အင်ဒိုနီးရှား BRICS တရားဝင်အဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးခွန်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၆ ရက်တွင် ဖြေကြားခဲ့သည်။ ၂၀၂၅ ခုနှစ် BRICS အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သော ဘရားဇီးက အင်ဒိုနီးရှားသည် BRICS တရားဝင် အဖွဲ့ဝင်နိုင်ငံ ဖြစ် လာကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ရာ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခြင်းကို ခံခဲ့ရကြောင်း “တရုတ်နိုင်ငံအနေဖြင့် ယင်းနှင့် ပတ်သက်၍ မည်သို့မှတ်ချက်ပေးလိုပါသနည်း” ဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်းဖြစ်သည်။ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိ

အင်ဒိုနီးရှား BRICS တရားဝင်အဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးခွန်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၆ ရက်တွင် ဖြေကြားခဲ့သည်။ ၂၀၂၅ ခုနှစ် BRICS အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သော ဘရားဇီးက အင်ဒိုနီးရှားသည် BRICS တရားဝင် အဖွဲ့ဝင်နိုင်ငံ ဖြစ် လာကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ရာ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခြင်းကို ခံခဲ့ရကြောင်း “တရုတ်နိုင်ငံအနေဖြင့် ယင်းနှင့် ပတ်သက်၍ မည်သို့မှတ်ချက်ပေးလိုပါသနည်း” ဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်းဖြစ်သည်။ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှား သည် BRICS တရားဝင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းကို လှိုက်လှဲစွာဂုဏ်ပြုကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံကြီးနှင့် “ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ” အတွက် အရေးပါသော ခွန်အားဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံသည် BRICS စိတ်ဓာတ်ကို အထူးပင် အသိအမှတ် ပြုပြီး “BRICS+” ပူးပေါင်းဆောင်ရွက်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့ကြောင်း၊ BRICS တွင် အင်ဒိုနီးရှားနိုင်ငံ တရားဝင်ပါဝင်ခြင်းသည် BRICS နိုင်ငံများနှင့် “ကမ္ဘာ့ တောင်ဘက်ခြမ်းနိုင်ငံများ”၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီပြီး BRICS ယန္တရားဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက် ပေးမည်ကို ယုံကြည်ကြောင်း ၎င်းကပြောကြားခဲ့သည်။
BRICS နိုင်ငံများသည် “ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ” စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်ပေးသော ပလက်ဖောင်းဖြစ်သလို ကမ္ဘာလုံး ဆိုင်ရာ စီမံအုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုကိုတွန်းအားပေးသော အရေးပါသည့် ခွန်အားလည်းဖြစ်ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထိန်းသိမ်းရန်၊ တရားမျှတမှုကို ခုခံကာကွယ်ရန်၊ ဘုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ BRICS မိသားစုကြီးသည် “ကမ္ဘာ့တောင် ဘက်ခြမ်းနိုင်ငံများ” အုပ်စုအသွင် ဦးမော့လာသောသမိုင်းကြောင်းအခြေအနေနှင့်အညီ အဖွဲ့ဝင်သစ်ကို ကြိုဆိုလက်ခံခဲ့ကြောင်း၎င်းကပြောကြားခဲ့သည်။
လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးတွင် ပိုမိုကြီးမားသော “BRICS အကျိုးဆောင်မှုများ” တွန်းအားပေးရန်အတွက် တရုတ် နိုင်ငံသည် အင်ဒိုနီးရှားနှင့် တခြားသော BRICS အဖွဲ့ဝင်များနှင့်အတူ ပိုမိုဘက်စုံဖြစ်သော၊ နီးကပ်သော၊ လက်တွေ့ကျသော၊ အားလုံးပါဝင်နိုင်သော မိတ်ဖက် ဆက်ဆံရေးကို အတူလက်တွဲတည်ဆောက်ရန်၊ “BRICS ပူးပေါင်းဆောင်ရွက်မှု” အရည်အသွေးမြင့် ဖွံ့ဖြိုး တိုးတက်ရေးကို မြှင့်တင်ရန်ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
Photo: www.fmprc.gov.cn

