း၏မူးယစ်ဆေးဝါးတိုက်ဖျက်မှုများအပေါ် ICC က စုံစမ်းမေးမြန်းခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ယင်းအဖွဲ့ကြီးမှ တရားဝင်နုတ်ထွက်ခဲ့ပြီးဖြစ်သည်။ ဂျာမနီနိုင်ငံသည် ICC အား အများဆုံး ထောက်ပံ့ပေးနေသည့်နိုင်ငံဖြစ်ကြောင်း သိရသည်။
Ref:ST

အမေရိကန်ပြည်ထောင်စုက AI အဆင့်မြင့်နည်းပညာသုံး ကွန်ပျူတာ Chip များအား ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ခြင်းအား ကန့်သတ်သည့် လုပ်ဆောင်ချက်နှင့်စပ်လျဉ်း၍ စိုးရိမ်မကင်းဖြစ်မိကြောင်း ဥရောပကော်မရှင်မှ တာဝန်ရှိသူများက ပြောသည်။

အမေရိကန်အစိုးရသည် ၎င်းတို့၏ AI Chip များအား သတ်မှတ်ထားသည့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် ယင်းနိုင်ငံများ၏ ကုမ္ပဏီများထံသို့သာ တင်ပို့မည့် ကန့်သတ်ချက်ကို ဇန်နဝါရီလ ၁၃ ရက်တွင် ချမှတ်လိုက်ပြီး ယင်းသို့သော ကန့်သတ်ချက်များကြောင့် ဥရောပသမဂ္ဂအနေဖြင့် စိုးရိမ်မိကြောင်း ဥရောပကော်မရှင်မှ ဒုတိယ အမှုဆောင်ဥက္ကဋ္ဌ ဟန်းနားဗာ့ကူနင်နှင့် ကော်မရှင်နာ မားကို့စ် ဆက်ဖ်ကိုဗစ်တို့က ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန်အစိုးရသည် နည်းပညာ ထုတ်လုပ်ရာတွင် အသုံးပြုသည့်ကွန်ပျူတာ Chip များအား အထူးသဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းကို ကန့်သတ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ဆောင်ချက်သည် ကမ္ဘာ့ကွန်ပျူတာ Chip ဈေးကွက်အပေါ်သို့ပါ သက်ရောက်စေခဲ့သည်။
အမေရိကန်အစိုးရက ယခုချမှတ်လိုက်သည့် ကန့်သတ်ချက်များသည် တစ်နှစ်အတွင်း အသက်ဝင်လာမည်ဖြစ်ပြီး အမေရိကန်က အတည်ပြုထားသည့် လုံခြုံရေးဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့်နိုင်ငံများသို့သာ ကွန်ပျူတာ Chip တင်ပို့မှု ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၃ မိနစ်ခန့်တွင် ရာထူးမှ ရပ်ဆိုင်းခံထားရသည့် သမ္မတ ယွန်းဆက်ယို၏ ဖမ်းဝရမ်းအမိန့် ဆောင်ရွက်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစုံစမ်းစစ်ဆေးရေးဌာနချုပ်က အဆိုပါနေ့တွင် ပြောကြားခဲ့သည်။ သတင်းထောက်က ယခု သတင်းတင်ခဲ့သည့် အချိန်အထိ ယွန်းဆက်ယို လိုက်ပါလာသော ရဲတပ်ဖွဲ့လုံခြုံရေးယာဉ်သည် အဆင့်မြင့် အစိုးရအရာရှိများ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာန (အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာန) သို့ ရောက်ရှိပြီဖြစ်သည်။ ယွန်းဆက်ယိုသည် အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနသို့ သွားရောက်သည့် တစ်ချိန်တည်းတွင် ၎င်းဘက်က ၎င်းသမ္မတအိမ်တော်တွင် ကြိုတင်ရိုက်ကူး
ဇန်နဝါရီ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၃ မိနစ်ခန့်တွင် ရာထူးမှ ရပ်ဆိုင်းခံထားရသည့် သမ္မတ ယွန်းဆက်ယို၏ ဖမ်းဝရမ်းအမိန့် ဆောင်ရွက်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစုံစမ်းစစ်ဆေးရေးဌာနချုပ်က အဆိုပါနေ့တွင် ပြောကြားခဲ့သည်။ သတင်းထောက်က ယခု သတင်းတင်ခဲ့သည့် အချိန်အထိ ယွန်းဆက်ယို လိုက်ပါလာသော ရဲတပ်ဖွဲ့လုံခြုံရေးယာဉ်သည် အဆင့်မြင့် အစိုးရအရာရှိများ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာန (အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာန) သို့ ရောက်ရှိပြီဖြစ်သည်။ ယွန်းဆက်ယိုသည် အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနသို့ သွားရောက်သည့် တစ်ချိန်တည်းတွင် ၎င်းဘက်က ၎င်းသမ္မတအိမ်တော်တွင် ကြိုတင်ရိုက်ကူးခဲ့သော ဗီဒီယိုကိုထုတ်လွှင့်ခဲ့သည်။ မမြင်အပ်ဖွယ် သွေးထွက်သံယိုကိစ္စများ မဖြစ်စေရန်၊ တရားမဝင် စုံစမ်းစစ်ဆေးခြင်းဖြစ်သော်လည်း အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနသို့ သွားရောက်၍ စုံစမ်းစစ်ဆေးမှုခံယူရန် ဆုံးဖြတ်ခဲ့ကြောင်း ယွန်းဆက်ယို က အဆိုပါဗီဒီယိုတွင် ပြောကြားခဲ့သည်။
အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနနှင့် ရဲဘက်ဆိုင်ရာများက ဇန်နဝါရီ ၁၅ ရက် နံနက်အစောပိုင်းတွင် သမ္မတအိမ်တော်သို့ ရောက်ရှိခဲ့ပြီး ယွန်းဆက်ယိုအား ဖမ်းဝရမ်းအမိန့် ထပ်မံဆောင်ရွက်ရန်ကြိုးစားခဲ့သလို တစ်ချိန်တည်းမှာပင် သမ္မတလုံခြုံရေးဌာန၏ ယာယီအကြီးအကဲအဖြစ် ထမ်းဆောင်နေသော ဒုတိယအကြီးအကဲ Kim Sung Hoon တို့ကိုလည်း ဖမ်းဆီးခဲ့သည်။