UAE ၏ ကြားဝင်စေ့စပ်မှုဖြင့် ရုရှားနှင့်ယူကရိန်းတို့ စစ်သုံ့ပန်းများလဲလှယ်

News Image

  • UAE ၏ ကြားဝင်စေ့စပ်မှုဖြင့် ရုရှားနှင့်ယူကရိန်းတို့ စစ်သုံ့ပန်းများလဲလှယ်

UAE ၏ ကြားဝင်စေ့စပ်မှုဖြင့် ရုရှားစစ်သည် ၂၅ ဦးအား ယူကရိန်းကလွှတ်ပေးခဲ့ပြီး ရုရှားကလည်း ယူကရိန်းစစ်သည် ၂၅ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယူကရိန်းမှ ဖမ်းဆီးထိန်းသိမ်းခဲ့သော ရုရှားစစ်သည်များကို ဘယ်လာရုစ်နိုင်ငံမှတစ်ဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ကျန်းမာရေးစစ်ဆေးပေးခြင်း၊စိတ်ဓာတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများအပြင် မိသားစု၊ ချစ်ခင်ရသူများနှင့် ဆက်သွယ်နိုင်စေရန်ဆောင်ရွက်ပေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။

ဒီဇင်ဘာနှောင်းပိုင်းကလည်း UAE ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် နှစ်ဖက်အကျဉ်းသားလဲလှယ်မှုတွင် ရုရှားစစ်သည် ၁၅၀ နှင့် ယူကရိန်းနိုင်ငံသား ၂၀၀ နီးပါးကို အပြန်အလှန် လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အပြန်အလှန် အကျဉ်းသားလွှဲပြောင်းပေးမှုအပြီး ယခုအကြိမ်သည် ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးလွှဲပြောင်းပေးမှုဖြစ်သည်။

ကိုးကား-RT