ဘရာဇီးသမ္မတ Luiz Inacio Lula da Silva သည် မြို့တော်ဘရာစီးယားရှိ Three Powers Plaza ၌ ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်က ဖြစ်ပွား ခဲ့သော ဘရာဇီးနိုင်ငံ၏ ဒီမိုကရေစီဆန့်ကျင်ရေး အဓိက ရုဏ်းဖြစ်ပွားကာ အစိုးရအဆောက်အအုံများ ဝင်ရောက် စီးနင်း တိုက်ခိုက်ခံရမှု ၂ နှစ်မြောက်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်က ဘရာဇီးနိုင်ငံ သမ္မတ Luiz Inacio Lula da Silva ကျမ်းသစ္စာဆိုပြီး တစ်ပတ်အကြာတွင် လက်ယာစွန်း သမ္မတဟောင်း Jair Bolsonaro ကို ထောက်ခံသူ ထောင်ပေါင်းများစွာက မြို့တော်ရှိ သမ္မတအိမ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ကွန်ဂရက် လွှတ်တော် အဆောက်အအုံများအတွင်း ဖောက်ထွင်း ဝင်ရောက်ပြီး အဆောက်အအုံများကို ဖျက်ဆီးပစ်ခဲ့ ကြသည်။
ကိုးကား - ALJAZEERA

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ Greenland နှင့်ပတ်သက်သော အစီအစဉ်များသည် သင့်လျော်မှုမရှိသလို ဖြစ်လာနိုင်မည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် က ပြောကြားခဲ့သည်။
အာတိတ်ကျွန်းအား ထိန်းချုပ်ခြင်းသည် အမေရိကန် အမျိုးသားလုံခြုံရေးကိစ္စရပ်ဖြစ်သည်ဟု ထရမ့်က အကြောင်းပြခဲ့သော်လည်း အင်အားသုံး၍ သိမ်းယူ ဆောင်ရွက်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
ဘလင်ကန်က ဖြစ်မြောက်လာမည် မဟုတ်သည့် ကိစ္စရပ်အတွက် အချိန်မဖြုန်းသင့်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ဘလင်ကန်သည် ဘိုင်ဒင် ရာထူးမှအနားမယူမီ ၎င်း၏ နောက်ဆုံးပြည်ပခရီးစဉ်အဖြစ် တောင်ကိုရီးယား၊ ဂျပန် နှင့်ပြင်သစ်နိုင်ငံများသို့ သွားရောက်ခဲ့သည်။ ၎င်းသည် လွန်ခဲ့သည့် ၄ နှစ်အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဘိုင်ဒန်၏ နိုင်ငံခြားရေးမူဝါဒ အကြံပေးအဖြစ် ကာလရှည်စွာ ဆောင်ရွက်ခဲ့သူဖြစ်ကာ ၂၀၁၇ မှ ၂၀၂၁ ကာလများတွင် ထရမ့်၏မူဝါဒများကို အစဉ်တစိုက် ဆန့်ကျင်ခဲ့သူ ဖြစ်သည်။
ကိုးကား-RT

ဂျာမန်စီးပွားရေးဝန်ကြီး Robert Habeck က ရုရှား၏ စစ်ရေးအရ တိုက်ခိုက်လာခြင်းကို ကြိုတင်ကာကွယ် နိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။
ဂျာမနီဝန်ကြီးချုပ်က အဆိုပါအကြံပြုချက်သည် သင့်လျော်မှုမရှိကြောင်းနှင့် နိုင်ငံသားများအပါ် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာစေမည်ဖြစ်ကြောင်း Scholz က ဝေဖန်လိုက်သည်။

လာမည့်ဖေဖော်ဝါရီ၌ ကျင်းပမည့် ရွေးကောက်ပွဲများတွင် Green Party ၏ ဝန်ကြီးချုပ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် Robert Habeck က Der Spiegel မဂ္ဂဇင်း နှင့်အင်တာဗျူးတွင် ကာကွယ်ရေးအသုံးစရိတ်ကို များစွာ တိုးမြှင့်ရန် တိုက်တွန်းခဲ့သည်။
ဘာလင်သည် နိုင်ငံလုံးဆိုင်ရာ GDP ၏ ၃.၅ ရာခိုင်နှုန်း ကို ကာကွယ်ရေးအတွက် သုံးစွဲရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။ အဆိုပါကိန်းဂဏန်းသည် လက်ရှိ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ သတ်မှတ်အသုံးစရိတ် GDP ၏ 2% ထက်ကျော်လွန်နေပါသည်။
ရုရှားအနေဖြင့် အမေရိကန်ဦးဆောင်သော စစ်ရေးမိတ်ဖက်အဖွဲ့ဝင်နိုင်ငံကို တိုက်ခိုက်မည် မဟုတ်ဟု ပြောဆိုထားသော်လည်း ယူကရိန်းအား တာဝေးပစ် လက်နက်များထောက်ပံ့ပေးပြီး ရုရှားနိုင်ငံနယ်နိမိတ်အတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုအား ခွင့်ပြုခဲ့ခြင်း အတွက် ထိပ်တိုက်ထိတွေ့လာနိုင်ကြောင်း နေတိုးက သတိပေးထားသည်။
ဂျာမနီသည် ယူကရိန်းအား စစ်ရေးထောက်ပံ့မှု အကူအညီပေးသည့်နိုင်ငံများအနက် အမေရိကန်ပြီးလျှင် အများဆုံး ထောက်ပံ့ပေးခဲ့သည့် နိုင်ငံများတွင်ပါဝင်ပါသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ လအထိ ယူကရိန်းအား စစ်ရေးထောက်ပံ့မှုအတွက် ယူရို ၁၁ ဘီလီယံ (ဒေါ်လာ ၁၁.၃၈ ဘီလီယံ) အသုံးပြု ခဲ့ကြောင်း Kiel Institute for the World Economy အရ သိရှိရသည်။

ရုရှား၏ အကြီးစားရေငုပ်သင်္ဘော Project 06363 သည် ယခင်က ဆီးရီးယားနိုင်ငံရှိ Tartus စစ်အခြေစိုက် စခန်းတွင်ရှိနေခဲ့ရာမှ ယခုအခါ ရုရှားနိုင်ငံသို့ ဦးတည်ရာ လမ်းကြောင်းပေါ်ရှိ ပေါ်တူဂီရေပိုင်နက်အတွင်း ၎င်းသင်္ဘောကို တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။
ကိုးကား - PRAVDA

လာမည့်ခြောက်လအတွင်း ရုရှားသမ္မတပူတင်နှင့် စေ့စပ်ညှိနှိုင်းရန် ဆန္ဒရှိကြောင်း အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် က ကြေညာခဲ့ပါသည်။
စေ့စပ်ညှိနှိုင်းရေး ခေါင်းစဉ်များထဲမှ တစ်ခုသည် ယူကရိန်းပဋိပက္ခဖြစ်မည်ဟု အမေရိကန်ရွေးကောက်ခံ သမ္မတက ရှင်းလင်းပြောကြားခဲ့ပါသည်။

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးလို ကြောင်း ပြောကြားခဲ့ပြီး ၎င်း၏သမ္မတ ရာထူးတာဝန်ယူပြီးနောက် ပထမခြောက်လအတွင်း အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည်ဖြစ်လာနိုင်ကြောင်း ၎င်း၏နေအိမ် Mar-a-Lago (ဖလော်ရီဒါ) တွင် ပြုလုပ်သည့် သတင်းထောက်များနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့ပါသည်။
ကိုးကား - TASS

ပြည်ထောင်စုနိုင်ငံအတွင်း ပူးပေါင်းဆောင်ရွက်မှု အမြင့်ဆုံးမြှင့်တင်လုပ်ဆောင်ကြရန် သမ္မတလောင်း ရီပတ်ဘလီကန်ပါတီခေါင်းဆောင်က မဲဆွယ်ပြောကြား ခဲ့သည်။

စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားနိုင်ရန်နှင့် ယူရေးရှား စီးပွားရေးသမဂ္ဂ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ BRICS တို့နှင့် ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝ အသက်ဝင်လာရန် ရည်ရွယ်၍ ပါလီမန်နှင့် ပါတီများ အနေဖြင့် သံရေးတမန်ခင်း စွမ်းရည်ပြည့်ဝလာရေး ဆောင်ရွက်ကြရန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပွဲတော်များ၊ ပညာရေး၊ ခရီးသွားလာရေး စီမံကိန်းများဆောင်ရွက်ခြင်း အားကစားပြိုင်ပွဲများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင် လုပ်ဆောင်ကြရန် ရီပတ်ဘလီကန်ပါတီခေါင်းဆောင် Alexander Khizhnyak က သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအစီအစဉ်ကို ထုတ်လွှင့်ဖော်ပြသည့် ဘီလာရုစ် ရေဒီယိုတွင် ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဘီလာရုစ် သမ္မတရာထူးအတွက် ကိုယ်စားလှယ်လောင်း ငါးဦး ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိပါသည်။ ဘယ်လာရုစ်၏ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီ၏ ဥက္ကဋ္ဌ Oleg Gaidukevich၊ တစ်သီးပုဂ္ဂလ လုပ်ငန်းရှင် Anna Kanopatskaya၊ လက်ရှိ သမ္မတAlexander Lukashenko၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပထမအတွင်းရေးမှူး Sergey Syrankov နှင့် ရီပတ်ဘလီကန်အလုပ်သမားနှင့် တရားမျှတမှုပါတီ ခေါင်းဆောင် Alexander Khizhnyak တို့ ဖြစ်သည်။
ဘီလာရုစ်တွင် ဇန်နဝါရီ ၁ ရက်မှ ၂၅ ရက်အထိ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်လျက်ရှိပါသည်။ လာမည့် ဇန်နဝါရီလ ၂၁ ရက်တွင် စတင် မဲပေးမည်ဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက်၌ အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။
ကိုးကား - TASS
Photo- Reuters

နေပြည်တော် ဇန်နဝါရီ ၇
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အွန်လိုင်းစနစ်ဖြင့် တက်ရောက်

အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ တာဝန်ရှိသူတစ်ဦး တက်ရောက်ကြပြီး ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
တိုင်ပင်ညှိနှိုင်း အဖြေရှာသွားကြရမည်
ဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဖွဲ့စည်းပေးခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ (၂)ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ကော်မရှင်အဖွဲ့ဝင်များနှင့် ပညာရှင်များ၏ တတ်သိကျွမ်းကျင်မှုများဖြင့် ခေတ်စနစ်နှင့်လျော်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း(Development Trends) ရရှိနိုင်ရေးနှင့် လတ်တလော အောင်မြင်စွာ ဖြေရှင်းနိုင်မည့် ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများ တိုင်ပင်ညှိနှိုင်းအဖြေရှာသွားကြရမည် ဖြစ်ပါကြောင်း။
ပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝတိုးတက်မြင့်မားရေး၊ ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ပိုမို ဝင်ရောက်လာစေရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ရရှိရေးသည် အရေးကြီးသည့် အခြေခံအဆောက်အအုံ(Infrastructure) ဖြစ်နေသည့်အတွက် ကဏ္ဍ (၂) ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နိုင်ရန် ကော်မရှင်ကို ဖွဲ့စည်းပေးရခြင်းဖြစ်ပါကြောင်း။
လျှပ်စစ်ကဏ္ဍတွင် မိမိတို့နိုင်ငံရှိ လျှပ်စစ်ထုတ်လုပ်နိုင်သည့် အရင်းအမြစ်အမျိုးမျိုးရှိရာ ရေအားနှင့် သဘာဝဓာတ်ငွေ့တို့အပေါ် အဓိကမှီခိုနေရပါကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) အသုံးပြုမှုကို ယခုထက်ပိုမိုတွင်ကျယ်အောင် ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားရရှိရန် လိုအပ်လျက်ရှိသည့်အတွက် သဘာဝဓာတ်ငွေ့ရည်(LNG) သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။
လက်ရှိအနေအထားအရ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးပို့မရခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းခြင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းများကြောင့် လျှပ်စစ်ဓာတ်အားအပြည့်အဝ မထုတ်လုပ်နိုင်သည့်အပြင် သဘာဝဘေးဒဏ်ဖြစ်သည့် ရေကြီးရေလျှံခြင်းများကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ လည်ပတ်မောင်းနှင်၍မရသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသော ကာလဖြစ်ပါကြောင်း။
ပြန်လည်လေ့လာသုံးသပ်
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးတွင်လည်း ရရှိသမျှ လျှပ်စစ်ဓာတ်အားနှင့် အချိန်လိုက် အုပ်စုခွဲပြီး လျှပ်စစ်ဓာတ်အားသုံးသူများကို တတ်နိုင်သလောက် အဆင်ပြေချောမွေ့အောင် ဖြန့်ဖြူးပေးနေပါကြောင်း၊ ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်သည့်အနေရာတွင် လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုတို့သည် အဓိကကျသည့်အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကို ဖိတ်ခေါ်ဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံသူကို ဆွဲဆောင်နိုင်ပြီး အကာအကွယ်ပေးနိုင်သည့် မူဘောင်များဖြစ်ရန်လိုအပ်ပြီး သက်ဆိုင်ရာ ဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။
အမြန်ဆုံးအကောင်အထည်ဖော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မကွေးတိုင်းဒေသကြီး ခရီးစဉ်အတွင်း နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်နှင့် ဧရာဝတီမြစ်ရေကိုထိန်း၍ ရသည့်နေရာများ၌ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အနိမ့်တမံများ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ပါကြောင်း၊ ဧရာဝတီမြစ်အတွင်း အနိမ့်တမံများ တည်ဆောက်၍ လျှပ်စစ်ထုတ်ယူနိုင်သည့် နေရာ ၁၆ ခုရှိပြီး ဦးစားပေး လေးနေရာအနက်မှ အသင့်လျော်ဆုံးတစ်နေရာကို အကျိုးအပြစ်များနှင့်အတူ ပြန်လည်တင်ပြရန် လမ်းညွှန်မှုပြုထား၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပညာရှင်များက အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း။
နိုင်ငံတကာတွင် ဆိုလာစွမ်းအင်ကို ဦးစားပေးဆောင်ရွက်နေသည်ကို တွေ့ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့်လည်း နိုင်ငံတကာတွင် ကျင့်သုံးနေသည့်နည်းတူ Renewable Energy အား အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး အဆောက်အအုံသစ်များ တည်ဆောက်မည်ဆိုပါက ဆိုလာစနစ်ပါ တပ်ဆင်အသုံးပြုရေးနှင့် ပိုလျှံလျှပ်စစ်များအား National Grid အတွင်း ပေးသွင်းနိုင်ရေးအတွက် ဥပဒေ၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်အထိ ဆောင်ရွက်သွားရမည်ဖြစ်၍ အားလုံးက အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း။
ဖြည့်ဆည်းပေးနိုင်ရန်လိုအပ်
စွမ်းအင်ကဏ္ဍအနေဖြင့်လည်း ကုန်းတွင်း၊ ကမ်းလွန်လုပ်ကွက်သစ်များ၊ လုပ်ကွက်ဟောင်းများ ပြန်လည်အဆင့်မြှင့်တင်ခြင်းများ၊ ရေနံချက်လုပ်ခြင်းလုပ်ငန်းများအတွက် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်၍ ဆောင်ရွက်သင့်သည်များကို အကြံပြုပေးစေလိုပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် လိုအပ်ချက်သည် ယခုထက်ပိုပြီး ဆက်လက် မြင့်တက်နေဦးမည်ဖြစ်၍ လုံလောက်ဖူလုံစွာ ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်နေဦးမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်အဖွဲ့ဝင်များကလည်း မိမိတို့နှင့် သက်ဆိုင်သည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးဆိုင်ရာ လက်ရှိဆောင်ရွက်ချက်များ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်ရမည့် အနာဂတ်အစီအစဉ်များကို တင်ပြသွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ကော်မရှင် ဒုတိယဥက္ကဋ္ဌ (၂) စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က လျှပ်စစ်နှင့်စွမ်းအင် ထုတ်ယူသုံးစွဲနိုင်ရေး အကောင်အထညဖော်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ၊ နောင်ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများက လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း လျှပ်စစ်ဓာတ်အား ရရှိမှုနှင့် သုံးစွဲမှုအခြေအနေများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များ အစီအစဉ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
Source: မြန်မာ့အလင်းသတင်းစာ

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ဂရင်းလန်းနှင့် ပနားမားတူးမြောင်းအား ရယူပိုင်ဆိုင်ခွင့်ကို လက်လျှော့မည်မဟုတ်ဘဲ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အရေးပါသည့်အတွက် ဝယ်ယူရန် လိုအပ်ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။
“ဒိန်းမတ်နိုင်ငံပိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်းကျွန်း သို့မဟုတ် ပနားမားနိုင်ငံပိုင်ပနားမားတူးမြောင်းကို ရယူပိုင်ဆိုင်ရန်အတွက် စစ်ရေးအရ သို့မဟုတ် စီးပွားရေးအရ အကြပ်ကိုင်မည်လား” ဟု မေးမြန်းရာတွင် ထရမ့်က “နှစ်ခုလုံးကို အာမ မခံနိုင်ကြောင်း" တုံ့ပြန်ပြောကြားခဲ့သည်။

ထရမ့်က “စီးပွားရေးနှင့် လုံခြုံရေးအတွက် ဂရင်းလန်း ကျွန်းနှင့် တူးမြောင်းကို လိုအပ်ပါတယ်” ဟု ဖလော်ရီဒါ ရှိ ၎င်း၏ Mar-a-Lago အိမ်ရာတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒိန်းမတ်နှင့် ပနားမားနှစ်နိုင်ငံလုံးသည် နယ်မြေစွန့်လွှတ်ရေးနှင့်ပတ်သက်သည့် တောင်းဆိုချက်မှန်သမျှ ကို ပယ်ချခဲ့သည်။
ကိုးကား-BBC

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံအလိုက် GDP ၏ ၅ ရာခိုင်နှုန်းအထိတိုးမြှင့်သင့်ကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
ဇန်နဝါရီ ၇ ရက်နေ့က အမေရိကန်တောင်ပိုင်း ဖလော်ရီဒါပြည်နယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထရမ့် က ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။
နေတိုးအဖွဲ့ဝင်များ၏ ကာကွယ်ရေးအသုံးစရိတ်သည် GDP ၏ ၂ ရာခိုင်နှုန်းမဟုတ်ဘဲ ၅ ရာခိုင်နှုန်း ရှိသင့်ကြောင်း ၎င်းကဆိုသည်။

ထရမ့်သည် ၎င်း၏ America First မူဝါဒကို မြှင့်တင်နေပြီး နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ကာကွယ်ရေးအသုံးစရိတ်အတွက် သင့်တင့်မျှတသော အစုရှယ်ယာကို ပေးဆောင်ခြင်းမရှိကြောင်း ထပ်ခါတလဲလဲ ပြောဆို ခဲ့သည်။
ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် သမ္မတရာထူးတာဝန်မထမ်းဆောင်မီ ရွေးကောက်ခံသမ္မတက နေတိုးအဖွဲ့ဝင် နိုင်ငံများအား ပိုမိုကြီးလေးသော တာဝန်ကို ထမ်းရွက်ရန် တိုက်တွန်းခဲ့သည်။ အမေရိကန်၏ ကာကွယ်ရေး အသုံးစရိတ်သည် ၃ ရာခိုင်နှုန်း ရှိနေသည်။
ကိုးကား-NHK World